← Chapters

အခန်း (၂၁၇)

Vol. 15 Ch. 217

အခန်း (၂၁၇)

Vol. 15 Ch. 217

“ပေါင်းစပ်မယ်.. အစမ်းရှင်သန်မှု စတင်မယ်”

“အသက်၂၂နှစ်တွင် သင်သည် ဒေါသရေနဂါးဂိုဏ်းသို့ ဝင်ရောက်ကာ ထိုဂိုဏ်းရျိ ဆေးပညာရှင် နှစ်ယောက်ဆီမှ ဆေးပညာကို သင်ယူခဲ့သည်”

“အသက်၂၄နှစ်တွင် သင်၏ဆေးပညာအဆင့်သည် အလယ်အလတ်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့သည်။ သင်သည် များပြားလှသည့် ဒြပ်စင်ငါးမျိုး ဆေးလုံးများကို သန့်စင်ခဲ့ပြီး ၉၉%ကို သိမ်းဆည်းထားသည်။ သင်၏ ကိုယ်တွင်းအင်္ဂါများကို ဆက်တိုက်မြှင့်တင်ကာ ဒြပ်စင်ငါးမျိုး ချီကို တိတ်တဆိတ် စုပ်ယူခဲ့သည်”

“သင်သည် တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနှင့် လေဟုန်စီးခြေထောက်တို့ဟာ ပဥ္စမအဆင့်သို့ မြင့်တက်ခဲ့ကြသည်။ သင်၏ ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းအတတ်ဟာ ပဥ္စမအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသည်”

“နှစ်ကုန်တွင် သင်သည် စီရင်စုမြို့တော်သို့ ပြန်ခွင့်ရသည့် အခွင့်အရေးကို ယူကာ စစ်ဘုရင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ခဲသည်။ လုယင်ရွှမ်းကိုလည်း ချီသုံးဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ရန် ကူညီပေးခဲ့၏”

“အသက်၂၅နှစ်တွင် သင်၏ ဆေးပညာအဆင့်ကို ထုတ်ဖော်ပြခဲ့သည်။ ရှန့်ကွမ်းယွင်ဖေးက သင့်ကို နဂါးသွေးဆေးလုံးအား ကူညီသန့်စင်ပေးရန် စတင် တောင်းဆိုလာ၏”

“နှစ်ဝက်ကြာပြီးနောက် သင်သည် ရှန့်ကွမ်းယွင်ဖေး၏ နဂါးသွေးဆေးလုံးကို အသုံးပြုကာ ဒဏ်ရာများကို ကုသချိန်အတွင်းတွင် အရေးကြီးသည့် အချိန်အခါ၌ အလစ်တိုက်ခိုက် သတ်ဖြတ်ခဲ့သည်။ ကျင့်ကြံမှု စုပ်ယူခြင်း အတတ်နှင့် ခြောက်သွေ့အောင် စုပ်ယူပစ်လိုက်၏”

“ထို့နောက် သင်၏ကိုယ်ပွားဟာ ရှန့်ကွမ်းယွင်ဖေးယောင် ဟန်ဆောင်ကာ ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ ရေနဂါးသွေးကို တိတ်တဆိတ် စုပ်ယူသည်”

“သုံးလကြာပြီးနောက် သင်သည် လုယင်ရွှမ်းဆီမှ စာတစ်ခု ရခဲ့သည်။ သူမဟာ ချီလေးဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီး ဖြစ်ကာ အလယ်ပိုင်းစီရင်စု၏ စမ်းသပ်ပွဲတွင် ပါဝင်ဆင်နွှဲရန် ပြင်ဆင်နေ၏”

“သင်သည် သူမနှင့်အတူ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ စမ်းသပ်ပွဲတွင် သင်သည် ဝိညာဉ်အဆီအနှစ်လုံးကို အကန့်အသတ်အထိ ရောက်အောင် ယင်စွမ်းအားများအား စုပ်ယူခဲ့ပြီး ယင်ဖင်းလက်ဝါးကိုလည်း အမြင့်ဆုံးအထိ ကျင့်ကြံခဲ့သည်။ နောက်ဆုံးတွင် သူမသည် အဆင့်၈ရ၍ သင်သည် အဆင့်၁၀ ရခဲ့သည်”

“သင်၏ စွမ်းဆောင်မှုဟာ ချီမိသားစု၏ အာရုံကို ဆွဲဆောင်သွားသည်။ ချီယွင်ထန်က သင်နှင့် လုယင်ရွှမ်းတို့ကို စိတ်ဝိညာဉ် စောင့်ရှောက်သူများ အဖွဲ့သို့ ဝင်ရေက်ရန် ဖိတ်ခေါ်၏”

“အနာဂတ် လေရေနဂါး၏ ကပ်ဘေးကို ရှောင်ရှာားရန် သင်သည် ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်”

“စမ်းသပ်ပွဲအဆုံးတွင် လုယင်ရွှမ်းဟာ စီရင်စုမြို့တော်သို့ ပြန်ကာ ယန်ရှယ်ကို သတ်ဖြတ်ခဲ့သည်”

“သင်သည် ချီယွင်ထန်၏ ဖိတ်ကြားမှုနှင့် တိမ်စီရင်စု၌သာ နေ၏”

“အသက်၂၆နှစ်တွင် ဖန်တီးခြင်းဆေးလုံးကို သောက်ပြီးနောက် သင်သည် ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့ပြီး စိတ်ဝိညာဉ်စောင့်ရှောက်သူများနှင့် နတ်ဆိုးများကို အထူး စတင်ရှင်းလင်းသည်”

“တူညီသည့် နှစ်တွင်ပင် တိမ်စီရင်စုအတွင်း၌ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ယုနျန်ဟာ ပျောက်ကွယ်သွား၏”

“တိုက်ပွဲအတွင်းတွင် သင်သည် ချည်နှောင်ခြင်း သွေးကြောခုနစ်ခု အဆင့်ရှိသည့် စွမ်းအားကြီးမားသည့် နတ်ဆိုးတစ်ကောင်နှင့် ကြုံတွေ့ခဲ့သည်။ သင်သည် နည်းလမ်းအားလုံးတို့ကို အသုံးပြုကာ နတ်ဆိုးကို ဒဏ်ရာအပြင်းအထန် ရစေခဲ့၏။

နောက်ဆုံးတွင် နတ်ဆိုးဟာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရွေးချယ်လိုက်သည်။ သူ၏ နတ်ဆိုးသွေးဟာ ဝိညာဉ်အဆီအနှစ်လုံးကို ပေသွား၏။ ပြီးနောက် ဝိညာဉ်အဆီအနှစ်လုံးဟာ ခရမ်းရောင်အလင်းတစ်ခု တောက်ပလာခဲ့သည်။ သင်၏ လျှို့ဝှက်ချက်ဟာ ပေါ်သွားခဲ့၏”

“ခဏတာအတွင်း အစစ်အမှန် လက်နက်သခင် များစွာတို့ဟာ တိမ်စီရင်စုသို့ ဦးတည်လာကြသည်”

“ထိုအချိန်၌ ချီယွင်ထန် ပေါ်လာခဲ့၏။ သူက သင့်ကို ချန်ကောင်းကင်နန်းတော် ဖွင့်လှစ်ပြီးးပါက ချန်ကောင်းကင် ချီအဆီအနှစ်နှင့် အပြင်ဘက်လောက ဆန်းကြယ်ပန်းတို့ကို ရရှိအောင် ကူညီပေးမည်ဟု သိုင်းဆန္ဒဖြင့် ကျိန်ဆိုခိုင်းကာ ချန်မိသားစုက ဒီကိစ္စအတွက် ကူညီကာ ခုခံပေးမည်ဟု ဆို၏”

“စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် ဝိညာဉ်အဆီအနှစ်လုံးကို ချီယွင်ထန်အား ပေးရန် သင်ဆုံးဖြတ်လိုက်သည်”

“သို့ရာတွင် တစ်ဖက်လူက နေရာမှာတင် ငြင်းဆန်၏။ ဝိညာဉ်အဆီအနှစ်လုံးဟာ ပြန်လည်မွေးဖွားခြင်း ဓမ္မပြန်တမ်းနှင့် သက်ဆိုင်သည်ဟု ဆိုလေသည်။ ဤသည်မှာ သင်၏ ကံကောင်းမှုဖြစ်ပြီး သူ့အနေနှင့် လုယူလိုခြင်း မရှိပါ”

“ချီယွင်ထန်ဟာ သင့်ကို ကောင်းကင်စီရင်စုရှိ ချီမိသားစုဆီသို့ ခေါ်သွားခဲ့သည်။ လမ်းတစ်ဝက်တွင် လက်နက်သခင် သုံးယောက်တို့‌ ပေါ်လာခဲ့၏”

“အရေးကြီးသည့် သေခြင်းရှင်ခြင်း အချိန်အခါတွင် ကောင်းကင်ကို ထိုးဖောက်သည့် ကြီးမားသည့် ဓါးကြီးတစ်ချောင်းဟာ မိုးကောင်းကင်ကို ထိုးခွဲလာခဲ့သည်။ ချီမိသားစု၏ အဆင့်ငါး သွေးမျိုးဆက် နိုးထသူ ချီချင်းချန် ပေါ်လာပြီး ရန်သူသုံးယောက်ကို တွန်းလှန်ခဲ့သည်”

“လမ်းတွင် လက်နက်သခင်များစွာတို့ ပေါ်လာတတ်ကြသည်”

“နောက်ဆုံးတွင် ချီချင်းချန်က သင့်ကို ဂျမ်ဘူပင်လယ်သို့ ပို့ရန် ဆုံးဖြတ်လိုက်သည်။ သင်သည် မဖျက်ဆီးနိုင်သည့် ဗာဂျရာ ဒီဗိုင်းအတတ်ကို သင်ယူထားရာ အပြင်ဘက်ပင်လယ်ရှိ ကောင်းကင်သူတော်စင်ဂိုဏ်း၏ ယင်ယန်ခန်းမက သင့်ကို တပည့်အဖြစ် လက်ခံမှာ သေချာ၏”

“သင်သည် ကောင်းကင်နက်နဲဂိုဏ်း၏ တယ်လီပို့အခင်းအကျင်းကို အသုံးပြုပြီး ကီလိုမီတာ ၁မီလီယံ အဝေးရှိ ဂျမ်ဘူကျွန်းများဆီသို့ ဦးတည်ခဲ့သည်”

“အသက်၂၇နှစ်တွင် သင်သည် ဆေးပညာဖြင့် အရင်းအမြစ်များကို ရှာဖွေရင်းက ယင်နှင့်ယန် ခန်းမကို ရှာဖွေခဲ့သည်။ အပြင်ဘက်ပင်လယ်ဟာ သိုင်းသမားများ၏ လောကဖြစ်ကြောင်းကို သင်နားလည်လိုက်၏။ ထိုနေရာရှိ သိုင်းပညာ အမွေအနှစ်ဟာ တော်တော်လေး ပြည့်စုံလေသည်။ သိုင်းသမားများအတွက် ကျင့်ကြံခြင်း အရင်းအမြစ် မျိုးစုံတို့လည်း ရှိ၏”

“အသက်၃၀တွင် သင်သည် ချီငါးဆင့် စစ်ဘုရင်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်ခဲ့သည်”

အသက်၃၁နှစ်တွင် သင်သည် ယင်ယန်ခန်းမကို ရှာတွေ့ခဲ့သည်။ သို့ပေမယ့် ယင်ယန်ခန်းမ၏ အထက်ပိုင်း အဆင့်များကို သိုင်းပညာ အုပ်စိုးသူ မိသားစု များစွာက ထိန်းချုပ်ထားကြောင်းအား နားလည်လိုက်၏။ အုပ်စိုးသူ မိသားစုသို့ ဝင်ရောက်ခြင်း မရှိသူများဟာ ဆက်ခံသူတပည့် ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် တချို့ သိုင်းပညာများကို သင်ကြားလို့မရပါ”

“ထို့ကြောင့် သင်သည် ထိုနေရာမှ ထွက်ခွာပြီး မဟာချင်အင်ပါယာ၏ မျိုးဆက်များက တည်ထောင်ထားသည့် သန့်စင်မြင့်မြတ်သော ဧကရာဇ်နန်းတော်သို့ ဝင်ရောက်ခဲ့သည်”

“အသက်၃၂နှစ်တွင် သင်သည် သိုင်းသူတော်စင်အဆင့်ကို အောင်မြင်စွာ ချိုးဖျက်ခဲ့ပြီး သန့်စင်သည့် သိုင်းသမားတစ်ယောက်၏ လမ်းစဉ်ကို လျှောက်လှမ်းရန် ရွေးချယ်ခဲ့သည်။ သင့်ကို နန်းတော်သခင်က ရွေးချယ်မှုပြုကာ သူ၏ သမီးဖြစ်သူနှင့် လက်ဆက်ပေးခဲ့သည်”

“အသက်၃၇နှစ်တွင် သင်သည် ဖင်းသုံးဆင့်သို့ ရောက်ရှိခဲ့သည်။ သုံးမှတ် မူလပြန်ခြင်း အတတ်နှင့် အဆုံးမဲ့တောင်နှင့်မြစ်များကို အဆင့်နိမ့် ဒီဗိုင်းစွမ်းအား အဆင့်အထိ ကျင့်ကြံခဲ့သည်”

“တူညီသည့် နှစ်တွင်ပင် ချန်ကောင်းကင်နန်းတော်ဟာ ဖွင့်လှစ်တော့မှာပါ။ နေရာတစ်ခု ရရှိရန်အတွက် သင်သည် အဆင့်ဇယားတွင် စတင်တိုက်ခိုက်ခဲ့သည်”

“သုံးလကြာပြီးနောက် သင်သည် သန့်စင်မြင့်မြတ်သော ဧကရာဇ်နန်းတော်၏ ဆက်ခံသူအဖြစ် ချန်ကောင်းကင်နန်းတော်သို့ ဝင်ရောက်ကာ ချီယွင်ထန်၊ ချီရွှမ်းမင်၊ လုယင်ရွှမ်းနှင့် စုထန်ချီတို့နှင့် ပူးပေါင်းခဲ့သည်”

“နောက်ဆုံးတွင် သင်တို့ လေးယောက်ဟာ ဒဏ်ရာအပြင်းအထန် ရရှိပြီး ချန်ကောင်းကင် ချီအဆီအနှစ်နှင့် အပြင်ဘက်လောက ဆန်းကြယ်ပန်းကို ရရှိခဲ့သည်”

“သင်သည် သဘောတူညီချက်အတိုင်း ချန်ကောင်းကင် ချီအဆီအနှစ်နှင့် အပြင်ဘက်လောက ဆန်းကြယ်ပန်း အများစုတို့ကို ချီယွင်ထန်အား ပေးလိုက်သည်”

“ချန်ကောင်းကင်နန်းတော်မှ ထွက်ခွာလိုက်သည်နှင့် လက်နက်သခင် သုံးယောက်တို့ကို သင့်ကို ချောင်းမြောင်းတိုက်ခိုက်ကြသည်”

“ချီချင်းချန်က လှုပ်ရှားမှုပြုကာ ကာကွယ်ပေးခဲ့၏။ သို့ပေမယ့် ပိုမို၊ ပိုမိုကာ များပြားသည့် လက်နက်သခင်များ ပေါ်လာခဲ့သည်။ သူသည် ချီယွင်ထန်နှင့် ချီရွှမ်းမင်တို့ကို ခေါ်ကာ ထွက်ပြေးသွား၏”

“ထိုအချိန်၌ ယုနျန်က ပေါ်လာပြီး သင်နှင့် လုယင်ရွှမ်းတို့ကို ကယ်တင်ခဲ့သည်”

“သင်တို့ဟာ လမ်းတစ်ဝက်တွင် အမိခံလိုက်ရသည်။ သင်သည် သေဆုံးခဲ့၏”

“သိုင်းနတ်ဘုရားတစ်ယောက် ဖြစ်လာဖို့ တကယ့်ကို ခက်ခဲတာပဲ”

ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုရှိ အချက်အလက်များကို ကြည့်ကာ မနေနိုင်ပဲ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။

သို့ရာတွင် ဒီအစမ်းရှင်သန်မှုမှတစ်ဆင့် သူဟာ ချန်ကောင်းကင်နန်းတော်နှင့် ဝိညာဉ်အဆီအနှစ်လုံးတို့၏ အကြောင်း တစ်စိတ်တစ်ပိုင်းကို သိရှိခဲ့သည်။

ကြည့်ရတာ ချန်ကောင်းကင် ချီအဆီအနှစ်နှင့် အပြင်ဘက်လောက ဆန်းကြယ်ပန်းတို့ဟာ သိုင်းနတ်ဘုရားတစ်ယောက် ဖြစ်လာနိုင်သည့် အဓိကသော့ချက် ဖြစ်သည့်ပုံပါ။

“ငါ့မှာ အချိန်တွေ ရှိသေးတယ်။ အခုတော့ အလျှင်လိုစရာ မလိုသေးဘူး”

“အသက်၃၇နှစ်ကို ရောက်လို့ ချန်ကောင်းကင်နန်းတော် ဖွင့်လှစ်တဲ့အချိန်မှာ ဖင်းခုနစ်ဆင့်ရဲ့ ပြီးပြည့်စုံခြင်း သိုင်းသူတော်စင်အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ပြီး လုံလောက်တဲ့ စွမ်းရည်မှတ်တွေ ချန်ထားနိုင်ရင် ချန်ကောင်းကင် ချီအဆီအနှစ်နဲ့ အပြင်ဘက်လောက ဆန်းကြယ်ပန်းကို ရတဲ့အခါ သိုင်းနတ်ဘုရားအဆင့်ကို တစ်ခါတည်း ချိုးဖျက်ပြီး အုပ်စိုးသူ မိသားစုတွေရဲ့ ဝန်းံမှုကို ချိုးဖျက်နိုင်မယ်ထင်တယ်”

ဟန်ကျောက်ဟာ အခြေအနေကို ဖြတ်ကျော်ရန်အတွက် နည်းလမ်းတစ်ခုကို စဉ်းစားသည်။ ထိုနည်းလမ်းဟာ ရိုးရှင်းကာ ကြမ်းတမ်းသည်။ သို့ပေမယ့် သေချာပေါက် အသုံးဝင်မှာ ဖြစ်၏။

သို့ရာတွင် ထိုအခွင့်အရေးဟာ အစမ်းရှင်သန်မှုတွင် ပါဝင်ခြင်း မရှိပါ။ တကယ့်ပြင်ပတွင် တစ်ကြိမ်သာ ရမည်ဖြစ်၏။

သူသာ ကျရှုံးပါက သေချာပေါက် သေဆုံးရမှာပါ။ အပြင်ဘက်ပင်လယ်ဟာ သိုင်းသမားများ၏ လောက ဖြစ်ကတည်းက အလယ်ပိုင်းစီရင်စု၏ စမ်းသပ်ပွဲ ပြီးဆုံးကာ လုံလောက်သည့် ယင်စွမ်းအင်တို့ကို စုပ်ယူပြီးသည်အထိ စောင့်ပြီးနောက် အပြင်ဘက်ပင်လယ်သို့ ထွက်ခွာကာ ကျင့်ကြံမှုကို အရှိန်မြှင့်တင်နိုင်ပါသည်။

All Chapters