အခန်း (၂၁၆)
Vol. 15 Ch. 216
“ဂျင်ဆင်း၊ ခွေးသစ်သား၊ အဝါရောင်ကျောက်ပန်းရည်၊ နဂါးသွေးမြက်..”
သူက ပထမဆုံး ဆေးပင်ကိုးခုတို့ကို ရွေးကာ သူ၏ဘေးတွင် ထားလိုက်သည်။ ထို့နောက် လိုအပ်သည့်အတိုင်း လှီးဖြတ်၏။
ဟန်ကျောက်၏ အကြမ်းထည်နိုင်သည့် လုပ်ပုံကိုင်ပုံနှင့် ဆေးခွဲပုံတို့ကို ကြည့်ကာ ယန်ကျင်းဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သို့ပေမယ့် မည်သည်ကိုမှ မပြောပေ။
ရွှေကျင်ဖုန်း၏ ပုံစံက ပြောင်းလဲသွား၏။ ထို့နောက် ဟန်ကျောက်ဟာ မီးသွေးကို ကိုယ့်ဘာသာထုတ်ကာ ဆေးပေါင်းအိုးကို အပူပေးလိုက်သည်။ ထို့နောက် ဆေးပင်များကို တစ်ခုပြီးတစ်ခု စတင်ထည့်၏။
သူဟာ အတွင်းအားနှင့် အစစ်အမှန်ချီကို အသုံးပြုပြီး ဆေးပေါင်းအိုးအတွင်းရှိ မီးကို ထိန်းချုပ်သည်။ ဆေးပင်များ၏ အဆီအနှစ်ကို ထုတ်ယူ၏။
မကြာခင် ဆေးပေါင်းအိုးဟာ လောင်ကျွမ်းသည့် ရနံ့တစ်ခု ထွက်ပေါ်လာ၏။ ဟန်ကျောက်က နောက်သို့လှည့်ကာ ယန်ကျင်းကို ကြည့်သည်။ တစ်ဖက်လူ၏ မျက်ခုံးများ ကြုံ့နေမှုကို တွေ့ရပြီးနောက် မနေနိုင်ပဲ နေရခက်စွာ ရယ်၏။
“တောင်းပန်ပါတယ်.. ကျွန်တော် စိတ်လှုပ်ရှားနေလို့”
သူဟာ တမင် ကျရှုံးအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ သို့ပေမယ့် အလွန် မြန်ဆန်မည်ဟု ထင်မထားခဲ့ပေ။ ထို့နောက် ဆေးသန့်စင်မှုကို ချက်ချင်း ဆက်လက်လုပ်ဆောင်ခြင်း မပြုပါ။
အဲ့ဒီအစား ခံစားချက်များကို တည်ငြိမ်စေပြီးမှ ဆေးပေါင်းအိုးကို ဆက်လက်ဖွင့်၏။ ဒီတစ်ကြိမ်၏ ကျရှုံးမှုဟာ ပိုမိုရှည်ကြာလာခဲ့သည်။ တတိယမြောက် အကြိမ် ကျရှုံးသည်။ စတုတ္ထမြောက်အကြိမ် ကျရှုံးသည်။….
အတ္ထမမြောက် အကြိမ်တွင် ဆေးပေါင်းအိုးဟာ ဆေးရနံ့တစ်ခု ထွက်ပေါ်လာ၏။ အောင်မြင်ခြင်း ဖြစ်သည်။
‘အဆင့်နိမ့်အဆင့် ချီအားဖြည့်ခြင်း ဆေးလုံးလေးခု’
“ဟူး..”
ဟန်ကျောက်ဟာ စိတ်သက်သာရာ ရသွား၏။ သူဟာ ထိပ်မံကျရှုံးဦးမလို့ပါ။ သို့ပေမယ့် အရမ်းကြီး တမင်ဆန်သွားလို့ မရပေ။ အောင်မြင်ပြီးသည့်တိုင် အလယ်အလတ် ဆေးလုံးများ ပေါ်လာစေလို့ မရပါ။ ဤသည်မှာ သူ့အတွက် အလွန်ခက်ခဲလှ၏။
“ဆက်လုပ်”
ယန်ကျင်းက ဟန်ကျောက်၏ အနားယူမှုကို ခဏတာ စောင့်နေပြီးနောက် ချီအားဖြည့်ခြင်း ဆေးပင် နှစ်စုံစာကို ယူကာ ပေးသည်။
“ကျေးဇူးပါ”
ကိုးကြိမ်မြောက်ဟာ ကျရှုံးသည်။ ဆယ်ကြိမ်မြောက်တွင် ဆေးလုံးအဖြစ် စုစည်းမှု ကျရှုံးပြီး ဆေးအာနိသင် တစ်စိတ်တစ်ပိုင်းသာ ပါဝင်သည့် ဆေးတုံးဖြစ်လာ၏။
“ဒီလောက်ပါပဲ”
ယန်ကျင်းဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“မင်းအရင် သွားနှင့်”
“ဟန်”
ဟန်ကျောက်က ခဏာ မှင်သက်နေပြီးနောက် ခေါင်းညှိတ်သည်။
“ကောင်းပါပြီ”
ချီအားဖြင့်ခြင်း ဆေးလုံးကဲ့သို့ သန့်စင်ရန် ခက်ခဲသည့် အဆင့်နိမ့်ဆေးလုံးတစ်ခုဟာ အောင်မြင်နိုင်ချေ နည်းပါးပေမယ့် သူကဲ့သို့ အမြွေအနှစ်မရှိသည့် အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက်အတွက် မဆိုးဘူးဟု ဆိုနိုင်ပါသည်။
သာမန် အဆင့်နိမ့်အဆင့် ဆေးပညာရှင်များဟာ ၂၀% အောင်မြင်နိုင်ချေ ရှိပြီး တည်ငြိမ်စွာ ပိုက်ဆံရှာနိုင်ကြသည်။
၁၀%ဆိုလျှင်တော့ ချီအားဖြည့်ခြင်း ဆေးလုံးမျိုးဟာ အရှုံးပေါ်မှု တစ်ခုကို ဖြစ်နေဦးမှာ ဖြစ်သည်။ ဟန်ကျောက် ထွက်ခွာသွားပြီးနောက် ရွှေကျင်ဖုန်းက အမြန်မေးသည်။
“ဆရာယန်.. ဒီကောင်လေး..”
ယန်ကျင်း၏ ပြီးခဲ့တုန်းက တည်ငြိမ်နေသည့် ဟန်ပန်ဟာ ပြောင်းလဲသွားပြီး ရွှေကျင်ဖုန်း၏ အင်္ကျီကော်လံကို ဆွဲသည်။ သူက စိတ်လှုပ်ရှားစွာ ပြော၏။
“ဒီကောင်လေးကို မင်းဘယ်ကနေ သွားရှာလာတာလဲ.. သူက တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ”
“အာ”
ရွှေကျင်ဖုန်းက မှင်သက်သွားသည်။
‘ဒါဆိုရင်ဘာလို့ တစ်ချိန်လုံး သက်ပြင်းချနေတာလဲ’
တစ်ခဏတွင် မျက်မှောင်ကြုတ်ကာ နောက်ခဏတွင် ခေါင်းကိုယမ်းတတ်သည်။
“ဒီကောင်လေးရဲ့ ဆေးသန့်စင်တဲ့ ပုံစံက အရွယ်အစားနဲ့ ပမာဏကို ခန့်မှန်းပြီး ထည့်နေတာပဲ.. သူ့ရဲ့ နည်းလမ်းက အကြမ်းထည်နိုင်ပြီး အခြေခံက စုတ်ပြတ်နေတာပဲ”
“သူ့ကို ဘယ်သူမှ မသင်ပေးထားတာ သိသာတယ်။ သူ့ဘာသာ သင်ထားတာတွေပဲ။ ဒါတောင် အောင်မြင်နိုင်ချေ ၁၀%ကျော် ရှိသေးတယ်”
“သူသာ ငယ်ငယ်ကတည်းက ငါ့ဆီကနေ သင်ယူနိုင်ရင် အခုလောက်ဆို အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ”
“နောင်မှာ အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး။ ဘယ်လောက် ဖြုန်းတီးရာ ကျလိုက်လဲ”
ယန်ကျင်းက သက်ပြင်းချသည်။
“ဆရာယန်.. ခင်ဗျားပြောပုံ အရဆို ဆိုလိုတာက.. သူက..”
ရွှေကျင်ဖုန်း၏ မျက်လုံးများက လင်းလက်သွားသည်။
“မနက်ဖြန်က စပြီး ငါသူ့ကို အခြေခံကနေ ပြန်သင်ပေးမယ်။ အလွန်ဆုံး ၂နှစ်အတွင်းမှာ အလယ်အလတ် ဆေးပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ငါးနှစ်အတွင်းမှာ ငါ့ကို ဖြတ်ကျော်လိမ့်မယ်”
ယန်ကျင်းက စဉ်းစားပြီးနောက် ပြောသည်။
“ဂိုဏ်းချုပ်ရဲ့ ဆေးပညာ လိုအပ်ချက်ကို ပြည့်မှီဖို့ကတော့ သူသာ တန်ကြေးတစ်ခုပေးမယ်ဆိုရင် ငါးနှစ်က လုံလောက်တယ်”
“ကောင်းတယ်.. ပြဿနာမရှိဘူး.. လုံလောက်တဲ့ ဆေးပင်တွေ သေချာပေါက် သုံးလို့ရမယ်”
ရွှေလင်ဖုန်းက ပျော်သွားသည်။
“ဒါဆိုရင် ငါသူ့ကို တစ်နှစ်အတွင်းမှာ ပထမဆုံး အလယ်အလတ်အဆင့် ဆေးလုံးကို သန့်စင်ဖို့ သင်ပေးနိုင်တယ်”
ယန်ကျင်းက လေးနက်စွာ ပြောသည်။
“ကျေးဇူးတင်ပါတယ် ဆရာယန်”
ရွှေကျင်ဖုန်းက ယန်ကျင်းကို ဦးညွှတ်သည်။
နှစ်ဝက်ကာပြီးနောက် ဒေါသရေနဂါး နန်းတော်၏ အနောက်ဘက်ရှိ အခန်းထဲတွင်..
ဟန်ကျောက်ဟာ ဆေးပေါင်းဖိုအတွင်းရှိ တောက်ပသည့် အနီရောင် ဆေးလုံးခြောက်လုံးကို ကြည့်သည်။ သူ၏ မျက်လုံးများက လင်းလက်နေ၏။
ထိုအထဲတွင် ဆေးနှစ်လုံးဟာ သူ၏ မျက်နှာကို ရိုက်ခတ်လာလောက်သည့် ဆေးရနံ့တ်ခုကို ထုတ်လွှတ်နေ၏။ ၎င်းတို့ဟာ အလွန် နီရဲနေပြီး သွေးကျလုမတတ် ဖြစ်နေကြသည်။ ဤသည်မှာတော့ အဆင့်မြင့်အဆင့် သွေးချီဆေးလုံးများ ဖြစ်၏။ ထို့အပြင် နှစ်ခုပင် ရှိပါသည်။
“စကေးများ- အလယ်အလတ်အဆင့် ဆေးပညာ(အကြီးစားကျွမ်းကျင်မှုအဆင့် ၁%)”
“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင်၏ ကျွမ်းကျင်မှုဟာ မြင့်တက်လာခဲ့သည်”
“ပြန်လည်မွေးဖွားခင် ဆေးသူတော်စင်- ခရမ်းရောင် ပါရမီ- ဆေးပညာပါရမီဟာ ၁၂ဆ တိုးလာခဲ့သည်။ အဆင့်နိမ့်အဆင့် ဆေးလုံးများနှင့် အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်ပါက အောင်မြင်နိုင်ချေဟာ ၅၀%နှင့် ၄၀%တို့ အသီးသီး တိုးလာခဲသည်။ အဆင့်နိမ့်နှင့် အလယ်အလတ် ဆေးလုံးများ၏ သန့်စင်မှုကို လုံးဝ တတ်မြောက်သွားပါက အဆင့်မြင့် အရည်အသွေးနှင့် ဆေးလုံးအား သန့်စင်နိုင်ချေ ၁၀%ရှိသည်။(လေ့ကျင်မှုနှင့် လိမ္မော်ရောင် ပါရမီသို့ မြင့်တက်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ အနီရောင်ဖြစ်သည်)”
ဟန်ကျောက်ဟာ စနစ်၏ အချက်ပေးချက်ကို ကြည့်ရှုပြီးနောက် ကြွယ်ဝသည့် မွှေးရနံ့နှင့် ဆေးလုံးများကို ဆေးပေါင်းအိုးနှင့်အတူ အမြန်သိမ်းလိုက်သည်။ ထို့နောက် အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အဆင့်မြင့်အရည်အသွေးနှင့် သွေးချီဆေးလုံး တစ်ခုကို ထုတ်၏။
“ကလော.. ကလော..”
ဆေးလုံးဟာ သူ၏ ပါးစပ်ထဲတွင် ပျော်ဝင်သွားပြီး ခန္ဓာယ်တစ်လျှောက်တွင် စွမ်းအားကြီးမားသည့် အပူတစ်ခု စီးဆင်းလာခဲ့သည်။ ထို့နောက် ချက်ချင်းပင် သွေးချီများ လျှင်မန်စွာ စီးဆင်းလာပြီး ရေစီးဆင်းသကဲ့သို့ အသံတစ်ခုအား ထုတ်လွှတ်လာ၏။
သွေးချီ၏ ကြီးထွားမှုဟာ နတ်ဆိုးသားရဲ အသားကို စားသုံးစဉ်ထက် လေးဆလောက် ပိုမိုမြန်ဆန်သည်။
တစ်မိနစ်ကြာပြီးနောက် သူ၏ လျှင်မြန်စွာ စီးဆင်းနေသည့် သွေးချီတို့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ငါ့ခန္ဓာကိုယ်ထဲမှာ ဆေးစွမ်းအားတွေ အများကြီး ကျန်နေသေးတယ်။ လုံးဝ သန့်စင်ပြီးဖို့ဆို အနည်းဆုံး ခုနစ်ရက်လောက် လိုတယ်”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ အဆင့်မြင့် အရည်အသွေးနှင့် သွေးချီဆေးလုံး၏ အာနိသင်ဟာ သူထင်ထားသည်ထက်ပင် ကျော်လွန်ပါသည်။ ဤသည်မှာ တစ်နေ့တွင် ဆယ်ကြိမ်လောက် စားသောက်ခြင်းမှ မြှင့်တင်ပေးသည့် သွေးချီထက်ပင် ပိုမိုများပြား၏။
“ငါ့ရဲ့ ကိုယ်ပွားကိုလည်း ဆေးလုံးသောက်ပြီး ကျင့်ကြံခိုင်းရမယ်။ ငါတို့ရဲ့ ကျင့်ကြံမှု အမြန်နှုန်းက နှစ်ဆတိုးလာမှာ”
ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ သူ၏ ကိုယ်ပွားကို ဆင့်ခေါ်ပြီး သွေးချီဆေးလုံး အားလုံးတို့ကို ပေးလိုက်သည်။
ယန်ကျင်း၏ မျက်လုံးထဲတွင် ဟန်ကျောက်ဟာ ထူးချွန်သည့် အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာ၏။ သို့ပေမယ့် သူဟာ အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ရန်တော့ အကွာအဝေးတစ်ခု လိုအပ်ပါသေးသည်။
ထို့ကြောင့် သူဟာ အကြိမ်အနည်းငယ် တမင်ကျရှုံးအောင် နည်းလမ်းတစ်ခု စဉ်းစားပြီး အချို့ ကျရှုံးဆေးရောများကို ပြင်ဆင်ကာ ရောထွေးရလေသည်။ ထိုအခါမှသာ သူ၏ သန့်စင်မှု တိုးတက်နှုန်းအား ဖုံးကွယ်နိုင်မည် ဖြစ်၏။
ကံကောင်းစွာပင် သူ၏ လက်ရှိ ဆေးပညာများဟာ အခြေခံအားဖြင့် ယန်ကျင်းနှင့် တူညီပါသည်။ ထို့ကြောင့် တစ်ဖက်လူဆီမှ လုံးဝ ဖုံးကွယ်ထားနိုင်၏။
“ဆေးပညာ စောစောစီးစီး ပေါ်သွားရင် ဘယ်လိုရလဒ်တွေ ထွက်လာမလဲ ကြည့်ကြည့်ရမယ်..”
ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ အစမ်းရှင်သန်မှု ပြုကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူသာ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးချိန်၌ ရှန့်ကွမ်းယွင်ဖေးကို အနိုင်ယူနိုင်ပါက သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည့် ရှန့်ကွမ်းလီကို တိုက်ခိုက်ရန် အခွင့်အရေးမပေးပဲ ကြိုတင် အဆုံးသတ်ပေးလို့ ရပါသည်။
“စနစ်”
“အချက်ပေးအပိုင်းအစ ၁၁၀တိုကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုသလား”
“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၁၀၀နှင့် ရွှေ၆၀၀လျန်တို့ကို ကုန်ကျမည်။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို သေချာပေါက် ရရှိမည်”
“အဖြူရောင် ပါရမီအား ရလာနိုင်ချေဟာ ၂၁%တိုးလာခဲ့သည်။ အစိမ်းရောင် ပါရမီအား ရလာနိုင်ချေဟာ ၁၈%တိုးလာခဲ့သည်။ အပြာရောင်ပါရမီအား ရလာနိုင်ချေဟာ ၁၄% တိုးလာခဲ့သည်။ ခရမ်းရောင်ပါရမီအား ရလာနိုင်ချေဟာ ၁၁% တိုးလာခဲ့သည်။ လိမ္မော်ရောင်ပါရမီအား ရလာနိုင်ချေဟာ ၉% တိုးလာခဲ့သည်။
အနီရောင်ပါရမီအား ရလာနိုင်ချေဟာ ၇% တိုးလာခဲ့သည်။ ရွှေရောင်ပါရမီအား ရလာနိုင်ချေဟာ ၀.၅% တိုးလာခဲ့သည်။ သက်ဆိုင်ရာ အရည်အသွေးရှိသည့် တစ်ကြိမ်သုံး ပါရမီပေါင်းစပ်ခြင်း ကတ်ကို ရှိနိုင်သည့် နိမ့်ပါးသည့် ဖြစ်နိုင်ချေ ရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၁၀၂၀လျန်”