← Chapters

အခန်း (၂၁၁)

Vol. 15 Ch. 211

အခန်း (၂၁၁)

Vol. 15 Ch. 211

လမ်းတစ်လျှောက်တွင် လူတိုင်းဟာ သူတို့အနေနှင့် ပုံမှန်အားဖြင့် ခေါင်းမော့ကြည့်ရန်သာ တတ်နိုင်သည့် ဒေါသရေနဂါးဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် ဟန်ကျောက်၏ စကားပြောဆို ရယ်မောနေမှုကို ကြည့်ရှုနေမိသည်။

စီရင်စုမြို့တော်ရှိ သူတို့၏ အနာဂတ်အတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာ၏။

“အစ်ကိုဟန်.. ကျွန်တော်နဲ့အတူ ဒေါသရေနဂါးကျွန်းကို တကယ်ပဲ မလိုက်ခဲ့ဘူးလား”

ရွှေကျင်ဖုန်းက ဟန်ကျောက်ကို သင်္ဘောပေါ်မှ လိုက်ပို့ပြီးနောက် ထပ်မံခေါ်ဆောင်နိုင်ရန် နှိုးဆော်၏။

“ရေသံတမန်.. ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ကျွန်တော့မှာ မိသားစုနဲ့ မိတ်ဆွေအချို့ကို နေရာချပေးဖို့ ရှိသေးတယ်။ ရက်အနည်းငယ်ကြာပြီးရင်တော့ သေချာပေါက် ဒေါသရေနဂါးဂိုဏ်းကို ကိုယ်တိုင်လာခဲ့ပါမယ်”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ပြော၏။

သူဟာ ဒေါသရေနဂါးဂိုဏ်းသို့ သွားရောက်မှာ ဖြစ်ပေမယ့် ရှန့်ကွမ်းယွင်ဖေးအား သူဟာ အလွယ်တကူ ထိန်းချုပ်လို့ရမည့် လူတစ်ယောက် မဟုတ်ကြောင်းကို သိစေဖို့ လိုအပ်ပါသည်။

ထို့အပြင် ပိုမိုကောင်းမွန်သည့် သဘောထားကို ပြသထား၏။ မဟုတ်ပဲ သူဟာ ကောင်တီမြို့ထဲတွင်သာ အမှန်တကယ် ပုန်းအောင်းနေပါကလည်း မည်သူမှ သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပါ။

သို့ရာတွင် ထိုသို့ဆိုပါက သူ၏ ကျင့်ကြံမှု အမြန်နှုန်းမှာ အလွန် နှေးကွေးနေမှာ ဖြစ်သည်။ ယခု တစ်ဖက်လူတွင် ရေနဂါးသွေးရှိရာ သူ့အနေနှင့် အလွဲချော်ခံမည် မဟုတ်ပေ။

သူ၏ ပန်းတိုင်ဟာ သိုင်းနတ်ဘုရားတစ်ယောက် ဖြစ်လာရန် ဖြစ်ကာ စိတ်ဝိညာဉ်သားရဲ အုပ်စိုးသူ မိသားစုတစ်ခုကို တည်ထောင်ရန် မဟုတ်ပေမယ့် စိတ်ဝိညာဉ်သားရဲ၏ သွေးဟာ ကြီးမားသည့် တစ်ဆို့မှုကို ကြုံတွေ့ရပါက ချိုးဖျက်ရာတွင် အလွန် အကျိုးကျေးဇူး ရှိ၏။

၎င်းဟာ သူ၏ ခွန်အားကိုလည်း သိသာစွာ တိုးမြင့်စေနိုင်သည်။

“ဒါဆိုရင်.. ကျွန်တော်တို့တွေ ဒေါသရေနဂါးကျွမ်းကနေ စောင့်နေပါ့မယ်”

ရွှေကျင်ဖုန်းက အသာပြုံးကာ မည်သည်ကိုမှ မဆိုတော့ပေ။ သူက ဘယ်ညာနှစ်ဖက်ရှိ ဒေါသရေနဂါး အဖွဲ့သားများကို လက်ဝှေ့ယမ်းကာ သင်္ဘောပေါ်သို့ တက်ရောက်ပြီး ပြန်လည် ရွက်လွှင့်သွား၏။

ဒေါသရေနဂါးဂိုဏ်း ထွက်ခွာသွားပြီးနောက် လူတိုင်းဟာ ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့တော်ဆီသို့ ချီတက်ခဲ့ကြသည်။

မြို့ရိုးသို့ ရောက်ရှိချိန်၌ မီတာ၄၀လောက် မြင့်မားသည့် မြို့နံရံကို တွေ့လိုက်ရ၏။ သိုင်းသမားများဟာ မနေနိုင်ပဲ သက်ပြင်းချမိသည်။

“ဒါကြီးက အရမ်းကို လွန်ကျူးလွန်းတယ်”

“ဒီလောက်မြင့်မားတဲ့ မြို့နံရံနဲ့.. ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်တောင် တက်ဖို့ ခက်ခဲမှာ”

“မြို့ရိုးပေါ်က ကျောက်လေးဂွကြီးတွေကိုလည်း ကြည့်လိုက်ဦး.. ခွန်အားသန်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့်က သိုင်းသမားတစ်ယောက်တောင် ခံနိုင်မှာ မဟုတ်ဘူး”

စီရင်စုမြို့တော်နှင့် နှိုင်းယှဉ်ပါက ကျောက်နက်မြို့ဟာ ခေါင်သီသည့် တောရွာလေးနှင့် ယုန်ဟီဒေသ၏ မြို့တွင်းပိုင်းကဲ့သို့ ခြားနားလှသည်။

သာမန်လူများအနေနှင့် သူတို့၏ နောက်ခံများကို စစ်ဆေးခြင်းမခံရပဲ မြို့ထဲသို့ ဝင်ရောက်နိုင်၏။ သို့ပေမယ့် သူတို့ဟာ လူတစ်ရာကျော် ရှိရာ ဂိတ်ကို ဖြတ်သန်းစဉ်၌ တားမြစ်ခြင်းကို ခံရသည်။

သို့ရာတွင် စုထန်ချီက အခြေအနေကို အနည်းငယ် ရှင်းပြပြီးနောက် စောင့်ကြပ်နေသည့် စစ်သည်က ဖြတ်ကျော်နိုင်ကြောင်း ပြော၏။ လူတိုင်းဟာ ထူထဲသည့် မြို့ရိုးကို ဖြတ်ကျော်ပြီးနောက် မြို့အတွင်းသို့ ဝင်ရောက်ကြသည်။ ထပ်မံကာ အံ့ဩသွားရပြန်၏။

လုယီဟာ ဆယ်စုနှစ်များ ကြာသည့်တိုင်အောင် ပြောင်းလဲခြင်း မရှိပုံပေါ်သည့် ရှေ့ရှိ စည်ကားသိုက်မြိုက်သည့် မြို့ကြီးကိုကြည့်ကာ သက်ပြင်းချသည်။

အရင်တုန်းက သူဟာလည်းပဲ သိုင်းအကယ်ဒမီတွင် ပါရမီရှင်တစ်ဦး ဖြစ်ပြီး အဖွဲ့အစည်းကြီးများစွာ၏ အလေးပေးခြင်းကို ခံခဲ့ရသည်။ နောင်တွင် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည့် ပါရမီရှင်တစ်ယောက် ဖြစ်၏။

နောက်ဆုံးတွင် ကြိုတင်မြင်နိုင်ခြင်း မရှိသည့် အဖြစ်အပျက် များစွာတို့ကြောင့် သူ၏ ဇာတိမြို့မှ ထွက်ခွာခဲ့ရသည်။

အစက ချောင်ကျသည့် ကျောက်နက်မြို့ငယ်လေး၌ နောက်ဆုံးထွက်သက်ကို ဖြတ်သန်းရမည်ဟု ထင်မထားခဲ့တာပါ။ သို့ပေမယ့် တစ်နေ့တွင် ပြန်လာနိုင်မည်ဟု ထင်မထားခဲ့ပေ။

ခဏတာအတွင်း အတိတ်၏ အရိပ်များဟာ သူ၏စိတ်ထဲတွင် မြင့်တက်လာခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် သူဟာ ဒီနေရာမှ ကွမ်းလင်ဒေသရှိ သိုင်းပညာအကယ်ဒမီသို့ လမ်းကြောင်းကို မျက်စိမှိတ်ကာ လျှောက်လှမ်းသွားနိုင်ပါသည်။

ကံဆိုးစွာပင် ကိစ္စများဟာ ပြောင်းလဲသွားခဲ့၏။ အရင်တုန်းက သူ့တွင် ဆွေမျိုးများနှင့် မိတ်ဆွေများ အများကြီး မရှိခဲ့ပေ။ ပထမဆုံးအကြိမ် ယင်ရွှမ်းကို ခေါ်ကာ ဂျူနီယာညီလုအား လာရှာစဉ်တုန်းက အဖြစ်အပျက်ကို မနေနိုင်ပဲ ပြန်လည်စဉ်းစားမိသည်။

အရင် စီနီယာအစ်ကိုများ နောက်မှ လိုက်လံကာ ဂျူနီယာမောင်နှမများ ရှေ့မှ လျှောက်ခဲ့ပုံကို ပြန်လည်စဉ်းစားမိသည်။

အောင်မြင်မှု ရလာပြီးနောက် အတိတ်မှ ရင်းနှီးမှုများကို မမေ့တတ်သည့် လူဟာ အလွန်နည်းပါးလှပါသည်။

“စီနီယာအစ်ကိုလု”

မှင်သက်နေစဉ် အတွင်းတွင် လုယီဟာ ရင်းနှီးသည့် အသံတစ်ခု၏ ခေါ်သံကို ကြားလိုက်ရသည်။

“စီနီယာအစ်ကိုလု”

“အဖေ”

လုယီ၏ ခန္ဓာကိုယ်က တုန်ခါသွား၏။ သူဟာ လမ်း၏ ညာဘက်ရှိ စားသောက်ဆိုင် တတိယထပ်ရှိ ပြတင်းပေါက်အား မော့ကြည့်သည်။ ဤသည်မှာ သူ၏ သမီးဖြစ်သူ လုယင်ရွှမ်းနှင့် ဂျူနီယာညီမ ကျန်းမုသဲတို့ ဖြစ်ကြ၏။

နှစ်ယောက်သားဟာ တတိယထပ်မှ ပျံဆင်းလာပြီး အဖွဲ့၏ရှေ့တွင် မြဲမြံစွာ ကျသည်။

“အဖေ”

လုယင်ရွှမ်းဟာ လုယီကို မတွေ့ရတာ နှစ်အနည်းငယ် ကြာပြီဖြစ်သည်။ တစ်ချက်ကြည့်သည်နှင့် မြင်လိုက်ရသည့် သူမဖခင်၏ များစွာ ပိုမိုအိုမင်းနေမှုဟာ သူမကို အနည်းငယ် အပြစ်ရှိစွာ ခံစားရစေ၏။

လွန်ခဲ့သည့် နှစ်အနည်းငယ်က လုယီအပေါ် သူမအနေနှင့် နားလည်နိုင်ပေမယ့် လက်စားချေပြီးပါက သူ့အပေါ် ထိခိုက်မည်အား စိုးသဖြင့် တမင် ရှောင်ဖယ်နေခဲ့သည်။

ယခုအချိန်၌ သူမတွင် ဟန်ကျောက်၏ အကူအညီ ရှိနေပါပြီ။ ဆက်လက်စိုးရိမ်စရာ မလိုတော့ပေ။

“နင်အဆင်ပြေနေတာကို တွေ့ရတော့ ငါစိတ်အေးပါပြီ” လုယီ၏ မုတ်ဆိတ်များက အနည်းငယ် တုန်ခါသွားးသည်။ ဇနီးဖြစ်သူနှင့် ရုပ်ချင်းဆင်လှသည့် သမီး၏မျက်နှာကို ကြည့်ကာ သူ၏မျက်လုံးများကို ပွတ်သည်။

“တောင်းပန်ပါတယ် အဖေ.. အရင်တုန်းက သမီး စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတယ်”

လုယီရွှမ်းဟာ အမှားလုပ်မိသည့် ကလေးမလေးတစ်ယောက်အလား ရှိနေ၏။

“ဆရာ.. ဒီလို ပြန်ဆုံတဲ့ ပျော်ရွှင်စရာနေ့မျိုးမှာ ငိုပဲနေမှာလို့တော့ မပြောနဲ့နော်”

ဟန်ကျောက်က ရှေ့သို့တက်ကာ စနောက်သည်။

“ကောင်စုတ်လေး.. မင်းက အရိုက်ခံချင်နေတာပဲ”

လုယီက ဟာသနှောကာ ပြောဆို၏။ အတိတ်၏ ပုံရိပ်များကြောင့် မြင့်တက်လာသည့် ဝမ်းနည်းမှုတို့ဟာ ချက်ချင်းပင် များစွာ လွင့်ပါးသွားသည်။

“စီနီယာအစ်ကို….”

ယနေ့တွင် ဒေါသကြီးဟာ ကြီးစိုးသည့် ဓါးမိုးခြံဝန်း၏ ခြံဝန်းသခင် ကျန်းမုသဲဟာ လုယီ၏ ရှေ့၌ မူပိုနေတော့၏။

“ဂျူနီယာညီမကျန်း.. ရှားရှားပါးပါး နင်ငါ့ကို မှတ်မိနေသေးတာပဲ”

လုယီက သူမ၏ ဆွဲဆောင်မှုရှိသည့် မျက်နှာကို ကြည့်ကာ မနေနိုင်ပဲ သက်ပြင်းချသည်။

“စီနီယာအစ်ကိုလု.. ဘာဖြစ်လို့လဲ.. ကျွန်မမျက်နှာမှာ တစ်ခုခုရှိလို့လား”

လုယီ၏ အကြည့်ကို တွေ့ရပြီးနောက် ကျန်းမုသဲက မနေနိုင်ပဲ အရေးအကြောင်းအနည်းငယ် ရှိနေပြီးဖြစ်သည့် သူမ၏ မျက်လုံးထောင့်များကို ထိကြည့်သည်။

“ငါ.. အချိန်ရဲ့ အကုန်မြန်မှုကို တွေးမိလိုက်လို့ပါ။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါကတော့ မမှတ်မိနိုင်လောက်အောင် အိုမင်းလာခဲ့ပြီ။ ဒါပေမယ့် နင်ကတော့ အရင်ကလိုပဲနော်”

လုယီက ညင်သာစွာ ပြုံးသည်။ သူဟာ အသက်၇၀ရှိ လူအိုကြီးတစ်ယောက် ဖြစ်နေပြီး ဖြစ်၏။

ဒီဂျူနီယာညီမဟာ သူ့ထက် အသက်တစ်နှစ်သာလျှင် ငယ်ပါသည်။ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်ရှိ အချိန်ဟာ ကြီးစွာ နှေးကွေးသွားခဲ့သည်။ အရင်တုန်းက သူထွက်သွားချိန်က ကဲ့သို့ပင် ရှိနေ၏။

“စီနီယာအစ်ကို.. မနောက်ပါနဲ့.. ရှင်လည်း အများကြီး ပြောင်းလဲသွားတဲ့ပုံ မပေါ်ပါဘူး”

ကျန်းမုသဲ၏ ပုံမှန် စစ်ဘုရင်အဆင့် စိတ်အခြေအနေဟာ လုံးဝ ပျောက်ကွယ်သွားသည့် ပုံပါ။ သူမ၏ အချစ်ဟောင်းကို ပြန်တွေ့ရချိန်၌ မျက်နှာဟာ ပူလောင်လာပြီး ဆယ်ကျော်သက်အရွယ်က လုယီနောက်မှ လိုက်ခဲ့စဉ်တုန်းကကဲ့သို့ ခံစားရသည်။

“အဖေ”

သူတို့နှစ်ဦး၏ ထိုကဲ့သို့ ပုံစံကို တွေ့ရပြီးနာက် လုယင်ရွှမ်းက ပြုံးကာ ပြော၏။

“အရင်ဆုံး အိမ်သစ်ကို သွားကြည့်ရအောာင်လေ.. ဆရာမပြင်ဆင်ထားတာ”

ငယ်ရွယ်စဉ်အချိန်က သူမ နားမလည်ခဲ့ပေ။ အထူးသဖြင့် သိုင်းပညာ အကယ်ဒမီသို့ ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်က ဖြစ်၏။ သူမ၏ ဆရာမဖြစ်သူကိုပင် ဆန့်ကျင်လိုခဲ့သည်။

သို့ပေမယ့် အသက်ကြီးလာသည်နှင့်အမျှ သူမဟာ ပြီးခဲ့တုန်းးက မျိုးဆက်၏ လူများကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

ရံဖန်ရံခါတွင် လူတစ်ယောက်၏ စိတ်ရင်းအမှန်ကို ပိုင်ဆိုင်နိုင်ရန်မှာ လွယ်ကူနေခြင်း မရှိပါ။ ဘဝ၏ ဆယ်စုနှစ် အနည်းငယ်လေး အတွင်းတွင် တန်ဖိုးထားရသည့် အရာများစွာ ရှိပေလိမ့်မည်။

သို့ပေမယ့် နောက်ဆုံးတွင် ကျန်ရစ်နေဆဲ.. စောင့်နေမြဲ.. ရှိနေမြဲ အရာများဟာတော့ အလွန်နည်းပါးလှသည်။

ကျန်းမုသဲက ရှက်ရွံ့သွားပြီး သူမကို စူးစိုက်စွာ တစ်ချက် ကြည့်၏။ ထို့နောက် အပြုံးတစ်ခုနှင့် ပြောသည်။

“စီနီယာအစ်ကို.. သတိမထားမိပဲ လမ်းဘေးမှာပဲ စကားပြောနေမိလိုက်တယ်.. တောင်းပန်ပါတယ်.. ရှင့်အတွက် ပြင်ထားတဲ့ အိမ်သစ်ကို တစ်ချက် သွားကြည့်ရအောင်လေ.. ယင်ရွှမ်းနဲ့ ကျွန်မ အတူတူရွေးထားတာ။ သဘောကျမလားတော့ မသိဘူး”

“ကောာင်းပါပြီ”

လုယီက ခေါင်းညှိတ်သည်။ နှစ်ယောက်သားဟာ ရှေ့ဆုံးမှ ထွက်ခွာသွား၏။

All Chapters