အခန်း (၂၁၄)
Vol. 15 Ch. 214
ဟန်ကျောက်က အသံလာရာဆီသို့ လှည့်ကြည့်သည်။ ပြောလိုက်သည့်လူမှာ ထိုင်ခုံဆယ်ခုမှ အစွန်ဆုံးခုံတွင် ထိုင်နေသည့်လူ ဖြစ်၏။
သူဟာ အသက်၂၀ကျော်ရုံ ရှိပုံပေါ်ပြီး အလွန်ချောမောသည်။ သို့ရာတွင် ပိုမိုကာပင် လွန်ကျူးနေသည်မှာ သူ၏ လည်ပင်းအောက်ရှိ ခန္ဓာကိုယ်ဟာ ဦးခေါင်းနှင့် လုံးဝ အချိုးအစားမမျှခြင်း ဖြစ်သည်။
ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် သူ၏ခန္ဓာကိုယ်ဟာ အသားတောင်တစ်ခုကဲ့သို့ ရှိနေပါသည်။
သူ၏ ကုလာားထိုင်ဟာ ရှင်းလင်းစွာပင် အရွယ်အစား ပိုမိုကြီးမား၏။ သို့ပေမယ့် လက်ရန်းများဟာ သူ၏ ခန္ဓာကိုယ်နှင့် တိုက်မိနေဆဲ ရှိသည်။
ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ဒီဖက်တီး၏ ပုံစံဟာ အဆီများဖြင့် ဖုံးလွှမ်းနေပုံ ရှိပေမယ့် သူခံစားလိုက်ရသည်မှာ အားလုံးဟာ သွေးချီများ မြင့်တက်စွာ ရှိနေပါသည်။
‘ဘယ်လောက်စွမ်းအားကြီးတဲ့ သွေးချီလဲ.. ငါသာ ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ကို သုံးပြီး သူ့ကို ခြောက်သွားတဲ့အထိ စုပ်လိုက်ရရင်.. သွေးချီတွေ အများကြီး ရလာမှာ’
“ညီလေးယန်.. မင်းရဲ့စကားက နည်းနည်းလွန်သွားပြီမလား”
မုရွှမ်လင်းက အပြုံးတစ်ခုနှင့် ပြောည်။
“သူက မြေသံတမန် ယန်ရှိန်”
ရွှေကျင်ဖုန်းက ဟန်ကျောက်၏ နားထဲသို့ တိုးညှင်းစွာ ရှင်းပြသည်။ သူဟာ ယန်ရှိန်၏ လှောင်ပြောင်မှုကို ဂရုမစိုက်သည့်သဖွယ် ရှိနေ၏။
“ငါက အမှန်ကို ပြောရုံပဲ”
ယန်ရှိန်က အေးစက်စွာ ပြောသည်။
“အစ်ကိုရွှေနဲ့ ငါက ဒီညီငယ်လေးကို ပထမဆုံး တွေ့လိုက်ကတည်းက သဘောကျသွားတာ။ ဒါ့ကြောင့် ပိုပြီး ရင်းနှီးချင်နေတာ.. မင်းဘာသာ မရင်းနှီးချင်ရင် ဘယ်သူမှ မင်းကို အတင်းမတိုက်တွန်းဘူး။ ဘာလို့ ဒီလောက်အထိ ပြောရတာလဲ”
မုရွှမ်လင်းက အပြုံးတစ်ခုနှင့်ပင် ပြောကာ သူဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးသူနှယ် ရှိနေ၏။
“သစ်သားသံတမန်.. မင်းပြောတာ မှားနေပြီ.. အငယ်နဲ့ အကြီးအကြားမှာ ရှင်းလင်းတဲ့ ခြားနားချက်တွေ ရှိတယ်။ စည်းမျဉ်းက စည်းမျဉ်းပဲ”
ချန်လော့ရှန်က အသံနိမ့်စွာ ပြော၏။
“အာ.. ဒေါသရေနဂါးဂိုဏ်းရဲ့ စည်းမျဉ်းက.. ခွန်အားကြီးသူကို လေးစားတာ မဟုတ်ဘူးလား”
ထိုအချိန်၌ ပဟေဋိဖြစ်သံတစ်ခု ပေါ်လာ၏။
“ဆွစ်”
မြင်ကွင်းထဲရှိ သိုင်းသမား ဆယ်ယောက်ကျော်တို့ဟာ ရွှေကျင်ဖုန်း၏ ဘေးရှိ ဟန်ကျော်ကို ကြည့်လိုက်ကြသည်။
“ကောင်လေး.. မင်းဘာပြောတာလဲ”
ချန်လော့ဟိုင်၏ ပုံစံက မဲမှောင်သွားပြီး သူ၏ မျက်လုံးများက ပြူးကျယ်သွားသည်။ စစ်ဘုရင်များ စကားပြောနေချိန်တွင် ခွန်အားသန့်စင်ခြင်းအဆင့် စောက်ကောင်လေးတစ်ယော်က ဝင်ပါရဲမည်ဟု ထင်မထားခဲဲ့ပေ။
“ညီလေးဟန်.. မင်း..”
ရွှေကျင်ဖုန်းလည်းပဲ မှင်သက်သွား၏။
သူ၏ မူလအစီအစဉ်အရ ချန်လော့ရှန်က ဦးဆောာင်သည့် လူစုက ဟန်ကျောက်ကို ခက်ခဲအောင် ပြုလုပ်လောက်ပါသည်။ ပြီးနောက် သူတို့ဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမား အနည်းငယ်ကို ရှေ့ထွက်ခိုင်းကာ ခွန်အားကို စမ်းသပ်မည် ဖြစ်၏။
နောက်ဆုံးတွင် သူနှင့် သစ်သားသံတမန်တို့က ရှေ့တက်ဖြန်ဖြေကာ ဒီကိစ္စကို အဆုံးသတ်စေမည် ဖြစ်သည်။
ဒီကောင်လေးဟာ ဘယ်လိုလုပ်ပြီး စည်းမျဉ်းအတိုင်း လုံးဝ မလုပ်ရသနည်း။
“မောက်မာလိုက်တာ.. မင်းကိုငါ သင်ခန်းစာတစ်ခု သင်ပေးမယ်”
ယန်ရှိန်က အော်လိုက်ကာ ရုတ်တရက် သူထိုင်နေသည့် ထိုင်ခုံကို လက်ဖြင့်ရိုက်လိုက်သည်။ ခန္ဓာကိုယ်ဟာ လေထဲသို့ မြောက်တက်သွားပြီး ကိုယ်ပေါ်ရှိ အဆီတုံးများဟာ လေထဲတွင် ပြင်းထန်စွာ တုန်ခါနေ၏။
ထို့နောက် ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံးဟာ တဂျွတ်ဂျွတ်မြည်ကာ ပေါက်ကွဲထွက်လာခဲ့သည်။ ပူဖောင်းတစ်ခုကဲ့သို့ အရူးအမူး ကြီးထွားလာခဲ့၏။
မျက်စိတစ်မှိတ် အတွင်းတွင် သူ၏ကိုယ်ပေါ်ရှိ အဆီများဟာ မာကြောကာ ကြီးမားလှသည့် ကြွက်သားများအဖြစ် ပြောင်းလဲဿွားသည်။ အရပ်ဟာ ချက်ချင်းပင် ၂မီတာကို နီးသွား၏။
ခန္ဓာကိုယ်တစ်ခုလုံးကို အစိမ်းရောင် သွေးကြောများက ဖုံးလွှမ်းနေပြီး သူ့ကို အလွန်ကြမ်းကြုတ်ကာ ပုံမှန်မဆန်အောင် ထွားကြိုင်းသည့် လူ့ဘီလူးတစ်ကောင်သဖွယ် ပြောင်းလဲသွားစေသည်။ ယန်ရှိန်က လက်ချောင်းများကို လက်သီးများအဖြစ် ဆုပ်လိုက်သည်။ ရုတ်တရက် ထိုးလိုက်၏။
အနက်ရောင် အတွင်းအားက သူ၏ လက်သီးတွင် စုစည်းလာခဲ့သည်။ ကြောက်စရာကောင်းသည့် စွမ်းအားဟာ လေထုကို မိုးထစ်ချုန်းသကဲ့သို့ ဖိနှိပ်လာ၏။
“ဗာဂျရာအကာအကွယ်”
ဟန်ကျောက်၏ နောက်ရှိ ဝတ်စုံနက်နှင့် ကိုယ်ပွားက လေထဲသို့ ခုန်ကာ ရုတ်တရက် လက်နှစ်ဖက်ကို ဖြန့်ကျက်လိုက်သည်။ သန့်စင်သည့် ရွှေဖြင့် ပြုလုပ်ထားသည့် မဖျက်ဆီးနိုင်သည့် ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
“ဘုန်း”၏
လက်သီးနှင့် လက်ဝါးတို့ တွေ့ဆုံကြပြီး ပြင်းထန်သည့် အတွင်းအားနှင့် အစစ်အမှန်ချီတို့ အရူးအမူး ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သည့် လေများ သူတို့နှစ်ဦးကို ဗဟိုပြုကာ ခန်းမအတွင်း၌ ဖြန့်းကျက်သွား၏။
စားပွဲများ၊ ကုလားထိုင်များနှင့် အခြား တန်ဖိုးကြီး သစ်စားပရိေဘာဂ မျိုးစုံတို့ဟာ ထိုကြီးမားသည့် အားအောက်တွင် ပျက်စီးကုန်၏။ သိုင်းသခင်အဆင့် ဆယ်ယောက်ကျော်တို့လည်း ဆုတ်ခွာသွားရသည်။
စစ်ဘုရင်အဆင့် အနည်းငယ်သာလျှင် စူးရှသည့် လေနှင့် လေစီးကြောင်းများကို ရင်ဆိုင်ကာ အတွင်းအားဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ထားသည်။ နေရာတွင် ရပ်နေနိုင်ကြ၏။
ရွှေကျင်ဖုန်းက လန့်သွားသည်။ သူက အစစ်အမှန်ချီနှင့် အတွင်းအားတို့ကို အသုံးပြုကာ သူ၏နောက်ရှိ ခေါင်းဆောင်၏ ထိုင်ခုံကို ကာလိုက်တော့မှာပါ။ လေစီးကြောင်းဟာ သူနှင့် ဟန်ကျောက်တို့ဆီသို့ ရောက်ခါနီး၌ ၈၀၊ ၉၀%လောက် အားနည်းသွားပြီ ဖြစ်ကြောင်းကို နားလည်လိုက်၏။ လေညှင်းတစ်ခုသာ ကျန်ရစ်သည်။
“ဘုန်း”
တုတ်ခိုင်သည့် လူ့ဘီလူးကြီးအဖြစ် ပြောင်းလဲခဲ့သည့် ယန်ရှိန်ဟာ နောက်သို့ လွင့်စင်သွားသည်။ သူ၏ ခန္ဓာကိုယ်ဟာ ခန်းမ၏ အဝင်ဝရှိ သံတံခါးနှင့် လေးလံစွာ ဝင်ဆောင့်၏။ ကြီးမားးသည့် ချိုင့်ကြီးတစ်ခု ဖြစ်သွားစေသည်။
ထို့နောက် သူဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအချိန်၌ ကိုယ်ပွားက သူ၏ရင်ဘတ်ရှိ မည်သည်မှမရှိသည့် ဖုန်များကို လက်ခုံဖြင့် ညင်သာစွာ သပ်ချ၏။ သတ္တုပွတ်တိုက်သံတစ်ခု ပေါ်လာခဲ့သည်။
“မဖျက်ဆီးနိုင်တဲ့… ဗာဂျရာဒီဗိုင်းအတတ်လား”
“မင်းက လန်ဖန်းယွင်လား”
မြင်ကွင်းအတွင်းရှိ စစ်ဘုရင်များ၏ ပုံစံများက ကြီးစွာ ပြောင်းလဲသွားသည်။
“မင်း.. မင်းဘယ်လိုလုပ်ပြီး ဒေါသရေနဂါး နန်းတော်ထဲမှာ တိုက်ခိုက်ရဲတာလဲ”
“သူ့ကိုသတ်ကြ… လက်ထောက်ဂိုဏ်ခေါင်းဆောင်အတွက် လက်စားချေကြ”
“လူတိုင်းပဲ.. အတူတူတိုက်ခိုက်ကြ”
ထိုအချိန်၌ အနောက်ဘက်တွင် ပုန်းအောင်းနေသည့် သိုင်းသခင်ဆယ်ယောက်ကျော်ထဲမှ တစ်ယောက််က မီးလောင်တုန်း လေပင့်ပေးသည်။
ချက်ချင်းပင် လူအုပ်ဟာ ဒေါသထွက်လာကြ၏။ သို့ရာတွင် ကိုယ်ပွားက ပတ်ဝန်းကျင်ကို ရွှေရောင် မျက်လုံးများဖြင့် ကြည့်ချိန်၌ ဒီလူများဟာ ချက်ချင်းပင် ဇာတ်ပုသွားကြသည်။
“ရွှေကျင်ဖုန်း.. ဘာဖြစ်တာလဲ.. လန်ဖန်းယွင်က ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ဒီကောင်လေးနဲ့ ပေါ်လာရတာလဲ”
ချန်လော့ရှန်က မေးခွန်းထုတ်သည်။
“ဒါက..” ရွှေကျင်ဖုန်း၏ ပုံစံက အေးခဲသွားပြီး ဟန်ကျောက်ကို ကြောင်တောင်စွာ ကြည့်သည်။ ဒီကောင်လေးဟာ ကျွန်းဆီသို့ လာစဉ်က အခြားလူများက ခက်ခဲအောင် လုပ်မည်အား ကြောက်ရွံ့ခြင်းမရှိပဲ ပြောခဲ့တာ အံ့ဩစရာ မရှိပေ။
ဒေါသရေနဂါးဂိုဏ်းတွင် သူ့ကို အနိုင်ယူနိုင်သည့် သိုင်းသခင် အများကြီးမရှိဟု ပြောခဲ့တာ အံ့ဩစရာ မရှိပေ။
လန်ဖန်းယွင်သာ မဖျက်ဆီးနိုင်သည့် ဗာဂျရာဒီဗိုင်းအတတ်ကို အသုံးပြုပါက သူကဲ့သို့ ချီနှစ်ဆင့် စစ်ဘုရင်ပင်လျှင် သေချာပေါက် အနိုင်ယူနိုင်မည်ဟု ပြောရဲခြင်းမရှိပါ။ ဒီကောင်လေးဟာ အလွန် မောက်မာလှပါသည်။
“အစ်ကိုလန်က လက်ထောက်ခေါင်းဆောင် ချန်လော့ဟိုင်ကို သတ်ခဲ့တယ်ဆိုတာ မျှတတဲ့ တိုက်ပွဲနဲ့ပဲ။ ဒါက သိုင်းလောကရဲ့ စည်းမျဉ်းကို ချိုးဖျက်ရာကျလို့လား”
ဟန်ကျောက်က ရှေ့သို့တက်ကာ ပြောသည်။
“တစ်ခုခုကို ခင်ဗျားအတွေးမှားနေပြီ ထင်တယ်။ ဒေါသရေနဂါးဂိုဏ်းကို ကျုပ်လာခဲ့တာက ဂိုဏ်းခေါင်းဆောင်က ကျုပ်ကို ဖိတ်ခေါ်လို့ပဲ”
“သူကသာ ကျုပ်ကို တပည့်အဖြစ် လက်ခံချင်ခဲ့တာ ဖြစ်တယ်။ ကျုပ်က သူ့ကို တောင်းဆိုခဲ့တာ မဟုတ်ဘူး”
“မင်းတို့ရဲ့ စောက်ချီးထုပ် စည်းမျဉ်းတွေဆိုတာ.. ငါ့ကို အပြင်လူတစ်ယောက်ဆိုပြီး အခွင့်အရေးရတုန်း ခက်ခဲအောင် လုပ်ဖို့ပဲ”
“ဒီလောကကြီးမှာ သန်မာတဲ့လူက လေးစားခံရတယ်။ သန်မာတဲ့လူရဲ့ စည်းမျဉ်းက စည်းမျဉ်းပဲ”
ဟန်ကျောက်က စကားဆုံးတော့မည် အပြုတွင် သူ၏ ကိုယ်ပွားဟာ နောက်သို့လှည့်ပြီး ချန်လော့ရှန်ဆီသို့ လျှောက်သွား၏။
“မင်းဘာလုပ်မလို့လဲ”
လန်ဖန်းယွင်၏ ခန္ဓာကိုယ်မှ ကြီးစိုးလှသည့် အတွင်းအားနှင့် အစစ်မှန်ချီတို့ကို ခံစားကာ ချန်လော့ရှန်ဟာ နောက်သို့ အလိုလို ခြေတစ်လှမ်း ဆုတ်မိသွားသည်။ သို့ရာတွင် သူဟာ လျှင်မြန်စွာ တုံ့ပြန်လာပြီး မာကြောစွာ ပြော၏။
“မင်းလို.. အပြင်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒေါသရေနဂါး ခန်းမထဲမှာ တိုက်ခိုကရဲတာလဲ။ မင်းက ငါ့ကိုဒေါသရေနဂါးဂိုဏ်းကို အလေးအနက် လုံးဝ မထားဘူး”
“ကြည့်ရတာ မင်းလည်း မတိုက်ခိုက်ရဲဘူးပဲ”
ဟန်ကျောက်ဟာ ကိုယ်ပွား၏ ဘေးသို့ လျှောက်သွားကာ ချန်လော့ရှန်ကို ပြုံးပြသည်။
ပြီးခဲ့တုန်းက အစမ်းရှင်သန်မှု နှစ်ကြိမ်တွင် သူဟာ ပိုမိုကာပင် ရဲတင်းပြီး ချန်လော့ရှန်ကို သတ်ဖြတ်လုနီးပါး ဖြစ်သွားခဲ့၏။ ရှန့်ကွမ်းယွင်ဖေးဟာ သူ၏ ရပ်တည်ချက်ကို ပြသရုံသာ ရှိခဲ့သည်။ ယခုက ဘာမှမဟုတ်ပေ။
သူဟာ ဒီနေရာကို ဒေါသရေနဂါးဂိုဏ်း၏ ခေါင်းဆောင်လုပ်ရန် လာခဲ့ခြင်း ဖြစ်၏။ အနိုင်ကျင့်ခံဖို့ မဟုတ်ပေ။ ဒီလူများက သူ့ကို အရေးမကြီးသည့် လူတစ်ယောက်ဟု အမှန်တကယ် ထင်နေပါက သူ့အနေနှင့် အလိုလိုက်ထားမည် မဟုတ်ပေ။
ထို့အပြင် ရှန့်ကွမ်းယွင်ဖေးအတွက် သူဟာ စိတ်အချရဆုံး ဖြစ်၏။