ဝိညာဉ်သားရဲအတိဒုက္ခနောက်တစ်ကြိမ်
Vol. 16 Ch. 239
တာအိုပေါင်းစည်းခြင်း အလယ်ပိုင်းအဆင့်
အချိန်တွေကုန်ဆုံးသွားသည်။
မျက်စိတမှိတ်အတွင်းမှာ နှစ်တစ်ရာကုန်ဆုံးသွားခဲ့သည်။
ဒီနေ့နေ့လည်မှာတော့ ချီမင် အသိပေးချက်အတွဲလိုက်ကြီးကို လက်ခံရလိုက်သည်။
တင်း!
“သာမန်အင်မော်တယ်သားရဲ: လေဟာနယ်စစ်မှန်နဂါး ကျင့်ကြံခြင်းအဆင့်က အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ သင် သာမန်အင်မော်တယ်သားရဲ: လေဟာနယ်စစ်မှန်နဂါးကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါသလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ကပ်ဘေးဒုက္ခအရှင်ရဲ့ ကျင့်ကြံခြင်းအဆင့်က အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ ကောင်းကင်အတိဒုက္ခ စတုတ္ထအဆင့်ကို အာရုံခံနိုင်ပါပြီ။ ရှားပါးဝိညာဉ်သားရဲ: ကပ်ဘေးဒုက္ခအရှင်ကို အတိဒုက္ခကျော်လွှားဖို့ လွှတ်ပေးချင်ပါသလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ထိုက်ချီလင်းနို့ဘုရင်ရဲ့ ကျင့်ကြံခြင်းအဆင့်က အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ ကောင်းကင်အတိဒုက္ခကို အာရုံခံနိုင်ပါပြီ။ ရှားပါးဝိညာဉ်သားရဲ: ထိုက်ချီလင်းနို့ဘုရင်ကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါသလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ပြင်းထန်ယင်ဘုရင်မရဲ့ ကျင့်ကြံခြင်းအဆင့်က အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ ဒုတိယအဆင့်ကောင်းကင်အတိဒုက္ခကို အာရုံခံနိုင်ပါပြီ။ ရှားပါးဝိညာဉ်သားရဲ: ပြင်းထန်ယင်ဘုရင်မကို အတိဒုက္ခကျော်လွှားဖို့ လွှတ်ပေးချင်ပါသလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ရှုတောင်အကန့်အသတ်မဲ့ဓားသူတော်စင်ရဲ့ ကျင့်ကြံခြင်းအဆင့်က အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ ဒုတိယအဆင့်ကောင်းကင်အတိဒုက္ခကို အာရုံခံနိုင်ပါပြီ။ ရှားပါးဝိညာဉ်သားရဲ: ရှုတောင်အကန့်အသတ်မဲ့ဓားသူတော်စင်ကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါသလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: အဆုံးစွန်သေမင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ ဒုတိယအဆင့်ကောင်းကင်အတိဒုက္ခကို အာရုံခံနိုင်ပါပြီ။ ရှားပါးဝိညာဉ်သားရဲ: အဆုံးစွန်သေမင်းကို အတိဒုက္ခခံယူဖို့ လွှတ်ပေးချင်ပါသလား။”
နှစ်တစ်ရာ ကုန်ဆုံးသွားခဲ့သည်။
ချီမင် အဆက်မပြတ်ကျင့်ကြံနေခဲ့သည်။ မဟာကပ်ဘေးဒုက္ခနည်းစနစ်နှင့် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်တို့က အများကြီးမပြောင်းလဲသွားပေ။ သူတို့က အနည်းငယ်စီသာတိုးတက်လာ၏။ မဟာအံ့ဖွယ်စွမ်းအားတို့ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံဖို့ဆိုတာ အလွန်ခက်ခဲပေသည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်က အများကြီးမပြောင်းလဲပေ။ သူက တာအိုပေါင်းစည်းခြင်းအလယ်ပိုင်းအဆင့်ကိုရောက်ဖို့ အကွာအဝေးတစ်ခုထိ လိုသေးသည်။
“ထွက်လာခဲ့”
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်၏။ အလင်းတွေလင်းလက်သွားသည်။
ဝိညာဉ်သားရဲကြီးထွားသည့် ဝိညာဉ်သားရဲခြောက်ကောင်လုံး ပေါ်ထွက်လာပြီး ချီမင်ရှေ့မှာရပ်လာကြသည်။ သူတို့က ဦးညွတ်လိုက်ပြီး အလွန်ရိုသေလေးစားသည့်အသံနှင့် နှုတ်ဆက်လိုက်သည်။
“သခင့်ကို နှုတ်ခွန်းဆက်သပါတယ်”
ဟော့ချန်ချင်းနှင့် တခြားသောသူတွေက ပြောလိုက်ကြ၏။
ချီမင်ခေါင်းအသာညိတ်ပြလိုက်သည်၊ “မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်က လက်ရှိနယ်ပယ်မှာ အကန့်အသတ်ထိရောက်နေကြပြီ။ မင်းတို့ကလည်း ကောင်းကင်အတိဒုက္ခကို အာရုံခံနိုင်ကြပြီ။ မင်းတို့အကုန် ဒီကထွက်ပြီး အတိဒုက္ခကျော်လွှားဖို့ တခြားနေရာတစ်ခုကိုရှာကြ။ အတိဒုက္ခကို အောင်အောင်မြင်မြင်ဖြတ်ကျော်ပြီးမှ ပြန်လာခဲ့ကြ။”
“ဟုတ်”
“ဟုတ်”
ဟော့ချန်ချင်းနှင့် တခြားသူတွေက ပြန်ဖြေကြလိုက်ကြ၏။
သူတို့က အလင်းစီးကြောင်းခြောက်ကြောင်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ကိုဖြတ်သန်းပြီး မတူညီတဲ့အရပ်မျက်နှာခြောက်ခုသို့ ဦးတည်ထွက်ခွာသွားကြသည်။ ထို့အပြင် သူတို့က စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း နယ်နိမိတ်ကနေ အမြန်ထွက်ခွာသွားကြသည်။
နေ့တစ်ဝက်လောက်ကြာသွားပြီးတော့ ဟော့ချန်ချင်းနဲ့တခြားသူတွေက အတိဒုက္ခကိုစတင်ကျော်လွှားလိုက်တော့၏။ သူတို့က လမင်းတစ်ထောင်ကမ္ဘာကနေ မထွက်ခွာသေးပေ။ ထိုအစား အတိဒုက္ခကိုကျော်လွှားကာ အပြင်ဘက်တွင် ပွက်လောရိုက်သွားစေသည်။ ချီမင်ဆိုလျှင် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းထဲမှပင် အာရုံလှမ်းခံမိသည်။ သူက မိုးထစ်ချုန်းသံတွေကို ကြားနေရသည်။
“စတင်နေပြီပဲ”
ချီမင်က အကြိမ်အနည်းငယ်ကြည့်ပြီးမှ ပြန်ခွာလိုက်သည်။
ထိုအချိန်တွင် တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် တခြားသောသူတွေက သတိထားမိသွားကြပြီး ထွက်လာကြသည်။ သူတို့က လေထုထဲတွင်မတ်တပ်ရပ်နေကြပြီး မတူညီသည့်ဒေသခြောက်ခုကို ကြည့်လိုက်ကြသည်။ သူတို့က ကြောက်မက်ဖွယ်ကောင်းသည့်အတိဒုက္ခကို ရေးတေးတေးမြင်လိုက်ရသည်။
“ကောင်းကင်... ကောင်းကင်အတိဒုက္ခ..”
“ဟူး..”
“လမင်းတစ်ထောင်ကမ္ဘာရဲ့ အတိဒုက္ခကျော်လွှားခြင်းအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေက ကောင်းကင်အတိဒုက္ခကို ကျော်လွှားနေကြတာပဲ။”
“ဒီစွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်။ လမင်းတစ်ထောင်ကမ္ဘာတစ်ခုလုံးကို သက်ရောက်နေတာပဲ။”
“စုစုပေါင်း ခြောက်ယောက်”
“ငါတို့စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှာသာ အတိဒုက္ခကျော်လွှားခြင်းအဆင့် ဘိုးဘေးတွေသာရှိရင် လမင်းတစ်ထောင်ကမ္ဘာရဲ့ထိပ်တန်းအဆင့်သုံးထဲထိဝင်ဖို့ လုံလောက်တယ်။ တတိယတန်းစားဂိုဏ်းသေးလေးဖြစ်မှာ မဟုတ်တော့ဘူး။”
“အိပ်မက် မက်နေတာရပ်တော့။ အတိဒုက္ခကျော်လွှားခြင်းအဆင့်ဘိုးဘေးဟုတ်လား။ ငါတို့စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှာ အသန်မာဆုံးက အခြေတည်ဝိညာဉ်အဆင့်ပဲ။”
စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှသူတွေက အကြိမ်ကြိမ်ထိတ်လန့်အံ့ဩနေကြသည်။ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းတစ်ခုတည်းတော့မဟုတ်ပေ။ သွေးတစ်ထောင်ဂိုဏ်း၊ မြောလွင့်ဘုရားကျောင်း၊ မြူခိုးဝေဝေဂိုဏ်း၊ လေဟာနယ်စိတ်ဝိညာဉ်ဂိုဏ်းကဲ့သို့သော လမင်းတစ်ထောင်ကမ္ဘာ၏ အင်အားအကြီးဆုံးဂိုဏ်းလေးဂိုဏ်းပါ သတိထားမိကုန်ကြသည်။
ထိုအခြင်းအရာအပြင် တခြားသော အသေးစားနှင့်အကြီးစားဂိုဏ်းတွေပါ သတိထားမိသွားသည်။
သူတို့အကုန်လုံး သတိထားမိကုန်သည်။
လူတိုင်းက စောင့်ကြည့်နေကြ၏။
“ကောင်းကင်အတိဒုက္ခကျော်လွှားခြင်း စတုတ္ထအဆင့်နှစ်ယောက်နဲ့ ကောင်းကင်အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်လေးယောက်”
“ဒါ..”
“ဘာလို့လမင်းတစ်ထောင်ကမ္ဘာမှာ ရုတ်တရက် အတိဒုက္ခကျော်လွှားခြင်းအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက် ပေါ်လာတာလဲ။”
“အရင်က ဘာသတင်းမှလည်းမရှိပါဘူး။”
“စုံစမ်းစမ်း။ ငါတို့အခု သေသေချာချာကို စုံစမ်းရမယ်။”
လမင်းတစ်ထောင်ကမ္ဘာက မူလအစတုန်းက သွေးတစ်ထောင်နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးတွေမှ ဖျက်ဆီးခြင်းကိုခံထားရသည်။ နတ်ဆိုးကမ္ဘာ၏ဝင်ရောက်စွက်ဖက်မှုနှင့်အတူ အခြေအနေမှာ မူလတုန်းက အလွန်ရှုပ်ထွေးပွေလီနေပေသည်။
ယခု ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်က အတိဒုက္ခကိုကျော်လွှားနေချိန်မှာ လမင်းတစ်ထောင်ကမ္ဘာကြီးက ပိုပိုပြီး ရှုပ်ထွေးလာသည်။
နေ့တစ်ဝက်လောက်ကြာပြီးနောက်မှာတော့ အမှောင်မီးလျှံနှင့်တခြားသူတွေက ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာဖြတ်ကျော်နိုင်သွားကြသည်။ ကောင်းကင်အတိဒုက္ခ စတုတ္ထအဆင့်ဖြစ်စေ၊ ကောင်းကင်အတိဒုက္ခ ဒုတိယအဆင့်ဖြစ်စေ သူတို့တွေက အလွန်အမင်းသန်မာကြပြီး ကောင်းကင်အတိဒုက္ခကို လွယ်လွယ်ကူကူဖြတ်ကျော်နိုင်သည်။
ချက်ချင်းဆိုသလိုပင် သူတို့က ကောင်းကင်နဲ့မြေကြီးမှ နှစ်ခြင်းနှင့်လက်ဆောင်ကို ပြည့်ပြည့်ဝဝရရှိလိုက်သည်။ သူတို့က ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်းလက်ငင်းချိုးဖျက်ဖို့ အလျင်မလိုကြပေ။ ထိုအစား ကောင်းကင်အတိဒုက္ခကို ချိုးဖျက်ပြီးသည့်နောက်မှာ ခြေရာနှင့်အရှိန်အဝါတို့ကို ဖုံးအုပ်လိုက်ပြီး ချီမင်ဘေးဆီသို့ အလျင်အမြန်ပြန်လာလိုက်ကြ၏။
ချီမင်ကလည်း အံ့ဖွယ်စွမ်းအားနည်းစနစ်ကြယ်ရွှေ့ပြောင်းခြင်းကိုသုံးပြီး အမှောင်မီးလျှံနှင့်တခြားသူတွေ၏ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပြီးကလိလိုက်သည်။ ထိုသို့ဖြင့် ကျင့်ကြံခြင်းကမ္ဘာ၏ ကောင်းကင်လျှို့ဝှက်ချက်တာအိုကို နားလည်တတ်ကျွမ်းသူပင် အမှောင်မီးလျှံနှင့်တခြားသောသူများ၏ ကောင်းကင်လျှို့ဝှက်ချက်ကို မတွက်ချက်နိုင်တော့ပေ။
“အရမ်းကောင်းတယ်” ချီမင်က အမှောင်မီးလျှံနှင့်တခြားသူတွေကိုကြည့်ပြီး ကျေနပ်မှုအပြည့်ဖြင့်ခေါင်းညိတ်လိုက်၏။ ညာဘက်လက်ကိုဝေ့ယမ်းလိုက်ပြီး သူတို့ကို ဝိညာဉ်သားရဲကြီးထွားသည့်နေရာလွတ်ထဲသို့ထည့်ကာ ကြီးရင့်စေလိုက်သည်။
တခြားတစ်ဖက်မှာတော့ လမင်းတစ်ထောင်ကမ္ဘာ၏ အမျိုးမျိုးသော ဂိုဏ်းအဖွဲ့အစည်းများက အမှောင်မီးလျှံနှင့်တခြားသူတွေ၏အခြေအနေကို စုံစမ်းရန်ကျွမ်းကျင်သူများကို စေလွှတ်လာကြသည်။ သို့သော်လည်း ထိုသူတို့က မည်သည့်အရာကိုမျှ ရှာမတွေ့နိုင်ခဲ့ချေ။
မျက်စိတမှိတ်အတွင်းမှာ တစ်ရက်ကုန်ဆုံးသွားသည်။
တင်း!
“သာမန်အင်မော်တယ်သားရဲ: လေဟာနယ်စစ်မှန်နဂါးက အဆသန်းတစ်ထောင်အောက်တွင် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ ကျင့်ကြံခြင်းအဆင့်က အောင်အောင်မြင်မြင် ချိုးဖျက်သွားပြီး အတိဒုက္ခကျော်လွှားခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါပြီ။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ကပ်ဘေးဒုက္ခအရှင်က အဆသန်းတစ်ထောင်အောက်တွင် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ ကျင့်ကြံခြင်းအဆင့်က အောင်အောင်မြင်မြင် ချိုးဖျက်သွားပြီး အတိဒုက္ခကျော်လွှားခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါပြီ။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ထိုက်ကျီလင်းနို့ဘုရင်က အဆသန်းတစ်ထောင်အောက်တွင် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ ကျင့်ကြံခြင်းအဆင့်က အောင်အောင်မြင်မြင် ချိုးဖျက်သွားပြီး အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားပါပြီ။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ပြင်းထန်ယင်ဘုရင်မက အဆသန်းတစ်ထောင်အောက်တွင် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ ကျင့်ကြံခြင်းအဆင့်က အောင်အောင်မြင်မြင် ချိုးဖျက်သွားပြီး အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားပါပြီ။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ရှုတောင်အကန့်အသတ်မဲ့ဓားသူတော်စင်က အဆသန်းတစ်ထောင်အောက်တွင် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ ကျင့်ကြံခြင်းအဆင့်က အောင်အောင်မြင်မြင် ချိုးဖျက်သွားပြီး အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားပါပြီ။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ: အဆုံးစွန်သေမင်းက အဆသန်းတစ်ထောင်အောက်တွင် တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ ကျင့်ကြံခြင်းအဆင့်က အောင်အောင်မြင်မြင် ချိုးဖျက်သွားပြီး အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားပါပြီ။”
အသိပေးချက်ခြောက်ခု ထွက်ပေါ်လာသည်။
ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်လုံးက ကျင့်ကြံခြင်းအဆင့်ချိုးဖျက်သွားကြပြီး အင်အားမှာတိုးတက်သွားကြ၏။
“မဆိုးဘူး”
ချီမင်က ကျေနပ်မှုအပြည့်ဖြင့်ခေါင်းညိတ်လိုက်သည်။
တာအိုပေါင်းစည်းခြင်းအဆင့်မှာ ချီမင်က ကောင်းကင်ဂူကောင်းချီးမြေကို တည်ဆောက်နိုင်သည်။ သူ ကောင်းကင်ဂူကောင်းချီးမြေတစ်ခုကို တည်ဆောက်တိုင်း သူက ကောင်းကင်ဂူကောင်းချီးမြေ၏ စွမ်းအားကို ရရှိနိုင်သည်။
ကောင်းကင်ဂူကောင်းချီးမြေကို တည်ဆောက်ရန် အဓိကကမ္ဘာကို အမှီသဟဲပြုရန်လိုအပ်ပေသည်။
ဥပမာ.....လျှို့ဝှက်နက်နဲကမ္ဘာတွင် သူသာ ကောင်းကင်ဂူကောင်းချီးမြေကို တည်ဆောက်ချင်ပါက ကောင်းကင်ဂူကောင်းချီးမြေ၏အခြေခံအုတ်မြစ်ကို အဓိကကမ္ဘာ: လျှို့ဝှက်နက်နဲကမ္ဘာကို တွယ်ဆက်ထားရန်လိုသည်။ မဟုတ်ပါက ကောင်းကင်ဂူကောင်းချီးမြေကို အောင်မြင်စွာတည်ဆောက်နိုင်ရန် မဖြစ်နိုင်ပေ။
ကောင်းကင်ဂူကောင်းချီးမြေတစ်ခုကို ဖွင့်လှစ်တာက အမှန်တကယ်တော့ တာအိုပေါင်းစည်းခြင်းအဆင့်အတွက် သင့်တော်သည့်နည်းလမ်းတော့ မဟုတ်ပေ။ ထိုနည်းလမ်းက လျှို့ဝှက်နက်နဲကမ္ဘာ၏ တာအိုပေါင်းစည်းခြင်းအဆင့်ကျွမ်းကျင်သူများက သူတို့၏အင်အားကိုတိုးမြှင့်ရန်နှင့် ကောင်းကင်အတိဒုက္ခကို ကျော်လွှားနိုင်နှုန်းကို မြှင့်တင်ရန်ပြုလုပ်ထားသည့် အစဉ်အလာကိုဆန့်ကျင်နေသည့်နည်းလမ်းဖြစ်သည်။
သို့သော်လည်း ရှင်းလင်းစွာသိထားရမည်က ချီမင်က ကောင်းကင်ဂူကောင်းချီးမြေကို တည်ဆောက်ရန်မလိုအပ်ပေ။
ပထမဆုံး သူ၏အင်အားက လုံလုံလောက်လောက်ကြီးမားနေပြီ။ အံ့ဖွယ်စွမ်းအားတွေဖြင့်ဆိုလျှင် ကောင်းကင်အတိဒုက္ခကိုကျော်လွှားခြင်းက ရိုးရှင်းသည့်ကိစ္စကလေးတစ်ခုဖြစ်၏။ အရမ်းမခက်ခဲပေ။
ချီမင်ကလည်း ကောင်းကင်ဂူကောင်းချီးမြေကိုးခုကို ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှ ရရှိထားသည်။ သူက ထပ်တည်ဆောက်ရန်မလိုအပ်ပေ။
ချီမင်က ကျင့်ကြံခြင်းအဆင့်တိုးမြင့်ခြင်းကို အာရုံစိုက်ထားရန်လိုအပ်သည်။
မျက်စိတမှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာကုန်ဆုံးသွားသည်။
ယနေ့ မနက်ခင်းမှာတော့
တင်း!
“ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင် ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲနဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်ခဲ့ပါတယ်။ သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က သက်ဆိုင်ရာတိုင်းမှာ တိုးတက်ခဲ့ပါတယ်။ သင် တာအိုပေါင်းစည်းခြင်းအလယ်ပိုင်းအဆင့်သို့ အောင်အောင်မြင်မြင်ချိုးဖျက်နိုင်ခဲ့ပါတယ်။”
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏မျက်နှာထက်ဝယ် အပြုံးတစ်ခုပေါ်ပေါက်လာရ၏၊ “ငါ အလိုအလျောက်ကျင့်ကြံတာ နှစ်(၂၀၀) ရှိသွားပြီ။ အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်မှာ အဆင့်ချိုးဖျက်သွားပြီ။”
(တစ်ဘီလီယံဆိုတာ သန်းတစ်ထောင်နဲ့တူသည့်အတွက် ပြောင်းလဲထားပါသည်။)
ထိုအချိန်မှာ ချီမင်က မရေမတွက်နိုင်လောက်တဲ့နားလည်မှုတွေက သူ့စိတ်ထဲသို့စီးဝင်လာသည်။ သူက ကောင်းကင်နဲ့မြေကြီးမဟာတာအိုအပေါ် ပိုမိုနားလည်လာပြီး ဖရိုဖရဲမဟာတာအိုကျမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုအမျိုးမျိုးကို နားလည်သဘောပေါက်သွားကြသည်။
ကောင်းကင်နဲ့မြေကြီးမဟာတာအိုက နေရာတိုင်းတွင်ရှိသည်။ တာအိုက ဖရိုဖရဲအလင်းအဖြစ်ပြောင်းလဲပြီး ချီမင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ကောင်းကင်နဲ့မြေကြီးမဟာတာအို စစ်မှန်ရည်ရွယ်ချက်က ချီမင်နှင့်ပေါင်းစပ်သွား၏။
ချီမင်၏ဒန်တျန်းထဲတွင် ဖရိုဖရဲစစ်မှန်ခန္ဓာမှ အလင်းမြူတွေ ပျံ့နှံ့လာသည်။ မရေမတွက်နိုင်သည့် အထွတ်အထိပ်လျှို့ဝှက်ဆန်းကြယ်မှုတွေပါဝင်သည့် မဟာတာအိုစစ်မှန်အမှတ်အသားတွေ ပေါ်လာသည်။ အနားမှဓမ္မစွမ်းအားတွေ လျင်မြန်စွာမြင့်တက်လာသည်။
အတွေးတစ်ချက်ဖြင့် ချီမင်က သူ့ပစ္စည်းစာရင်းကိုဖွင့်လိုက်ပြီး အင်မော်တယ်သလင်းကျောက် အရေအတွက်အများအပြားကို ထုတ်လိုက်သည်။ သူက ကျင့်ကြံခြင်းနည်းလမ်းကိုလည်ပတ်လိုက်ပြီး အင်မော်တယ်သလင်းကျောက်တွေကို ဒန်တျန်းထဲသို့စုပ်ယူကာ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်လိုက်သည်။
သိပ်မကြာခင်မှာပဲ ချီမင်က အင်မော်တယ်သလင်းကျောက် အရေအတွက်အများအပြားကို စုပ်ယူလိုက်ပြီး တာအိုပေါင်းစည်းခြင်းဓမ္မစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။ သူက တာအိုပေါင်းစည်းခြင်းအလယ်ပိုင်းအဆင့်သို့ အောင်မြင်စွာချိုးဖျက်နိုင်သွားသည်။
သူ၏အင်အားက သဘာဝအတိုင်းနောက်ထပ် တိုးတက်လာ၏။
နာရီဝက်လောက်ကြာတော့ ချီမင်က သူ၏ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်အောင်လုပ်လိုက်သည်။
ချီမင်၏နှုတ်ခမ်းထောင့်တွေက အနည်းငယ်ကွေးတက်သွားသည်။ သူက ကျင့်ကြံခြင်းအဆင့်နှင့် အင်အားတိုးတက်လာသည်ကို ခံစားလိုက်နိုင်သည်။ သူက သဘာဝအတိုင်းကျေနပ်သွားသည်၊ “ငါ အခု တာအိုပေါင်းစည်းခြင်းအလယ်ပိုင်းအဆင့်ကို ရောက်သွားပြီ။”
တင်း!
“လက်ခံသူရဲ့ကျင့်ကြံမှုအဆင့်က တာအိုပေါင်းစည်းခြင်းအလယ်ပိုင်းအဆင့်သို့ ချိုးဖျက်သွားတာကို စစ်ဆေးမိပါတယ်။ တာအိုပေါင်းစည်းခြင်း အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း: အမှောင်ချောက်နက်ရဲ့ဆုလာဘ်များက ကြီးကြီးမားမား လျော့ကျသွားပါပြီ။ သင် အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် (၁၀၀၀၀) ကိုသုံးပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်ခေါင်းညိတ်လိုက်သည်၊ “ဒါဆို ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် (၁၀၀၀၀) ထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်မယ်။”
တင်း!
“ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်”
“ဂိမ်းမြေအောက်စခန်းသစ်ကို အောင်အောင်မြင်မြင် ဖွင့်လှစ်လိုက်ပါပြီ။”
“သင် တာအိုပေါင်းစည်းခြင်းအလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း: ရှေးဟောင်းကပ်ဘေးခေတ် အနားသတ်ကို ဝင်ရောက်နိုင်ပါပြီ။”
အသိပေးချက်တစ်ခုက ပေါ်လာတော့သည်။