ကျင့်ကြံခြင်းကမ္ဘာ
Vol. 16 Ch. 237
ချီမင်က သူ၏ဓမ္မစွမ်းအားများကို စုစည်းလိုက်ပြီး အချိန်ကာလရတနာကမ္ဘာတံခါးထဲသို့ ထိုးသွင်းလိုက်သည်။ ကိုယ်ပွား၏စွမ်းအင်ကို လှုံ့ဆော်သက်ဝင်ခိုင်းလိုက်၏။
ထို့နောက်မှာတော့ ကမ္ဘာသင်္ကေတတွေက ရှေးခေတ်သင်္ကေတတွေသဖွယ် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ သူတို့တွေက အလွန်းအမင်းကို နက်နဲသော်လည်း ချီမင်က သူတို့နောက်ကွယ်မှ ဆိုလိုရင်းကို နားလည်နိုင်၏။ သင်္ကေတများက ကမ္ဘာတစ်ခုချင်းစီကို ကိုယ်စားပြု၏။
“အနီးဆုံးကမ္ဘာကို ကူးပြောင်းလိုက်တော့” ချီမင် ဆန္ဒပြုလိုက်သည်။
ချက်ချင်းကို ကမ္ဘာသင်္ကေတများ ပျောက်ကွယ်သွားကာ တစ်ခုတည်းသာ ကျန်ခဲ့သည်။ ချီမင်ကြည့်ပြီး ဆိုလိုရင်းကို နားလည်သွားသည်။ ထိုသင်္ကေတက ကျင့်ကြံခြင်းကမ္ဘာကို ကိုယ်စားပြု၏။
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
မီတာ (၁၀၀,၀၀၀) မြင့်သော အနက်ရောင်မြူခိုးထုကြီးများက ပျောက်ကွယ်သွားကာ အနက်ရောင်တိမ်တိုက်များနှင့် မြူများအဖြစ် ထပ်မံပြောင်းလဲသွားသည်။ သတို့သမီးအသုဘက လေဟာနယ်ကိုဖြတ်ကျော်ပြီး ချီမင်ကို တည်နေရာမှတ်ကာ တိုက်ခိုက်လိုက်၏။
လှုပ်ရှားမှုက အလွန်အမင်း မြန်ဆန်ပေသည်။
“မင်းက သေဖို့တောင်းဆိုနေတာပဲ။”
ချီမင်၏အကြည့်က အေးစက်သွားကာ ဒေါသများ၊ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွား၏။ သူက လေးနက်စွာ ပြောလိုက်သည် “အစက မင်းကိုပြန်မတိုက်ချင်လို့ ငါနောက်ဆုတ်နေတာနော်။”
“ဒါပေမယ့်”
“မင်းက အရမ်းကိုကြမ်းကြမ်းတမ်းတမ်း တိုက်ချင်နေတာပဲ။”
“ဒါဆိုရင်တော့ မင်းငါ့ကို ညှာတာမှုမပြလို့ အပြစ်မတင်နဲ့တော့။”
“မဟာကပ်ဘေးဒုက္ခနည်းစနစ်”
ချီမင်က ဟိန်းဟောက်လိုက်ပြီး တာအိုပေါင်းစည်းခြင်းအဆင့် ဓမ္မစွမ်းအားကို ဖော်ထုတ်လိုက်သည်။ သူက အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်နေပြီဖြစ်သော မဟာကပ်ဘေးဒုက္ခနည်းစနစ်၏ စွမ်းအားကို လည်ပတ်လိုက်တော့၏။ ချီမင်၏လက်ဖဝါးထက်၌ အဆုံးမဲ့ကပ်ဘေးဒုက္ခများ ဖြစ်ပေါ်လာသည်။ မည်းမှောင်နက်နဲသော ကပ်ဘေးချီများ ထွက်ပေါ်လာသည်။ ညာဘက်လက်ဖဝါးမှ ကပ်ဘေးချီများ ကျဆင်းလာကာ အနက်ရောင်ဝဲဂယက်တွင်းပေါက်ကြီးအဖြစ် ပြောင်းလဲသွားပြီး သတို့သမီးအသုဘဆီသို့ ဖုံးအုပ်သွားသည်။
သနားစရာကောင်းသော ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာ၏။
ချီမင်က ဒီလှုပ်ရှားမှုတွင် အလွန်အမင်းစွမ်းအားကြီးသည့် ဓမ္မစွမ်းအားကို ထည့်သွင်းအသုံးပြုထားသည်။ မဟာအံ့ဖွယ်စွမ်းအားဆိုသည့်အတိုင်း မဟာကပ်ဘေးဒုက္ခနည်းစနစ်၏ ပြင်းထန်သည့်အင်အားက အနက်ရောင်ဝဲဂယက်တွင်းပေါက်ကြီးအဖြစ် ပြောင်းလဲသွားပြီး သတို့သမီးကို အပြည့်အဝဖုံးအုပ်သွားသည်။
သတို့သမီးက သနားစဖွယ်ငိုကြွေးသံတစ်ခုကို ထုတ်လွှတ်လိုက်၏။ သူမ၏ပတ်လည်မှ ထူးဆန်းသည့်စွမ်းအားက ထွက်ပေါ်လာသည်။ သို့ပေမယ့် မဟာကပ်ဘေးဒုက္ခနည်းစနစ်မှ ဖြစ်တည်လာသည့် ဝဲဂယက်စွမ်းအားကြောင့် လုံးဝကို ဖျက်ဆီးခံလိုက်ရပေ၏။ ထို့နောက် ကျွမ်းကျင်သူများစွာ၏ အကြည့်အောက်တွင် ချီမင်ကြောင့် အတင်းအဓမ္မပြာအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။ ကပ်ဘေးဒုက္ခအဆင့်ထူးဆန်း၏ တစ်ကိုယ်လုံးက ပြင်းထန်စွာတုန်ခါသွားသည်။ အနက်ရောင်မြူခိုးတိမ်တိုက်များ ပျောက်ကွယ်သွားသည်။
ရှင်းလင်းစွာဖြင့် ချီမင်၏မဟာကပ်ဘေးဒုက္ခနည်းစနစ်ကြောင့် ပျက်စီးသွားသည်။ ဒီဖြစ်စဉ်က သတို့သမီးအသုဘကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေ၏။ ဒဏ်ရာအပြင်းအထန် ရသွားသည်ဟုပင် ဆိုနိုင်၏။
သတို့သမီးအသုဘက သတို့သမီးကို ပြန်မွေးဖွားဖို့ ကြီးမားသည့်တန်ဖိုးကို ပေးဆပ်လိုက်ရ၏။ ယခုတွင် အဓိကကိုယ်ထည်က ဆိုးဆိုးရွားရွားဒဏ်ရာရသွားပြီး စွမ်းအင်အများစု ကုန်ဆုံးသွားသည်။ အနက်ရောင်မြူခိုးတွေ၏ တစ်ဝက်ကျော်က ပျောက်ကွယ်သွားတော့သည်။
ထိုသို့သောအချိန်တွင် သတို့သမီးအသုဘက ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး အလောတကြီး ထပ်မတိုက်ရဲတော့ပေ။
“ဒါ...”
“ဘယ်လိုတောင် ကြီးမားတဲ့အင်အားလဲ”
“သူတစ်ကွက်တည်းသုံးပြီး သတို့သမီးအသုဘကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်တာပဲ။ သူကြောင့် သတို့သမီးအသုဘက အတင်းအဓမ္မဖျက်ဆီးခံလိုက်ရတာပဲ။ ငါသာအခုချိန် အဲ့လိုအကွက်နဲ့ရင်ဆိုင်ရရင် ငါသေသွားမှာကို ကြောက်မိတယ်။”
“အရမ်းသန်မာတယ်”
“ငါတို့ သူ့ခွန်အားကို နားလည်မှုလွဲသွားတာပဲ။”
ကျွမ်းကျင်သူတွေက သတိထားမိသွားကြ၏။
ချီမင်က ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ခြင်းက သူတို့ကို အံ့ဩသွားစေသည်။ မျိုးနွယ်သုံးခု၏ ကျွမ်းကျင်သူတွေက အလောတကြီး မတိုက်ခိုက်ရဲတော့ပေ။ နှစ်ဖက်လုံးက တစ်ဖက်ကိုတစ်ဖက် သတိကြီးကြီးထား၍ စောင့်ကြည့်နေကြသည်။
“မင်းဘာလုပ်ချင်တာတုန်း” ခွမ်မော့လင်က မေးလိုက်သည်။
ချီမင်က ဖြေစရာမလိုသည့်အတွက် ဘာမှမဖြေတော့ပေ။ သူက ထူးဆန်းကမ္ဘာကြီးမှ ထွက်သွားဖို့ စီစဉ်ထားမှတော့ အခြေခံအားဖြင့် အနာဂတ်တွင် ထိုသူတို့နှင့် နောက်တစ်ကြိမ်တွေ့ဆုံနိုင်ချေ မရှိတော့ပေ။
“ကူးပြောင်းဖို့ အတည်ပြုလိုက်တော့”
အတွေးတစ်ချက်ဖြင့် ချီမင်ကပြော၏ “ကျင့်ကြံခြင်းကမ္ဘာ”
ချီမင်၏ကိုယ်ထဲမှ တာအိုပေါင်းစည်းခြင်းအဆင့် ဓမ္မစွမ်းအားတစ်ဝက်ကျော်က တိုက်ရိုက်စုပ်ယူခံလိုက်ရသည်။ အချိန်ကာလရတနာကမ္ဘာ့တံခါးကိုယ်ပွားထဲသို့ တိုးဝင်သွားပြီး ကမ္ဘာကူးပြောင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်။
ချက်ချင်းပင် ကြီးမားသည့်ဝဲဂယက်တစ်ခုက ချီမင်ရှေ့တွင် ပေါ်လာသည်။ ဝဲဂယက်က တဖြည်းဖြည်းတည်ငြိမ်လာကာ သုံးမီတာမြင့်ပြီး တစ်မီတာကျယ်သည့် တံခါးတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
အချိန်ကာလရတနာကမ္ဘာ့တံခါးကိုယ်ပွားက ဓမ္မစွမ်းအားတစ်ဝက်ကျော်ကို စုပ်ယူသွားပြီး ကျင့်ကြံခြင်းကမ္ဘာသို့ သွားနိုင်သော တည်ငြိမ်သည့်ဟင်းလင်းပြင်လမ်းကြောင်းကို အောင်မြင်စွာ တည်ဆောက်နိုင်လိုက်သည်။
တံခါးက ပွင့်လာချေပြီ။
“လူတိုင်း”
ချီမင်က သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ချလိုက်ပြီး အများကြီးသက်သာသွားသည်။ သူက ပြုံးလိုက်ပြီး ထူးဆန်းကမ္ဘာမှလူများကို လက်ဝှေ့ယမ်းပြလိုက်၏ “ငါက ဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်ပဲ။ မင်းတို့ဂရုစိုက်နေစရာမလိုဘူး။ ငါသွားပြီ။”
သူပြောပြီးပြီးချင်းပင် ချီမင်က တံခါးရှေ့ကို ခြေတစ်လှမ်းချလိုက်သည်။
အလင်းတစ်ချက် လက်သွား၏။
ချီမင်၏ပုံရိပ်က ပျောက်ကွယ်သွားပြီး တံခါးက ဖြည်းဖြည်းချင်းပိတ်သွားသည်။ ထူးဆန်းကမ္ဘာမျိုးနွယ်သုံးခု၏ သက်ရှိတွေဆီမှ ထူးဆန်းသည့်အကြည့်တွေအောက်မှာ ကမ္ဘာကို ခုန်ကူးလိုက်တော့သည်။
တံခါးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
အစကနေအဆုံးထိ အင်မော်တယ်ရွှေခန္ဓာအဆင့်လူသားတွေ၊ နတ်ဆိုးပညာရှိတွေ၊ ကပ်ဘေးဒုက္ခအဆင့်ထူးဆန်းတွေက ပြင်းထန်သည့် ဟင်းလင်းပြင်တုန်ခါမှုတွေကို အာရုံခံမိပြီး အတွေးများစွာ ဖြစ်ပေါ်လာကြပေမယ့် မတိုက်ခိုက်ကြပေ။
ချီမင်က လူတိုင်း၏အကြည့်အောက်မှာ ထူးဆန်းကမ္ဘာကို ချန်ထားခဲ့၏။
“ကမ္ဘာကြီးရဲ့ ဖြတ်သွားဖြတ်လာတစ်ယောက်”
ခွမ်မော့လင်က ရေရွတ်လိုက်သည် “စိတ်ဝင်စားဖို့ကောင်းတယ်”
“သူ ထွက်သွားပြီ။”
“တစ်ဖက်လူရဲ့ အရှိန်အဝါက ထူးဆန်းကမ္ဘာကနေ လုံးဝပျောက်ကွယ်သွားပြီ။”
“အဲ့တော့ သူကဘယ်သူလဲ။”
“ဘယ်သူမှလည်း မသိကြဘူး။”
နတ်ဆိုးပညာရှိသုံးပါးနှင့် ကပ်ဘေးဒုက္ခအဆင့်ထူးဆန်းသုံးကောင်ကပါ စိတ်ဝင်စားနေကြသည်။ သူတို့က တီးတိုးရေရွတ်နေကြပြီး ဖြစ်ခဲ့တာတွေနှင့်ပတ်သက်သည့် အကြောင်းအရာတွေကို အတွေးနက်သွားကြသည်။
မြင်ကွင်းက ပြောင်းလဲသွား၏။
ချီမင်က ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ ဝင်သွားနှင့်ပြီ။ မြင်ကွင်းက အရင်နှင့်အတူတူဖြစ်နေသေးသည်။ ဟင်းလင်းပြင်လမ်းကြောင်းပတ်ဝန်းကျင်က ထူးဆန်းနေဆဲဖြစ်ပြီး အချိန်နှင့်နေရာ၏ လျှို့ဝှက်ဆန်းကြယ်မှုအများစုပါဝင်နေသည့် တောက်ပသည့်မြင်ကွင်းကို တွေ့နေရသေးသည်။ သူက တာအိုပေါင်းစည်းခြင်းအဆင့်ကို အောင်မြင်သွား၍ ချီမင်က နောက်တစ်ကြိမ်ကြည့်လာသည့်အခါ မူးဝေခြင်းကို မခံစားရတော့ပေ။ သူက နက်နဲမှုတချို့ကို နားလည်သွားသည်။
သိပ်မကြာခင်မှာပဲ ချီမင်က ကမ္ဘာဖြတ်ဟင်းလင်းပြင်လမ်းကြောင်းအဆုံးသို့ ပျံသန်းရောက်ရှိလာတော့သည်။ သူ့ရှေ့မှာ မျက်စိကျိန်းလောက်အောင်တောက်ပသည့် အဖြူရောင်အလင်းတစ်ချက် ပေါ်လာသည်။ ချီမင် ရောက်ရောက်ချင်းပင် ထိုတောက်ပသည့်အလင်းဖြူဖြူက သူ့မြင်ကွင်းကို ပိတ်ဆို့လိုက်၏။
အလေးချိန်မရှိသွားသည့်အတိုင်း ခံစားလိုက်ရသည်။
ချီမင်၏တစ်ကိုယ်လုံးက တုန်ခါသွားပြီး ကမ္ဘာဖြတ်ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်သန်းကာ ကျင့်ကြံခြင်းကမ္ဘာကို အောင်မြင်စွာရောက်ရှိသွားသည်။ သို့ပေမယ့်သူအသားမကျသေးပေ။ မျက်စိကျိန်းလောက်အောင်ပင်တောက်ပသည့် အဖြူရောင်အလင်းက ပျောက်ကွယ်သွားသည်။
သူ့အနားက ပေါက်ကွဲသံအမျိုးမျိုး ကြားလိုက်ရပြီး နည်းစနစ်စွမ်းအားတွေအပြင် ထိတ်လန့်ဖွယ်ဟိန်းဟောက်သံတွေ လှုပ်ခါလာသည်။
“ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာလား” ချီမင် စဉ်းစားလိုက်၏။
ချက်ချင်းဆိုသလိုပင် ချီမင်၏ အကြည့်နှင့်အာရုံခံစားမှုက ပုံမှန်ပြန်ဖြစ်သွားသည်။ မသက်မသာဖြစ်မှုနှင့် မူးဝေမှုတွေ ပျောက်ကွယ်သွားသည်။ ချီမင် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။
သူ့၏ ဒန်တျန်းထဲမှ အချိန်ကာလရတနာကမ္ဘာ့တံခါးက အလင်းတစ်ချက် ထုတ်လွှတ်လိုက်၏။ ကျင့်ကြံခြင်းကမ္ဘာနှင့်ပတ်သက်သော သတင်းအချက်အလက်များက ချီမင်၏စိတ်ထဲသို့ တိုးဝင်လာတော့သည်။
ချီမင်က အချက်အလက်တွေကို မှတ်သားပြီး ချေဖျက်လိုက်၏။
ချီမင် ကျင့်ကြံခြင်းကမ္ဘာနှင့်ပတ်သက်သည့် အခြေခံအချက်အလက်တွေကို ရလိုက်ပြီး သဘာဝအတိုင်း ကျင့်ကြံခြင်းကမ္ဘာ၏ အကြမ်းဖျင်းအခြေအနေနှင့် ဘာသာစကားစနစ်ကို နားလည်သွားသည်။
ချီမင် ယခုလေးတင်ဖြတ်သန်းလာသည့် ကျင့်ကြံခြင်းကမ္ဘာက ထူးဆန်းကမ္ဘာထက်ပို၍ပင် ကျယ်ပြန့်သည်။ ကျင့်ကြံခြင်းကမ္ဘာဝယ် ကျင့်ကြံခြင်းဂိုဏ်းများက ကောင်းကင်မှ ကြယ်ကလေးများအလားပင်။
ထို့အပြင် ကျင့်ကြံခြင်းကမ္ဘာနှင့် ချိတ်ဆက်ဖွဲ့စည်းထားသည့် ကမ္ဘာများစွာလည်း ရှိသေးသည်။
ကျင့်ကြံခြင်းကမ္ဘာ၏ အဓိကကမ္ဘာများမှာ နတ်ဆိုးကမ္ဘာ၊ တမလွန်ကမ္ဘာ၊ လူသားကမ္ဘာနှင့် မိစ္ဆာကမ္ဘာတို့ဖြစ်ကြသည်။ ထိုအဓိကမ္ဘာလေးခုအပြင် နေရာအနှံ့ပြန့်ကျဲနေသည့် ကမ္ဘာငယ်လေးများလည်း ရှိ၏။
ယခု ချီမင်ကူးပြောင်းလာသည်က ကျင့်ကြံခြင်းကမ္ဘာ၏ လမင်းတစ်ထောင်ကမ္ဘာဖြစ်သည်။ သည်ကမ္ဘာက ကျင့်ကြံခြင်းကမ္ဘာတစ်လျှောက် ပြန့်ကျဲနေသည့် ကမ္ဘာငယ်လေးများထဲမှ တစ်ခုဖြစ်ကာ လူသားကမ္ဘာနှင့် ချိတ်ဆက်ထားသည်။
“မင်းဘယ်သူလဲ”
“အဲ့မှာ ရပ်နေစမ်း”
ထိုအချိန်မှာပဲ ချီမင်က သူ့စိတ်ထဲမှာ အချက်အလက်တွေကို ချေဖျက်နိုင်သွား၏။ ပုံရိပ်တွေက သူ့ရှေ့မှာပေါ်လာပြီး ဝိုင်းလာကြ၏။
“အဟွတ် အဟွတ်...”
သိပ်မဝေးသည့်နေရာတွင် ကျင့်ကြံသူအုပ်စုနှစ်စုကြား တိုက်ပွဲတစ်ခုဖြစ်ပွားနေသည်။ တိုက်ပွဲမြေပြင်ထက်တွင် လူသေအလောင်းများ လဲလျောင်းလျက်ရှိပြီး လတ်ဆတ်သောသွေးများက စီးဆင်းနေသည်။ အနိုင်ရရှိသူက ဆုံးဖြတ်ပြီးသွားခဲ့ချေပြီ။
ပြင်းထန်စွာဒဏ်ရာရရှိထားပြီး သွေးပါတဲ့အထိ ချောင်းဆိုးဟန့်နေကြသည့် အနည်းငယ်လည်း ရှိသည်။
“ဒီနေရာက ဘယ်နေရာလဲ”
ချီမင်က သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ့အနားမှာဝိုင်းရံလာကြသည့် ကျင့်ကြံသူတွေကို ကြည့်လိုက်သည်။
ပတ်ဝန်းကျင်က ကျင့်ကြံသူတွေ တစ်ယောက်ကိုတစ်ယောက် သံသယမျက်လုံးအနည်းငယ်နှင့် ကြည့်လိုက်ကြသည်။
“ပြေး...ပြေး..”
တိုက်ပွဲမြေပြင်ထက်တွင် သေခါနီးလူငယ်တစ်ယောက်က ခေါင်းအနည်းငယ်မြှောက်ပြီး ချီမင်ကိုကြည့်လိုက်သည် “သူတို့...သူတို့က သွေးတစ်ထောင်ဂိုဏ်းရဲ့တပည့်တွေပဲ။ သူတို့က နတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံကြတဲ့ နတ်ဆိုးဂိုဏ်းက တပည့်တွေ။ မင်းပြေးတော့”
“ဆူလွန်းတယ်”
ဘေးမှာရပ်နေသည့် ကြောက်မက်ဖွယ်ကောင်းသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သေခါနီးလူငယ်လေး၏ခေါင်းကို တိုက်ရိုက်ကန်ထုတ်လိုက်သည်။ “ကောင်လေး”
သက်လတ်ပိုင်းအရွယ်အမျိုးသားက ချီမင်ကိုကြည့်ပြီး အော်ဟစ်လိုက်သည် “မင်းက အခုငါတို့သွေးတစ်ထောင်ဂိုဏ်းကဆိုတာ သိသွားပြီပဲ။”
“ငါတို့တွေ့လိုက်ရသလောက်ဆို မင်းက ဟင်းလင်းပြင်လမ်းကြောင်းက လျှောက်ထွက်လာတာပဲ။ မင်းက ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းအစီအရင်တောင် သုံးနိုင်မှတော့ မင်းရဲ့အထောက်အထားကလည်း မရိုးရှင်းဘူးထင်တယ်။”
“ဒီလိုဆိုရင်ဘယ်လိုလဲ”
“မင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ရတနာတွေကို ငါတို့ကိုသာလွှဲပြောင်းပေးရင် မင်းကိုသွားခွင့်ပေးမယ်။ မဟုတ်ရင်တော့ မင်းလည်း စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းက တပည့်တွေလို ဒီမှာပဲသေလိုက်တော့။”
“သွေးတစ်ထောင်ဂိုဏ်း၊ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း”
ချီမင် အကြိမ်ရေအနည်းငယ်လောက် ကြည့်လိုက်ပြီး တွေးလိုက်မိသည်။ သူ့လက်ချောင်းတွေကိုသုံးပြီး တွက်ချက်လိုက်၏။ အံ့ဖွယ်စွမ်းအားက လည်ပတ်လာပြီး သူ့လက်ချောင်းထဲမှာ ကောင်းကင်နဲ့မြေကြီးလျှို့ဝှက်ချက်တွေ ပေါ်လာသည်။ အပြုံးတစ်ခုက မျက်နှာပေါ်တွင် ပေါ်လာသည် “မဆိုးဘူး။ မဆိုးဘူး။”
လမင်းတစ်ထောင်ကမ္ဘာမှာတော့ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းဆိုတာ တတိယတန်းစားဂိုဏ်းတစ်ခုသာဖြစ်ပေသည်။ ဂိုဏ်း၏ဂုဏ်သတင်းက မထင်ရှားပေ။ တည်နေရာကလည်း ကမ္ဘာကြီးကနေ သီးခြားဖယ်ထုတ်ထားသည်။ ထိုနေရာက ချီမင်တံခါးပိတ်ကျင့်ကြံဖို့အတွက် သင့်တော်သည့်နေရာတစ်ခုလည်း ဖြစ်သည်။
စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းနှင့် ချီမင်က ရေစက်ရှိသည်။
သွေးတစ်ထောင်ဂိုဏ်း အနေဖြင့်တော့
လမင်းတစ်ထောင်ကမ္ဘာတွင် အဓိကဂိုဏ်းသုံးခုဖြစ်သည့် မြောလွင့်ဘုရားကျောင်း၊ မြူခိုးဝေဝေဂိုဏ်းနှင့် လေဟာနယ်စိတ်ဝိညာဉ်ဂိုဏ်းတို့ဖြင့်ပင် ရင်ဘောင်တန်းနိုင်လာသည့်အထိ လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က မြင့်တက်လာသော ဂိုဏ်းဖြစ်သည်။
အမှန်တကယ်ကို စွမ်းအားကြီးသည့် နတ်ဆိုးဂိုဏ်းဖြစ်သည်။
ချီမင်၏မျက်လုံးထဲတွင်တော့ မလုံလောက်သေးပေ။
“ကောင်လေး မင်းကငါတို့ကို လျစ်လျူရှုနေတာပဲ။ သေဖို့တောင်းဆိုနေတာလား။” ထိုအချိန်မှာပဲ သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ့ဘေးကလူငယ်လေးကို လက်ဟန်ပြလိုက်သည်။ လူငယ်လေးက အလိုလိုနားလည်သွားသည်။ သူက တုံ့ပြန်လိုက်ပြီး ကျိန်ဆဲကာ ချီမင်ကိုသတ်ရန် သူ့ဓားကိုမြှောက်လိုက်သည်။
ချီမင်၏အကြည့်က အေးစက်သွားသည်။ သူကမလှုပ်ရှားလိုက်ပေ။ မမြင်နိုင်သည့် ကပ်ဘေးချီတစ်စက သူ့ကိုယ်ကနေ ပျံ့နှံ့ထွက်လာပြီး လူငယ်လေးအပေါ် ကျရောက်သွားသည်။
လေပြေလေညင်းလေး ဖြတ်သန်းတိုက်ခတ်သွားသည်။
ထိုလူငယ်လေးက ချီမင်ထံသို့ မရောက်နိုင်ခင်မှာပဲ မမြင်နိုင်သည့်အင်အားက သူ့ကိုတိုက်ရိုက်ဖျက်ဆီးလိုက်ပြီး ကောင်းကင်အပြည့်ပြာတွေ ဖုံးလွှမ်းသွားသည်။ သူ့တည်ရှိမှုတစ်ခုလုံးက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
“မင်း..မင်း...မင်း..”
သက်လတ်ပိုင်းအရွယ်အမျိုးသားနှင့် သူ့အနားက သွေးတစ်ထောင်ဂိုဏ်း၏တပည့်တွေက မြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး မျက်နှာတွေ ဖြူဖျော့ကုန်ကြသည်။ သူတို့တွေ အရမ်းကိုထိတ်လန့်သွားပြီး သွေးတွေဆူပွက်ကုန်ကြသည်။
အခန်း (၂၃၇) ကျင့်ကြံခြင်းကမ္ဘာ