ဆက်တိုက် အတိဒုက္ခကျော်လွှားကြခြင်း
Vol. 16 Ch. 234
“ထွက်ခဲ့ကြ။”
ချီမင်က သူ့ရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ ပုံရိပ်နှစ်ခုထွက်ပေါ်လာတယ်။သူတို့က အမှောင်မီးလျှံနဲ့ ကပ်ဘေးလေး တို့ဖြစ်ကြတယ်။ သူတို့နှစ်ယောက်လုံးက အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်ရဲ့ အကန့်အသတ်ထိကို ရောက်နေကြပြီးနောက်တစ်ကြိမ် အတိဒုက္ခခံယူလို့ရနေပြီ။
ဒီတစ်ကြိမ် သူတို့ရင်ဆိုင်ရမှာက တတိယအဆင့် ကောင်းကင်အတိဒုက္ခဖြစ်တယ်။ ကောင်းကင်အတိဒုက္ခရဲ့ စွမ်းအားက အရင်ကထက် အများကြီးပိုပြင်းထန်ပြီး ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခထက် အများကြီး သာလွန်တယ်။
“သခင် ကျင့်ကြံမှု အောင်အောင်မြင်မြင် တိုးတက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။”
အမှောင်မီးလျှံက လက်နှစ်ဖက်ကိုယှက်ပြီး အရိုအသေပေးရင်း ဂုဏ်ပြုစကားဆိုလိုက်တယ်။
“သခင် ဂုဏ်ယူပါတယ်။”
ကပ်ဘေးလေးကလည်း ပျော်ပျော်ရွှင်ရွှင် ပြောလိုက်တယ်။ ချီမင်က ခေါင်းအသာငြိမ့်ပြတယ် “သွားကြ။ မင်းတို့နှစ်ယောက် တတိယအဆင့် ကောင်းကင်အတိဒုက္ခကို သွား ကျော်ဖြတ်ကြတော့။”
“ဟုတ်ကဲ့။”
“ဟုတ်ကဲ့။”
အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြတယ်။
အဲ့ဒီနောက်တော့ သူတို့နှစ်ယောက်လုံး ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး ကောင်းကင်နဲ့မြေကြီး ဖုံးကွယ်အစီအရင်ထဲကနေ ထိုးထွက်သွားကြတယ်။ သူတို့ အသင်္ချေ ဖုံးကွယ်တားမြစ်ဇုံရဲ့ အပေါ်ဘက်ကို ရောက်သွားကြတယ်။ ဒီတားမြစ်ဇုံရဲ့ သဘာဝအစီအရင်က သူတို့ကို ဘာမှမသက်ရောက်နိုင်ဘူး။
ဝေါင်း! ဝေါင်း!
နဂါးဟိန်းသံတွေ၊ ဧရာမသားရဲတွေ ဟိန်းဟောက်လိုက်ကြတယ်။စွမ်းအားကြီးတဲ့ ပုံရိပ်တစ်ခုထွက် ပေါ်လာတယ်။
အရမ်းကိုတိုတောင်းတဲ့အချိိန်အတွင်းမှာကောင်းကင်နဲ့မြေကြီးက အာရုံခံမိသွားတယ်။ အတိဒုက္ခတိမ်တိုက်တွေ ထွက်ပေါ်လာတယ်။အရပ်မျက်နှာတိုင်းကနေ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေ စုစည်းလာပြီး ခရမ်းနက်ရောင် လျှပ်စီးအတိဒုက္ခတိမ်တိုက်တွေအဖြစ် စုဝေးလာကြတယ်။
အချိန်တိုလေးအတွင်းမှာ ခရမ်းနက်ရောင် လျှပ်စီးအတိဒုက္ခတိမ်တိုက်ပေါင်း (၁၂၉,၆၀၀) စုပြီး ပထမဆုံး အတိဒုက္ခတိမ်တိုက်ကို ဖွဲ့စည်းလိုက်တယ်။ ဒီတစ်ကြိမ်တော့ စုစုပေါင်း အတိဒုက္ခတိမ်တိုက်သုံးလွှာထပ်ပြီး ကောင်းကင်သုံးလွှာလိုမျိုး မြင်ကွင်းကို ဖြစ်ပေါ်လာစေတယ်။
ခရက်! ခရက်!
အတိဒုက္ခတိမ်တိုက်ထဲမှာ မရေမတွက်နိုင်တဲ့ မိုးကြိုးလျှပ်စီးတွေ လင်းလက်သွားပြီး လျှပ်စီးကြောင်းတွေ အရပ်မျက်နှာတိုင်းကို ပစ်လွှတ်လိုက်တယ်။ တိမ်တိုက်တွေက ဒုတိယအဆင့် အတိဒုက္ခတိမ်တိုက်ထက် အဆပေါင်းများစွာ ပိုပြီးပြင်းထန်တယ်။ ချီမင်တောင် အဲ့ဒီစွမ်းအားကြီးဖိအားကို ခံစားနေရတယ်။
“ကောင်းကင်အတိဒုက္ခ! နောက်ထပ် ကောင်းကင်အတိဒုက္ခပဲ!”
“လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကလည်း မဟာချင်အင်ပါယာမြို့တော်ရဲ့ အနောက်တောင်ဘက်ဒေသမှာ အခုလိုမျိုး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့တုန်းက ကောင်းကင်အတိဒုက္ခက အခုလောက်မပြင်းထန်ဘူး။”
“ဒီအခြေအနေကိုကြည့်ပြီး ပြောရရင် ထူးဆန်းကမ္ဘာတစ်ဝက်လောက်ကိုတောင် လွှမ်းမိုးနိုင်တဲ့ ကမ္ဘာထူးခြားဖြစ်စဉ်ကြီးက ဒီကောင်းကင်အတိဒုက္ခနှစ်ခုနဲ့ အများကြီးပတ်သက်နေမယ်လို့ ခန့်မှန်းကြည့်လို့ရတယ်”
အသင်္ချေ ဖုံးကွယ်တားမြစ်ဇုံရဲ့ အပြင်ဘက်မှာ…
မဟာချင်အင်ပါယာက လူသားသိုင်းပညာရှင်တွေနဲ့ ကောင်းကင်ကိုးထပ်နတ်ဆိုးအင်ပါယာက နတ်ဆိုးတွေ စုရုံးနေကြတယ်။အဲ့ဒီအပြင် အသင်္ချေ ဖုံးကွယ်တားမြစ်ဇုံက ထူးဆန်းတွေလည်း ရှိနေတယ်။ သူတို့အားလုံးက ကြောက်စရာကောင်းတဲ့ ကောင်းကင်အတိဒုက္ခကို အနီးကပ်စောင့်ကြည့်နေကြတယ်။
သူတို့တွေ တကယ်ပဲ အရမ်းကိုကြောက်စရာကောင်းတဲ့ ဖိအားကို ခံစားနေရတယ်။
ဒါ့အပြင် လူသားမျိုးနွယ်တွေထဲက အင်မော်တယ်ရွှေခန္ဓာ ကျွမ်းကျင်သူတွေအပြင် နတ်ဆိုးပညာရှိတွေနဲ့ ကပ်ဘေးအဆင့် ထူးဆန်းတွေလည်း ဖြစ်နိုင်သမျှမြန်မြန်ပြေးလာကြတယ်။
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ထိုက်ချီလင်းနို့ဘုရင်ရဲ့ ကျင့်ကြံခြင်းဆင့်နဲ့နယ်ပယ်က အကန့်အသတ်ကို ရောက်သွားပါပြီ။ ပထမဆုံးအဆင့် ကောင်းကင်အတိဒုက္ခကို ခံယူနိုင်ပါပြီ။ရှားပါးဝိညာဉ်သားရဲ: ထိုက်ချီလင်းနို့ဘုရင်အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ပြင်းထန်ယင်ဘုရင်မရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ နယ်ပယ်က အကန့်အသတ်ကို ရောက်နေပါပြီ။ သားရဲက ပထမဆုံးအဆင့် ကောင်းကင်အတိဒုက္ခကို ခံယူနိုင်ပါပြီ။ရှားပါးဝိညာဉ်သားရဲ: ပြင်းထန်ယင်ဘုရင်မကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ရှုတောင် အကန့်အသတ်မဲ့ဓားသူတော်စင်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ နယ်ပယ်က အကန့်အသတ်ကို ရောက်နေပါပြီ။ ပထမဆုံးအကြိမ် ကောင်းကင်အတိဒုက္ခကို ခံယူနိုင်ပါပြီ။ ရှားပါးဝိညာဉ်သားရဲ: ရှုတောင်အကန့်အသတ်မဲ့ဓားသူတော်စင်ကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: သေမင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ နယ်ပယ်ရဲ့အကန့်အသတ်ကို ရောက်နေပါပြီ။ ပထမဆုံးအကြိမ် ကောင်းကင်အတိဒုက္ခကို ခံယူနိုင်ပါပြီ။ ရှားပါးဝိညာဉ်သားရဲ: သေမင်းကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါလား။”
ချက်ချင်းဆိုသလိုပဲ နောက်ထပ် အသိပေးချက်လေးခု ထပ်ပေါ်လာတယ်။
လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ ချီမင်က ဧရာမသားရဲကျွန်းဂိမ်း မြေအောက်စခန်းကို နေ့တိုင်းရှင်းလင်းပြီး မတူညီတဲ့ဆုလာဘ်အမျိုးမျိုးနဲ့ အင်မော်တယ်သလင်းကျောက်တွေ အများကြီးရထားတယ်။
သူက တာအိုပေါင်းစည်းခြင်းအစောပိုင်းအဆင့်ကို တက်လှမ်းသွားပြီး အင်မော်တယ်သလင်းကျောက်တစ်ချို့ကို စုပ်ယူလိုက်တယ်။ သူ့ရဲ့ အဆင့်ချိုးဖြတ်ခြင်းက အပြည့်အဝပြီးဆုံးသွားပြီး ကျင့်ကြံခြင်းအဆင့်နဲ့ ခွန်အားတွေလည်း တိုးတက်လာတယ်။
ဒါ့အပြင်…
ချီမင်က သက်ဆိုင်ရာ သွေးမျိုးဆက်သလင်းကျောက်တွေနဲ့ အမွေအနှစ်သလင်းကျောက်တွေကို တစ်ခုပြီးတစ်ခု ရလိုက်တယ်။
သူက လင်းနို့လေးကို သွေးမျိုးဆက်သလင်းကျောက်: ထိုက်ချီလင်းနို့ဘုရင်ကို စုပ်ယူခိုင်းပြီး ရှားပါးဝိညာဉ်သားရဲအကန့်အသတ်အထိ ဆင့်ကဲပြောင်းလဲစေလိုက်တယ်။ သူ့ရဲ့ကြီးထွားမှုနဲ့ အလားအလာက ရှားပါးဝိညာဉ်သားရဲတစ်ကောင်ရဲ့ အကန့်အသတ်ကို ရောက်သွားပြီး ကပ်ဘေးလေးလိုပဲ မဟာယနအဆင့်အထိ ရောက်သွားတယ်။ ချီမင်က ယင်လေးကိုလည်း သွေးမျိုးဆက်သလင်းကျောက်: ပြင်းထန်ယင်ဘုရင်မကို စုပ်ယူခိုင်းလိုက်တယ်။ သူလည်း ရှားပါးဝိညာဉ်သားရဲအကန့်အသတ်ကို ရောက်သွားပြီး မဟာယနအဆင့်အထိ ကြီးထွားနိုင်သွားပြီ။ ဟော့ချန်ချင်းက အမွေအနှစ်သလင်းကျောက်: အဆုံးမဲ့ဓားကျမ်းကို စုပ်ယူပြီးတော့ ပိုပြီးအဆင့်မြင့်လာတယ်။
သေမင်းက သွေးမျိုးဆက်သလင်းကျောက်: အဆုံးစွန်သလင်းကျောက်ကို စုပ်ယူပြီး ပြီးပြည့်စုံခြင်းခန္ဓာကိုယ်ကနေ အဆုံးစွန်ခန္ဓာကိုယ်ထိတိုးတက်သွားတယ်။
(ကိုယ်လည်းနည်းနည်းရှုပ်သွားတယ်ရှင်းပြပါမယ်။အရင်သေမင်းက အလိုအလျောက်ကျင့်ကြံတာကသူရဲ့အကန့်အသတ်ခန္ဓာကိုယ်ထိကြီးထွားပြီးပြီ။အခုကထပ်ဆင့်ကဲပြောင်းလဲသွားတဲ့သဘောပါ)
အခုဆိုရင် လင်းနို့လေး၊ ယင်လေး၊ ဟော့ချန်ချင်းနဲ့ သေမင်းတို့ ဝိညာဉ်သားရဲလေးကောင်လုံး သူတို့ရဲ့ လက်ရှိအကန််အသတ်ကို ရောက်သွားကြပြီး ကောင်းကင်အတိဒုက္ခကို ခံယူနိုင်ကြပြီ။
“ဒီလိုဆိုမှတော့…” ချီမင်က ပြောလိုက်တယ်”ဒါဆို အားလုံးထွက်ပြီး အတူတူ အတိဒုက္ခကျော်လွှားလိုက်ကြတော့။”
အလင်းတန်းလေးခုမှာ ချီမင်ရှေ့ကနေ တစ်ခုပြီးတစ်ခု ပျံထွက်လာပြီး ပုံရိပ်တွေတစ်ခုပြီးတစ်ခုပေါ်လာကာသူ့ရှေ့မှာလေးလေးစားစားရပ်နေကြတယ်။
“ဝိညာဉ်သားရဲ လင်းနို့လေးက သခင်ကို နှုတ်ဆက်ပါတယ်။”
လင်းနို့နတ်ဆိုးက အစကတည်းက တစ်ဆင့်ချင်းတိုးတက်လာတာဖြစ်တယ်။ သူ့ကို ချီမင်ရဲ့ ပထမဆုံး ဝိညာဉ်သားရဲလို့ ပြောလို့ရတယ်။ သူ့ရဲ့လူပုံစံက နည်းနည်းကလိမ်ကကျစ်ပုံစံပေါက်ပြီး ခန္ဓာကိုယ်နဲ့ အရပ်အမောင်းက တော်တော်လေးပိန်ပါးတယ်။ သူက ချီမင်ရဲ့ ဘယ်ဘက်မှာ ပထမဆုံးရပ်နေတဲ့သူဖြစ်တယ်။
“ဝိညာဉ်သားရဲ ယင်လေးက သခင်ကို နှုတ်ဆက်ပါတယ်။”
ယင်လေးက နှင်းမြူပုံဆောင်အပျိုစင်ဘဝကနေ တစ်ဆင့်ချင်းတိုးတက်လာတာဖြစ်တယ်။ သူက ချီမင်ရဲ့ တတိယမြောက်နဲ့ တစ်ဦးတည်းသော မိန်းကလေးဝိညာဉ်သားရဲဖြစ်တယ်။
သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင် နှင်းလေးက ဝိညာဉ်သားရဲတစ်ကောင်မဟုတ်ဘူး။
ယင်လေးက ပြင်းထန်ယင်ဘုရင်မဖြစ်လာပြီးတဲ့နောက်မှာ အရင်ကထက် ပိုလှလာရုံတင်မကဘူး၊ ခန္ဓာကိုယ်ကလည်း ပိုပြီးဆွဲဆောင်မှုရှိလာတယ်။ ပြီးတော့ ဘုရင်မတစ်ပါးရဲ့ ရေခဲပြာရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားတယ်။ သူမရဲ့အရှိန်အဝါက တော်တော်လေး အေးစက်ပြီး မြင့်မြတ်တော်ဝင်ဆန်လာကာ လေးစားစရာကောင်းတဲ့ ပုံစံဖြစ်နေတယ်။
“ဟော့ချန်ချင်းက သခင်ကို နှုတ်ဆက်ပါတယ်။”
ဟော့ချန်ချင်းက သူ့ရဲ့ဓားကိုကိုင်ပြီး ရပ်နေတယ်။ သူ့ရဲ့ လက်ရှိအမွေအနှစ်က ရှုတောင်ရဲ့ ချည်နှောင်မှုတွေကနေ လုံးဝနီးပါးလွတ်မြောက်သွားပြီး နယ်ပယ်အသစ်တစ်ခုကို ရောက်နေပြီ။
“သေမင်းက သခင်ကို နှုတ်ဆက်ပါတယ်။”
သေမင်းက အဆုံးစွန်ခန္ဓာကိုယ်ဖြစ်လာပြီးတဲ့နောက်မှာ အရင်လို သေမင်းတံစဉ်းအနက်ကိုကိုင်ပြီး ဝတ်ရုံအနက်ဝတ်ထားတဲ့ အရိုးခြောက်မဟုတ်တော့ဘူး။
သူက လျော့တိလျော့ရဲပုံစံနဲ့ လူငယ်လေးတစ်ယောက်အဖြစ် ပြောင်းသွားတယ်။ ဆံပင်အနက်အတိုနဲ့ တင်းကြပ်တဲ့သားရေချပ်ဝတ်အနက်ရောင်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားတယ်။ သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း ချီမင်ကို အရိုအသေပေးလိုက်တယ်။
ချီမင်က ခေါင်းအသာငြိမ့်လိုက်တယ်။ သူက သူ့ရှေ့က ဝိညာဉ်သားရဲလေးကောင်ကို တော်တော်လေးကျေနပ်နေတယ် “မင်းတို့အားလုံး ကောင်းကင်အတိဒုက္ခကို ခံစားမိနေပြီဆိုတော့ တစ်ယောက်ပြီးတစ်ယောက် အတိဒုက္ခကိုသွားကျော်လွှားပြီး ဖြစ်နိုင်သမျှ မြန်မြန် အဆင့်ချိုးဖြတ်လိုက်ကြတော့။”
“ဟုတ်ကဲ့။”
“ဟုတ်ကဲ့။”
ဟော့ချန်ချင်း၊ လင်းနို့လေး၊ ယင်လေးနဲ့ သေမင်းတို့ အမြန်ပြန်ဖြေလိုက်ကြတယ်။
ဝေါင်း! ဝေါင်း!
အသင်္ချေ ဖုံးကွယ်တားမြစ်ဇုံ ရဲ့ အပေါ်မှာ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့က သူတို့ရဲ့စစ်မှန်ခန္ဓာကို ဖော်ထုတ်လိုက်ကြတယ်။ ပြီးတော့ သူတို့ရဲ့ အံ့ဖွယ်စွမ်းအားတွေကိုသုံးပြီး တတိယအဆင့် ကောင်းကင်အတိဒုက္ခကို ဝါးမျိုပြီး သန့်စင်လိုက်ကြတယ်။
တတိယအဆင့် ကောင်းကင်နဲ့မြေကြီး နှစ်ခြင်းက ကျရောက်လာတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်ချီမျိုးစုံ၊ကောင်းကင်နဲ့မြေကြီး စွမ်းအားတွေနဲ့ ကောင်းကင်နဲ့မြေကြီးတာအိုစာလုံးတွေ အကုန်လုံး အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ဆီ စီးဝင်သွားပြီး သူတို့က စုပ်ယူလိုက်ကြတယ်။
“ဒါ… ဒါ…”
“ဒီလောက်ကြောက်စရာကောင်းတဲ့ ကောင်းကင်အတိဒုက္ခကြီးကို တစ်ချက်တည်းနဲ့ မျိုချပစ်လိုက်တာလား။”
“ဟူး…”
“မင်းတို့ ခုနက မြင်လိုက်ကြလား။ ဒီလောက်ကြောက်စရာကောင်းတဲ့ ဧရာမသားရဲတွေက မီတာတစ်သိန်းကျော်လောက် မြင့်မယ်ထင်တယ်။ ဒါ ဘယ်လိုနတ်ဆိုးမျိုးလဲ။ အဲ့တာကနတ်ဆိုးလား။ ဒါပေမဲ့… ဘာလို့ နတ်ဆိုးတစ်ကောင်ရဲ့ အရှိန်အဝါကို မခံစားမိရတာလဲ။”
“သူတို့က ဘယ်သူတွေလဲ။”
“သူတို့ နောက်ခံက ဘာလဲ။”
“ဒါ ကောင်းချီးလား၊ ကျိန်စာလား။”
အသင်္ချေ ဖုံးကွယ်တားမြစ်ဇုံရဲ့အပြင်ဘက်မှာ လူသားတွေနဲ့ နတ်ဆိုးတွေအများကြီးက ဒီမြင်ကွင်းကိုတွေ့ပြီး အပြင်းအထန် တုန်လှုပ်သွားကြတယ်။ သူတို့ အရမ်းကိုထိတ်လန့်သွားကြပြီး အံ့သြသွားကြတယ်။
“ပြန်လာခဲ့ကြ။”
ချီမင်က သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တယ်။ အတွေးတစ်ချက်နဲ့ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ကို သူတို့ရဲ့ ဝိညာဉ်သားရဲ ကြီးထွားတဲ့ နေရာထဲကို ပြန်ခေါ်လိုက်ပြီး အဲ့ဒီထဲမှာဆင့်ကဲပြောင်းလဲစေလိုက်တယ်။
“မင်းတို့အလှည့်ပဲ။”
“ဟုတ်ကဲ့။”
သားရဲလေးကောင်လည်း အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ရဲ့ စွမ်းအားကိုတွေ့ပြီး အံ့ဩသွားကြတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်လည်း အရမ်းကိုသန်မာကြတယ်။ အကြိမ်ကြိမ်ပြောင်းလဲလာပြီးနောက်မှာ သူတို့ရဲ့ ကြီးထွားမှုနဲ့ အလားအလာက ကပ်ဘေးလေးထက် မနိမ့်ကျတော့ဘူး။
သူတို့လည်း ဝိညာဉ်သားရဲ ကြီးထွားတဲ့ နေရာထဲမှာ အဆသန်းတစ်ရာ မြှင့်တင်မှုနဲ့ နှစ်ရာပေါင်များစွာကြီးထွားထားကြတယ်။ သူတို့က သိုင်းနည်းစနစ်တွေ၊ အံ့ဖွယ်စွမ်းအားတွေကို အကန့်အသတ်အထိ ကျင့်ကြံပြီးသွားတယ်။
ပုံရိပ်လေးခုက ကောင်းကင်ပေါ်ကို ခုန်တက်သွားပြီး အသင်္ချေ ဖုံးကွယ်တားမြစ်ဇုံရဲ့ အပေါ်ဘက်ကို ရောက်သွားကြတယ်။ သူတို့က အရပ်လေးမျက်နှာမှာ နေရာယူလိုက်ကြပြီး ကောင်းကင်အတိဒုက္ခရဲ့ စက်ကွင်းတွေ ထပ်မသွားအောင် လုံးဝခွဲခြားရပ်လိုက်ကြတယ်။
ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ အရှိန်အဝါနဲ့ ခွန်အားတွေကို အသီးသီးထုတ်လွှတ်လိုက်ကြတယ်။
ကောင်းကင်နဲ့မြေကြီး တုန်ခါသွားတယ်။
အရှေ့ဘက်မှာ အနက်နဲ့အဖြူ ထိုက်ချီပုံကားချပ်တစ်ခုပေါ်လာပြီး အဲ့ဒီအလယ်မှာစွမ်းအားကြီးတဲ့ ထိုက်ချီလင်းနို့ဘုရင်တစ်ကောင် ရှိနေတယ်။ သူ့တောင်ပံတွေကို ဖြန့်ကျက်လိုက်တော့ မီတာတစ်သောင်းလောက် မြင့်မားတယ်။
အနောက်ဘက်မှာ မည်းနက်နေတဲ့သေမင်းနေရာလွတ်တစ်ခု ပေါ်လာပြီး အဲ့ဒီအလယ်မှာ ရှည်လျားတဲ့အရပ်နဲ့ သေမင်းတစ်ပါးရှိနေတယ်။ အဲ့ဒီသေမင်းက ဝတ်စုံပြည့်နဲ့ အရိုးခေါင်းကိုဝတ်ဆင်ထားတယ်။ သူ့မျက်လုံးပေါက်တွေထဲကနေ ခရမ်းနက်ရောင် ဝိညာဉ်မီးတောက်တွေ ထုတ််လွှတ်လိုက်တယ်။
သူ့ရှေ့မှာ မည်းနက်နေတဲ့ချိန်ခွင်တစ်ခု ပေါ်လာတယ်။
သူ့နောက်မှာ အနက်ရောင် သေမင်းတံစဉ်းကြီးရှိနေတယ်။
တောင်ဘက်မှာ အေးစက်ပြီး မှောင်မိုက်နေတယ်။ ကောင်းကင်နဲ့မြေကြီးကို အေးခဲသွားစေပြီး သေခြင်းတရားလို တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပြင်းထန်ယင်ကမ္ဘာတစ်ခုကို ဖန်တီးလိုက်တယ်။ အဲ့ဒီပြင်းထန်ယင်ကမ္ဘာထဲမှာ ယင်လေးက ပြင်းထန်ယင်ဘုရင်မဖြစ်တယ်။ သူက ပြင်းထန်ယင်သတ္တဝါအမျိုးမျိုးကို ဖန်တီးထားပြီး အရာအားလုံးကို ထိန်းချုပ်ထားတယ်။
မြောက်ဘက်မှာတော့ ဟော့ချန်ချင်းက ငြိမ်သက်စွာရပ်နေတယ်။ သူက ဓားကို ရင်ဘတ်ရှေ့မှာ ကိုင်ထားတယ်။ သူ့ပတ်ပတ်လည်မှာ မရေမတွက်နိုင်တဲ့ ဓားချီတွေ ပေါ်ထွက်လာပြီး အဆုံးမဲ့ဓားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
ခရက်! ခရက်!
အချိန်တိုလေးအတွင်းမှာပဲ မူလက ပျောက်ကွယ်သွားတဲ့ ကောင်းကင်အတိဒုက္ခတွေ ထပ်မံကျရောက်လာပြန်တယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေ စုစည်းလာတယ်။ ကောင်းကင်နဲ့မြေကြီးအရှိန်အဝါက ပြင်းထန်လာပြီး ခရမ်းနက်ရောင် အတိဒုက္ခတိမ်တိုက်တွေ တစ်ခုပြီးတစ်ခုပေါ်လာတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပထမအဆင့် အတိဒုက္ခတိမ်တိုက်လေးခု ဖွဲ့စည်းပြီး ဟော့ချန်ချင်းတို့အုပ်စုကို ဖုံးလွှမ်းသွားတယ်။
“ကောင်းကင်အတိဒုက္ခ! နောက်ထပ် ကောင်းကင်အတိဒုက္ခပဲ!”
“လေးကောင်တောင်! လေးကောင်လုံးတစ်ပြိုင်နက်တည်း အတိဒုက္ခခံယူနေကြတယ်!”
“အသက်ရှူတောင်မှားတယ်…”
“ဒါ ဘယ်ဂိုဏ်းအဖွဲ့အစည်းကလဲ။”
“ဘာလို့ အရင်က တစ်ခါမှ မကြားဖူးရတာလဲ။”
“ဒီလိုအဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်နေပါလား။”
အဲ့ဒီမှာရှိနေတဲ့ လူသားတွေ၊ နတ်ဆိုးတွေနဲ့ ထူးဆန်းတွေအားလုံး အရမ်းကို တုန်လှုပ်ခြောက်ခြားနေကြတယ်။ ဒီရုတ်တရက်ပြောင်းလဲမှုက သူတို့ကို တကယ်ပဲ မှင်သက်သွားစေတယ်။
အဲ့ဒီအချိန်မှာပဲ ဟော့ချန်ချင်း၊ လင်းနို့လေး၊ ယင်လေးနဲ့ သေမင်းတို့ အတိဒုက္ခကျော်လွှားဖို့ စတင်လိုက်ကြတယ်။ သူတို့ရဲ့ အံ့ဖွယ်စွမ်းအားတွေ၊ နည်းလမ်းတွေကိုအသီးသီးထုတ်သုံးလိုက်ကြပြီး ပထမအဆင့် ကောင်းကင်အတိဒုက္ခကို လွယ်လွယ်ကူကူပဲ ကျော်ဖြတ်လိုက်ကြတယ်။ ဘာအခက်အခဲမှမရှိဘဲနဲ့ အရမ်းကို လွယ်ကူနေတယ်။