အခန်း (၂၁၂)
Vol. 15 Ch. 212
လူတိုင်းဟာ ကွမ်းလင်ဒေသို့ လျှောက်သွားပြီးနောက် ကြီးမားသည့် ခြံဝန်းတစ်ခုဆီသို့ ရောက်ရှိသွား၏။
ဟန်ကျောက်ဟာ လုယီနှင့် ခြံဝန်းသခင်တို့ ပြောဆိုရယ်မောရင်း အနောက်ဘက်ရှိ အဓိကအိမ်အတွင်းသို့ ဝင်သွားပုံကို ကြည့်သည်။
မနေနိုင်ပြ မေးစေ့ကို ပွတ်မိ၏။ ကြည့်ရတာ ဆရာလုဟာလည်း မိန်းမနား ကပ်စားနိုင်ပေမယ့် ခွန်အားကိုသာ မှီခိုတတ်သည့်လူ ဖြစ်ပုံပါ။ သို့ပေမယ့် သူ၏ပုံစံဟာ ပြိုင်ဆိုင်လိုစိတ် ကြီးမားသူနှင့် တူညီခြင်းမရှိပေ။
“ဂျူနီယာမောင်လေး.. ကျေးဇူးပါ”
လုယင်ရွှမ်းက ဟန်ကျောက်ကို စောင့်ကာ ပြောသည်။
“စီနီယာအစ်မက အရမ်းကြီး ယဉ်ကျေးနေပြန်ပါပြီ။ ဒါက ကျွန်တော်လုပ်သင့်တာပါ”
ဟန်ကျောက်က ပြုံးသည်။
“စီနီယာအစ်မနဲ့ ဆရာတို့ တွေ့ရတာတောင် မကြာသေးဘူး။ ပြောစရာစကားတွေ အများကြီး ရှိနေမှာပဲ။ အတူတူလိုက်သွားလေ”
“ကောင်းပါပြီ”
လုယင်ရွှမ်းက ပြုံးကာ ခေါင်းညှိတ်ပြီး အဓိကအိမ်အတွင်းသို့ ဝင်ရောက်သွား၏။
“ဂျူနီယာမောင်လေး.. ကျေးဇူးပါ”
နောက်ရှိ ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်နေသည့် ရှလင်က ဟန်ကျောက်၏ဘေးသို့ လျှောက်လာပြီး လုယင်ရွှမ်း၏ ပုံစံအတိုင်း ပြောသည်။
ဟန်ကျောက်က လှည့်ကြည့်သည်။ ရှလင်ဟာ အဝါရောင် ဖဲသားဝတ်စုံကို လဲလှယ်ဝတ်ဆင်ထား၏။ သူမ၏ သေးငယ်သည့် မျက်နှာလေးက ချောမွေ့ကာ ဆွဲဆောင်မှုပိုလှသည်။
သူမ၏ ခန္ဓာကိုယ်က သေးသွယ်၏။ သို့ပေမယ့် အချိုးအစား ကျကာ ရစ်မူးဖွယ်ကောင်းလှသည်။ ချောင်လည်သည့် အဝတ်များကို ဝတ်ဆင်ထားပေမယ့် သူမ၏ ရင်ဘတ်ဟာ လုံးဝိုင်းကာ မြင့်မားနေဆဲ ရှိသည်။
တောက်ပသည့် မျက်လုံးများကို သိမ်မွေ့စွာ ပုတ်နေ၏။ နူးညံ့ကာ နီဆွေးသည့် နှုတ်ခမ်းများဟာ ထူထဲစွာ ဆွဲဆောင်နေပြီး လူတစ်ယောက်ကို မြည်းစမ်းကြည့်ချင်အောင် ဖြစ်စေသည်။
“ဖြန်း”
“စီနီယာအစ်မလုက နင့်ရဲ့ စီနီယာအစ်မလည်း ဖြစ်တယ်။ သူမစကားကို ပုံတူလိုက်ပြောတာက ရိုင်းပြတာပဲ”
ပတ်ဝန်းကျင်တွင် မည်သူမှ မရှိပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က ရှလင်၏ တင်ပါးကို ရိုက်သည်။
“မောင်လေး”
ရှလင်က နှုတ်ခမ်းဆူကာ ပတ်ဝန်းကျင်အား အမြန်ကြည့်သည်။
ဟန်ကျောက်က သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ အနောက်ဘက်တောင်ပံဘက်သို့ ထွက်ခဲ့၏။
“လာခဲ့.. ကျွန်တော်နဲ့ အိမ်ကိုလိုက်ခဲ့.. ဘယ်လိုပြုမူသင့်တယ် ဆိုတာကို သင်ပေးမယ်”
“မောင်လေး.. သူများအိမ်ကြီးမှာ မကောင်းဘူးမလား.. ပြီးတော့ ဆရာနဲ့ အခြားလူတွေရော…”
ရှလင်၏ မျက်နှာက နီရဲနေပြီး သူ့ကို အံ့ဩစွာ ကြည်သည်။ သူမဟာ ဘယ်လိုလုပ်ပြီး သူလုပ်ချင်သည်ကို မသိပဲ နေမည်လဲ။
“ဆရာပြောတာတော့.. အနောက်ဘက်တောင်ပံမှာ ကျွန်တော့အတွက် အခန်းတစ်ခု ချန်ထားတယ်တဲ့။ ဆရာတို့ကတော့ သူတို့တွေ အနည်းဆုံး နာရီအနည်းငယ်လောက် စကားပြောနှင့်မှာ။ ဒါက မြည်းစရာရှိတာမြည်းဖို့ လုံလောက်တယ်။ နောက်ပြီး..”
ဟန်ကျောက်က ခေါင်းငုံ့ကာ ရှလင်ကို တီးတိုးစွာ ပြောသည်။
“အဲ့ဒါက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ မထင်ဘူးလား”
မှင်သက်စွာနှင့် အခန်းအတွင်းသို့ ဆွဲခေါ်ခံရရင်း ရှလင်၏ ခန္ဓာကိုယ်လေးဟာ ပျော့ခွေလာခဲ့သည်။
တစ်ဖက်တွင်.. စီရင်စုမြို့တော်သို့ လုယီ ရောက်လာသည်ဟု သိရပြီးနောက် လုဟွမ်ရှုံဟာ မြို့တွင်းပိုင်းသို့ ချက်ချင်း သွားရောက်ကာ ယန်မိသားစု၏ခေါင်းဆောင် ယန်ရှယ်နှင့် တွေ့သည်။
“အစ်ကိုယန်.. ဒီလုယီက အရင်တုန်းက မင်းနဲ့ နက်ရှိုင်းတဲ့ ရန်ကြွေးရှိခဲ့တယ်။ အခု သူစီရင်စုမြို့တော်ကို ရောက်လာတယ်။ ကျန်းမုသဲက အခြေအနေ အရပ်ရပ်ကို နားလည်မှာ ဂရုစိုက်မှာ မဟုတ်ဘူး။ လုယီသာ သူမကို လှည့်ဖျားပြီး မင်းနဲ့ ရန်သူတွေဖြစ်လာအောင် လုပ်ရင် မင်းလည်း ခေါင်းကိုက်ရမှာမလား”
“လုယီရဲ့ သမီးကလည်း အသက်၂၅နှစ်ပဲ ရှိသေးတယ်။ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့်ကို ရောက်နေပြီ။ သူ့တပည့်ကလည်း အသက်၂၂နှစ်နဲ့ အတွင်းအားကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့တယ်။ ကြားတာတော့ သူ့ရဲ့ ဆေးပညာ ပါရမီကလည်း အားမနည်းပဲ ဒေါသရေနဂါးဂိုဏ်းက ရွေးချယ်မှုတောင် ပြုပြီးပြီတဲ့”
“မင်းသာ လက်ဦးမှုရယူပြီး မတိုက်ခိုက်ရင် နှစ်အနည်းငယ်အတွင်းမှာ တစ်ဖက်လူရဲ့ လက်ထဲကို ရောက်သွားမှာ ကြောက်ရတယ်”
လုယွမ်ရှုံက မီးလောင်ရာကို လေပင့်ပေးသည်။
အရင်တုန်းက သူဟာ သစ္စာဖောက်ပြီး လုယီ၏ တည်နေရာကို အကျိုးအမြတ်နှင့် လဲလှယ်ကာ ယန်ရှယ်အား ပြောခဲ့သည်။ ယန်ရှယ်သာ တစ်ခုခု ဖြစ်ပါက ပြီးလျှင် ခံရမည့်လူဟာ သူဖြစ်သည်။
ထို့အပြင် သူ၏ ခြေထောက်များဟာ ပြီးခဲ့တုန်းက ချောင်းမြောင်းတိုက်ခိုက် ခံရမှုကြောင့် ကျိုးသွားခဲ့သည်။ ကျန်းမုသဲဟာ လူတစ်ယောက်ငှားပြီး လုပ်ခဲ့တာ ဖြစ်နိုင်၏။
ဤသည်က သူ့ကို သိုင်းအကယ်ဒမီတွင် ခေါင်းမမော့နိုင်အောင် ဖြစ်စေသည်။
“ကျန်းမုသဲကို ငါဂရုမစိုက်ဘူး။ လုယီရဲ့ သမီးနဲ့ တပည့်ကလည်း.. စိုးရိမ်စရာ ဘာမှမဟုတ်ဘူး။ ဒေါသရေနဂါးဂိုဏ်းက ဆေးပညာ ပါရမီ အချို့ရှိတဲ့ တပည့်လေးတစ်ယောက်အတွက် ငါ့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး”
ယန်ရှယ်က ထူးမခြားနားစွာ ပြော၏။
သူဟာ ပြဿနာကို အမြစ်မှ အမှန်တကယ် ဖြေရှင်းလိုပါက ယခုအချိန်အထိပင် စောင့်နေမည် မဟုတ်ပေ။
အရင်တုန်းက လုမိသားစုနှင့် တိုက်ပွဲဟာ အကျိုးအမြတ်အတွက် တိုက်ပွဲတစ်ခုသာ ဖြစ်၏။ ထို့အပြင် သူဟာ ကျန်းမိသားစုနှင့် သိင်းပညာအကယ်ဒမီ၏ ခေါင်းဆောင်တို့ကို လုမိသားစု၏ အခြားအဖွဲ့ဝင်များအား လွှတ်ပေးမည်ဟု ကတိပေးထားခဲ့၏။ သူ၏ စကားကို ပြန်လည်ရုတ်သိမ်းမည် မဟုတ်ပါ။
“အစ်ကိုယန်.. ဖြစ်နိုင်တာက.. မင်းတကယ်ပဲ..”
“ဆက်ပြောစရာ မလိုတော့ဘူး”
ယန်ရှဘ်က လုဟွမ်ရှုံကို ကြားဖြတ်သည်။
“ဒါပေမယ့်..”
“ကျေးဇူးပြုပြီး ပြန်ပါတော့”
“စီနီယာအစ်ကိုယန်က ဂရုမစိုက်မှတော့… ကျွန်တော် မလိုအပ်တာကို လုပ်မိတာပါ။ သွားပါဦးမယ်”
လုဟွမ်ရှုံက ဒေါသထွက်သွား၏။ သို့ပေမယ့် သူဟာ ပေါက်ကွဲရဲခြင်း မရှိပေ။ နောက်သို့လှည့်ကာ ထွက်ခွာသွား၏။
“အရှက်မဲ့တဲ့ လူယုတ်မာကောင်”
ယန်ရှယ်၏ ပုံစံက အထင်သေးစွာ ရှိနေ၏။
လုဟွမ်ရှုံဟာ သူ၏ စီနီယာအစ်ကိုဖြစ်သူကိုပင် အကြိမ်ကြိမ် သစ္စာဖောက်နိုင်လေသည်။ ဒီကောင်ဟာ ကောက်ကျစ်ယုတ်မာကာ သူ၏ အချိန်များကို ဖြုန်းတီးနေရန် စိတ်ကူးမရှိပါ။
လက်ရှိ သူ့အတွက် သူတော်စင်တစ်ယောက် ဖြစ်လာရေးမှ လွဲ၍ အခြားအရာများဟာ သူ၏ နှလုံးသားကို ရိုက်ခတ်နိုင်မည် မဟုတ်ပေ။
လုမိသားစုက လက်စားလာချေမှာကတော့.. လာခဲ့စမ်းပါစေ။ မည်သည်ကို ကြောက်နေရမည်နည်း။
လဝက်ကြာပြီးနောက် အံ့ဩစရာကောင်းသည့် သတင်းတစ်ခုဟာ စီရင်စုမြို့တော် တစ်ခုလုံးတွင် မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားသည်။
ဒေါသရေနဂါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောာင်.. ချီငါးဆင့်စစ်ဘုရင် ရှန့်ကွမ်းယွင်ဖေးက ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို သူ၏ ကိုယ်ပိုင်တပည့်အဖြစ် ခေါ်ယူကာ ဆက်ခံသူအဖြစ် ပျိုးထောင်ပေးချင်ခြင်း ဖြစ်သည်။
ကျောက်တုံးတစ််ခုဟာ ထောင်နှင့်ချီသည့် လှိုင်းများကို ဖြစ်ပေါ်စေ၏။ အဖွဲ့အစည်းကြီး များစွာတို့က စုံစမ်းပြီးနောက် ထိုလူ၏ အမည်မှာ ဟန်ကျောက်ဖြစ်ကြောင်းကို သိလိုက်ရသည်။
အလယ်အလတ်နှင့် အဆင့်နိမ့် သိုင်းသမာများဟာ ပိုမိုကာပင် မနာလိုဖြစ်နေပြီး တစ်ဖက်လူ၏ နေရာကိုပင် အစားထိုးဝင်ရောက်လိုကြသည်။ ဟန်ကျောက်၏ အမည်ကို လူတိုင်းက သိလာခဲ၏။
ဒေါသရေနဂါးဂိုဏ်းဟာ သိုင်းသူတော်စင်တစ်ပါး ရှိသည့် ထိပ်တန်းအဆင့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ဒေါသရေနဂါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်လခြင်းမှာ ခြေတစ်လှမ်းနှင့် ကောင်းကင်ကို ရောက်ရှိသွားသည်ဟု ဆိုနိုင်ပါသည်။
လူထု၏ အမြင်ဝဲဂယက်များစွာ အောက်ရှိ ဟန်ကျောက်ဟာ ဒေါသရေနဂါး သင်္ဘောပေါ်သို့ တက်ကာ ဂျန်ဘူပင်လယ်၏ မြစ်ဝရှိ ဒေါသရေနဂါးကျွန်းဆီသို့ ထွက်ခဲ့သည်။
“ဂိုဏ်းခေါင်းဆောင်ငယ်.. ဒေါသရေနဂါးကျွန်းက အရှေ့မှာပါ”
ဒေါသရေနဂါး သင်္ဘောဟာ ဆိပ်ကမ်းတော့ ကပ်တော့မည့်အချိန်၌ ရွှေကျင်ဖုန်းက ပြုံးသည်။
ဟန်ကျောက်ဟာ ကုန်းပတ်ပေါ်တွင် ထိုင်ကာ ရှေ့ရှိ ကျွန်းကို ကြည့်သည်။ တစ်ချက်ကြည့်သည်နှင့် ကျွန်းပေါ်တွင် အနိမ့်အမြင့် တောင်များကို တွေ့ရ၏။ များပြားလှသည့် အဆောက်အအုံများဟာ အလယ်ရှိ တောင်ပတ်လည်တွင် စုစည်းနေကြသည်။
ရွှေကျင်ဖုန်း၏ စကားအရ ဒေါသရေနဂါးကျွမ်းဟာ ဧက ၃၀၀၀၀ ရှိပါသည်။ ဒေါသရေနဂါး အဖွဲ့ဝင် ထောင်နှင့်ချီကာ ရှိ၏။
အားလုံးတို့ဟာ သိုင်းသမားများ ဖြစ်ကြပြီး သူတို့၏ မိသားစုများဟာ အရေအတွက် ၂၀၀၀၀လောက် ရှိသည်။ သူတို့အားလုံးဟာ နဂါးတောမြစ်၏ ဘယ်ညာနှစ်ဖက်တွင် နေထိုင်ကြသည်။
ဂိုဏ်းသားများ၏ မိသားစုဝင်များဟာ အတူတူ စုစည်းစွာ နေထိုင်ကြသောကြောင့် မြစ်နှစ်ဖက်ရှိ မြို့များကို ရည်ရှည် အေးချမ်းမှု ရရှိစေသည်။ ဒေါသရေနဂါးကျွန်း၏ အနီးအနားတွင် ဒေါသရေနဂါးဂိုဏ်းဟာ စစ်မှန်သည့် ထိန်းချုပ်သူ ဖြစ်သည်။
ကောင်တီမြို့၏ စစ်မိန့်များပင်လျှင် ဒေါသရေနဂါးဂိုဏ်းမှ အထက်ပုဂ္ဂိုလ်များ၏ စကားလောက် အသုံးဝင်ခြင်း မရှိပေ။
ကမ်းကပ်ပြီးနောက် ဟန်ကျောက်ဟာ ဒေါသရေနဂါး ကျွန်းပေါ်သို့ ခြေချသည်။ သူဟာ လာမည့်နှစ်အနည်းငယ်အတွင်းတွင် ဒီနေရာ၌ နေရလောက်ပါသည်။ ဝတ်စုံနက်ဝတ် ကိုယ်ပွားက နောက်မှ နီးကပ်စွာ လိုက်၏။
ယခုအချိန်၌ ဒေါသရေနဂါးဂိုဏ်းတွင် အဖွဲ့နှစ်ခု ပိုင်းခြားထားပါသည်။ ပြဿနာဖြစ်မည်အား ရှောင်ရှားရန် ကိုယ်ပွားမှာ မည်သူဖြစ်သည်ကို ပေါက်ကြားစေလို့ မဖြစ်ပေ။
ဘာပဲဖြစ်ဖြစ် သူ၏ကိုယ်ပွားဟာ ဒေါသရေနဂါးဂိုဏ်း၏ လက်ထောက်ခေါင်းဆောင် ချန်လော့ဟိုင်ကို သတ်ဖြတ်ခဲ့၏။ ထိုသူတွင် ချန်လော့ရှန်ဟု ခေါ်သည့် အစ်ကိုတစ်ယောက် ရှိပြီး ဂိုဏ်းအတွင်းတွင် အလွန် ကျော်ကြားသည်။
“ကြည့်ရတာ.. ဒဏ်ရာအပြင်းအထန်ရထားတဲ့ ရှန့်ကွမ်းယွင်ဖေး.. အခြား အဖွဲ့တွေကို ဆက်ပြီး မဖိနှိပ်နိုင်တော့ဘူး ထင်တယ်”
ဟန်ကျောက်ဟာ ရွှေကျင်ဖုန်း၏ သတိပေးမှုကို ပြန်လည် တွေးတောကာ ကိုယ့်ကိုယ်ကိုယ် စဉ်းစာသည်။
‘တိုက်ခိုက်တာပေါ့.. ပိုကြီးလေ ပိုကောင်းလေပဲ’
ထိုအခါမှသာ ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်သည့် သူဟာ အခြေအနေကို သွားရောက်ပြောင်းလဲဟာ ခေါင်းဆောင်တစ်ယောက် အောင်မြင်စွာ ဖြစ်လာနိုင်မှာပါ။
ထိုအခါ နှစ်ေပါင်း ရာနှင့်ချီကာ သမိုင်းရှိသည့် အဖွဲ့ကြီးတစ်ခုကို လက်လွှဲယူနိုင်မည် ဖြစ်သည်။