အခန်း (၂၁၈)
Vol. 15 Ch. 218
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”
“၁။ ပါရမီကို ရရှိသည်(ရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်ကို ရရှိသည်”
“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၄၂၀လျန်”
“တစ်”
“ဒြပ်စင်ငါးမျိုးအား တစ်ခုတည်းအဖြစ်”
“ဒြပ်စင်ငါးမျိုးအား တစ်ခုတည်းအဖြစ်- လူသားခန္ဓကိုယ်တွင် ယင်နှင့်ယန်ချီတို့ ရှိသည်။ ၎င်းနှင့်အတူ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဟူသည့် ဒြပ်စင်ငါးမျိုးလည်း ရှိ၏။
နှလုံးဟာ မီး၊ အဆုတ်ဟာသတ္တု၊ ကျောက်ကပ်ဟာရေ၊ သရက်ရွက်ဟာ မြေ၊ အသည်းဟာသစ်သားတို့ ရှိ၏။ ခုနစ်ခုလုံးကို ကျင့်ကြံခြင်းက သသင့်ကို ဒဏ်ရာပြင်းထန်စွာ ရရှိစေသည်”
“သစ်သားက မီးကို ဖြစ်ထွန်းစေသည်။ မီးက မြေကို ဖြစ်ထွန်းစေသည်။ မြေက သတ္တုကို ဖြစ်ထွန်းစေသည်။ သတ္တု(ရွှေ)က ရေထွန်းကို ဖြစ်စေသည်။ ရေက သစ်သားကို ဖြစ်ထွန်းစေသည်။ ထို့အပြင် သတ္တုက သစ်သားကို နိုင်သည်။ သစ်သားက မြေကိုနိုင်သည်။ မြေက ရေကိုနိုင်သည်။ ရေက မီးကိုနိုင်သည်။ မီးက ရွှေကိုနိုင်သည်”
“ဒြပ်စင်ငါးမျိုးဟာ တစ်ခုနှင့်တစ်ခု ပြည့်စုံစေသလို ဆန့်လည်း ဆန့်ကျင်သည်။ လူသားခန္ဓာကိုယ်ဟာ ဒြပ်စင်ငါးမျိုးချီကို ဝင်ဆံ့နိုင်ပြီး ၎င်းဟာ လိုက်ဖက်ညီသည့် ချီများ တစ်ခုပြီးတစ်ခုမှ ပြောင်းလဲရန် လိုအပ်သည်။ ဤသည်က ဒြပ်စင်ငါးမျိုးချီအား စုပ်ယူသည့် အမြန်နှုန်းကို နိမ့်ပါးစေသည်”
“ဒြပ်စင်ငါးမျိုးအား တစ်ခုတည်းအဖြစ်ဟာ ဒြပ်စင်ငါးမျိုးမှ ချီတစ်မျိုးကို ငါးမျိုးလုံးအဖြစ် ပြောင်းလဲနိုင်သည်။ ဤသည်က အတွင်းအင်္ဂါ ငါးခုအား ထိခိုက်မှုကို လျှော့ချပေးပြီး ဒြပ်စင်ငါးမျိုးအား စုပ်ယူမှု အမြန်နှုန်းကို ငါးဆတိုင်အောင် တိုးမြှင့်ပေးသည်”
(သင်သည် လေ့ကျင့်ခြင်းဖြင့် ၎င်းကို အနီရောင် ပါရမီအဖြစ် မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ ရွှေအဆင့်ဖြစ်သည်”
“ဒါက တကယ့်ကို ချိန်ကိုက်ကျတဲ့ ပါရမီပဲ။ စနစ်.. ဈေးလေးမြှင့်ပေးပါဦး.. ပိုးဆိုးပက်စက်သာ မြှင့်ပစ်လိုက်”
ဟန်ကျောက်ဟာ ဒြပ်စင်ငါးမျိုးအား တစ်ခုတည်းအဖြစ်၏ အသုံးဝင်ပုံကို ကြည့်ကာ စနစ်အား ဈေးကိုပင် ထပ်မံ မြှင့်တင်လိုသွား၏။ သာမန် စစ်ဘုရင်အဆင့် သိုင်းသမားများဟာ ဆေးလုံးများ(သို့) ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲကို အမှီပြုကာ ဒြပ်စင်ငါးမျိုးချီကို စုပ်ယူကြရသည်။ သို့ရာတွင် မည်သည်ကို ရွေးချယ်စေကာမူ လူသားခန္ဓာကိုယ်ဟာ အကန့်အသတ် ရှိ၏။ ခန္ဓာကိုယ်၏ အကန့်အသတ်ကို ကျော်လွန်သည့် အပိုင်းများဟာ အလကားဖြစ်ကုန်မှာပါ။ ဒြပ်စင်ငါးမျိုးချီအား စုပ်ယူမှု အမြန်နှုန်း ငါးဆ တိုးလာခြင်းမှာ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်တော့မည့် ဟန်ကျောက်အတွက် အမှတ်များ ပေါင်းထည့်ခြင်းထက်ပင် ပိုမိုကြမ်းတမ်းပါသည်။
ဘာပြဖြစ်ဖြစ် အမှတ်များကို ပေါင်းထည့်ခြင်းက ဒြပ်စင်ငါးမျိုးချီကို တိုးမြင့်စေမည် မဟုတ်ပေ။
“ငါအရှိန်မြှင့်ပြီး ဒေါသရေနဂါးဂိုဏ်းကို မြန်မြန်ထိန်းချုပ်ဖို့ လုပ်ရမယ်။ ပြီးရင် ဒေါသရေနဂါးဂိုဏ်းက အရင်းအမြစ်တွေရဲ့ အကူအညီနဲ့ ကိုယ်တွင်းအင်္ဂါသန့်စင်တာကို အမြန်ဆုံးပြီးအောင် လုပ်ရမယ်”
ဟန်ကျောက်၏ မျက်လုံးများက ကြမ်းကြုတ်သွား၏။ ဒြပ်စင်ငါးမျိုးအား တစ်မျိုးတည်းအဖြစ်နှင့် သူဟာ စစ်ဘုရင်အဆင့်ကို ပိုမိုစောစီးစွာ ချိုးဖျက်နိုင်ပြီး ရှန့်ကွမ်းယွင်ဖေးကို သတ်ဖြတ်ရန် အခွင့်အရေး မရှာခင်တွင် သုံးပါးသော အနှစ်သာရအားကို ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံနိုင်ပါသည်။
“စကွိ”
ရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဟန်ကျောက်ဟာ ပြတင်းပေါက်ကို ဖွင့်ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။
လက်ဖဝါးအရွယ် တင့်တယ်သည့် ငှက်တစ်ကောင် ပျံသန်းလာ၏။ ဤသည်မှာတော့ ယုနျန်ဖြစ်သည်။
ဟန်ကျောက်ဟာ လက်ကိုဆန့်ကာ ယုနျန်၏ သူ၏ လက်ဖျံပေါ်ရှိ အင်္ကျီသို့ သက်ဆင်းလာမှုကို စောင့်နေ၏။ သူဟာ သူမ၏ ခြေထောက်တွင် စည်းနှောင်ထားသည့် စာလိပ်ကို ချွတ်ကာ စစ်ဆေးကြည့်သည်။
ဒီအချိန်၌ သူ့ကို ရှန့်ကွမ်းယွင်ဖေးက လုံးဝ စိတ်ချလက်ချ မဖြစ်သေးပါ။ ထို့ကြောင့် သူ၏ လွတ်လပ်ခွင့်တို့ကို ပိတ်ပင်ထား၏။ သူဟာ ဒီအချိန်အတွင်းတွင် ဒေါသရေနဂါးကျွန်းတွင်သာ နေနိုင်ပါသည်။
သို့ရာတွင် ဟန်ကျောက်အတွက် ယခုကဲ့သို့ ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ပြီး ကျင့်ကြံမှု အရင်းအမြစ်များအား လိုအပ်ခြင်းမရှိသည့် နေရာတစ်ခုဟာ အမှန်တကယ်ကို သူ၏ လိုချင်မှု ဖြစ်သည်။
ရှလင်နှင့် အခြားလူများကို စိုးရိမ်ခြင်း မဖြစ်စေရန် သူဟာ ယုနျန်ကို ဆယ်ရက်၊ လဝက်လောက်ကြာတိုင်းတွင် စီရင်၈ုမြို့တော်သို့ ပျံသန်းခိုင်းပြီး စာပို့ပေးသည်။
“ယုနျန်.. နင်ပင်ပန်းသွားပြီ”
ဟန်ကျောက်က လက်ကိုဆန့်ကာ ယုနျန်၏ တောင်ပံများကို ပွတ်သပ်ပေး၏။ မထင်မှတ်စွာပင် သူမဟာ တောင်ပံများကို ဖွင့်ခတ်ပြီး ရှောင်လေသည်။
“ကောင်းပါပြီ။ ဒီအတောအတွင်း နင်ပင်ပန်းရတာကို ငါသိပါတယ်”
ဟန်ကျောက်က မပျော်ရွှင်စွာ ပြုံး၏။ သူက ဆန်မာရုအိတ်အတွင်းမှ ကြွေပုလင်းတစ်ခုကို ထုတ်ကာ သွေးအားဖြင့်ဆေးလုံး အနည်းငယ်ကို သွန်ထုတ်လိုက်သည်။
သို့ရာတွင် ယုနျန်က ခေါင်းကိုမော့ကာ သူ့ကို မနှစ်မြို့စွာ ကြည့်၏။
“အမ်..” ဟန်ကျောက်၏ အပြုံးက အေးခဲသွားပြီး သူ၏ ကိုယ်ရေးပြဇယားရှိ ယုနျန်၏ စွမ်းရည်များကို ပြသသည့် နေရာတွင် စစ်ဆေးကြည့်ည်။
“အမည်- ယုနျန်(ရေခဲတေးသီနှက်- နတ်ဆိုးတစ်ပိုင်း”
“ကျင့်စဉ်- သက်ရှည်ကျမ်း(တတိယအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%)”
“ခဏလောက် အာရုံမစိုက်ပဲ ထားလိုက်တာ.. ယုနျန်ရဲ့ ကျင့်ကြံမှုက တိုးတက်တာ မြန်လှချည်လား”
ဟန်ကျောက်ဟာ မှင်သက်သွား၏။ သူမဟာ အဆင့်နိမ့် ဆေးအားဖြည့်ဆေးလုံးကို သဘောကျခြင်း မရှိတာ အံဩစရာ မရှိပေ။
“အစမ်းရှင်သန်မှုတွေ အများကြီးထဲမှာ ငါ့ရဲ့ သေခြင်းရှင်ခြင်း အခြေအနေကျရင် ယုနျန် ပေါ်လာပြီး လာကယ်တတ်တယ်။ သူမကို ပျိုးထောင်ဖို့အတွက် ငါအာရုံစိုက်သင့်တယ်”
ဟန်ကျောက်ဟာ ယုနျန်ကို သက်ရှည်ကျမ်း၏ အဆင့်မြှင့်တင်ထားသည့် အဆင့်လေးကို သင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ပြီးခဲ့တုန်းက သူဟာ သူမကို သင်ကြားပေးခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံမှုကို အာမခံချက် ရရန်ပင် ခက်ခဲနေပြီး ဖြစ်၏။ ထို့ကြောင့် ယုနျန်၏ ကျင့်ကြံမှုအား ပြည့်ပြည့်စုံစုံ ထောက်ပံ့နိုင်ခြင်း မရှိပေ။
သို့ရာတွင် ယခုအချန်၌ သူတို့အားလုံးဟာ ဒေါသရေနဂါးဂိုဏ်း၏ အရင်းအမြစ်တို့ကို အသုံးပြုနေကြသည်။ ကိုယ်ပွား(သို့) ယုနျန်ကို ထပ်ပေါင်းခြင်းက ပြဿနာမရှိပါ။
“ဟေး.. နင်စိတ်ဝင်စားတယ် မလား”
ဟန်ကျောက်ဟာ သွေးအားဖြည့်ခြင်း ဆေးလုံးကို ပြန်သိမ်းကာ နောက်ထပ် ကြွေပုလင်းတစ်ခုကို ယူလာခဲ့သည်။ သူက သန့်စင်ပြီးခါစ ရှိသေးသည့် သွေးချီဆေးလုံးကို သွန်ထုတ်လိုက်၏။
လုံးဝန်းသည့် ဆေးလုံးငါးခုတို့ဟာ လက်ဖဝါးအတွင်းသို့ သက်ဆင်းသွားသည်။ တစ်ခုဟာ တောက်ပသည့် အနီရောင် ရှိပြီး မွှေးရနံ့တစ်ခုကို ထုတ်လွှတ်နေပါသည်။
“ဒါက အဆင့်မြင့်အဆင့်ပဲ..”
“ငါလိုချင်တယ်”
ဟန်ကျောက်က အဆင့်မြင့်အရည်အသွေးနှင့် သွေးချီဆေးလုံးကို သိမ်းတော့မည့် အချိန်၌ ယုနျန်၏ စိတ်လှုပ်ရှားနေသည့် အသံက သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
သူမ၏ ပုံမှန် ညင်သာသည့် ပြောပုံဆိုပုံနှင့် နှိုင်းယှဉ်ပါက လေသံတို့ဟာ ပြောင်းလဲသွားသည့် ပုံပါ။ အမိန့်သံအချို့ပင် ပါဝင်နေ၏။
ယုနျန်၏ သူ၏ လက်ဝါးဆီသို့ ပျံသန်းမှုကို တွေ့ရပြီးနောက် ဟန်ကျောက်က လက်ဝါးထဲရှိ ဆေးလုံးကို ဆုပ်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် ယုနျန်ကို ဖမ်းဆွဲသည်။ သူမကို သူ၏ရှေ့သို့ ဆွဲယူလာ၏။
“ဒါက တောင်းဆိုတဲ့ လေသံမျိုး မဟုတ်ဘူးမလား.. ငါ့ကို မြန်မြန်ပြော.. နင်က နတ်ဆိုးတစ်ကောင် ရုပ်ဖျက်ထားတာမလား.. ငါရဲ့ ညင်သာတဲ့ ယုနျန်လေးကို နင်ဘယ်ကိုခေါ်သွားတာလဲ”
ယုနျန် “….”
ယုရွှမ်ကျီဟာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ သူမတွင် ခန္ဓာကိုယ်တစ်ခုတည်း၌ ဝိညာဉ်နှစ်ခု ရှိကြောင်းအား ဒီကောင်လေး သိသွားသည်လားဟု အောက်မေ့မိ၏။ ယုနျန်ကို အမြန် လှုံ့ဆော်လိုက်သည်။
“ယုနျန်.. မြန်မြန်ပြောလေ”
“ကျွန်မ.. တောင်းပန်ပါတယ်.. အစ်ကိုဟန်”
ယုနျန်က မဝံ့မရဲဖြင့် ပြောသည်။
“ဒီလိုမှပေါ့”
ဟန်ကျောက်က လက်ဝါးကိုဖြန့်ကာ သူမ၏ တောင်ပံများကို ညင်သာစွာ သပ်သည်။
“နင့်အတွက်”
ဘာပဲဖြ်စဖစ် ဒေါသရေနဂါးဂိုဏ်းက ကုန်ကြမ်းများကို ထောက်ပံပေးရာ သူဟာ လိုချင်သလောက် သန့်စင်လို့ ရပါသည်။ သူမကို ပေးရန် ပြဿနာမရှိပါ။ သို့ပေမယ့် ခုနက ပြောပုံဆိုပုံဟာ အမှန်တကယ်ကို မကောင်းလှပေ။
ထိုအချိန်၌ ယုနျန်က သူ၏ လက်ဝါးပေ့ါ်သို့ ပျံသန်းလာပြီး သွေးချီငါးလုံးလုံးကို စားလိုက်သည်။ မကြာခင် သူ၏ ခန္ဓာကိုယ်မှာ သွေးနီရောင် အလင်းဖျော့တစ်ခု ထုတ်လွှတ်လာ၏။
“နင်အဆင့်တက်တော့မှာလား” ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲဿွားသည်။ သူဟာ ယုနျန်၏ ခန္ဓာကိုယ်အတွင်းမှ မြင့်တက်လာသည့် သွေးချီကို ခံစားရ၏။ တံခါးနှင့် ပြတင်းပေါက်များကို တင်းကြပ်စွာ အမြန်ပိတ်ပြီး ယုနျန်ကို အိပ်ယာပေါ်သို့ တင်လိုက်သည်။
“နေဦး.. ငါနင့်ကို သက်ရှည်ကျမ်းရဲ့ စတုတ္ထအဆင့် ကျင့်စဉ်ကို သင်ပေးမယ်”
“ကောင်းပြီ”
ယုနျန်၏ ညင်သာစွာ အားနည်းသည့် အသံက ပေါ်လာ၏။
“သွေးချီစီးဆင်းပုံကို မှတ်သားထား”
ဟန်ကျောက်ဟာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ သက်ရှည်အစစ်အမှန်ချီကို ထိုးသွင်းသည်။ ထို့နော် စိတ်ဖြင့် ဆက်သွယ်ခြင်းကို သုံးကာ သူမအား သွေးချီနှင့် အစစ်အမှန်ချီ စီးဆင်းပုံကို နားလည်ပေစ၏။
“အခု စာသားတွေကို ရွတ်ပြမယ်… စိတ်ဝိညာဉ်အရည် မကုန်ခင်မှာ ၎င်းဟာ သူ့ဘသာသာ သက်ဆင်းလိမ့်မည်။ ချီတည်ငြိမ်လေလေ ပိုပြီး ကြာရှည်လေပဲ.. “
ဟန်ကျောက်ဟာ စကားတစ်လုံးစီကို ရှင်းလင်းစွာ ရွတ်ပြသည်။
“နင်မှတ်မိလား”
“မှတ်မိပါတယ်”
“ကောင်းပြီ။ အခုပဲ အဆင့်တက်လိုက်.. ငါနင့်ကို ကာကွယ်ပေးထားမယ်”
ဟန်ကျောက်က လေးနက်စွာ ပြောပြီဂနောက် တံခါးဝမှ ထွက်ခွာသွား၏။ အဘယ်ကြောင့်ဆိုသော် အဆင့်တက်ပါက ယုနျန်ဟာ လူသားသဏ္ဍာန်သို့ ပြောင်းလဲရန် လိုအပ်သောကြောင့် ဖြစ်သည်။ သူဟာ တံခါးဝတွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်နေလိုက်၏။