← Chapters

နှစ်တစ်ရာအတွင်း အောင်မြင်စွာ တာအိုပေါင်းစည်းနိုင်ခြင်း

Vol. 16 Ch. 233

နှစ်တစ်ရာအတွင်း အောင်မြင်စွာ တာအိုပေါင်းစည်းနိုင်ခြင်း

Vol. 16 Ch. 233

အခုတော့ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့က ဝိညာဉ်သားရဲကြီးထွားတဲ့နေရာမှာ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်သွားကြပြီ။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်ကို ရောက်သွားတယ်။သူတို့ရဲ့ အင်အားတွေလည်း ပိုပြီးတိုးတက်လာတယ်။

ဒါ့အပြင် ချီမင်ဆီမှာ နောက်ထပ် ဝိညာဉ်သားရဲ လေးကောင် ရှိသေးတယ်။

သူတို့တွေက ထိုက်ချီနတ်ဆိုးလင်းနို့ -လင်းနို့လေး၊ ပြင်းထန်ယင်နတ်ဆိုးမ - ယင်လေး၊ ရှုတောင်ထိုက်ချီဓားသူတော်စင် ဟော့ချန်ချင်းနဲ့သေမင်းတို့ ဖြစ်ကြတယ်။

ပြီးတော့ သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင် နှင်းလေးလည်း ရှိသေးတယ်။

နှင်းလေးက တိတိကျကျပြောရရင် ဝိညာဉ်သားရဲ မဟုတ်ဘူး။

အဲ့ဒီဝိညာဉ်သားရဲလေးကောင်ရဲ့ ကျင့်ကြံမှုအဆင့်တွေက တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေကြပေမယ့် သင့်တော်တဲ့ သွေးမျိုးဆက်သလင်းကျောက်နဲ့ အမွေအနှစ်သလင်းကျောက်တွေကို မရသေးတဲ့အတွက် သူတို့ရဲ့ဆင့်ကဲပြောင်းလဲခြင်း မပြီးမြောက်နိုင်သေးဘဲ အတိဒုက္ခကျော်လွှားခြင်းအဆင့်ကို မချိုးဖြတ်နိုင်သေးဘူး ဖြစ်နေတယ်။

မူလတုန်းကတော့...

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ချီမင်က ချင်းပင်အင်မော်တယ်စံအိမ်ကို ထုတ်ပြီး ဒီတောင်ထိပ်ပေါ်မှာ ထားလိုက်တယ်။ အဲ့ဒီစံအိမ်က အရပ်လေးမျက်နှာက ဝိညာဉ်ချီတွေကို စုစည်းလိုက်တဲ့အတွက် ပတ်ဝန်းကျင်မှာ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။

ဒါက အဖွဲ့အစည်းပေါင်းများစွာရဲ့ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်နိုင်လိုက်တယ်။

ထူးဆန်းအမျိုးမျိုး အပါအဝင် လူသားသိုင်းပညာရှင်တွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေလည်း ပါဝင်လာကြတယ်။ သူတို့တွေ လာရှာကြပေမယ့် ဘာမှမတွေ့ကြဘူး။ ချီမင်က ကောင်းကင်နဲ့မြေကြီးဖုံးကွယ်အစီအရင်ကို အောင်အောင်မြင်မြင်တည်ဆောက်ပြီးတော့ သူရှိနေတဲ့ အရိပ်အယောင်တွေကို လုံးဝဖျောက်ထားနိုင်လိုက်တယ်။ လှုပ်ရှားမှုအားလုံးကိုတောင် ဖုံးကွယ်ထားနိုင်တယ်။

“ဘာဖြစ်သွားတာလဲ တုန်ခါမှုတွေ ဘာလို့ပျောက်သွားတာလဲ” “ဒါက...”

“သေစမ်း! ထူးဆန်းတွေပဲ!”

“နတ်ဆိုးတွေ!”

“လူသားတွေ!”

“တိုက်ပွဲအတွက် ပြင်ဆင်ကြ!”

နေရာအနှံ့မှာ တိုက်ပွဲအသံတွေ ကြားနေရတယ်။

ချီမင်က ချင်းပင်အင်မော်တယ်စံအိမ်ရှေ့မှာ ရပ်နေတယ်။ ကောင်းကင်နဲ့မြေကြီးဖုံးကွယ်အစီအရင်ကြောင့် ချီမင်က သူ့ကိုယ်သူ လုံးဝဖုံးကွယ်ထားနိုင်တယ်။ သူက အစီအရင်ထဲမှာရပ်ပြီး အပြင်ဘက်က တိုက်ပွဲအခြေအနေကို မြင်နေရတယ်။ အပြင်ဘက်က လူသားသိုင်းပညာရှင်တွေ၊ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ထူးဆန်းတွေတောင် ချီမင်ကို ရှာမတွေ့ကြဘူး။

“မင်းတို့ဘာသာမင်းတို့ တိုက်ကြပေါ့။”

ချီမင်က ပခုံးတွန့်ပြီး ချင်းပင်အင်မော်တယ်စံအိမ်ထဲကို လျှောက်ဝင်သွားရင်းပြောတယ် “ငါနဲ့ ဘာမှမဆိုင်ဘူး”

ချင်းပင်အင်မော်တယ်စံအိမ်ထဲမှာ ဝိညာဉ်ချီတွေက တလိမ့်လိမ့်တက်နေတယ်။

ချီမင်က တံခါးပိတ်ကျင့်ကြံမှုကို စတင်လိုက်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တွေကုန်လွန်သွားတယ်။

နေနဲ့လတို့က အလျင်အမြန်ပြောင်းလဲသွားတယ်။

နှစ်တစ်ရာတိတိ ကြာသွားတယ်။

ထူးဆန်းကမ္ဘာက သိပ်ပြီးမပြောင်းလဲသွားဘူး။ မျိုးနွယ်သုံးခုက အခိုင်အမာရပ်တည်နေကြဆဲဖြစ်ပြီး အဆုံးမရှိ တိုက်ခိုက်နေကြသေးတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာက ကောင်းကင်အတိဒုက္ခကိုတော့ တဖြည်းဖြည်း မေ့ပျောက်သွားကြပြီ။

လျှို့ဝှက်နက်နဲကမ္ဘာမှာတော့...

တောင်ပိုင်းဒေသရဲ့ နတ်ဆိုးနန်းတော်မှာ...

ဒီနေ့မှာပဲ ကောင်းကင်အရှင်ယင်းက တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာတယ်။ သူက အမှောင်မီးလျှံရဲ့ ယင်းလုံနဂါးပုလဲနဲ့ ပေါင်းစပ်ပြီး သူ့ရဲ့ ယင်းလုံနဂါးခန္ဓာ၊ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ လက်ဆောင်နဲ့ သူ့ရဲ့ကိုယ်ပိုင် ကံကောင်းမှုတွေကြောင့် နောက်တစ်ကြိမ် ထပ်ပြီးဆင့်ကဲပြောင်းလဲသွားတယ်။

သူက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးမှာ တစ်ကောင်တည်းသော စစ်မှန်နဂါး ဖြစ်လာတယ်။

ဟုတ်တယ်။

သူ အောင်မြင်သွားတယ်။

အထက်ကမ္ဘာကို မတက်ဘဲနဲ့ သူက သူ့ရဲ့ဆင့်ကဲပြောင်းလဲမှုကို အတင်းအကျပ်ပြီးမြောက်အောင်လုပ်ပြီး ဒီကမ္ဘာတစ်ခုလုံးမှာ အရာအားလုံးကို ဖိနှိပ်နိုင်တဲ့ စစ်မှန်နဂါးတစ်ကောင် ဖြစ်လာတယ်။

ဒီလိုအခြေအနေမျိုးအောက်မှာ ကောင်းကင်အရှင်ယင်းရဲ့ ကျင့်ကြံမှုအဆင့်က မယုံနိုင်စရာကောင်းတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားတယ်။ သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး မကြာခင်မှာပဲ အရပ်လေးမျက်နှာက နတ်ဆိုးတွေကို ပေါင်းစည်းပြီး ရှေး ခေတ်နတ်ဆိုးနန်းတော်ကို ပြန်လည်တည်ထောင်ဖို့ ပြင်ဆင်ခဲ့တယ်။

ဒါက လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း လျှို့ဝှက်နက်နဲကမ္ဘာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြီးမားဆုံးကိစ္စဖြစ်တယ်။

ဒါ့အပြင် မူလအစအင်မော်တယ်ဘုရင်ရဲ့ အကူအညီနဲ့ အင်မော်တယ်တွေက အဆက်မပြတ် တွက်ချက်ပြီးသဲလွန်စအမျိုးမျိုးကိုရှာဖွေနေကြတယ်။ သူတို့တန်ဖိုးကြီးအရာတစ်ခုကို သုံးပြီး နောက်ဆုံးမှာတော့ ကြယ်ရွှေ့ပြောင်းခြင်းဆိုတဲ့ အံ့ဖွယ်စွမ်းအားရဲ့ ဖုံးကွယ်မှုကို ချိုးဖြတ်ပြီး အမှန်တရားကို ခြေရာခံနိုင်လိုက်တယ်။

သူတို့က အင်မော်တယ်တွေရဲ့ စွမ်းအားကိုပဲ အားကိုးမယ်ဆိုရင် ကြယ်ရွှေ့ပြောင်းခြင်း အံ့ဖွယ်စွမ်းအားကို ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးမှာတော့ မူလအစအင်မော်တယ်ဘုရင်ကိုယ်တိုင် လှုပ်ရှားပြီး ဒီအံ့ဖွယ်စွမ်းအားရဲ့ ချိတ်စည်းကို ချိုးဖျက်ခဲ့ရတယ်။ “ဒါ... ဒါက...”

“ချီမင်! ဖရိုဖရဲအင်မော်တယ်ဘုရင်ရဲ့တကယ့် အထောက်အထားက ချီမင်တဲ့လား!”

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!”

“ဟူး...”

“ရန်ပေါင်ချီက အစောကြီးကတည်းက သေသွားပြီးချီမင်က သတ်ခဲ့တာပဲ။ သူက ဒီလောက်ထိ ပြောင်းလဲနိုင်ပြီး အင်မော်တယ်မျိုးနွယ်တစ်ခုလုံးကို လိမ်ညာထားနိုင်ခဲ့တယ်ပေါ့။”

“အရမ်းကြောက်ဖို့ကောင်းတယ်။ ဒီလူသားက အရမ်းကြောက်ဖို့ကောင်းတာပဲ!”

“ငါတို့ သူ့ကိုရှာရမယ်! သူ့ကို ရှင်းပစ်ရမယ်!”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း!!!”

“ဝိညာဉ်ဖွဲ့တည်ခြင်းထိပ်ဆုံးအဆင့် မှာရှိတဲ့ လူသားကျင့်ကြံသူတစ်ယောက်က အင်မော်တယ်မျိုးနွယ်စုတစ်ခုလုံးကို လှည့်စားတယ်!”

“အယုတ်တမာ!”

ဒေါသထွက်သွားကြတယ်။

ပြင်းပြင်းထန်ထန် ဒေါသထွက်သွားကြတယ်။

အင်မော်တယ်တွေရဲ့ အကြည့်တွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းပေါ်ကို နောက်တစ်ကြိမ် ကျရောက်လာတယ်။

မုန်တိုင်းတစ်ခုက နောက်တစ်ခါ စုစည်းလာပြန်ပြီ။ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ မရှိတော့ဘူး။

သူက ထူးဆန်းကမ္ဘာမှာ ရှိတယ်။

တူညီတဲ့နေ့မှာပဲ...

ထူးဆန်းကမ္ဘာရဲ့ အသင်္ချေဖုံးကွယ်တားမြစ်ဇုံထဲက ကောင်းကင်နဲ့မြေကြီးဖုံးကွယ်အစီအရင်၊

ချင်းပင်အင်မော်တယ်စံအိမ်ထဲမှာ...

တင်း!

“ဖရိုဖရဲမဟာတာအိုကျမ်း ပထမအတွဲကို အဆသန်းတစ်ရာမြင့်တင်မှုအောက်မှာ နှစ်တစ်ရာကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ လက်ခံသူဟာ ဖရိုဖရဲမဟာတာအိုကျမ်း ပထမအတွဲကို ကျွမ်းကျင်သွားပါပြီ။ လက်ခံသူဟာ တိမ်စိမ်းချီသန့်စင်ခြင်းပညာ၊ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း၊ သဏ္ဌာန်မဲ့ကျမ်း၊ မဟာရွှေအမြူတေတာအိုကျမ်း၊ ပြောင်းလဲခြင်းနိမိတ်ဖတ်ကျမ်း၊ သန့်စင်ခြင်းသုံးပါးတာအိုကျမ်း... အံ့ဖွယ်စွမ်းအားအမျိုးမျိုးနဲ့ ကျင့်ကြံနည်းလမ်းများစွာကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ခဲ့ပါတယ်။ နက်နဲနည်းလမ်းပေါင်းထောင်ချီကိုသုံးပြီး ဖရိုဖရဲမဟာတာအိုကျမ်းကို ဆင့်ကဲပြောင်းလဲခဲ့ပါတယ်။”

“ဂုဏ်ယူပါတယ် လက်ခံသူ။ လက်ခံသူဟာ တာအိုပေါင်းစည်းခြင်းအစောပိုင်းအဆင့်ကို အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကို နားလည်သဘောပေါက်သွားပါပြီ။ လက်ခံသူဟာ တာအိုပေါင်းစည်းခြင်းကို အောင်မြင်စွာပြီးချိုးဖြတ်ပြီး ဆင့်ကဲပြောင်းလဲခဲ့ပါတယ်။ ကျင့်ကြံမှုအဆင့် ချိုးဖြတ်သွားပါပြီ!”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

သူက နှစ်တစ်ရာလုံး အလိုအလျောက်ကျင့်ကြံနေခဲ့တယ်။

ချီမင်ကလည်း တံခါးပိတ်ကျင့်ကြံနေခဲ့တယ်။

နောက်ဆုံးမှာတော့ သူက ဖရိုဖရဲမဟာတာအိုကျမ်း ပထမအတွဲကို ကျွမ်းကျင်သွားပြီး သူ့ရဲ့နည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားအားလုံးကို ပေါင်းစပ်ကာ ဖရိုဖရဲမဟာတာအိုကျမ်းကို ဆင့်ကဲပြောင်းလဲခဲ့တယ်။ သူက တာအိုပေါင်းစည်းခြင်းအဆင့်ကို အောင်အောင်မြင်မြင်ရောက်ရှိသွားပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်က အကြီးအကျယ် တိုးတက်သွားတယ်။

အဲ့ဒီအချိန်မှာ ချီမင်က သူ့စိတ်ထဲကို မရေမတွက်နိုင်တဲ့နားလည်မှုတွေ စီးဝင်လာတာကို ခံစားလိုက်ရတယ်။ သူက ကောင်းကင်နဲ့မြေကြီး မဟာတာအိုတစ်ခုလုံးကို ပိုပြီးနက်နက်နဲနဲ နားလည်သွားပြီး ဖရိုဖရဲမဟာတာအိုကျမ်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုအမျိုးမျိုးကို သဘောပေါက်သွားတယ်။

မသိလိုက်မသိဘာသာနဲ့ ကောင်းကင်နဲ့မြေကြီး မဟာတာအိုက နေရာတိုင်းမှာရှိလာပြီး ဖရိုဖရဲအလင်းအဖြစ် ပြောင်းလဲကာ ချီမင်ရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာတယ်။ ကောင်းကင်နဲ့မြေကြီး မဟာတာအို စစ်မှန်ရည်ရွယ်ချက်က ချီမင်နဲ့ ပေါင်းစပ်သွားတယ်။

သူတို့က အံ့သြဖို့ကောင်းတဲ့ ပေါင်းစပ်မှုတစ်ခုကို ရောက်ရှိသွားတယ်။

ဒီအချိန်မှာ ချီမင်ရဲ့ ဒန်ထျန်းထဲမှာ သောင်းပြောင်းကြာပန်းစိမ်းတာအိုအခြေခံ၊ ပြောင်းလဲခြင်းကျမ်း၊ ပါ့ကွားအခြေတည်ဝိညာဉ်၊ သန့်စင်ခြင်းသုံးပါးအခြေတည်ဝိညာဉ်နဲ့ အံ့ဖွယ်စွမ်းအားအဆောင်အမျိုးမျိုးအားလုံးက ဖရိုဖရဲအလင်းနဲ့ ဖုံးလွှမ်းသွားပြီး ဘဲဥပုံ ဥကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

ဖရိုဖရဲအလင်းတွေ ပျံ့နှံ့ထွက်လာပြီး ချီမင်ရဲ့ဒန်ထျန်းထဲမှာ ဖရိုဖရဲကမ္ဘာတစ်ခု ပေါ်ပေါက်လာတယ်။

ခွမ်း! ခွမ်း!

မကြာခင်မှာပဲ ဘဲဥပုံ ဖရိုဖရဲဥက ကွဲအက်လာပြီး မရေမတွက်နိုင်တဲ့ အက်ကြောင်းတွေ ပေါ်လာတယ်။ သူ့ဒန်ထျန်းထဲမှာ သူ့ရဲ့အံ့ဖွယ်စွမ်းအားလက်နက်တွေကလွဲရင် ကျန်တဲ့အရာအားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတယ်။

ဘဲဥပုံ ဖရိုဖရဲဥက လုံးဝကွဲအက်သွားတယ်။

ခမ်းနားတဲ့ ဖရိုဖရဲစစ်မှန်ခန္ဓာတစ်ခုက အဲ့ဒီထဲကနေ မွေးဖွားလာတယ်။ ဒီပုံရိပ်က သူ့ရဲ့ညာဘက်လက်ကို မြှောက်လိုက်တယ်။

ရတနာလေးမျိုးဖြစ်တဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား၊ ကမ္ဘာဖျက်ဆီးဓား၊ ဓားတောင်နဲ့ လက်သည်းခေါင်းမြှားခုနစ်‌ချောင်းစာအုပ်တို့က ဒီပုံရိပ်ရဲ့လက်ထဲကို တန်းတန်းမတ်မတ် ပျံသန်းဝင်ရောက်လာတယ်။

လက်နက်လေးမျိုး ပေါင်းစပ်သွားတယ်။

သူတို့က ဖရိုဖရဲပုဆိန်ကြီးအဖြစ် ပြောင်းလဲသွားတယ်။

နောက်တစ်ခဏမှာ ဒဏ္ဍာရီထဲက ကောင်းကင်နဲ့မြေကြီးကို ဖန်တီးတဲ့မြင်ကွင်းလိုမျိုး ဖြစ်ပျက်လာတယ်။ ခမ်းနားထည်ဝါတဲ့ပုံရိပ်က ဖရိုဖရဲပုဆိန်ကြီးကို ကိုင်ပြီး အရပ်မျက်နှာတိုင်းက ဖရိုဖရဲကို ခုတ်ပိုင်းလိုက်တယ်။ သူက ကောင်းကင်နဲ့မြေကြီးကို ထပ်မံဖန်တီးလိုက်ပေမယ့် တကယ်တမ်းတော့ ဒန်ထျန်းကို ပြန်လည်တည်ဆောက်နေတာဖြစ်တယ်။

နောက်ဆုံးမှာတော့ ဖရိုဖရဲက ကွဲထွက်သွားတယ်။

ဒန်ထျန်းအသစ်တစ်ခု မွေးဖွားလာတယ်။ ပြီးတော့ ဖရိုဖရဲစစ်မှန်ခန္ဓာက တင်ပျဉ်ခွေထိုင်လိုက်တယ်။ ဖရိုဖရဲပုဆိန်ကြီးက အလင်းတန်းလေးခုအဖြစ်ပြောင်းပြီး ရတနာလေးမျိုးအဖြစ် ပြန်ပြောင်းကာ ဖရိုဖရဲစစ်မှန်ခန္ဓာရဲ့ ပတ်လည်မှာ လည်ပတ်နေတယ်။

နောက်တစ်ခဏမှာ ချီမင်က အတွေးတစ်ချက်နဲ့ သူ့ရဲ့ပစ္စည်းစာရင်းကိုဖွင့်ပြီး အင်မော်တယ်သလင်းကျောက်အများအပြားကို ထုတ်လိုက်တယ်။ သူက ဖရိုဖရဲမဟာတာအိုကျမ်းကို လည်ပတ်ပြီး အင်မော်တယ်သလင်းကျောက်တွေကို သန့်စင်ကာ သူ့ရဲ့ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲလိုက်တယ်။

အချိန်တွေကုန်လွန်သွားတယ်။

ချီမင်က အင်မော်တယ်သလင်းကျောက်အများအပြားကို စုပ်ယူပြီး နောက်ဆုံးတော့ သူ့ရဲ့အဆင့်ကို တည်ငြိမ်အောင်လုပ်နိုင်လိုက်တယ်။ သူက တာအိုပေါင်းစည်းခြင်း အစောပိုင်းအဆင့်ကို လုံးဝရောက်ရှိသွားပြီး သူ့ရဲ့ချ်ိုးဖြတ်မှုက ပြီးမြောက်သွားတယ်။

ဒီအချိန်မှာ ချီမင်ရဲ့ဒန်ထျန်းထဲမှာ ကမ္ဘာသစ်တစ်ခု ဖြစ်တည်လာတယ်။

ဖရိုဖရဲမြူခိုးတွေ ပျံ့နှံ့လာတယ်။

အရင်ကရှိခဲ့တဲ့ အံ့ဖွယ်စွမ်းအားအဆောင်အမျိုးမျိုး၊ သောင်းပြောင်းကြာပန်းစိမ်းတာအိုအခြေခံ၊ သန့်စင်ခြင်းသုံးပါးအခြေတည်ဝိညာဉ် စတာတွေအားလုံးက ပျောက်ကွယ်သွားပြီး တစ်ခုတည်းအဖြစ်ပေါင်းစပ်ကာ ဖရိုဖရဲစစ်မှန်ခန္ဓာအဖြစ် ပြောင်းလဲသွားတယ်။

ဖရိုဖရဲစစ်မှန်ခန္ဓာက အလယ်ဗဟိုမှာ တင်ပျဥ်ခွေထိုင်ပြီး အရာအားလုံးကို အုပ်ချုပ်နေတယ်။

ပတ်ဝန်းကျင်မှာ ဖရိုဖရဲဓမ္မစွမ်းအားတွေ ရှိနေတယ်။ ဓမ္မစွမ်းအားရဲ့ အင်အားက အရင်က အနှစ်သာရဝိညာဉ်ဓမ္မစွမ်းအားထက် အများကြီးသာလွန်တယ်။ ဒါတွေက ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ ဓမ္မစွမ်းအားနဲ့ပေါင်းစပ်ထားပြီး ဖရိုဖရဲ အရောင်အဝါရှိတဲ့ တာအိုပေါင်းစည်းခြင်းဓမ္မစွမ်းအားတွေဖြစ်တယ်။

ချီမင်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာတယ်။ သူက အရမ်းစိတ်ကောင်းဝင်နေတယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့် တိုးတက်လာပြီး သူ့ရဲ့ခွန်အားက အကြီးအကျယ် တိုးတက်လာတယ် “ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းထက်တောင် ကျွမ်းကျင်ဖို့ ပိုခက်ခဲတာပဲ။”

“ဒါပေမဲ့...”

“ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲက မူလက ငါကိုယ်တိုင်ဖန်တီးခဲ့တာပဲ။ ဒါကြောင့် ဒါကသဘာဝအတိုင်း ငါနဲ့အသင့်တော်ဆုံး မဟာတာအိုနည်းလမ်းဖြစ်တယ်။ ကောင်းကင်နဲ့မြေကြီး မဟာတာအိုအမျိုးမျိုးကို နားလည်မှုနဲ့ပေါင်းစပ်ခဲ့တယ်။ပြီးတော့ ငါက နှစ်တစ်ရာသုံးပြီး ဖရိုဖရဲမဟာတာအိုကျမ်း ပထမအတွဲကို ကျွမ်းကျင်အောင်လုပ်နိုင်လိုက်ပြီး တာအိုပေါင်းစည်းခြင်း အစောပိုင်းအဆင့်ကို အောင်အောင်မြင်မြင် ချိုးဖြတ်နိုင်သွားတယ်။”

ဒီအချိန်မှာ ချီမင်က အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီ။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်းထိပ်ဆုံးအဆင့် ကနေ တာအိုပေါင်းစည်းခြင်း အစောပိုင်းအဆင့်ကို တက်သွားတယ်။ ဒါက နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ခုကို သဘာဝအတိုင်း ဖြစ်ပေါ်လာစေတယ်။

ဒီတစ်ကြိမ်မှာတော့ ချီမင်တပ်ဆင်ထားတဲ့ ကောင်းကင်နဲ့မြေကြီးဖုံးကွယ်အစီအရင်က အလုပ်မလုပ်နိုင်တော့ဘူး။ အသင်္ချေဖုံးကွယ်တားမြစ်ဇုံကို ဗဟိုပြုပြီး ဒါက ထူးဆန်းကမ္ဘာရဲ့ တစ်ဝက်ကျော်ကို ဖုံးလွှမ်းကာ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်ဖွယ် အပြောင်းအလဲအမျိုးမျိုး ဖြစ် ပေါ်လာစေတယ်။

ဒါက အရမ်းကို ထိတ်လန့်စရာကောင်းတယ်။

ဒီတစ်ကြိမ် ထူးခြားဖြစ်စဉ်က အရင်တစ်ခါတွေနဲ့မတူဘူး။ ချီမင်ရဲ့ဒန်ထျန်းထဲက ကောင်းကင်နဲ့မြေကြီး ကွဲထွက်တဲ့မြင်ကွင်းကို အပြင်လောကမှာ ပြန်လည်ပြသနေတယ်။

ထူးခြားဖြစ်စဉ်တစ်ခုလုံးက အဆပေါင်းများစွာ ချဲ့ထားပြီး ထူးဆန်းကမ္ဘာက လူတိုင်းမြင်နိုင်လောက်တဲ့အထိအဆပေါင်းများစွာ ချဲ့ထားတယ်။

ထူးဆန်းကမ္ဘာက သက်ရှိအားလုံးက ကောင်းကင်နဲ့မြေကြီးရဲ့ ဒီလိုထူးခြားဖြစ်စဉ်ကို မော့ကြည့်နေကြတယ်။ သူတို့က အဆုံးမဲ့စွမ်းအားကြီးမားတဲ့ ပုံရိပ်တစ်ခုက ဖရိုဖရဲထဲမှာ ကမ္ဘာတစ်ခုကို တည်ထောင်နေတာကို ကြည့်နေကြတယ်။

ဒီလိုမြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်းတယ်။

အရမ်းကို ကြောက်စရာကောင်းတယ်။

“ဒါ...”

“ဘာဖြစ်တာလဲ”

“ဒီဖြစ်စဉ်က ဘာအဓိပ္ပာယ်လဲ”

“စုံစမ်း! ငါတို့ ဒါကို စုံစမ်းရမယ်!”

“သေစမ်း!”

“အသင်္ချေ ဖုံးကွယ်တားမြစ်ဇုံ! ထူးခြားဖြစ်စဉ်ရဲ့ အရင်းအမြစ်က တားမြစ်ဇုံထဲမှာပဲ!”

လူသားမဟာမိတ်အဖွဲ့၊ နတ်ဆိုးမဟာမိတ်အဖွဲ့၊ ထူးဆန်းမဟာမိတ်အဖွဲ့။

ထူးဆန်းကမ္ဘာတစ်ခုလုံး သတိထားမိသွားတယ်။

သူတို့က အင်မော်တယ်ရွှေခန္ဓာအဆင့် သိုင်းပညာကျွမ်းကျင်သူတွေ၊ နတ်ဆိုးပညာရှိတွေနဲ့ ကပ်ဘေးဒုက္ခအဆင့် ထူးဆန်းတွေကို တစ်ယောက်ပြီးတစ်ယောက် စေလွှတ်လိုက်ကြတယ်။

သူတို့က အသင်္ချေဖုံးကွယ်တားမြစ်ဇုံကို အမြန်ဆုံးအရှိန်နဲ့ အပြေးအလွှား သွားနေကြတယ်။

အဲ့ဒီအချိန်မှာပဲ...

တင်း!

“သာမန်အင်မော်တယ်သားရဲ: လေဟာနယ်နဂါးရဲ့ ကျင့်ကြံမှုနဲ့ အဆင့်က လက်ရှိအကန့်အသတ်ကို ရောက်ရှိသွားပါပြီ။ သူက တတိယကောင်းကင်အတိဒုက္ခကို ခံစားမိနေပါပြီ။ သာမန်အင်မော်တယ်သားရဲ: လေဟာနယ်နဂါးကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါသလား။”

တင်း!

“ရှားပါးဝိညာဉ်သားရဲ: ကပ်ဘေးဒုက္ခအရှင်ရဲ့ ကျင့်ကြံမှုနဲ့ အဆင့်က အကန့်အသတ်ကို ရောက်ရှိသွားပါပြီ။ သူက တတိယကောင်းကင်အတိဒုက္ခကို ခံစားမိနေပါပြီ။ ရှားပါးဝိညာဉ်သားရဲ: ကပ်ဘေးသခင်ကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါသလား။”

အသိပေးချက်အနည်းငယ် ပေါ်လာတယ်။

အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့က အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားကြတယ်။

သူတို့တွေ နောက်တစ်ကြိမ် အတိဒုက္ခကို ခံယူနိုင်ကြပြီ။

All Chapters