အခန်း (၂၁၃)
Vol. 15 Ch. 213
“ခေါင်းဆောင်ငယ်.. မင်းကိုငါ ကြိုပြောထားစရာ ရှိတယ်။ ဂိုဏ်းက လူများစွာမှာ မင်းရဲ့ ဂိုဏ်းချုပ်ရဲ့ တပည့်ရင်းတစ်ယောက် ဖြစ်လာမှုအတွက် မကျေနပ်မှု အများအပြား ရှိနေကြတယ်။
ဒါ့ကြောင့် ပြီးရင် ဒေါသရေနဂါး ခန်းမကို သွားတဲ့အခါ စိန်ခေါ်ခံရနိုင်ချေ ရှိတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့.. မင်းထက် ခွန်အားအဆင့်မြင့်တဲ့ ဘယ်သူမှ တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဆင့်တူ သိုင်းသမားတွေကတော့..”
ရွှေကျင်ဖုန်းက သတိပေးသည်။
“ရေသံတမန်.. စိတ်မပူပါနဲ့။ ဒီလောကကြီးမှာ ကျွန်တော့ကို အဆင့်တူမှာ အနိုင်ယူနိုင်တဲ့ သိုင်းသမား အများအပြား ရှိလိမ့်မယ်။ ဒါပေမယ့် ဒေါသရေနဂါးဂိုဏ်းမှ သေချာပေါက် အများကြီး မရှိပါဘူး”
ဟန်ကျောက်က လက်ကိုဝှေ့ယမ်းသည်။
“သခင်လေးက အရမ်း ယုံကြည်ချက်တွေ ရှိနေကတည်းက ကျွန်တော်လည်း ဘာမှ မပြောတော့ပါဘူး”
ရွှေကျင်ဖုန်းက ပြုံးသည်။ သူဟာ ဟန်ကျောက်၏ မောက်မာမှုအတွက် မကျေနပ်မှု မဖြစ်ပါ။ ဟန်ကျောက်ဟာ အသက်၂၂နှစ်နှင့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက် ဖြစ်လာခဲ့သူ ဖြစ်၏။
သူဟာ ထူးချွန်သူတစ်ယောက်ဟု ယူဆနိုင်နေပြီး ဖြစ်သည်။ အဆင့်နိမ့် ဆေးပညာရှင်လည်း ဖြစ်ရာ ပိုတောင်ဆိုးသေးသည်။
မမောက်ပါက ထူးဆန်းနေပေလိမ့်မည်။
“ရေသံတမန်.. ကျေးဇူးပြုပြီး.. ကျွန်တော် ဒေါသရေနဂါးဂိုဏ်းရဲ့ သိုင်းသခင်တွေ ဘယ်လောက်စွမ်းအားကြီးတာကို တွေ့ချင်ပါတယ်”
ဟန်ကျောက်ဟာ အလယ်ရှိ တောင်ကြောဆီသို့ ထွက်ခဲ့၏။
ဒေါသရေနဂါးကျွန်း၏ အလယ်ရှိ တောင်မှ လမ်းတစ်ဝက်တွင် ထည်ဝါသည့် ခန်းမတစ်ခု ရှိပါသည်။ ဤသည်မှာတော့ ဒေါသရေနဂါး ခန်းမဖြစ်၏။ ဒေါသရေနဂါး ဂိုဏ်း၏ ဌာနချုပ်လည်း ဖြစ်သည်။
ဒီနေရာရှိ မြေမျက်နှာသွင်ပြင်ဟာ မက်စောက်ကာ အပြင်ဘက်မှ ရန်သူများအတွက် တိုက်ခိုက်ရန် ခက်ခဲကာ ခုခံရန်မူ လွယ်ကူလေသ်။
ဒေါသရေနဂါးဂိုဏ်းအား တည်ထောင်ခဲ့သည့် နှစ်ပေါင်းရာချီ အတွင်းတွင် ပျက်စီးရမည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည့် အကြိမ်အနည်းငယ် ရှိခဲ့ဖူးသည်။
သူတို့ဟာ မြစ်ဓါးပြနှင့် ပင်လယ်ဓါးပြများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံခဲ့ရ၏။ သို့ပေမယ့် အားလုံးကို ဒေါသရေနဂါး ခန်းမ၏ အပြင်ဘက်တွင် တားဆီးနိုင်ခဲ့သည်။
ဟန်ကျောက်နှင့် ရွှေကျင်ဖုန်းတို့ဟာ လှေကားကို တက်ရင်းက ခန်းမအပြင်ဘက်ရှိ ကွင်းပြင်ပေါ်သို့ ရောက်ရှိသွားသည်။ ခန်းမနံရံ၏ အပြင်ဘက်ခြမ်းရှိ ဆေဘာ၊ ပုဆိန်နှင့် မြားရာများကို တွေ့ရပြီးနောက် မနေနိုင်ပဲ အံ့ဩသွား၏။
“ဒါတွေကို ပြီးခဲ့တုန်းက ဂိုဏ်းခေါင်းဆောင်က တမင် ချန်ထားခဲ့တာ.. ဂိုဏ်းရဲ့ အနာဂတ် အထက်ပုဂ္ဂိုလ်တွေကို အချိန်တိုင်းမှာ သတိမပြတ် ရှိနေကြစေဖို့ပေါ့”
ရွှေကျင်ဖုန်းက ထိုပုံကို တွေ့ရပြီးနောက် အပြုံးတစ်ခုနှင့် ရှင်းပြသည်။
“ကျွန်တော်သိပြီ။ ပြီးခဲ့တုန်းက ဂိုဏ်းခေါင်းဆောင်က တကယ့်ကို ဉာဏ်ပညာ ကြီးမားတာပဲ”
ဟန်ကျောက်က ရယ်မောကာ ရွှေကျင်ဖုန်း၏ နောက်မှလိုက်ကာ ခန်းမအတွင်းသို့ ဝင်၏။
တံခါးမှ ဝင်လိုက်သည်နှင့် သူဟာ လူပေါင်းရာချီကို ဝင်ဆံ့နိုင်သည့် ခန်းမတစ်ခုအား တွေ့လိုက်ရသည်။
ခန်းမ၏ အတွင်းဘက်ဆုံး နံရံတွင် ၁၀မီတာကျော်သည့် ဒေါသရေနဂါး တစ်ကောာင်၏ အကြွင်းအကျန်များ ရှိပါသည်။ ၎င်း၏ အစွယ်များနှင့် လက်သည်းများဟာ ကြည့်ရတာ အလွန်ကြမ်းကြုတ်၏။
အကြွင်းအကျန်များ၏ အောက်တည့်တည့်တွင် ရွှေရောင် ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသည့် ကျယ်ပြန့်သည့် ထိုင်ခုံတစ်ခု ရှိသည်။
၎င်း၏အပေါ်တွင် ကြေးခွံများ ဖုံးလွှမ်းနေသည့် အနက်ရောင် သားရဲအရေအပြားတစ်ခု ရှိ၏။ ဤသည်မှာ မြွေတစ်ကောင်(သို့) အခြား နတ်ဆိုးသားရဲလား ဟူ၍ ခွဲခြားနိုင်ခြင်း မရှိပေ။ ကျယ်လောင်သည့် ထိုင်ခုံကို ဗဟိုပြုကာ ဘေးနှစ်ဖက်တွင် ထိုင်ခုံငါးခုစီ ရှိ၏။
ခုံဆယ်ခုမှ လေးခုံဟာ လူရှိပြီး ဖြစ်သည်။ အခြား ခြောက်ခုံမှာတော့ ဗလာဖြစ်နေ၏။ ထိုလူများ၏ ခန္ဓာကိုယ်များမှ သွေးချီများဟာ ပြဒါးကဲ့သို့ မြင့်တက်နေ၏။
အားလုံးဟာ စစ်ဘုရင်အဆင့်များ ဖြစ်ကြသည်။ သူတို့၏ နောက်တွင် စွမ်းအားကြီးမားသည့် သွေးချီများနှင့် သိုင်းသမားဆယ်ယောက်ကျော်တို့ နှစ်ဖက်လုံးတွင် ရပ်နေကြသည်။
ထိုလူအများစုတို့ဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်ကြ၏။ အနည်းစုမှာ သွေးချီချိုးဖျက်မှု တတိယအဆင့်တွင် ရှိသည်။ အားလုံးဟာ ကြည့်ရတာ အလွန်ငယ်ရွယ်၏။ သူတိုဟာ ဂိုဏ်းမှ အထက်ပိုင်း ပုဂ္ဂိုလ်များ၏ တပည့်များ(သို့) ဂျူနီယာများ ဖြစ်ပေလိမ့်မည်။
ထိုင်ခုံကျယ်၏ ဘယ်ဘက်ရှိ အနီးကပ်ဆုံး ပထမလူဟာ ကောက်ကျစ်သည့် မျက်နှာအသွင်အပြင်နှင့် အဖိုးအိုတစ်ဦး ဖြစ်သည်။ သူ့တွင် ကောက်ကွေးသည့် နှာခေါင်းတစ်ခု ရှိ၏။
ကြည့်လိုက်သည်နှင့် ချန်လော့ဟိုင်နှင့် အလွန် တကူညီပါသည်။ ထိုလူဟာ ချန်လော့ဟိုင်၏ အစ်ကိုဖြစ်သူ ချန်လော့ရှန် ဖြစ်သည့်ပုံပါ။
‘ချီတစ်ဆင့် စစ်ဘုရင် ပြီးပြည့်စုံခြင်းအဆင့်က တကယ့်ကို အားမနည်းဘူး’
ရှန့်ကွမ်းယွင်ဖေးကို ပိုမိုကာ စိတ်ချလက်ချ ဖြစ်သွားစေရန်အတွက် သူဟာ အဓိကခန္ဓာကိုယ်ကို အလွန်ဆုံး ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ ခွန်အားကိုသာ ထုတ်လွှတ်နိုင်ပါသည်။
ဤသည်မှာ အလွန် ရိုးရိုးကားရား နိုင်နေပြီး ဖြစ်၏။ မဟုတ်ပါက သူဟာ မည်မျှပင် သန်မာနေစေကာမူ တစ်ဖက်လူ၏ မျက်လုံးထဲတွင် သံသယများသာ ပိုမိုကြီးထွားလာမှာပါ။
သူ၏ ကိုယ်ပွားဟာတော့.. မည်သူဆိုတာ ပေါ်သွားပြီး ချန်လော့ရှန် သိသွားမှာ မဟုတ်ပါက မည်သည့် အတားအဆီးမှ ထားစရာမလိုပေ။
“ဒါက ဂိုဏ်းချုပ်ရဲ့ တပည့်သစ်လား”
“သူက ငယ်လိုက်တာ”
“ဒီအဆင့်နဲ့ အတွင်းအားကို ဖမ်းဆုပ်နိုင်တာ တကယ်ပဲ အားမနည်းဘူး”
“ငါကြားတာတော့ သူက အဆင့်နိမ့် ဆေးပညာရှင် တစ်ဦးလည်း ဖြစ်တယ်တဲ့။ သူက အဲ့လောက် စွမ်းဆောင်နိုင်လို့လား”
“အဲ့တော့ဘာဖြစ်လဲ။ ငါတို့ ဒေါသရေနဂါးဂိုဏ်းက အမြဲတမ်း ခွန်အားအပေါ်ပဲ မှီခိုခဲ့တယ်။ ဆေးပညာက အသုံးမဝင်ဘူး”
“အမှန်ပဲ။ အပြင်လူတစ်ယောက်က ငါတို့ခေါင်းပေါ်ကို အလွယ်တကူ တက်ခွတာမျိုးကို စိတ်မကူးသင့်ဘူး”
ရှိနေကြသည့် သိုင်းသခင်များက တိုးညှင်းစွာ ဆွေးနွေးကြသည်။ အများစုတို့ဟာ ဟန်ကျောက်အပေါ် အကောင်းမြင်ခြင်း မရှိသလို အရမ်းကြီးလည်း ငြင်းဆန်ခြင်း မရှိပါ။
သို့ပေမယ့် လက်ထောက်ခေါင်းဆောင်များ အောက်ရှိ သိုင်းသမားများဟာတော့ ခြားနားကြသည်။ သူတို့ လက်ခံရရှိထားသည့် အမိန့်မှာ ဟန်ကျောက်ကို အနိုင်ယူရန် ဖြစ်သည်။
ချန်လော့ရှန်နှင့် အခြား စစ်ဘုရင်အချို့ဟာ ကောလဟာလ အချို့ကို ကြားးသိခဲ့ပြီး ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်နှင့် ဂိုဏ်းခေါင်းဆောင်ဟောင်းတို့ဟာ ဒဏ်ရာအပြင်းအထန် ရထားသည့် ပုံပါ။
ယခုအချိန်၌ သူတို့ဟာ ဒဏ်ရာများကို ဖိနှိပ်ရန် နည်းလမ်းများကို ရှာဖွေနေရသည်။ ထို့ကြောင့် ဆေးသန့်စင်ရန်အတွက် အဆင့်မြင့်အဆင့် ဆေးပညာရှင်ကို ရှာရဲခြင်း မရှိပေ။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ ရန်သူအဖွဲ့များဟာ ဒေါသရေနဂါးဂိုဏ်းတွင် အထက်ပိုင်း တိုက်ခိုက်ရေးသမားများ လစ်ဟာနေသည်ဟု ကြေငြာလိုက်သကဲ့သို့ ဖြစ်သွားမှာပါ။
သို့ပေမယ့် ကောလဟာလဟူသည့် အတည်ပြုရန် လိုအပ်၏။ ချီငါးဆင့် စစ်ဘုရင်နှင့် သိုင်းသူတော်စင်တို့၏ ခွန်အားကို တစ်ခါတည်း စမ်းသပ်ကြည့်လိုသည့် မည်သူမှ စိတ်ကူးမရှိပါ။
ဂိုဏ်းခေါင်းဆောင်၏ တပည့်အသစ်ဟာ ထူးချွန်သည့် ကျင့်ကြံခြင်း ပါရမီနှင့် ဆေးပညာ ပါရမီတို့ ရှိ၏။
သူတို့ဟာ ဂိုဏ်းချုပ်က အဘယ်ကြောင့် လူသစ်တစ်ယောက် တပည့်လက်ခံခဲ့သနည်းဟု စမ်းသပ်ကြည့်ရန် ပြင်ဆင်ပြီး ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် စစ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဟာ တစ်ဖက်ရန်သူ အင်အားစုနှင့် တိုက်ရိုက် ပက်သက်ခြင်းသာ မဟုတ်ပါက မည်သည်ကို လုပ်လုပ် ပြဿနာတက်မည် မဟုတ်ပေ။ ဒေါသရေနဂါးဂိုဏ်းဟာ အမြဲတမ်း ထိုကဲ့သို့ ဖြစ်၏။
ဒေသသံတမန် ငါးယောက်တို့အတွင်းတွင် ရေသံတမန်နှင့် သစ်သားသံတမန်တို့ကိုသာလျှင် ပြီးခဲ့တုန်းက ခေါင်းဆောင်ဟောင်းက တစ်နှစ်ပတ်လုံး တန်ဖိုးထားခဲ့သည်။ ကျန်လူများအားလုံးမှာ အပြင်လူများ ဖြစ်၏။
ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ဟောင်းသာ အမှန်တကယ် ဒဏ်ရာအပြင်းအထန် ရထားပါက သူတို့ဟာ ထွက်ပေါက်တစ်ခုကို ကြိုတင်စဉ်းစားရန် လိုအပ်ပါသည်။ အကြိမ်အများစုတို့တွင် မြင့်မားထည်ဝါသည့် တောများဟာ အတွင်းထဲမှ စတင်ပျက်စီးတတ်သည်။
အကျိုးအမြတ် ခွဲဝေမှုဟာ အထက်ပုဂ္ဂိုလ်များကို ကျေနပ်မှု မရှိစေပါက အဖွဲ့အစည်းတစ်ခုဟာ မည်မျှပင် စွမ်းအားကြီးနေစေကာမူ ပြိုလဲသွားမှာ ဖြစ်သည်။
ဒေါသရေနဂါးဂိုဏ်းလည်း ထိုကဲ့သို့ ဖြစ်၏။
“လူတိုင်းပဲ.. ဒါကတော့ ဂိုဏ်းခေါင်းဆောင်ရဲ့ တပည့်သစ်.. ဟန်ကျောက်ပါ”
ရွှေလင်ဖုန်းဟာ ဟန်ကျောက်ကို လူအုပ်၏ ရှေ့သို့ ခေါ်လခဲ့ပြီး လူတိုင်းနှင့် သူ့ကို မိတ်ဆက်ပေပးသည်။
“အစ်ကိုဟန်.. ဒါက ကျွန်တော်တို့ရဲ့ ဒုခေါင်းဆောင် ချန်လော့ရှန်ပါ။ သူက အနက်ရောင် အဆင့်ပြဇယားမှာ အဆင့်ကိုးချိတ်တယ်။ အဆုံးမဲ့တောင်လို့ လူသိများတယ်။ ဒီကိုလာပြီးနှုတ်ဆက်လိုက်”
သူက ပြောရင်းနှင့် ဟန်ကျောက်ကို ချန်လော့ရှန်ဆီသို့ ခေါ်သွားပြီး ပြုံးသည်။
“လက်ထောက် ဂိုဏ်းခေါင်းဆောင်ကို တွေ့ဆုံပါတယ်”
ဟန်ကျောက်က လေးစားစွာ ဦးညွှတ်သည်။
“အင်း”
ချန်လော့ရှန်က ထူးမခြားနားစွာ ပြော၏။
“ညီလေးဟန်… ဒါကတော့ သစ်သားသံတမန် မုရွှမ်လင်းပါ” ရွှေကျင်ဖုန်းက ဆက်လက်ကာ မိတ်ဆက်ပေးသည်။
“သစ်သားသံတမန်မုကို တွေ့ဆုံပါတယ်”
ဟန်ကျောက်က ဦးညွှတ်လိုက်ပြန်၏။ သူ၏ရှေ့ရှိ လူလတ်ပိုင်း လူကြီးဟာ စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကို ကြင်နာစွာ ပြန်ပြုံးပြသည်။ ရှင်းလင်းစွာပင် ဂိုဏ်းခေါင်းဆောင်ဘက်မှ အဖွဲ့သားတစ်ယောက် ဖြစ်၏။
“ညီလေးဟန်က ယဉ်ကျေးလွန်းနေပါပြီ”
မုရွှမ်လင်းက ပြုံးကာ လက်သီးနှစ်ဖက်ကို ပြန်လည်မိုးသည်။
“ဒါကတော့ သတ္တုသံတမန်..”
“ရွှေကျင်ဖုန်း.. ဂျူနီယာတစ်ယောက်က ဘယ်လိုလုပ်ပြီး ငါတို့ကို အစ်ကိုလို့ခေါ်ဖို့ ထိုက်တန်မှာလဲ။ သူက ဂိုဏ်းခေါင်းဆောင်ငယ် မဖြစ်သေးဘူး။ ဒီလောက် လိုက်ဖားနေတာ စောလွန်းသေးတယ်မလား”
ရိုင်းပြသည့် အသံတစ်ခုက ရွှေကျင်ဖုန်းကို ကြားဖြတ်လာ၏။