← Chapters

အခန်း (၂၂၃)

Vol. 15 Ch. 223

အခန်း (၂၂၃)

Vol. 15 Ch. 223

တောင်ဖြိုလက်သီး(ပဥ္စမအဆင့် အသေးစားကျွမ်းကျင်မှု ၁၆%)

ယင်ဖင်းလက်ဝါးသိုင်း(ပဥ္စမအဆင့် အသေးစားကျွမ်းကျင်မှု ၁၂%)

လေဟုန်စီးခြေထောက်(ပဥ္စမအဆင့် အသေးစားကျွမ်းကျင်မှု ၁၀%)

သွေးစိတ်ဝိညာဉ် မူဝါဒ(စတုတ္ထအဆင့် အသေးစားကျွမ်းကျင်မှု ၈၇%)

ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်း(ပဥ္စမအဆင့် အကြီးစားကျွမ်းကျင်မှု ၅%)

“ငါသာ အဆင့်မြင့်အဆင့် ဒြပ်စင်ငါးပါးဆေးလုံးနဲ့ အဆင့်မြင့်အဆင့် သွေးချီဆေးလုံးကို သုံးစွဲရင် ကောင်းကင်မြစ်မိုးရဲ့ တန်ပြန်ဓါးသိုင်းနဲ့ ချီတစ်ဆင့် စစ်ဘုရင်အဆင့်ကို ရောက်ဖို့ သုံးလေးလပဲ အလွန်ဆုံး လိုမှာ”

သိုင်းပညာကော်လံကို ကြည့်ကာ ဟန်ကျောက်၏

မျက်လုံးများက လင်းလက်သွားသည်။

အစမ်းရှင်သန်မှုအပြီးတွင် ရရှိသည့် စွမ်းရည်မှတ်ကိုပါ ထည့်တွက်ပါက ဆယ်ရက်လောက်တောင် ဖြစ်နိုင်၏။ ထို့နောက် သူဟာ နောက်ထပ်တစ်နှစ်ကို အသုံးပြုကာ ကျင့်စဉ်များစွာကို စစ်ဘုရင်အဆင့်သို့ ရောက်ရှိအောင် တစ်ခုပြီးတစ်ခု ပြုလုပ်ပြီး နဂါးသွေးဆေးလုံးကို သန့်စင်ရန် ကြိုးစားနိုင်ပါသည်။

သူ၏ အစောပိုင်း တိုက်ခိုက်မှုအတွက် ရလဒ်များကို စစ်ဆေးရန် အနည်းဆုံး အစမ်းရှင်သန်မှု အခွင့်အရေး နှစ်ကြိမ်ရှိ၏။

“ရှပ်၊ ရှပ်၊ ရှပ်”

ထိုအချိန်၌ ခြံဝန်းအတွင်းမှ ခြေသံများ ရုတ်တရက် ပေါ်လာ၏။

ဟန်ကျောက်ဟာ ဆေးပေါင်းအိုးနှင့် ဆေးလုံးများကို အမြန်သိမ်းလိုက်သည်။

“သခင်လေး”

စီကျူး၏ အသံက ထွက်ပေါ်လာ၏။

“ဘာဖြစ်လို့လဲ”

ဟန်ကျောက်က တည်ငြိမ်စွာ မေးသည်။

“အရှင် ရေသံတမန်က သခင်လေးကို ဘေးခန်းမဆီကို ဖိတ်လိုက်ပါတယ်”

“ငါသိပြီ”

“ပြီးတော့ သခင်လေးလန်ကိုလည်း အတူတူခေါ်လာရင် အကောင်းဆုံးပဲလို့ မှာလိုက်ပါတယ်”

“ဟန်”

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားပြီး တံခါးကိုဖွင့်သည်။ စီကျူး၏ စိုးရိမ်စွာ ရှိနေသည့် အသွင်ကို တွေ့ရပြီးနောက် မေး၏။

“ဘာဖြစ်တာလဲ”

“စီကျူးလည်း မသေချာပါဘူး။ ဒုခေါင်းဆောင်က ဘေးခန်းမထဲကို ကြမ်းကြုတ်တဲ့ အသွင်နဲ့ လူတစ်ယောက်ကို ခေါ်လာတာကို တွေ့ပါတယ်။ ပြီးတော့ အထဲမှာ စကားတွေများကြရော။ ရေသံတမန်နဲ့ သစ်သားသံတမန်လည်း ရောက်နေကြပြီ။ ကျေးဇူးပြုပြီး အခုပဲ လိုက်ခဲ့ပါ”

“ကောင်းပြီ။ အဝတ်လဲပြီးရင် ငါလာခဲ့မယ်”

ဟန်ကျောက်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွား၏။ အိမ်ထဲရှိ ဆေးနံ့များကို ပျောက်ကွယ်အောင် လုပ်ပြီးနောက် အနက်ရောင် ဝတ်စုံတစ်ခုကို လဲလှယ်သည်။ ထို့နောက် သူ၏ ကိုယ်ပွားကိုခေါ်ကာ ဘေးခန်းမဆီသို့ ထွက်ခဲ့၏။

“ဆာ.. မလုပ်နဲ့လေ..”

“နင်မကြိုက်ဘူးလား.. ဒါဆုလည်း ထားလိုက်တော့.. သေစမ်း..”

ဟန်ကျောက်ဟာ တံခါးဝဆီသို့ ရောက်ရုံရှိသေး ခန်းမအတွင်းမှ အမျိုးသမီးတစ်ယောက်၏ အသံကို ကြားရသည်။ ထို့နောက် ချက်ချင်းပင် ကြမ်းကြုတ်သည့် ယောကျားသံတစ်ခု ထွက်ပေါ်လာ၏။

နောက်တစ်စက္ကန့်တွင် ဆိုးရွားသည့် အော်သံတစ်ခု လိုက်ပါလာသည်။

ဟန်ကျောက်ဟာ ဘေးခန်းမအတွင်းသို့ လျှောက်ဝင်သွားသည်။ ရှေ့ရှိ မြင်ကွင်းက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေ၏။

ရင်ဘတ်ဗလာတွင် အနက်ရောင်အမွှေးများနှင့် လူလတ်ပိုင်း လူကြီးတစ်ယောက်ဟာ စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေ၏။ သူ၏ လက်များဟာ မလုံမခြုံ အဝတ်အစားများနှင့် လှပသည့် အမျိုးသမီးတစ်ယောက်၏ ရင်ဘတ်ကို ထိုးစိုက်ထားသည်။

ထိုလူက သူ၏လက်ကို ရုတ်သိမ်းကာ အမျိုးသမီး၏ ရင်ဘတ်မှ ခုန်နေဆဲရှိသည့် နှလုံးကို ဆွဲထုတ်သည်။ သွေးများဟာ မြေပြင်ပေါ်သို့ စီးကျကုန်၏။

ရွှေကျင်ဖုန်းနှင့် မုရွှမ်လင်းတို့ဟာ ဘေးတွင် ရပ်နေကြသည်။ သို့ပေမယ့် သူတို့ဟာ မည်သည်ကိုမှ ပြောရဲခြင်း မရှိပေ။

ချန်လော့ဟိုင်မှာတော့ ထိုလူကြီး၏ မျက်နှာချင်းဆိုင်တွင် ပုံမှန် မျက်နှာပေးနှင့်သာ ထိုင်နေ၏။

“ဒါက ဒေါသရေနဂါးဂိုဏ်းရဲ့ သခင်လေးမလား.. မင်းတို့ဂိုဏ်းက မိန်းမတွေက သိပ်ပြီး မနာခံတတ်ဘူးပဲ။ ကျွန်တော် စိတ်လွတ်လသွားလို့ တောင်းပန်ပါတယ်”

လူလတ်ပိုင်းလူကြီးက ဟန်ကျောက်ကို တွေ့ရပြီးနောက် သူ့ကို အပြုံးတစ်ခုနှင့် ကြည့်သည်။

ထိုလူ၏ အကြည့်ကို ခံလိုက်ရသည်နှင့် ဟန်ကျောက်၏ သူ၏ခန္ဓာကိုယ်ရှိ အမွှေးအားလုံး ထောင်ထာလာသည်ဟု ခံစားလိုက်ရသည်။

“သွေးကြောငါးခု ချည်နှောင်မှုအဆင့်က နတ်ဆိုးတစ်ကောင် ဖြစ်သည်။ အလွန်သန်မာ၏။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အနက်ရောင်အလွှာတွင် အဆိပ်တို့ ပါရှိသည်။ သူ့တွင် သင့်အပေါ် မကောင်းသည့် စိတ်ကူးတို့ ရှိနေ၏”

“နတ်ဆိုးလား”

ဟန်ကျောက်၏ နှလုံးသားက တုန်ခါသွားသည်။ သွေးကြောငါးခု ချည်နှောင်မှုအဆင့်မှာ သိုင်းသမားများ၏ ချီသုံးဆင့် စစ်ဘုရင်နှင့် တူညီပါသည်။ သို့ရာတွင် ရှေ့ရှိ နတ်ဆိုးဟာ ဒဏ်ရာရထားသည့် ရှန့်ကွမ်းယွင်ဖေးထက် များစွာ ပိုမိုသန်မာသည်ဟု သူခံစားရ၏။

“ဒါနဲ့.. ဒီနှလုံးသားက နွေးနေတုန်းပဲ။ ကျေးဇူးပြုပြီး မင်းတို့ရဲ့ စားဖိုမှူးကို ချက်ခိုင်းပေးပါ။ ငရုတ်သီးများများထည့်”

လူလတ်ပိုင်း လူကြီးက သူ၏နောက်ရှိ လူဆီသို့ အသည်းကို ပေးလိုက်သည်။ နောက်ရှိ ဆံဖြူနှင့် ခါးကုန်းနေသည့် အဖိုးအိုက ၎င်းကိုယူကာ လျှောက်ထွက်သွား၏။

သူ၏ လေသံအရ တစ်ဖက်လူဟာ စားသောက်ဆိုင်တွင် အစားအသောက် မှာယူနေသကဲ့သို့ ရှိနေပါသည်။ ကြည့်ရတာ ပုံမှန်အတိုင်း လုပ်နေကျ ဖြစ်သည့်ပုံပါ။

“ဒါက”

ဟန်ကျောက်က ရွှေကျင်ဖုန်းကို ခေါင်းလှည့်ကြည့်သည်။

“ဂိုဏ်းသခင်ငယ်.. ဒါက ငရဲကိုးခု စံအိမ်က သံတမန် အရှင်ကျုကန်ရီပါ”

ရွှေကျင်ဖုန်းက လေးနက်စွာ ပြောသည်။

‘ငရဲကိုးခု စံအိမျ’

ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။ အစမ်းရှင်သန်ခြင်း အတွင်းတွင် ထိုကဲ့သို့သောအရာ မရှိခဲ့ပေ။ ဤသည်မှာ အစမ်းရှင်သန်မှု အတွင်းတွင် သူဟာ ဂိုဏ်းသခင်ငယ် မဟုတ်ပဲ ဆေးဖော်စပ်ရာတွင်သာ အာရုံစိုက်နေ၍လား မသိပေ။

“ဂိုဏ်းသခင်ငယ်က ကြည့်ရတာ အရမ်းနူးညံ့ပြီး အရသာရှိတာပဲ”

ကျုကန်ရီက ဟန်ကျောက်ကို ကြည့်ကာ တံတွေးများကို မြိုချသည်။ ဟန်ကျောက်၏ သုံးပါးသော အနှစ်သာရအားဟာ အလိုလို လှည့်လည်လာ၏။ ကိုယ်ပွားက ရှေ့သို့တက်ကာ ဟန်ကျောက်၏ ဘေးသို့ ရောက်လာခဲ့သည်။

“မစိုးရိမ်ပါနဲ့။ မင်းတို့ ဒေါသရေနဂါးဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းက ငါတို့သခင်နဲ့ ဆက်ဆံရေးကောင်းပါတယ်”

ကျုကန်ရီက ပြုံးသည်။ ထက်မြသည့် သွားများက ပါးစပ်အပြည့် ပေါ်လာ၏။

“သံတမန်ကျုကို တွေ့ဆုံပါတယ်”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။

“ဒီကို ဘာကိစ္စနဲ့ လာတာလဲ မသိဘူး”

“ငါဒီကိုလာတာ ဂျမ်ဘူကျွန်းတွေပေါ်မှာ ပေါ်လာတဲ့ ပိုင်ရှင်မဲ့ ဒီဗိုင်းလက်နက်ကြောင့်ပဲ။ မင်းတို့ရဲ့ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ဟောင်းကို သတင်းပို့စရာ ရှိလို့။ ဒါပေမယ့် သူတို့တွေ မရှိပဲနေမယ်လို့ ထင်မထားခဲ့ဘူး။ ဂိုဏ်းသခင်ငယ် အနေနဲ့ မင်းရော တာဝန်ယူနိုင်လား”

ကျုကန်ရီက မတ်တပ်ရပ်ကာ ဟန်ကျောက်၏ နံဘေးသို့ လျှောက်သွားသည်။ ရွှေကျင်ဖုန်းက ဟန်ကျောက်ကို ခေါင်းညှိတ်၏။

“သာမန်ကိစ္စတွေမှာ ငါဆုံးဖြတ်ချက် ချနိုင်တယ်”

ဟန်ကျောက်က ပြောသည်။ ကျုကန်ရီဆီမှ ထွက်ပေါ်လာနေသည့် ထူထဲသည့် သွေးညှီနံ့များကို ခံစားရပြီး အသက်အောင့်ထားလိုက်သည်။

“ဒါဆိုကောင်းတယ်။ အဲ့ဒါဆိုရင် မင်းတို့ရဲ့ ဒေါသရေနဂါး သင်္ဘောတွေထဲက တစ်စီးကို ငါသုံးချင်တယ်။

ကျုကန်ရီက ရှေ့သို့ တိုးလာခဲသည်။

“ရပါတယ်”

“ကောင်းပြီ။ ဂိုဏ်းခေါင်းဆောင်းငယ်က တကယ့်ကို နားလည်တတ်တာပဲ”

ကျုကန်ရီက သွေးပေနေသည့် လက်ကိုဆန့်ကာ ဟန်ကျောက်၏ ပုခုံးကို ပုတ်သည်။

ဟန်ကျောက်ဟာ တိတ်ဆိတ်နေ၏။

“မီးဖိုကိုသွားပြီး ကျွန်တော့ရဲ့ ဟင်းပွဲတွေကို သွားကြည့်လိုက်ပါဦးမယ်”

ကျုကန်ရီက ပြုံးကာ ခန်းမအတွင်းမှ လျှောက်ထွက်သွားသည်။

ချန်လော့ရှန်က နောက်မှ နီးကပ်စွာ လိုက်၏။ ဟန်ကျောက်ကို ဖြတ်သွားချိန်၌ သူက နှာခေါင်းရှုံ့သည်။

ဟန်ကျောက်က အသက်ကို နက်ရှိုင်းစွာ ရှူပြီး ဒေါသကို ချုပ်တည်းထား၏။ ငရဲကိုးခုစံအိမ်၏ ပေါ်လာမှုက သူ့ကို ကြိုတင် လှုပ်ရှားမှုများ ပြုလုပ်ရန် လိုအပ်လာပြီဟု ခံစားရစေသည်။

“ချီ..ချီ..”

ဟန်ကျောက်၏ အင်္ကျီအရှေ့ပိုင်းရှိ ကျုကန်ရီ၏ လက်ဖြင့် ထိထားသည့် နေရာဟာ ရုတ်တရက် အမဲရောင်သို့ စတင်ပြောင်းလာခဲ့သည်။ ရင်ဘတ်မှ လောင်ကျွမ်းသည့် ခံစားချက်တစ်ခု ရေးတေးတေး ပေါ်လာ၏။

“ဗြိ”

ဟန်ကျောက်၏ ပုံစံက ပြောင်းလဲသွားပြီး အင်္ကျီရင်ဘတ်ကို ဆွဲဖြဲလိက်သည်။

သူ၏ အဝတ်များဟာ အမဲရောင် ပြောင်းလဲနေပြီးဖြစ်ကာ ယိုယွင်းပျက်စီးတော့မည့် လက္ခဏာများ ပြသလာ၏။ သူ၏ ရင်ဘတ်နေရာကို ကာကွယ်ထားသည့် အစစ်အမှန်ချီနှင့် အတွင်းအားဟာလည်း ခရမ်းနက်ရောင် ပြောင်းနေပါပြီ။ ညစ်ညမ်းနေသည့် အရောင်များဟာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ တက်လက် ပျံ့နှံ့ဆဲ ရှိ၏။

“ဘုန်း”

ဟန်ကျောက်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ရင်ဘတ်ပေါ်ရှိ အနက်ရောင် အတွင်းအားနှင့် အစစ်အမှန် ချီတို့ဟာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်။ ၎င်းတို့ဟာ ဘေးရှိ နံရံနှင့် ဆောင့်မိပြီး သေးငယ်သည့် အပေါက်ငယ်တစ်ခု ပေါက်ကွဲထွက်သွား၏။

“ဒီကျုကန်ရီရဲ့ ချည်နှောင်အားမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ အဆိပ်တစ်မျိုး ပါဝင်နေတယ်။ အစစ်အမှန်ချီနဲ့ အတွင်းအားကိုတောင် ညစ်ညမ်းစေတာလား”

ဟန်ကျောက်၏ အကြည့်က နံရံပေါ်ရှိ ချိုင့်ငယ်ပေါ်သို့ ကျရောက်သွားသည်။ ချိုင်အလယ်ရှိ အနီရောင် အုတ်နံရံဟာ လျှင်မြန်စွာ မဲနက်လာပြီး ယိုယွင်းကာ အရည်ပျော်တော့မည့် လက္ခဏာတို့ ပြသလာခဲ့သည်။

“ဂိုဏ်းသခင်ငယ်.. အဆင်ပြေရဲ့လား”

ရွှေကျင်ဖုန်းက ရှေ့သို့ တက်လာ၏။

“အဆင်ပြေပါတယ်”

ဟန်ကျောက်က ဆန်မာရု အိတ်အတွင်းမှ ဝတ်စုံသစ်တစ်ခုကို ထုတ်ကာ လဲလိုက်သည်။

“ရေသံတမန်.. ကျုကန်ရီနဲ့ ငရဲကိုးခု စံအိမ်က ဟိုမကောင်းဆိုးရွားဘက်ကပဲ ထင်တယ်”

“ဟူး”

ရွှေကျင်ဖုန်းက သက်ပြင်းချသည်။

All Chapters