← Chapters

စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ ဂရန်းမာစတာဦးလေး

Vol. 16 Ch. 238

စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ ဂရန်းမာစတာဦးလေး

Vol. 16 Ch. 238

“စီနီယာ... စီနီယာ၊ ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ စီနီယာ၊ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ။”

ဒုန်း! ဒုန်း!

မျက်စိတစ်မှိတ်အတွင်းမှာ သွေးတစ်ထောင်ဂိုဏ်းတပည့်တွေအားလုံး ချီမင်ကို သနားညှာတာပေးရန် ဒူးထောက်ကုန်ကြသည်။ သူတို့က ကျိုးနွံကုန်ကြပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့မျက်နှာတွေက သွေးဆုတ်ဖြူလျော်နေ၏။

သူတို့က ချီမင်ဆိုတာ သူတို့စော်ကားနိုင်သည့်သူမဟုတ်မှန်း နားလည်သွားကြသည်။

ကံမကောင်းစွာဖြင့်

အရမ်းကို နောက်ကျသွားပြီ။

“မင်းတို့ကို အသက်ချမ်းသာပေးရမယ်”

ချီမင်က အေးစက်စွာပြုံးလိုက်သည် “ငါကတော့ မလိုဘူးထင်တာပဲ။”

ချီမင်က ညာဘက်လက်ကို ဝေ့ယမ်းလိုက်ပြီး ဓမ္မစွမ်းအားများကို လည်ပတ်လိုက်သည်။ မမြင်နိုင်သည့် ကပ်ဘေးချီက သူ့လက်ဝါးကနေ ထွက်ပေါ်လာပြီး ဒလတ်တစ်ခုလို လည်ပတ်သွားသည်။

“တိုက်!”

“သူ့ကို တိုက်ခိုက်ကြတော့!”

“သွေးနတ်ဆိုးအလံ!”

“သရဲတစ်ထောင် အသင်္ချေဝါးမြိုခြင်းအပ်!”

သွေးတစ်ထောင်ဂိုဏ်းတပည့်တွေက ချက်ချင်းကို ရန်လိုသွားကြသည်။ သူတို့က နီရဲနေသည့်မျက်လုံးတွေဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်ကြသည်။ အရပ်မျက်နှာအနှံ့ကနေ နတ်ဆိုးတပည့် စုစုပေါင်း (၂၀) မှ (၃၀) လောက်အထိ ဝိုင်းလာကြသည်။

သူတို့အားလုံးက ပိုးဖလံက မီးကိုတိုးသကဲ့သို့ မလွှဲရှောင်နိုင်သည့် သေခြင်းတရားကို ရင်ဆိုင်လိုက်ကြသည်။

မမြင်နိုင်သည့် ကပ်ဘေးချီက ဒလတ်တစ်ခုလို ပျံ့နှံ့လာပြီး ဖြတ်သန်းသွားသည့်နေရာတိုင်းကို ဖျက်ဆီးသွားသည်။ အနားကလူတိုင်းက ရပ်တန့်သည့်ခလုတ်တစ်ခုကို နှိပ်ချလိုက်သည့်အတိုင်း နေရာမှာတင် အေးခဲကုန်ကြသည်။

လေညှင်းတစ်ချက် တိုက်ခတ်လာသည်။

ပတ်ဝန်းကျင်မှာ အရာအားလုံးက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွား၏။ နတ်ဆိုးဂိုဏ်းတပည့်တွေအားလုံးက ချီမင်၏တိုက်ကွက်ကြောင့် အလွယ်တကူ ချေမှုန်းခံလိုက်ရသည်။ အလောင်းမကျန်ခဲ့သည့်အပြင် အစိတ်အပိုင်းသေးသေးလေးပင် မကျန်ဟု ပြောနိုင်သည်။

“ဒါ... ဒါက...”

သိပ်မဝေးသည့်နေရာမှ လူသုံးယောက်က အလျင်အမြန် ပျံသန်းလာကြသည်။ ထိုသူသုံးယောက်ရောက်လာသည့်အချိန်၌ ချီမင်က နတ်ဆိုးဂိုဏ်းတပည့်တွေကို ချက်ချင်းနီးပါး သတ်ဖြတ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

သူတို့အားလုံး နေရာမှာတင် ကြောင်အကုန်ကြသည်။

“အကုန်... အကုန်သေကုန်ပြီ။”

“တစ်ကွက်တည်း! တစ်ကွက်တည်းပဲ! သူတို့အားလုံး အရိုးတောင်မကျန်ခဲ့ဘူး။ အကုန် ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားတယ်။”

“အရမ်း... အရမ်းသန်မာတယ်...” သုံးယောက်လုံးဆီမှ ထိတ်လန့်တကြားအော်သံတွေ ထွက်ပေါ်လာသည်။

“မင်းတို့က စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကလား။”

ချီမင်က သူ့လက်တွေကို နောက်ပစ်လိုက်ပြီး လှည့်လာသည်။ သို့ပေမယ့် သူက ရုပ်ခန္ဓာပြောင်းလဲခြင်းကိုသုံးပြီး သူ့ပုံစံပြောင်းလဲထားပြီးဖြစ်သည်။ သူ့ရှေ့မှ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို ကြည့်လိုက်သည်။

ထိုအမျိုးသမီးမှာ ဘဲဥပုံမျက်နှာ၊ ချယ်ရီရောင်နှုတ်ခမ်း၊ ဖီးနစ်မျက်လုံး၊ လှပပြေပြစ်သော မျက်နှာသွင်ပြင်၊ နှင်းကဲ့သို့ဖြူဖွေးသော အသားအရေနှင့် အရပ်မြင့်မြင့် ရှိသည်။ သူမက အမှန်တကယ် မဟာအလှလေးမျိုး ဖြစ်သည်။

ကျန်သည့်အမျိုးသားနှစ်ဦးမှာလည်း တော်တော်လေး ချောမောကြသည်။

ကျင့်ကြံသူတွေဆိုတာ အခြေခံအားဖြင့် ချောမောသော ယောကျာ်းများနှင့် လှပသော မိန်းမများ ဖြစ်ကြသည်။

“စီနီယာ... စီနီယာ...”

သူတို့သုံးဦးလုံးက ချီမင်ကို ဦးညွှတ်လိုက်ပြီး လျင်မြန်စွာ ပြန်ဖြေကြသည်”ကျွန်တော်တို့က စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းရဲ့ လက်ရှိမျိုးဆက်တပည့် တွေပါ”

“ကျွန်မက လင်းချင်းကျူပါ” အမျိုးသမီးက ပြန်ဖြေသည် “စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းရဲ့ အကြီးဆုံးစီနီယာအစ်မကြီးပါ။ ကျန်တဲ့နှစ်ယောက်ကတော့ ကျွန်မရဲ့ ဂျူနီယာမောင်လေးတွေဖြစ်တဲ့ ကျန်းမန်နဲ့ ယန်လီဒယ်ပါ”

“ဒီနတ်ဆိုးကျင့်ကြံသူတပည့်တွေကို သတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ” ကျန်းမန်နှင့် ယန်လီဒယ်တို့က ပြောသည်။

ချီမင်က ခေါင်းအသာငြိမ့်လိုက်သည် “ဘာမှမဟုတ်ပါဘူး”။

“မင်းတို့က စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းက တပည့်တွေဆိုတော့ ငါပြောပြမယ်။ ငါက မင်းတို့ရဲ့ အရင်ဂိုဏ်းချုပ် လင်းရှို့ယွင်ရဲ့ ဂျူနီယာညီလေးပဲ။ ဝါစဉ်အရတော့ မင်းတို့က ငါ့ကို ဂရန်းမာစတာဦးလေးလို့ ခေါ်ရမယ်။”

“ဒါက...”

“စီနီယာက ကျွန်တော်တို့ရဲ့ ဂရန်းမာစတာဦးလေးလား။”

လင်းချင်းကျူနှင့် တခြားသူများလည်း ကြောင်သွားကြသည်။

“ဟုတ်တယ်”

ချီမင်က ပြုံးလိုက်သည် “ငါ အပြင်ထွက်ပြီး ခရီးလှည့်လည်ခဲ့တာ။ အခု နှစ်တစ်ထောင် ကြာသွားပြီ။ တာအိုကို ရပြီးတဲ့နောက်မှာ ငါပြန်လာပြီး ဂိုဏ်းမှာပဲကျင့်ကြံချင်တော့တယ်။ ပြန်လာတဲ့လမ်းမှာ ဒီနတ်ဆိုးဂိုဏ်းတပည့်တွေနဲ့ တွေ့လိမ့်မယ်လို့ ငါမထင်ထားဘူး။ ကံမကောင်းစွာနဲ့ ငါတစ်လှမ်းနောက်ကျသွားလို့ ဒီတပည့်တွေ အသတ်ခံလိုက်ရတာပဲ။”

“ဂရန်းမာစတာဦးလေးကို နှုတ်ခွန်းဆက်သပါတယ်”

ခဏတာ တိတ်ဆိတ်သွားကြသည်။ လင်းချင်းကျူနှင့် တခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ချီမင်ကို ဦးညွှတ်လိုက်ကြသည်။

လင်းချင်းကျူနဲ့ကျန်သည့်သူတို့အတွက်ဂရန်းမာစတာဦးလေး၏ ပုံတူပန်းချီကို မမြင်ဖူးပေ။ ယခင်ဂိုဏ်းချုပ် လင်းရှို့ယွင်တွင် အခွင့်အလမ်းများရှာဖွေရန် လွန်ခဲ့သည့် နှစ်တစ်ထောင်က အပြင်သို့ခရီးထွက်သွားသော ဂျူနီယာညီလေးတစ်ယောက် ရှိခဲ့သည်ဟုတော့ ကြားဖူးကြသည်။

ချီမင်က နတ်ဆိုးဂိုဏ်းတပည့်များစွာကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။သူ့ခွန်အားကပြင်းထန်ကြီးမားပြီး သူ၏ကျင့်ကြံမှုအဆင့်ကလည်း နက်နဲသည်။ သူတို့၏ ဂရန်းမာစတာဦးလေးအဖြစ် ဟန်ဆောင်ရန် အကြောင်းပြချက်မရှိပေ။

“အရမ်းကောင်းတယ်”

ချီမင်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည် “သွားကြစို့၊ ဂိုဏ်းကို ပြန်ကြမယ်။”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့”

လင်းချင်းကျူနှင့် တခြားသူများက တညီတညွတ်တည်း ပြန်ဖြေကြသည်။

ချီမင်နှင့် တခြားသူများက လေကိုခွင်း၍ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းရှိရာသို့ ဦးတည်ပျံသန်းသွားကြသည်။ သူတို့၏အရှိန်က အလွန်မြန်ဆန်ပေသည်။ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းသို့ သွားရာလမ်းတွင် ချီမင်က ဘာစကားတစ်ခွန်းမှ မပြောပေ။

တစ်နာရီအကြာတွင် ချီမင်နှင့် တခြားသူများက ဂိုဏ်းရှေ့သို့ ရောက်ရှိလာကြသည်။

“ဂရန်းမာစတာဦးလေး”

လင်းချင်းကျူက ပြောသည် “ကျွန်တော်တို့ ရောက်ပါပြီ။”

ချီမင်က ခေါင်းအသာငြိမ့်လိုက်သည်။ သူက စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ တောင်တံခါးကို အကဲခတ်လိုက်သည်။ လမင်းတစ်ထောင်ကမ္ဘာတွင် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းသည် တတိယတန်းစားဂိုဏ်းတစ်ခုမျှသာ ဖြစ်သည်။ ဂိုဏ်းထဲတွင် အသန်မာဆုံးပုဂ္ဂိုလ်မှာ အခြေတည်ဝိညာဥ်အဆင့်တွင်သာ ရှိသည်။

စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ တောင်တံခါးကလည်း အလွန်သာမန်ဖြစ်သည်။ တောင်ထွတ်သုံးခုဖြင့် ဖွဲ့စည်းထားပြီး တြိဂံပုံစံ ဖြစ်နေသည်။သူတို့က တစ်ခုနှင့်တစ်ခု အပြန်အလှန်ကာကွယ်ပေးထားသည်။ ဝိညာဉ်ချီက အတော်လေး ပေါများပြီး ဝိညာဉ် သွေးကြောများစွာ၏ ဆုံမှတ်များပေါ်တွင် တည်ဆောက်ထားသည်။

ထိုတောင်သုံးလုံးကြားတွင် မနှိုင်းယှဉ်နိုင်အောင် ကြီးမားသော သံကြိုးများဖြင့် ချိတ်ဆက်ထားသည်။ ထို့ပြင် ကြီးမားသော သံကြိုးများပေါ်တွင် စာလုံးများ ရေးထိုးထား၍ သံကြိုးများသည် သာမန်မဟုတ်ဘဲ အထူးအစီအရင်ပစ္စည်းတစ်ခုဖြစ်ကြောင်း ပြသနေသည်။

မကြာမီမှာပင် တောင်သုံးလုံးပေါ်မှ အလင်းတန်းများက လေကိုဖြတ်သန်း၍ ပျံသန်းလာပြီး ချီမင်တို့ရှေ့တွင် ရပ်တန့်သွားကြသည်။ သူတို့က စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ မဟာအကြီးအကဲသုံးဦးတို့ ဖြစ်ကြသည်။

ထိုလေးဦးစလုံးသည် ယခင်ဂိုဏ်းချုပ် လင်းရှို့ယွင်နှင့် တူညီသည့်‌ခေတ်ကပုဂ္ဂိုလ်များ ဖြစ်ကြသည်။

လွန်ခဲ့သော နှစ်တစ်ရာက လင်းရှို့ယွင်က သွေးတစ်ထောင်ဂိုဏ်းမှ အခြေတည်ဝိညာဉ်အဆင့် နတ်ဆိုးအကြီးအကဲတစ်ဦးနှင့်အတူ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့သည်။ ထို့နောက် တာအိုဆရာစိတ်ဝိညာဉ်လမင်းက ဂိုဏ်းချုပ်နေရာကို ဆက်ခံခဲ့သည်။

“ဆရာဦးလေး...”

တာအိုဆရာစိတ်ဝိညာဉ်လမင်းက လေးထောင့်ကျသော မျက်နှာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူက စိမ်းပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချီမင်ကို မျက်လုံးပြူးကာ မယုံနိုင်သော အမူအရာဖြင့် ကြည့်နေသည်။

“ဆရာဦးလေးကို ဂါရဝပြုပါတယ်”

ချက်ချင်းပင် မဟာအကြီးအကဲသုံးဦးကလည်း ချီမင်ကို ဦးညွှတ်လိုက်ကြသည်။

ချီမင်က အံ့ဖွယ်စွမ်းအားဖြင့် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ သတင်းအချက်အလက်အများစုကို ကြိုတင်တွက်ချက်ထားပြီးဖြစ်သည်။ သူက ဂိုဏ်း၏ သမိုင်းအပြည့်အစုံနှင့် အနာဂတ်ကို သိရှိထားသည်။

ချီမင်က လင်းရှို့ယွင်တွင် ဂျူနီယာညီလေးတစ်ဦး အမှန်တကယ်ရှိကြောင်း သိထားသည်။ သူ့နာမည်အပြည့်အစုံမှာ လင်းဖေးယွီ ဖြစ်သည်။ သူ့ပါရမီကလင်းရှို့ယွင်ထက်ပင် မြင့်မားသည်။ သူက အခွင့်အလမ်းများရှာဖွေရန် လွန်ခဲ့သော နှစ်တစ်ထောင်က အပြင်သို့ ခရီးထွက်သွားခဲ့သည်။

ကံမကောင်းစွာဖြင့်... လင်းဖေးယွီက လွန်ခဲ့သော နှစ် (၈၀၀) က သေဆုံးသွားခဲ့သည်။ မိတ်ဆွေအတုကို ယုံကြည်မိသောကြောင့်၊ စွန့်စားခန်းတစ်ခုတွင် ထိုမိတ်ဆွေ၏ နောက်ကျောဓားထိုးခြင်းကိုခံရပြီး နေရာမှာပင် သေဆုံးသွားခဲ့သည်။

ချီမင်က လင်းဖေးယွီ၏ အထောက်အထားကို အသုံးပြုကာ လင်းချင်းကျူတို့ မရောက်လာမီ သူ့ပုံစံသို့ ပြောင်းလဲထားခဲ့သည်။

ဤသို့ဖြင့် သူက စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။

လင်းဖေးယွီ၏ ဂရန်းမာစတာဦးလေးအဆင့်အတန်းဖြင့် သူက စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းတွင် အမြင့်မားဆုံးသော လွတ်လပ်ခွင့်ကို ရရှိမှာ သေချာသည်။ သူက သူလုပ်ချင်တာကို လုပ်ဆောင်နိုင်ပြီး မည်သူမျှ သူ့ကို တားရဲမည်မဟုတ်ပေ။

ချီမင်က ခေါင်းအသာငြိမ့်လိုက်ပြီး တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် တခြားသူများကို တစ်ချက်ကြည့်လိုက်ကာပြောလာသည် “ငါထွက်သွားပြီးတဲ့ နှစ်တစ်ထောင်အတွင်းမှာ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မကောင်းပါလား။”

“ဟုတ်ကဲ့”

တာအိုဆရာစိတ်ဝိညာဉ်လမင်းက လေးနက်သော အမူအရာဖြင့် ခေါင်းငြိမ့်လိုက်၏ “ဒါတင်မကသေးပါဘူး။ သွေးတစ်ထောင်ဂိုဏ်းရဲ့ မြင့်တက်လာမှုနဲ့ နတ်ဆိုးလမ်းစဉ်ရဲ့ သောင်းကျန်းမှုတွေကြောင့် ကျွန်တော်တို့ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းတင်မကဘဲ လမင်းတစ်ထောင်ကမ္ဘာတစ်ခုလုံးက လမ်းမှန်ဂိုဏ်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းကိုခက်ခဲနေကြပါတယ်”

“သွေးတစ်ထောင်ဂိုဏ်းလား”

ချီမင်က ပြုံးလိုက်သည် “သွေးတစ်ထောင်ဂိုဏ်းရဲ့ နောက်ခံက မရိုးရှင်းနိုင်ဘူး။ နှစ်တစ်ထောင်အတွင်းမြင့်တက်လာနိုင်ပြီး လမင်းတစ်ထောင်ကမ္ဘာမှာ ဒီလောက်ထိတောင် အင်အားကြီးလာတယ်ဆိုတော့လေ”

“သူ့ရဲ့နောက်ကွယ်မှာ နတ်ဆိုးကမ္ဘာရှိတယ်”

“နတ်ဆိုး... နတ်ဆိုးကမ္ဘာ!” တာအိုဆရာစိတ်ဝိညာဉ်လမင်း တုန်လှုပ်သွားသည်။

“ဒါ... ဒါ...”

ကျန်သည့်မဟာအကြီးအကဲသုံးဦးလည်း အလွန်အ မင်းတုန်လှုပ်သွားကြသည်။

“စိတ်မပူပါနဲ့” ချီမင်က ဆက်ပြောသည် “သွေးတစ်ထောင်ဂိုဏ်းရဲ့ နောက်ကွယ်မှာ နတ်ဆိုးကမ္ဘာ ရှိနေရင်တောင်မှ၊ လမင်းတစ်ထောင်ကမ္ဘာက လူသားကမ္ဘာရဲ့ လက်အောက်ခံကမ္ဘာတစ်ခုပဲ။ နတ်ဆိုးကမ္ဘာက တကယ်လို့ စစ်တပ်ကိုပို့ရဲရင်တောင် လူသားကမ္ဘာက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး”

“ဒါကြောင့်မို့လို့ ငါတို့ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းက ကိုယ့်နယ်မြေကိုပဲ စောင့်ရှောက်ပြီး အရမ်းဝင်မစွက်ဖက်သရွေ့တော့ ငါတို့ကို သက်ရောက်မှုရှိမှာ မဟုတ်ဘူး”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့”

တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် မဟာအကြီးအကဲသုံးဦးက ခေါင်းငြိမ့်လိုက်ကြသည်။

ထို့နောက် တာအိုဆရာဝိညာဉ်လမင်းက ချီမင်အတွက် ယခင်က သူနေထိုင်ခဲ့သော ဂူစံအိမ်ဖြစ်သည့် ဝိညာဉ်တိမ်တိုက်ဂူစံအိမ်ကို စီစဉ်ပေးလာသည်။သို့‌ပေသိ ချီမင်က သဘောမတူခဲ့ပေ။ အဲဒီအစား သူက နေရာတစ်ခုကို ရှာလိုက်ပြီး သူ၏ ပစ္စည်းစာရင်းထဲမှ စံအိမ်ဓမ္မရတနာတစ်ခုကို ထုတ်ယူလိုက်သည်။

ဤဂူစံအိမ်ကို တိမ်စိမ်းဂူစံအိမ်ဟု ခေါ်သည်။

“သွား!”

ချီမင်က ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏လက်ဖဝါးထဲမှ တိမ်စိမ်းဂူစံအိမ်က ပျံထွက်သွားပြီး သူ့ရှေ့က တောင်စောင်းပေါ်သို့ ကျရောက်သွားသည်။စံအိမ်က လျင်မြန်စွာ ကြီးမားလာပြီး ခမ်းနားထည်ဝါသည့် ဂူစံအိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ “မဆိုးဘူး”

ချီမင်က အတော်လေး ကျေနပ်သွားသည်။

“ဂရန်းမာစတာဦးလေး” လင်းချင်းကျူက ပြောသည် “ဝိညာဉ်တိမ်တိုက်ဂူစံအိမ်ကို တကယ်မသွားတော့ဘူးလား။ ဒီနေရာက အရမ်းခေါင်လွန်းတယ်။ ပြီးတော့ ဝိညာဉ်စွမ်းအင်ချီကလည်း မပေါများဘူး။ အခြေခံအားဖြင့် ဒီနေရာကို ဘယ်သူမှမလာကြဘူး”

“ရပါတယ်” ချီမင်က ပြုံးလိုက်သည်”ဒီနေရာက တော်တော်လေးကောင်းပါတယ်။ ငါက တိတ်ဆိတ်ပြီးအေးချမ်းတာကို ပိုသဘောကျတယ်”

“ကောင်းပါပြီ” လင်းချင်းကျူက ခေါင်းငြိမ့်လိုက်သည်။

ဤသို့ဖြင့် ချီမင်က စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းတွင် တရားဝင်အခြေချနေထိုင်ကာ လင်းဖေးယွီအဖြစ် ဟန်ဆောင်နေထိုင်လိုက်သည်။ ထို့ပြင် သူက ဂိုဏ်းတွင် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

သုံးရက်အကြာတွင်...

တင်း!

“သင် ဂိမ်းမြေအောက်စခန်း အမှောင်ချောက်နက် တွင် အလိုအလျောက်ကျင့်ကြံခြင်းကိုသုံးရက်ကြာပြုလုပ်ခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်းကို သုံးကြိမ် ရှင်းလင်းပြီးပါပြီ။ သင် အမှောင်ကျဆုံးခြင်း နှလုံးသား တစ်စုံ၊ ယိုယွင်းခြင်းသစ်သား တစ်ခု၊ တာအိုပေါင်းစည်းခြင်းဆေးလုံး တစ်လုံး နဲ့ အလယ်အလတ်အဆင့် အင်မော်တယ်သလင်း‌ ကျောက် (၃၀၀,၀၀၀) ရရှိပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

ပစ္စည်း: အမှောင်ကျဆုံးခြင်း နှလုံးသား

ဖော်ပြချက်: ဂိမ်းမြေအောက်စခန်း အမှောင်ချောက်နက်မှ ထုတ်လုပ်သော အထူးပစ္စည်းတစ်ခုဖြစ်သည်။ အမှောင်ကျဆုံး စွမ်းအင်များ ပါဝင်သည်။ ဝိညာဉ်သားရဲများကို ပြောင်းလဲစေနိုင်ပြီး အမှောင်ကျဆုံးခြင်း လမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။

ပစ္စည်း: ယိုယွင်းခြင်းသစ်သား

ဖော်ပြချက်: ဂိမ်းမြေအောက်စခန်း အမှောင်နက်ချောက်နက် မှ ထုတ်လုပ်သော အထူးပစ္စည်းတစ်ခုဖြစ်သည်။ ယိုယွင်းခြင်း စွမ်းအင်များ ပါဝင်ပြီး သက်ဆိုင်ရာ အထူးဓမ္မရတနာများကို သန့်စင်ရန် အသုံးပြုနိုင်သည်။

ပစ္စည်း: တာအိုပေါင်းစည်းခြင်းဆေးလုံး

ဖော်ပြချက်: ဂိမ်းမြေအောက်စခန်း အမှောင်ချောက်နက်မှ ထုတ်လုပ်သော အထူးပစ္စည်းတစ်ခုဖြစ်သည်။ ကြီးမားသော စွမ်းအင်နှင့် သက်ဆိုင်ရာ တာအိုစာလုံးများ ပါဝင်သည်။ ကျင့်ကြံခြင်းအဆင့် တိုးမြှင့်ရန် အသုံးပြုနိုင်သည်။

လဝက်အကြာတွင် ချီမင်က ကိုယ်ပိုင်ရတနာသုံးခုဖြစ်သည့် သောင်းပြောင်းကြာပန်းဓားသန္ဓေသား၊ ဓားတောင်နှင့် ကမ္ဘာဖျက်ဆီးဓားတို့ကို သန့်စင်လိုက်သည်။ သူက ပစ္စည်းများစွာကို ပေါင်းစပ်ထည့်သွင်းကာ ၎င်းတို့အားလုံးကို ထိပ်တန်းအဆင့် တာအိုပေါင်းစည်းခြင်းဓမ္မရတနာ အဆင့်သို့ မြှင့်တင်ခဲ့သည်။

ချက်ချင်းဆိုသလိုပဲ သူက ယိုယွင်းခြင်းသစ်သားကို လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်ထဲသို့ ပေါင်းစပ်ထည့်သွင်းပြီး ၎င်း၏စွမ်းအားကို ထိပ်တန်းအဆင့် တာအိုပေါင်းစည်းခြင်းဓမ္မရတနာ အဆင့်သို့ မြှင့်တင်လိုက်သည်။

All Chapters