အချိန်ကာလရတနာကမ္ဘာ့တံခါးကိုယ်ပွားကိုအသက်သွင်းခြင်း
Vol. 16 Ch. 236
ကပ်ဘေးဒုက္ခအဆင့်ထူးဆန်းတစ်ကောင်ပေါ်လာ၏။ အနက်ရောင်မြူခိုးတွေက ကျောချမ်းဖွယ်ထွက်ပေါ်လာနေသည်။ ပြင်းထန်သည့်စိတ်မွန်းကြပ်ဖွယ် အငွေ့အသက်တွေက ပျံ့နှံလာကာ ချီမင်အပါအဝင်တစ်ခြားသောသူတွေကို ဖုံးအုပ်သွား၏။
အရှိန်အဝါကြီးက အရိုးထဲထိတောင်အေးစက်လာ၏ “ကပ်ဘေးဒုက္ခအဆင့်ထူးဆန်း”။
ချီမင်က တခြားတစ်ဖက်ကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ စိုက်ကြည့်နေလိုက်သည်။ အမှောင်မီးလျှံနှင့် တခြားသောဝိညာဉ်သားရဲတွေမှာတော့ မဟာရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ တိုက်ပွဲအတွက် ပြင်ဆင်နေကြ၏။ မျက်နှာအမူအရာများက အလွန်အမင်းကို ပြင်းထန်လေးနေသော အမူအရာများဖြစ်လာကြသည်။
ကပ်ဘေးဒုက္ခအဆင့်ထူးဆန်းဆိုရသည့်အဓိပ္ပာယ်မှာ ထူးဆန်းကမ္ဘာပိရမစ်၏ထိပ်ဆုံးအဆင့်မှာဖြစ်ပြီး ထိပ်ဆုံး၌သာရပ်တည်နေ၏။ လျှို့ဝှက်နက်နဲကမ္ဘာမှာဆိုလျှင်ဖြင့် မဟာယနအဆင့်နှင့်ညီမျှပေ၏။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်နှင့်တူညီလုနီးပါးအဆင့်၌ရှိပေသည်။
အရမ်းကိုသန်မာ၏။
တကယ့်ကိုသန်မာသည်။
ခရက်!ခရက်!
ကောင်းကင်နှင့်မြေကြီးဖုံးကွယ်အစီအရင်က အစိတ်စိတ်အမြွာမြွာကွဲကြေသွားသည်။ သတို့သမီးအသုဘထူးဆန်းက မမြင်နိုင်သည့်ထူးဆန်းသောနယ်ပယ်တစ်ခုကိုသုံးကာ ချီမင်၏အစီအရင်ကိုဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ အစီအရင်တိုကင်(၁၀၈)ခုနှင့် အစီအရင်အမြူတေက ကွဲကြေပျက်စီးသွားပေသည်။
အသံအကျယ်ကြီးတစ်ခုထွက်ပေါ်လာ၏။
အစီအရင်က ပြိုကွဲသွား၏။
တောင်ထွတ်တစ်ခုလုံးကထွက်ပေါ်လာပြီး အနားကသက်ရှိတွေ၏မျက်လုံးထဲတွင် လုံးလုံးလျားလျားပေါ်ပေါက်လာသည်။ တောင်ထိပ်ကအင်မော်တယ်စံအိမ်မှာတော့ သိပ်သည်းသည့်ကောင်းကင်နဲ့မြေကြီးစွမ်းအင်တွေစုစည်းနေသည်။ ချီမင်က ချင်းပင်အင်မော်တယ်စံအိမ်ရှေ့တွင်ရပ်နေခဲ့သည်။ သူက ကပ်ဘေးဒုက္ခအဆင့်သတို့သမီးအသုဘထူးဆန်းကို တည့်တည့်စူးစိုက်ကြည့်နေသည်။
“ဟီးဟီးဟီး...”
ကျောချမ်းဖွယ်ရယ်သံကြီးထွက်ပေါ်လာ၏။
နောက်တစ်ခဏမှာ သတို့သမီးအသုဘက ပထမဆုံးအသက်ဝင်နေတဲ့စက္ကူရုပ်တွေကို တစ်ရုပ်ပြီးတစ်ရုပ်ပို့လွှတ်လိုက်ပါသည်။ စက္ကူရုပ်တိုင်းက အရမ်းကိုစွမ်းအားကြီး၏။ ထိုစက္ကူအရုပ်ကားချပ်တိုင်းက အမှောင်မီးလျှံနဲ့တခြားသူတွေကိုဝန်းရံလာ၏။
“လေဟာနယ်စစ်မှန်မီးတောက်”
အမှောင်မီးလျှံကနဂါးအသက်ရှုခြင်းကိုသုံးလိုက်ပြီး ကြီးမားသည့်လေဟာနယ်နဂါးမီးတောက်ကြီးကိုမှုတ်ထုတ်လိုက်သည်။ စက္ကူအရုပ်တွေက တစ်ရုပ်ပြီးတစ်ရုပ်ဖျက်ဆီးခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအားကိုပြသလိုက်၏။
“ကပ်ဘေးဒုက္ခအငယ်စားနည်းစနစ်”
ကပ်ဘေးလေးကတိုက်ခိုက်လိုက်သည်။ သူမလေးက သူမရဲ့လက်တွေကိုဝှေ့ယမ်းလိုက်ကာ မရေမတွက်နိုင်တဲ့ကပ်ဘေးချီတွေကိုထွက်ပေါ်လာစေပြီး ကပ်ဘေးဒုက္ခအမျိုးမျိုးအဖြစ်ပြောင်းလဲလိုက်၏။ လျှပ်စီးအတိဒုက္ခ၊ လေပြင်းအတိဒုက္ခ၊ ကောင်းကင်အတိဒုက္ခ၊ ကမ္ဘာပျက်အတိဒုက္ခ....
ကပ်ဘေးဒုက္ခအငယ်စားနည်းစနစ်ဆိုသည်က ချီမင်ဖန်တီးထားတဲ့မဟာကပ်ဘေးဒုက္ခနည်းစနစ်ကနေရလာတဲ့အသေးစားအံ့ဖွယ်စွမ်းအားဖြစ်သည်။ သူ၏ စွမ်းအားက မူရင်းထက်နည်းပေမဲ့လည်း အတော်လေးကိုပြင်းထန်တဲ့အံ့ဖွယ်စွမ်းအားနည်းစနစ်ဖြစ်၏။
“မဟာထိုက်ချီဖွဲ့စည်းပုံ”
လင်းနို့လေးက အသံရှည်ကြီးတစ်ခုထုတ်လိုက်၏။ ထိုက်ချီပုံကားချပ်တစ်ခုပေါ်လာသည်။ ကားချပ်က ကောင်းကင်ကိုဖုံးအုပ်သွားပြီးသတို့သမီးအသုဘရှေ့ကိုဖိချလိုက်ပေ၏။
“ပြင်းထန်ယင်နယ်ပယ်”
ယင်လေးကသူမရဲ့လက်တွေကိုဝေ့ယမ်းလိုက်ကာ ပြင်းထန်ယင်ရဲ့စွမ်းအားထွက်ပေါ်လာကာ အရမ်းကိုအေးစက်ပြီး ပြင်းထန်ယင်ကမ္ဘာအဖြစ်ပြောင်းလဲလိုက်သည်။ ပြင်းထန်ယင်ကမ္ဘာ၏စွမ်းအားကအရာအားလုံးကိုအေးခဲလိုက်ပြီး နေရာလွတ်ကတောင်အေးခဲသွားသယောင်ထင်ရသည်။ နယ်ပယ်ရဲ့စွမ်းအားက ရန်သူတွေကို ဖုံးအုပ်သွားသည်။ စက္ကူရုပ်တွေက ရေခဲရုပ်တုတွေအဖြစ်တစ်ရုပ်ပြီးတစ်ရုပ်ပြောင်းလဲသွားပြီး ပြင်းထန်တဲ့အင်အားကြောင့်ပေါက်ကွဲထွက်ကုန်ကြ၏။
“သေမင်းတံစဉ်း”
သေမင်းတံစဉ်းကိုကိုင်ဆောင်ထားတဲ့ သေမင်းကအများကြီးမလှုပ်ရှားရသေးဘူး။ သူကလက်နှစ်ဖက်လုံးနဲ့တံစဉ်းရိုးတံကိုကိုင်ထားပြီး တိုက်ရိုက်ခုတ်ပိုင်းချလိုက်သည်။ တောက်ပပြီးမည်းနက်နေသောဆေဘာအလင်းတစ်ချက်ပျံ့နှံ့သွားပြီး စက္ကူရုပ်တွေအများကြီးကိုသတ်ဖြတ်ပစ်လိုက်သည်။
“အသင်္ချေဓားများ ပြန်လာခြင်း”
ကလန်!ကလန်!ကလန်!
ဓားအော်မြည်သံက ကောင်းကင်နဲ့မြေကြီးကိုလှုပ်ခါသွားစေ၏။ ဟော့ချန်ချင်းက ဓားလက်ချောင်းကိုသုံးလိုက်ပြီးနောက်တစ်ခါညွှန်ပြလိုက်သည်။ ချက်ချင်းပဲ အဆုံးမရှိတဲ့ဓားချီတွေ ပျံ့နှံ့လာပြီး ဓားချီမြစ်တစ်စင်းအဖြစ်ဖွဲ့စည်းသွားသည်။ ဓားချီမြစ်က နဂါးတစ်ကောင်သဖွယ် နောက်ပြန်ကူးခတ်လာသည်။ ဓားချီမြစ်က တိမ်တွေကိုထိုးဖောက်သွားပြီးစက္ကူရုပ်တွေကို တစ်ရုပ်ပြီးတစ်ရုပ်ဖျက်ဆီးလိုက်သည်။ ပေါက်ကွဲသံမျိုးစုံထွက်ပေါ်လာပြီး တိုက်ပွဲကဖြစ်ပေါ်လာသည်။
မျက်စိတမှိတ်အတွင်းမှာ ကောင်းကင်မှာပြည့်နှက်နေသည့် စက္ကူရုပ်တွေမှာ ဘာမှမကျန်တော့သည်အထိပျောက်ကွယ်သွားပါတော့သည်။ သို့ပေမယ့် သတို့သမီးအသုဘရဲ့ နောက်မှ မယုံနိုင်လောက်အောင်သိပ်သည်းသော အနက်ရောင်မြူခိုးတွေထဲကနေ စက္ကူရုပ်တွေ ထွက်ပေါ်လာနေသေး၏။ အရုပ်တွေက မရေမတွက်နိုင်လောက်တဲ့အထိအဆုံးမရှိများပြားလာပြီး ကောင်းကင်ကိုတောင်ဖုံးလွှမ်းသွားသည်ဟုလို့ပြောလို့ရသည်။
ကပ်ဘေးဒုက္ခအဆင့်ထူးဆန်းဆိုသည့်အတိုင်း သူ့မှာနည်းလမ်းပေါင်းစုံရှိသည်။ စက္ကူအရုပ်တွေကသူတို့ထဲကတစ်ခုဖြစ်၏။ ထိုအရုပ်တွေအပြင် ပြိုင်ဘက်၏ အင်အားကိုဖိနှိပ်နိုင်သော ထူးဆန်းနယ်ပယ်တစ်ခုလည်းရှိသေး၏။ အနက်ရောင်မြူခိုးတွေအပြင် အနက်ရောင်တိမ်တိုက်တွေဟာ မတူညီတဲ့အရိပ်အမျိုးမျိုးအဖြစ်ပြောင်းလဲသွား၏။ အမှန်တကယ်စွမ်းအားကြီးသည့်ရန်သူက သတို့သမီးတစ် ယောင်လိုအနီရောင်မင်္ဂလာဝေါယာဉ်ပေါ်မှာထိုင်နေပြီး အလောင်းကတော့အခေါင်းထဲမှာလဲလျောင်းနေ၏။ ဒါက သတို့သမီးအသုဘရဲ့စွမ်းအားအကြီးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။
ဒီထူးဆန်းက မဟာယနအဆင့်နဲ့ယှဉ်လိုရတဲ့တည်ရှိမှုတစ်ခုဖြစ်သည်။ အဲ့ဒီထူးဆန်းက အရမ်းကိုစွမ်းအားကြီးပြီး နည်းလမ်းအမျိုးမျိုးကိုပိုင်ဆိုင်ထား၏။ အမှောင်မီးလျှံနဲ့ကျန်တဲ့သူတွေက အင်အားကိုပူးပေါင်းပြီးတာတောင် သူတို့က သတို့သမီးအသုဘကိုလုံးဝ မဖိနှိပ်နိုင်ပေ။ နှစ်ဖက်ကြားကတိုက်ပွဲကဆက်လက်ဖြစ်ပွားလျက်ရှိပြီး ကောင်းကင်ယံတစ်ခွင်က တိုက်ပွဲမြေပြင်တစ်ခုဖြစ်လာသည်။
“အရမ်းစွမ်းအားကြီးတယ်”
“သတိုသမီးအသုဘကိုယ်တိုင်လှုပ်ရှားလာတာပဲ။”
“ကြည့်ရတာ အသင်္ချေဖုံးကွယ်တားမြစ်ဇုံက ဒီကိစ္စကိုအလေးထားပုံပေါ်တယ်။”
“သူတို့ကို သတို့သမီးအသုဘတောင်အနိုင်မယူနိုင်ဘူး။”
“သူတို့ကတော်တော်သန်မာကြတာပဲ။”
အနားမှာ လူသားတွေနတ်ဆိုးတွေအများကြီးစုရုံးလာကြပြီး ထူးဆန်းတွေလည်းအများကြီးရောက်လာကြ၏။ သို့ပေမယ့် သူတို့ထဲမှအများစုက ဒီလိုတိုက်ပွဲကိုဝင်ရောက်နှောင့်ယှက်နိုင်စွမ်းမရှ်ိပေ။
အဲ့ဒီလိုအချိန်မှာ ပုံရိပ်တွေတစ်ခုပြီးတစ်ခုဆင်းသက်လာကြသည်။ သူတို့က အဝေးကနေရောက်လာကြသည့် သိုင်းပညာလမ်းစဉ်က အင်မော်တယ်ရွှေခန္ဓာအဆင့်ကျွမ်းကျင်သူတွေ၊ နတ်ဆိုးပညာရှိတွေ၊ တခြားသောကပ်ဘေးဒုက္ခအဆင့်တွေဖြစ်ကြသည်။ သူတို့အားလုံးဒီနေရာကိုစုစည်းရောက်ရှိလာကြသည်။
ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာသည်။
သတို့သမီးအသုဘ၏ သတို့သမီးနှင့်အလောင်းကအတူတကွ ထွက်ပေါ်လာကြသည်။ သတို့သမီးကသွေးနီရောင်ပဝါကိုလွှမ်းခြုံထားပြီး အနီတောက်တောက်သတို့သမီးဝတ်စုံကိုဆင်မြန်းထားသည်။ သူမ၏ လက်တွေက ကျောက်စိမ်းသဖွယ်ဖြူဖွေးနေပေမယ့် ကျောချမ်းဖွယ်အငွေ့အသက်ကထွက်ပေါ်နေ၏။ အလောင်းသည်တော့ အဝတ်ဖြူစကိုဝတ်ဆင်ထားပြီးဖုတ်ကောင်တစ်ကောင်နှင့်ပင်တူနေသည်။
အမှောင်မီးလျှံတို့က ပြင်းထန်တဲ့စွမ်းအားကိုထုတ်လ်ိုက်ပြပြီး ရက်စက်တဲ့တိုက်ခိုက်မှုတွေကအကြိမ်ကြိမ် ပေါက်ကွဲထွက်လာသည်။ ထူးဆန်းက တစ်လှမ်းပြီးတစ်လှမ်းနောက်ဆုတ်လိုက်ရပြီး ခုခံဖို့ပင်ခက်ခဲလာသည်။
အမှောင်မီးလျှံက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီးသူရဲ့စစ်မှန်ခန္ဓာ လေဟာနယ်စစ်မှန်နဂါးပုံစံကထွက်ပေါ်လာသည်။ လေဟာနယ်ကျမ်းကလည်ပတ်လာပြီးသူ့ရဲ့ခန္ဓာကိုယ်မှာ လေဟာနယ်မီးလျှံတွေတောက်လောင်လာသည်။ သူ့အရှိန်အဝါကပင်ပိုပြီးကြီးမားလာသည်။ ချက်ချင်းပဲ ကပ်ဘေးလေး၊ ယင်လေး၊ လင်းနို့လေး၊ ဟော့ချန်ချင်း၊ သေမင်းတို့ကလည်း သူတို့၏စွမ်းအားအကြီးဆုံးအံ့ဖွယ်စွမ်းအားကိုထုတ်သုံးလိုက်ကြသည်။ မနှိုင်းယှဉ်လောက်အောင်ပြင်းထန်သည့်အင်အားကပေါက်ကွဲထွက်လာသည်။ သူတို့က စွမ်းအားကုန်သုံးပြီး သတို့သမီးအသုဘကိုအတင်းအကြပ် ဖိနှိပ်လိုက်ကြသည်။
“သတို့သမီးအသုဘကတကယ်ကြီးဖိနှိပ်ခံနေရတာပဲ။”
“သူတို့က ကမ္ဘာကြီးရဲ့အကန့်အသတ်ကျင့်ကြံခြင်းအဆင့်ထိမရောက်သေးတာသိသာတယ်။ သိုင်းပညာတာအိုသခင်အဆင့်ပဲ ရှိလောက်ဦးမယ်။ ဒါပေမယ့် ဒီလိုပြင်းထန်တဲ့တိုက်ခိုက်ရေးအင်အားတွေရှိနေပြီ။”
“သူတို့က ဘယ်အဖွဲ့အစည်းကလဲ။ သူတို့ရဲ့နောက်ခံကဘာလဲ။”
“…”
ချီမင်က ပတ်ဝန်းကျင်မှာ လူသားအင်မော်တယ်ရွှေခန္ဓာကျွမ်းကျင်သူတွေ နတ်ဆိုးပညာရှိတွေနှင့် တခြားကပ်ဘေးဒုက္ခအဆင့်တွေတဖြည်းဖြည်းရောက်လာကြတာကိုသတိထားလိုက်မိ၏။ သတိထားမိချင်းချင်းပင် နတ်ဆိုးပညာရှိတစ်ယောက်ကလေထုကိုထိုးခွဲဖြတ်သန်းပြီးချီမင်ဆီကိုပြေးဝင်တိုက်ခိုက်လာသည်။
ပြီးတော့ အင်မော်တယ်ရွှေခန္ဓာအဆင့်လူသားတွေ၊ နတ်ဆိုးပညာရှိတွေနဲ့ တခြားကပ်ဘေးဒုက္ခအဆင့်ထူးခြားတွေရောက်လာကြပြီး အမှောင်မီးလျှံနဲ့ကျန်တဲ့သူတွေရဲ့တိုက်ပွဲကိုတားဆီးလိုက်သည်။ သူတို့ကချီမင်ရှေ့မှာရပ်လိုက်ကြသည်။
“မင်း ဘယ်သူလဲ”
“ငါတို့ကိုမင်းရဲ့နောက်ခံကိုပြောစမ်း”
“ပြီးတော့ ခုနထူးခြားဖြစ်စဉ်ကလည်းဘာလဲ”
“မင်း ဘယ်အဖွဲ့အစည်းကလဲ”
“မင်းက လူသားလား နတ်ဆိုးလား။ ဒါမှမဟုတ်ထူးဆန်းတစ်ကောင်လား။”
ချီမင်သူ့ရှေ့ကလူတွေကိုကြည့်လိုက်ပြီး အတော်လေးကြီးမားတဲ့ဖိအားကိုခံစားလိုက်ရ၏။ ဘာပဲဖြစ်ဖြစ်အင်မော်တယ်ရွှေခန္ဓာလူသားကျွမ်းကျင်သူသုံးယောက်၊ နတ်ဆိုးပညာရှိသုံးယောက်နှင့် တခြားကပ်ဘေးဒုက္ခအဆင့်ထူးဆန်းသုံးကောင်ရှိသည်။ အကုန်လုံးထဲတွင် ဘယ်သူမဆိုလက်ညှိုးထိုးမိသည့်သူတိုင်းက မဟာယနအဆင့်နှင့်ယှဉ်နိုင်သူများဖြစ်သည်။
ချီမင်ရဲ့ကျင့်ကြံခြင်းအဆင့်နှင့်နယ်ပယ်က တာအိုပေါင်းစည်းခြင်းအဆင့်၌ရှ်ိနေသည်။ အဆင့်အရဆိုရလျှင် ချီမင်ကသူတို့ထက်အားနည်း၏။ ထို့အပြင်သူကချိုးဖြတ်ခါစဖြစ်သည်။
“ဟီးဟီး”
ချီမင်တဟားဟားရယ်လျက် ပွင့်ပွင့်လင်းလင်းပြောလိုက်သည် “မင်းတို့စိတ်လှုပ်ရှားဖို့မလိုပါဘူး။ မင်းတို့ ဒါမှမဟုတ် ထူးဆန်းကမ္ဘာတစ်ခုလုံးအတွက် ငါကဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်ပဲ။”
“ဖြတ်သွားဖြတ်လာ”
အင်မော်တယ်ရွှေခန္ဓာအဆင့်လူသားမျိုးနွယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက မဟာချင်နတ်ဆိုးဖိနှိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ် ခွမ်မော့လင်ဖြစ်သည်။ “ကြည့်ရတာက မင်းငါတို့ကိုအမှန်တိုင်းမပြောချင်တဲ့ပုံပဲ။”
နတ်ဆိုးပညာရှိတစ်ပါးရဲ့အကြည့်ကအေးစက်သွားသည်။ ထိုသူကကောင်းကင်ကိုးထပ်နတ်ဆိုးအင်ပါယာရဲ့မဟာအင်ပါယာဆရာက လီယောင်တျန်းဖြစ်သည်။ သူကလေးနက်တဲ့အသံဖြင့်ပြောလာ၏ “ဒါပေမယ့်အဆင်ပြေတယ်။ မင်းကိုငါအမှန်တရားထုတ်ပြောလာအောင်လုပ်ပေးမယ်။”
“ဟီးဟီးဟီး...”
ကပ်ဘေးဒုက္ခအဆင့်ထူးဆန်းတစ်ယောက်ကလူသားပုံစံနတ်ဆိုးတစ်ကောင်ပေမယ့် ထိုသူက ကြမ်းတမ်းသည့်အရိုးချပ်ဝတ်ကိုဝတ်ဆင်ထားသည်။ သူကသုံးမီတာနီးပါးအရပ်ရှိပြီး အလွန်ရှည်လျားသည့်ခြေချောင်းလက် ချောင်းတွေရှိသည်။ သူကအဖြူဖျော့ဖျော့ခြုံထည်ကိုဝတ်ဆင်ထားပြီးပြောလိုက်သည် “မင်းပြလိုက်တဲ့ခွန်အားကတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငါမင်းကိုတကယ်ဖမ်းပြီးစမ်းသပ်ချင်လာပြီ။”
ကောင်းကင်ယံမှတိုက်ပွဲမြေပြင်တွင်တော့ အမှောင်မီးလျှံနဲ့တခြားသောသူတွေက သတို့သမီးအသုဘနဲ့ကြီးမားတဲ့တိုက်ပွတစ်ခုကိုဆင်နွှဲရင်းချုပ်နှောင်မိနေကြသည်။ ထိုကိစ္စက အနိုင်ရသူကိုအချိန်တိုးအတွင်းဆုံးဖြတ်ဖို့ခက်နေသည်။ ချီမင်ကကြည့်ပြီးမျက်မှောင်ကြုတ်လိုက်သည်။
“သနားဖို့တောင်ကောင်းတယ်” ချီမင် ကသူ့ခေါင်းကိုခါလိုက်သည် “ငါအစကတော့ထူးဆန်းကမ္ဘာမှာအချိန်တစ်ခုလောက်နေချင်တာ။ ငါ ဒီလောက်ကြီးကြီးမားမားပွက်လောရိုက်သွားမယ်လို့မထင်ထားဘူး။ ဒီဟာကငါ့ကိုတိုက်ရိုက်ဖော်ထုတ်လိုက်တယ်။”
“မေ့လိုက်တော့” ချီမင်ကပြောလိုက်သည် “ဒီကိစ္စတွေဖြစ်လာမှတော့ ငါတို့ထူးဆန်းကမ္ဘာမှာဒီထက်ပိုပြီးနေလို့မရတော့ဘူး။ နေရာရွှေ့ပြောင်းပြီးနောက်ကမ္ဘာတစ်ခုကိုဦးတည်ရအောင်။”
“လောလောဆယ်တော့လျှို့ဝှက်နက်နဲကမ္ဘာကိုပြန်လို့မရသေးဘူး။”
ချီမင် ခေါင်းကိုမြှောက်ကာအော်လိုက်သည် “လူတိုင်း ပြန်ဆုတ်တော့။ သွားဖို့အချိန်ကျပြီ။”
“ဟုတ်”
“ဟုတ်”
အမှောင်မီးလျှံနဲ့တခြားသောသူတွေ၏အသံကထွက်ပေါ်လာသည်။ ကြီးမားတဲ့စွမ်းအားကတစ်ခုကနောက်တစ်ကြိမ်ထွက်ပေါ်လာလာပြီး ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။ သူတို့က သတို့သမီးအသုဘကိုယာယီတွန်းထုတ်လိုက်ပြီး ချီမင်၏ဘေးကိုအလျင်အမြန်လာလိုက်ကြ၏။
ကောင်းကင်နဲ့မြေကြီးကတုန်ခါလာသည်။ သတို့သမီးအသုဘက ပြင်းပြင်းထန်ထန်ဒေါသထွက်လာပြီးကြောက်မက်ဖွယ်ကောင်းလွန်းသောစွမ်းအားကိုဖော်ထုတ်လိုက်၏။ ထူးဆန်းသည့်အနက်ရောက်တိမ်တိုက်တွေနှင့်မြူခိုးတွေ ပျံ့နှံ့ထွက်လာပြီးမီတာ(၁၀၀၀၀၀၀)ရှိသည့်ဧရာမအနက်ရောင်မြူခိုးထုကြီးအဖြစ်စုစည်းသွားသည်။
နောက်တခဏမှာ အနက်ရောင်မြူခိုးထုကြီးက ချီမင်ကိုတိုက်ခိုက်လာ၏။
ပထမဆုံးအနေဖြင့် ချီမင်ကညာဘက်လက်ကိုဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်သားရဲကြီးထွားနေရာထဲကိုဆွဲသွင်းလိုက်၏။
“ခြေရာမဲ့ပျံသန်းခြင်း”
ချီမင်က သူ၏အံ့ဖွယ်စွမ်းအားတွေကိုလည်ပတ်လိုက်သည်။ သူ၏ပုံရိပ်က လေထုထဲကိုပျောက်ကွယ်သွားပုံရပြီး နေရာလွတ်ထဲသို့ဝင်ရောက်သွားလိုက်သည်။ သူက နေရာရွှေ့ပြောင်းလိုက်သလိုမျိုး အရှိန်ကအရမ်းမြန်သွားပြီး နေရာကနေပျောက်ကွယ်သွား တော့၏။ အနက်ရောင်မြူခိုးထုကြီးကတိုက်ခိုက်လိုက်ပြီး တောင်ထွတ်တစ်ခုလုံးပင် ပျောက်ကွယ်သွား၏။ ဒီရိုက်ချက်ကြောင့် ချင်းပင်အင်မော််တယ်စံအိမ်မှာပြည့်အဝပျက်စီးသွားတော့သည်။
မျက်စိတမှိတ်အတွင်းမှာချီမင်ကမီတာ(၁၀၀၀၀၀) အကွာမှာပြန်ပေါ်လာ၏။
“အချိန်ကာလရတနာကမ္ဘာ့တံခါး”
ချီမင်က သူ့ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်ပြုလုပ်လိုက်ပြီးသတို့သမီးအသုဘ၊အင်မော်တယ်ရွှေခန္ဓာအဆင့်လူသားသုံးယောက်၊နတ်ဆိုးပညာရှိသုံးပါးနှင့်တခြားသောကပ်ဘေးဒုက္ခအဆင့်ထူးဆန်းသုံးကောင်ကိုတစ်ချက်မျှကြည့်လိုက်၏။ သူသာ သူတို့ကိုတိုက်ခိုက်ချင်လာလျှင် မဟာယနအဆင့်နှင့်ညီမျှသည့်အထွတ်အထိပ်ကျွမ်းကျင်သူသုံးယောက်ကိုရင်ဆိုင်ရလိမ့်မည်။
“နေရာရွှေ့ပြောင်းဖို့ပြင်ဆင်တော့။”
သူ၏ဒန်တျန်းထဲမှာ ချီမင်က အချိန်ကာလရတနာကမ္ဘာ့တံခါးစွမ်းအင်းကိုစုစည်းလိုက်၏။ ဒီလိုလုပ်နိုင်ရသည့်အကြောင်းအရင်းမှာ သူအရင်က လေဟာနယ်စကြဝဠာပင်လယ်ထဲမှာလိုအပ်ချက်နှင့်ကိုက်ညီသည့် ကမ္ဘာအများအပြားကို အချိန်ကာလရတနာကမ္ဘာတံခါး၏ ကိုယ်ထည်အစစ်စွမ်းအားကိုသုံးကာရှာထားလို့ဖြစ်သည်။
အဲ့ဒီအချိန်က ချီမင်၏ကျင့်ကြံခြင်းအဆင့်မှာမလုံလောက်သေးသလို ဓမ္မစွမ်းအားတွေမှာလည်းမလုံလောက်သေးပေ။ အဲ့ဒါကြောင့်ပင် သူကထူးဆန်းကမ္ဘာကိုသာ ရွှေ့ပြောင်းဖို့ရွေးချယ်နိုင်ခဲ့၏။ ဒါပေမယ့်သူတွေ့ထား သောကမ္ဘာအများအပြား၏ တည်နေရာကိုမှတ်တမ်းတင်ထား၏။
ချီမင်က အချိန်ကာလရတနာကမ္ဘာတံခါး၏ကိုယ်ပွားစွမ်းအားကိုသုံးကာ တခြားတည်နေရာတစ်ခုကိုရွှေ့ပြောင်