အခန်း (၂၂၅)
Vol. 15 Ch. 225
“ငရဲကိုးခု စံအိမ်က ဒီသံတမန်က မရိုးရှင်းဘူး။ ချည်နှောင်အားမှာ ပါဝင်တဲ့ အဆိပ်က မကြုံစဖူးပဲ”
ဟန်ကျောက်၏ အကြည့်က တဖြည်းဖြည်း နက်ရှိုင်းလာပြီး အတွေးနက်သွားသည်။
သိုင်းပညာလမ်းကြောင်းတွင် သူဟာ အမြဲတမ်း အဆင့်တူသည့် သိုင်းသမားများကို ဆန့်ကျင်ရာ၌ အားသာချက်ကို အမြဲတမ်း ဖမ်းဆုပ်ထားနိုင်ခဲ့သည်။
သူဟာ အတွင်းရော အပြင်ပါ ကျင့်ကြံပြီး သိုင်းပညာများစွာကို ကျင့်ကြံကာ ပါရမီများစွာ၏ အထူး သက်ရောက်မှု ရှိသည်။ သူ့အတွက် အဆင့်ပိုမြင့်သူကို တိုက်ခိုက်ရန် ပြဿနာမရှိပါ။
သို့ရာတွင် ဒီတစ်ကြိမ် ကျုကန်ရီနှင့် တွေ့ဆုံရာတွင် သတိတရားတို့ နိုးထလာခဲ့၏။
“ငါ့ရဲ့ ကျင့်ကြံမှု အမြန်နှုန်းကို တိုးမြှင့်ဖို့ လိုအပ်တယ်။ အဆင့်မြင့် ဆေးလုံးတွေကို ပိုပြီး သန့်စင်ရမယ်။ စစ်ဘုရင်အဆင့်ကိုသာ ချိုးဖျက်နိုင်ရင် ငါ့ရဲ့ ဆေးပညာအဆင့် ပေါ်သွားရင်တောင် ကြောက်စရာ မလိုတော့ဘူး”
ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ တောင်ခြေရှိ ဆေးတဲဆီသို့ ချက်ချင်း သွားရောက်ကာ ယန်ကျင်း ဆေးဆိုင်မှ ဆေးပင်များကို သွားယူသည်။
ဆယ်ရက်တာဟာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။ ထိုအချိန်အတွင်းတွင် လွန်ခဲ့သည့် ငါးရက်က စီရင်စုမြို့တော်ရှိ ဟယ်မိသားစုမှ လူများကို လက်ခံသည်မှ လွဲ၍ ဟန်ကျောက်ဟာ သူ၏ အချိန်အားလုံးတို့ကို အခြေခံအားဖြင့် သူ၏အခန်း၌ ဆေးသန့်စင်ခြင်း၊ ဆေးစားကာ ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးသည်။
ထိုအချိန်၌ ဒေါသရေနဂါးဂိုဏ်းဟာ ပိုင်ရှင်များ ပြောင်းလဲခဲ့ပြီး ဖြစ်၏။ အဖွဲ့အစည်းကြီး များစွာမှ သံတမန်များက အသိုက်ကို သိမ်းပိုက်ကာ ဂိုဏ်းအတွင်းတွင် အမိန့်များ ပေးနေပါသည်။
မည်သည့် စစ်မှန်သည့် အင်အားမှ မရှိသည့် ဂိုဏ်းသခင်ငယ် အနေနှင့် သူဟာ ဂိုဏ်းတွင်းတွင် နောက်ကွယ်၌ စော်ကား ပြောဆိုမှုများကို ခံရသည်။
သို့ရာတွင် သူဂရုမစိုက်ပေ။ သူ၏ ခွန်အားသာ တိုးမြင့်လာပါက ကိုယ်ပိုင်ခွန်အားနှင့် လူဆယ်ယောက်ကိုလည်း အနိုင်ယူနိုင်မည် ဖြစ်သည်။
“နှစ်ရက်ကျန်သေးတယ်။ ငါအခု အစမ်းရှင်သန်လို့ ရတယ်”
“လက်ရှိကျန်ငွေ- ရွှေ၃၀၀၀လျန်”
ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် သူဟာ ယုနျန်ကို ရှလင်အား ရွှေအချို့လဲလှယ်ကာ ဆန်မာရုအိတ်နှင့် ထည့်ပေးလိုက်ရန် ပြောလိုက်၏။ ဤသည်က သူ့အတွက် အကြိမ်အနည်းငယ် အစမ်းရှင်သန်ရန် လုံလောက်ပါသည်။
ယခုအချိန်အထိ ပိုက်ဆံဟာ ဒုတိယသာ ကျသေးသည်။ အဓိကပြဿနာမှာ ယင်စွမ်းအင် မလုံလောက်မှု ဖြစ်၏။
“ကျုကန်ရီရဲ့ ခွန်အားနဲ့ ငါသူ့ကိုသတ်လိုက်ရင် သူ့ခန္ဓာကိုယ်က ရလာမယ့် ယင်စွမ်းအင်က အစမ်းရှင်သန်မှု တစ်ကြိမ်လောက်လုပ်ဖို့ လုံလောက်လောက်တယ်။ ငါသူ့ကို တိတ်တိတ်ဆိတ်ဆိတ် သတ်ဖြတ်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်”
ဟန်ကျောက်၏ မျက်လုံးများက ကြမ်းကြုတ်သွားသည်။
“ငါထူးခြားမှုတွေကို ရှာဖို့လိုသေးတယ်.. ဒါမှမဟုတ်ရင်.. ဒီပိုင်ရှင်မဲ့ ဒီဗိုင်းလက်နက် လုတဲ့ပွဲမှာ တိုက်ရိုက်ပါဝင်ဆင်နွှဲရမယ်”
ဟန်ကျောက်ဟာ အတွေးနက်သွားသည်။
ဤသည်မှာ အတိတ်က သူရရှိခဲ့ဖူးသည့် ဒီဗိုင်းလက်နက် အပိုင်းအစများနှင့် ခြားနားပါသည်။ ပြီးပြည့်စုံသည့် ဒီဗိုင်းလက်နက်တစ်ခု ဖြစ်၏။ အတွင်းထဲတွင် ယင်စွမ်းအင် မည်မျှတောင် ရှိမည်နည်း။
တစ်ခါတည်း စုပ်ယူနိုင်ခြင်း မရှိလျှင်တောင် သူ့အနေနှင့် တည်ငြိမ်သည့် ယင်စွမ်းအင် အရင်းအမြစ်လမ်းကြောင်းတစ်ခု အဖြစ် အသုံးပြုနိုင်ပါသည်။
“သခင်လေး”
ထိုအချိန်၌ ခြံဝန်းမှ မြန်ဆန်သည့် ခြေသံများ ထွက်ပေါ်လာပြီး စီကျူး၏ အသံက ပေါ်လာခဲ့သည်။
“ဘာဖြစ်တာလဲ”
“ဂိုဏ်းရဲ့ အထက်ပိုင်း အကြီးအကဲတွေ အဓိကခန်းမဆီကို သွားနေကြပါပြီ။ ကျွန်မကြားတာတော့ တိမ်စီရင်စုက တစ်ယောက်ယောက် ရောက်လာလို့တဲ့။ ရေသံတမန်က ရှင့်ကို ဂိုဏ်းအစည်းအဝေးမှာ ရှိနေစေလိုပါတယ်”
“ငါသိပြီ”
ဟန်ကျောက်ဟာ အိပ်ယာပေါ်မှ ထကာ သူ၏ ကိုယ်ပွားကို ခေါ်ပြီး တောင်ခါးပန်းရှိ ဒေါသရေနဂါး ခန်းမဆီသို့ ထွက်ခဲ့၏။
အဓိကခန်းမသို့ ဝင်လိုက်ပြီးနောက် ဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲ ဆယ်ယောက်ကျော်၊ ဒေသသံတမန်များ ဖြစ်ကြသည့် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ၊ လက်ထောက်ခေါင်းဆောင် ချန်လော့ရှန်တို့ စုစည်းနေကြောင်းကို တွေ့လိုက်ရသည်။
အခြား ခန်းမသခင်များနှင့် ဝတ်ပြုဆရာများဟာ ဘယ်ညာနှစ်ဖက်တွင် ရပ်နေကြ၏။
ခေါင်းဆောင်၏ ကုလားထိုင်က ဗလာကျင်းလင်း ဖြစ်နေပေမယ့် နှစ်ဖက်ရှိ ခုံဆယ်ခုတွင် လူများ ပြည့်နေပြီး ဖြစ်သည်။ ဒေါသရေနဂါးဂိုဏ်း၏ စစ်ဘုရင်အဆင့် ခြောက်ယောက်က နောက်ဆုံး ထိုင်ခုံခြောက်ခုတွင် နေရာယူထားပြီး အပြင်လူများက ရှေ့ထိုင်ခုံ လေးခုတို့တွင် နေရာယူထားသည်။
ဘယ်ဘက်ရှိ ပထမဆုံး လူမှာ ကျုကန်ရီဖြစ်ပြီး သူ၏ ဆန့်ကျင်ဘက်တွင် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးငယ်တစ်ဦး ထိုင်နေပါသည်။
သူမဟာ အနီရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်ရှေ့တွင် ကြီးမားသည့် အဖြူရောင် အသားကွက်ကြီး ပေါ်နေ၏။ သွယ်လျကာ လုံးဝိုင်းသည့် ခြေချောင်းများလည်း ရှိသည်။
သို့ရာတွင် မျက်စိစူးစရာ အကောင်းဆုံးမှာ သူမ၏ ဘယ်ဘက်လက်တွင် မြွေတစ်ကောင် ရစ်ပတ်နေခြင်း ဖြစ်သည်။ အဝေးမှ ကြည့်ပါက မီးကြေးခွံများ လောင်ကျွမ်းနေသည့် ပုံပါ။
ကျန်နှစ်ယောက်မှာတော့ ဟယ်မိသားစု၏ ပထမအကြီးအကဲ ဟယ်ရွှမ်နှင့် ဟန်ကျောက် တစ်ခါမှ မမြင်ဖူးသည့် ချောမောသည့် လူငယ်တစ်ယောက် ဖြစ်သည်။
“ဝိုး.. ဒေါသရေနဂါးဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ်အသစ်ကို ဒီလောက်ချောတဲ့ ကောင်ငယ်လေးဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။ ဘယ်လောက် အံ့ဩဖို့ကောင်းလဲ”
ဟန်ကျောက်၏ လျှောက်ဝင်လာမှုကို တွေ့ရပြီးနောက် ဆွဲဆောာင်မှုရှိသည့် အမျိုးသမီးငယ်၏ မျက်လုံးများက လင်းလက်သွားသည်။ သူမဟာ နှုတ်ခမ်းကိုအုပ်ကာ ပြုံးရင်းက သားကောင်ကို မြင်ရသည့်အလား ကြည့်နေ၏။
“သွေးကြောခြောက်ခု ချည်နှောင်ခြင်းအဆင့်(ချီလေးဆင့် စစ်ဘုရင်အဆင့်) ဖြစ်သည်။ အုပ်စိုးသူ မိသားစု မျိုးဆက်တစ်ယောက် ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်တွင် အလွန် စွမ်းအားကြီးမားသည့် မီးဒြပ်စင် ဖင်းချီများ ပါဝင်နေသည်”
“သံတမန်ရွှယ်ဟန်ရဲ့ အရသာခံနိုင်မှုက တကယ်ထူးတယ်။ ဒီသခင်လေးကို ပထမဆုံးအကြိမ် တွေ့ရတုန်းက ငါလည်း စိတ်ဝင်စားသွားခဲ့တာ”
ကျုကန်ရီက ပြုံးသည်။ သူ၏ ထူထဲဝတုတ်သည့် လျှာကို ထုတ်ကာ များပြားလှသည့် တံတွေးများကို မြိုချ၏။
“နင်က တကယ့်ကို သာသနာဖျက်ပဲ”
ရွှယ်ဟန်က သူ့ကို မျက်ဆံလှည့်သည်။
ဂိုဏ်းမှ အဖွဲ့ဝင်များစွာတို့ဟာ ဟန်ကျောက်အပေါ် ကျေနပ်မှုမရှိပေမယ့် ထိုနှစ်ယောက်၏ ပတ်ဝန်းကျင်တွင် မည်သူမှ မရှိသကဲ့သို့ ဂိုဏ်းသခင်ငယ်အပေါ် စနောက်နေပုံက ဒေါသရေနဂါး ဂိုဏ်းသားများကို အလေးအနက် မထားခြင်း ဖြစ်ပါသည်။
ဒေါသထွက်စွာ ခံစားကြရ၏။ သို့ပေမယ့် မည်သူမှ ပေါက်ကွဲရဲခြင်း မရှိပေ။
ဂိုဏ်းသခင်ဟောင်းနှင့် ဂိုဏ်းသခင်တို့သာ ရှိပါက ဒီလူတွေ ယခုလောက်အထိ မောက်မာရဲမည် မဟုတ်ပေ..
“လူတိုင်းပဲ.. မင်္ဂလာပါ”
ဟန်ကျောက်က အားလုံးကို နှုတ်ဆက်သည်။
ပတ်ဝန်းကျင်တွင် မည်သည့် ထိုင်ခုံလွတ်မှ မရှိကြောင်းကို တွေ့ရပြီးနောက် သူက ကိုယ်ပွားကို ထိန်းချုပ်ကာ ထိုင်ခုံတစ်ခုကို ရွှေ့ခိုင်းရန် ပြင်သည်။
“ဂိုဏ်းခေါင်းဆောင်ငယ်.. အခု ဂိုဏ်းခေါင်းဆောင်ဟောင်းနဲ့ ဂိုဏ်းခေါင်းဆောင်တို့ အပြင်ရောက်နေပတယ်။ မင်းက ဂိုဏ်းသခင်နေရာကနေ ကိစ္စတွေကို လုပ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါ”
မုရွှမ်လင်းက သတိပေး၏။
ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်က အနည်းငယ် ခေါင်းညှိတ်ကာ မျက်နှာအမူအရာ ပြောင်းလဲခြင်းး မရှိပဲ အလယ်ရှိ ရွှေရောင်ခုံသို့ လျှောက်သွားသည်။ ခိုင်မြဲစွာ ထိုင်လိုက်၏။
ကိုယ်ပွားက ချက်ချင်းပင် သူ၏အနောက်တွင် မတ်တပ်ရပ်သည်။
“ဒါက ချီလင်အဆင့်က မိုးပြန်ဓါး လန်ဖန်းယွင်များလား။ ပြောကြတာက နင်က ကောင်းကင်သူတော်စင် ဂူကောင်းကင်ရဲ့ ဆက်ခံသူတစ်ယောက်ဆို။ ဒါအမှန်ပဲလား”
ရွှယ်ဟန်က ဟန်ကျောက်၏ နောက်ရှိ ကိုယ်ပွားကို ကြည့်သည်။
“သံတမန်ရွှယ်.. စိတ်မရှိပါနဲ့.. ကျွန်တော့ရဲ့ အစ်ကိုလန်က စကားအများကြီး ပြောရတာကို မကြိုက်ဘူး”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။
“ရပါတယ်။ ရပါတယ်.. ကောင်းကင်သူတော်စင် ဂူကောင်းကင်ရဲ့ ဆက်ခံသူနဲ့ နှိုင်းယှဉ်ရင် ကျွန်မက ဂိုဏ်းသခင်ငယ်လို လူချောတစ်ယောက်ကို ပိုပြီး စိတ်ဝင်စားမိတယ်”
ရွှယ်ဟန်က ဆွဲဆောင်မှုရှိစွာ ပြုံးကာ ဟန်ကျောက်ကို မျက်စပစ်သည်။
“သံတမန်ရွှယ်က နောက်နေပါပြီ”
“ဒီအပျက်မက မနောက်တတ်ဘူး.. သူမက မင်းကို ခြောက်သွားအောင် စုပ်ချင်နေတာ”
ကျုကန်ရီက ရယ်၏။
“နင်သေချင်နေတာလား ဝက်ခေါင်း”
ရွှယ်ဟန်၏ ပုံစံက အေးစက်သွားသည်။ လေထုကို ပူလောင်စေသည့် ကြောက်စရာကောင်းသည့် အငွေ့အသက်တို့ မြင့်တက်လာပြီး သူမ၏ ခန္ဓာကိုယ်မှ လျှင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
“နင်စမ်းကြည့်လေ”
ကျုကန်ရီ၏ အနက်ရောင် အမွှေးများက ရုတ်တရက် အမဲရောင်အလင်း တစ်ခုကို ထုတ်လွှတ်လာပြီး အပ်လေးများသဖွယ် မာကြောလာ၏။
“ကောင်းပြီ။ အရင်ဆုံး အလုပ်ကိစ္စကို ပြောကြတာပေါ့”
အောက်ရှိ လူငယ်က စိတ်မရှည်စွာဖြင့် လက်ကိုဝှေ့ယမ်းသည်။
“နတ်ဆိုးတစ်ပိုင်း လူသားတစ်ပိုင်းခန္ဓာ ရှိသည်။ ချီနှစ်ဆင့် စစ်ဘုရင်အဆင့် သိုင်းခွန်အား ရှိ၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်၏ မျက်နှာပြင်ပေါ်တွင် ချည်နှောင်အားက လွှမ်းခြုံထားသည်။ သူဟာ သွေးကြောငါးခု ချည်နှောင်မှုအဆင့်(ချီသုံးဆင့် စစ်ဘုရင်)၌ ရှိသည်”
“ကောင်းပိုင်ကျယ်.. နင့်ရဲ့ စိတ်ရှည်မှုက အရမ်းကို နည်းပါးတာပဲ”
ရွှယ်ဟန်က မျက်ဆံလှည့်သည်။
“ဒုဂိုဏ်းသခင်ကောင်း.. ကျွန်တော်တို့တွေ ဒီမိန်းမကို အတူတူ သတ်ကြရင်ရော”
ကျုကန်ရီ၏ မျက်လုံးများထဲ၌ ရူးသွပ်မှုတို့ ပေါ်လာခဲ့သည်။ သူဟာ နောက်နေသည်နှင့် လုံးဝ မတူပေ။
“နင်တို့နှစ်ယောက်မှာ သတ္တိရှိရင် စမ်းကြည့်လိုက်”
ရွှယ်ဟန်၏ ပုံစံက အေးစက်သွား၏။