အခန်း (၂၁၉)
Vol. 15 Ch. 219
ဤနည်းအားဖြင့် နာရီဝက်လောက် ကြာပြီးသည့်တိုင် ယုနျန်၏ အဆင့်တက်မှုဟာ ဆက်လက်ဖြစ်ပွားနေ၏။ ထိုအချိန်၌ အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ်ရှိ သေးသွယ်သည့် အစေခံမလေးတစ်ယောက် လျှောက်လာခဲ့သည်။
ဟန်ကျောက်၏ တံခါးဝတွင် ရပ်နေပုံကို တွေ့ရပြီးနောက် ဒူးညွှတ်ကာ လေးစားစွာ ပြောသည်။
“သခင်လေး”
“စီကျူး.. ဘာကိစ္စရှိလို့လဲ”
ဟန်ကျောက်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်ရင်းမှ တည်ငြိမ်စွာ မေးသည်။
ဒီအစေခံမလေးကို ရွှေကျင်ဖုန်းက သူ့ကို စောင့်ရှောက်ရန်အတွက် အထူးပို့ပေးခဲ့ခင်း ဖြစ်၏။ အစက သူ၏ နေ့စဉ်ဆောင်တာများတွင် ခစားရန် စုစုပေါင်း အစေခံလေးဦးနှင့် အိပ်ယာကို နွေးပေးရန်အတွက် မိန်းမလှ နှစ်ဦးတို့ကို စီစဉ်ပေးခဲ့သည်။
သို့ရာတွင် သူတို့အားလုံးကို ဟန်ကျောက်ဟာ ပြန်ပေးလိုက်ပြီးး စီကျူးသာလျှင် ကျန်ရစ်ခဲ့၏။
ဘာဲဖြစ်ဖြစ် သူဟာ ရွှေကျင်ဖုန်းကို စိတ်ချလက်ချ ဖြစ်စေရန်တွက် စီကျူးကို ထားထားရန် လိုအပ်ပါသည်။
သို့ရာတွင် ဟန်ကျောက်ဟာ အရေးကြီးကိစ္စ ရှိခြင်း(သို့) ခွင့်ပြုချက် ရမှ မဟုတ်ပါက သူမကို အလွယ်တကူ လာခွင့်ပြုခြင်း မရှိပေ။
“သခင်လေး.. ဆရာယန်ပြောတာ… ဒီနေ့အတွက် ဆေးပညာ သင်ယူဖို့ အချိန်ကို ရောက်နှင့်ပြီးနေပြီတဲ့.. အဲ့ဒါကြောင့် ကျွန်မကို လာကြည့်ခိုင်းလိုက်တာ”
စီကျူးက ညင်သာစွာ ပြောသည်။
“ကောင်းပြီ။ အခုပဲ ငါသွားလိုက်မယ်”
ဟန်ကျောက်က တည်ငြိမ်စွာ ခေါင်းညှီတ်သည်။ ထို့နောက် လက်ကိုဝှေ့ကာ ပြော၏။
“ငါဘာမှ မစားရသေးဘူး။ ငါနဲ့လိုက်ပြီး မုန့်အချို့ပြင်ပေး”
“ဟုတ်ကဲ့ပါ သခင်လေး”
စီကျူးက ပျော်သွားပြီး ဟန်ကျောက်၏ နောက်မှ နာခံစွာ လိုက်သည်။
သူတို့နှစ်ယောက် ခြံဝန်းမှ ထွက်ကာ ယန်ကျင်း၏ ဆေးတဲဆီသို့ ထွက်ခွာသွားပြီး တစ်နာရီလောက် အကြာတွင်..
အခန်းဟာ ရုတ်တရက် ရေခဲပြာရောင် အလင်းတို့ လင်းလက်လာ၏။
“ခရက်၊ ခရက်”
ဒီအချိန်၌ ဟန်ကျောက်၏ အိပ်ယာပေါ်တွင် အသက်၂၀နှောင်းပိုင်းရှိသည့် ငွေရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်ဟာ မျက်လုံးများ မှိတ်ကာ လဲလျောင်းနေပါသည်။
သူမ၏ အသွင်အပြင်က တင့်တယ်ကာ အသားအရေက နှင်းကဲ့သို့ ချောမွတ်သည်။ ပါးလွှာသည့် စောင်အောက်တွင် ဝန်းဝိုင်းကာ သွယ်လျသည့် ကျောက်စိမ်းခြေံတံနှစ်သွယ်က ပေါ်နေ၏။
ထိုအမျိုးသမီးကို ဗဟိုပြုကာ အေးစက်သည့် လေစများဟာ လျှင်မြန်စွာ ဖြန့်ကျက်သွားသည်။ မကြာခင် အိပ်ယာခင်းနှင့် အိပ်ယာတို့မှ ကြမ်းပြင်သို့တိုင်အောင် ရေခဲလွှာတစ်ခု စုစည်းလာခဲ့သည်။
သို့ရာတွင် ငွေရောင်ဝတ်စုံနှင့် အမျိုးသမီးဟာ မျက်လုံးများ ပွင့်လာပြီးနောက် လေအေးများဟာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ လျှင်မြန်စွာ ပြန်လည်ဝင်ရောက်သွား၏။ ကြမ်းပြင်နှင့် အိပ်ယာပေါ်ရှိ အေးခဲမှုများလည်း ပျောက်ကွယ်သွားသည်။
“ဒီကောင်လေးရဲ့ ကျင့်စဉ်က မှော်ဆန်လှချည်လား.. အဆင့်တက်ပြီးနောက်မှာ ငါ့ရဲ့ ကျင့်စဉ်က အနည်းဆုံး မူလခွန်အားရဲ့ တစ်ဝက်လောက် ပြန်ကောင်းလာခဲ့တယ်။ ပြန်လည်မွေးဖွားမှုကို ကြိုတင်ပြီး ပြီးမြောက်စေနိုင်လောက်တယ်”
ယုရွှမ်ကျီက အနည်းငယ် မျက်မှောင်ကြုတ်သွားသ်။
“ဒါဆိုရင်.. အစ်ကိုဟန်.. သူ..”
ယုနျန်၏ အသံက ထွက်ပေါ်လာ၏။
“စိတ်မပူနဲ့.. ဒီကောင်လေးရဲ့ ဆေးပညာက အရမ်းထူးချွန်တယ်။ သူက ပါရမီရှင် တစ်ယောက်ပဲ။ သူ့ဘေးမှာ နေတာက အကျိုးများတယ်။ အခု ငါမထွက်သွားချင်သေးဘူး”
ယုရွှမ်ကျီက ပြုံးသည်။
“ဒါပေမယ့် ဒီကောင်လေးက တကယ့်ကို ပြဿနာများတယ်။ သူက ကျီမိသားစုရဲ့ သခင်မလေးနဲ့ ပက်သက်မှုရှိပြီး ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ သိုင်းပညာကို ကျင့်ကြံထားတယ်။ သိုင်းသူတော်စင်အဆင့်ကို ရောက်ရင် လူအိုကြီးတွေရဲ့ အာရုံစိုက်မှုကို ခံရမှာ”
“ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ”
ယုနျန်က အနည်းငယ် စိုးရိမ်သွားသည်။
“ဘာကို ကြောက်နေတာလဲ။ ငါ့ရဲ့ ပြန်လည်မွေးဖွားမှု ပြီးမြောက်သွားပြီးရင် ပြန်ပြီး ယုရှိန် ခွေးမကို သတ်ပြီး စိတ်ဝိညာဉ်တစ်ရာဂိုဏ်းကို ပြန်ယူလိုက်မယ်။ အဲ့ဒီအခါ ဒီကောင်လေးကို ကာကွယ်လို့ မရဘူးလား”
ယုရွှမ်ချီ၏ မျက်လုံးများ၌ လူသတ်ငွေ့တို့ လွှမ်းခြုံသွားသည်။
“သူ့ဆီမှာ တစ်ခုတည်းသော ပြဿနာကြီးရှိမှာက ဝိညာဉ်အဆီအနှစ်လုံးပဲ။ ဒါပေမယ့် ပြန်လည်မွေးဖွားခြင်းခန်းမ မဖွင့်လှစ်ခင်မှာ အဲ့ပစ္စည်းက အသုံးမဝင်ဘူး။ ဟိုအဖိုးကြီးတွေ မတိုက်ခိုက်လောက်ဘူး”
“ပြန်လည်မွေးဖွားခြင်း ခန်းမ ဖွင့်လှစ်ရင်တော့ ငါ့အတွက် နောက်ထပ် နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းလုပ်ဖို့ လုံလောက်တယ်။ အဲ့ဒီအချိန်ရောက်ရင် သူတို့ရဲ့ ဝိညာဉ်အဆီအနှစ်လုံးကို သွားမလုတာကတင် အဲ့ဒီမြင့်မြတ်နယ်မြေတွေကို မျက်နှာသာပေးရာ ကျတယ်လို့ ယူဆနိုင်နေပြီ”
“အဲ့ဒါဆို ကောင်းတယ်”
ယုနျန်ဟာ စိတ်သက်သာရာ ရသွား၏။
“စိတ်မပူနဲ့။ ဒီကောင်လေးကို နင်ကြိုက်ရင် အချိန်ကျလာရင် ငါသူ့ကို လာခေါ်မယ်။ ဒါပေမယ့် သူ့အနားမှာ မိန်းမတော့ တော်တော်များတယ်။ အားလုံးကို သတ်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်”
ယုရွှမ်ကျီက အသာပြုံးသည်။ သို့ပေမယ့် သူမ၏ စကားလုံးများဟာ လူသတ်ငွေ့တို့ဖြင့် ပြည့်နှက်နေ၏။
“မရဘူး…”
ယုနျန်၏ အသံက ညင်သာနေဆဲ ရှိ၏။ သို့ပေမယ့် သူမ၏ သဘောထားက ခိုင်မာပါသည်။
“ငါပြောတာက အချိန်ကျလာရင်လို့ ပြောတာ.. ဘာကို အလျှင်လိုနေတာလဲ.. ဒီလူသားတွေရဲ့ သက်တမ်းနဲ့ ငါသူတို့ကို မသတ်ရင်တောင် အနှေးနဲ့အမြန် အသက်ကြီးပြီး သေကုန်မှာ။ အဲ့ဒီအချိန်ကျရင် သူဝမ်းနည်းရလိမ့်မယ်။ ဘာလို့ တိတ်တိတ်ဆိတ်ဆိတ် အဆုံးမသတ်ပေးလိုက်မှာလဲ”
“မဖြစ်နိုင်ဘူး”
“ကောင်းပါပြီ။ သတ်ဖို့ကိစ္စကို အခုတော့ မစဉ်းစားသေးဘူး။ ဒီနိဗ္ဗာန ပြန်လည်မွေးဖွားခြင်း အောင်မြင်တာကိုပဲ အရင်စောင့်တာပေါ့။ ငါတို့တွေသာ ကျရှုံးရင် ဘာအနာဂတမှ ရှိမှာမဟုတ်ဘူး.. အနှေးနဲ့အမြန် နင်နားလည်မှာပါ။ အသက်ရှင်တာကပဲ တကယ့်အောင်မြင်မှုပဲ။ ကျန်တာတွေက အတုအယောင်တွေ”
ယုရွှမ်ကျီ၏ အသံက ပိုမို၊ ပိုမိုကာ ညင်သာလာ၏။ သူမ၏ ပုံစံက တဖြည်းဖြည်းနှင့် ထူးမခြားနားစွာ ပြန်ဖြစ်လာခဲ့သည်။
ရေခဲပြာအလင်းလုံး၏ အတွင်းတွင် သူမဟာ အေးစက်ကာ လှပသည့် အသွင်မှ ယုနျန်၏ သေးသွယ်ကာ အားနည်းသည့် အသွင်သို့ ပြောင်းလဲသွားသည်။ ဒေါသရေနဂါးကျွန်း၏ အဓိကတောင်ထွတ်၏ တောင်ခြေရှိ ဆေးတဲတွင်..
ဟန်ကျောက်ဟာ ဆေးသန့်စင်ခြင်း အခန်းအတွင်း၌ သွေးချီဆေးလုံးကို သန့်စင်နေ၏။ ရုတ်တရက် သူ၏ မျက်လုံးထောင့်ရှိ စနစ်မျက်နှာပြင်ဟာ ပြောင်းလဲသွားခဲ့သည်။
“အမည်- ယုနျန်(ရေခဲတေးသီငှက်- စိတ်ဝိညာဉ်သားရဲ”
“ကျင့်စဉ်- သက်ရှည်ကျမ်း(စတုတ္ထအဆင့် စတင်ခြင်း ၂%”
“မျိုးစိတ်ပြောင်းသွားတာလား.. စိတ်ဝိညာဉ်သားရဲ”
ဟန်ကျောက်ဟာ ယုနျန်၏ အချက်အလက်များကို ကြည့်ကာ ချက်ချင်းပင် အံ့ဩသွားသည်။
“ဘုန်း”
အာရုံမစူးစိုက်မိရာ ဆေးပေါင်းအိုးအတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် လောင်ကျွမ်းသည့် အနံ့တစ်ခု ထွက်လာခဲ့သည်။
ယန်ကျင်းက ရှေ့သို့ လျှောက်လာပြီး သူ၏အတွင်းအားကို သုံးကာ ဆေးပေါင်းအိုးကို ဖွင့်လိုက်သည်။ အတွင်းထဲရှိ အနက်ရောင် အတုံးများကို တွေ့ရပြီးနောက် ကျောက်စိမ်းဇွန်းနှင့် မွှေကြည့်၏။
ဆေးလုံးများကို အပေါ်ပိုင်းအလွှာကို ဖယ်ပြီးနောက် အလယ်တွင် အနက်နှင့်အနီ ဘဲဥပုံ ဆေးလုံးအား တွေ့ရသည်။
“မင်းက နောက်ဆုံးအချိန်ကျမှ အာရုံကင်းသွားတာ.. မဟုတ်ရင် သွေးချီကို သန့်စင်နိုင်ဖို့ အခွင့်အရေးရှိတယ်။ မင်းရဲ့ တိုးတက်မှုက အားရဖို့ကောင်းတယ်လို့ ဆိုလို့ရတယ်”
ယန်ကျင်းက ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ကို အားပေးသည်။ အလယ်အလတ် ဆေးလုံးများအား သန့်စင်ခြင်းဟာ အောင်မြင်နိုင်ချေအတွက် လိုအပ်ချက်များ ရှိသလို ဆေးလုံးအရေအတွက် လိုအပ်ချက်လည်း ရှိသည်။
ပုံမှန် အလယ်အလတ်အဆင့် ဆေးပညာရှင်များ သွေးချီဆေးလုံးနှင့် ရေအဆီအနှစ် ဆေးလုံးကဲ့သို့ အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်ပါက သူတို့တွင် အောင်မြင်နိုင်ချေ ၂၀%ရှိသည်။
ထို့အပြင် သူတို့ဟာ အောင်မြင်သည်ဟု ယူဆနိုင်ရန်အတွက် ဆေးပေါင်းအိုး တစ်ခုစီအတွက် ဆေးလုံးသုံးထက် ပိုမိုများပြားအောင် သန့်စင်နိုင်ရန် လိုအပ်သည်။
ခုနက ဟန်ကျောက်ဟာ အောင်မြင်ခဲ့လျှင်တောင် အလွန်ဆုံး အဆင့်နိမ့် အရည်အသွေးရှိသည့် သွေးချီဆေးလုံး တစ်လုံးကိုသာ ရနိုင်မှာဖြစ်သည်။
အလယ်အလတ် ဆေးပညာရှင်တစ်ယောက်အတွက် ဤသည်မှာ ကျရှုံးမှုဖြစ်သည်။ သို့ရာတွင် သူကဲ့သို့ အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် အတွက်မူ ကြီးမားသည့် အဆင့်တက်မှုကြီး ဖြစ်၏။ ဟန်ကျောက်၏ တိုးတက်မှုဟာ သူထင်ထားတာထက် ကျော်လွန်နေပြီး ဖြစ်သည်။
အဆင့်နိမ့် ဆေးပညာရှင် များစွာတို့ဟာ အရင်းမြစ် မလုံလောက်၍ အများအပြား လေ့ကျင့်နိုင်ခြင်း မရှိခြင်းကြောင့် အလယ်အလတ်အဆင့် ဆေးပညာရှင်များ ဖြစ်မလာနိုင်ကြဟု ဆိုကြသည်။
သို့ပေမယ့် တကယ့် အကြောင်းပြချက်မှာ သူတို့၏ ပါရမီကြောင့် ဖြစ်၏။ လောကကြီးတွင် အရက်စက်ဆုံး အရာမှာ ကိစ္စများစွာတို့၌ ပါရမီအား လိုအပ်ခြင်း ဖြစ်သည်။
ကြိုးစားအားထုတ်ခြင်းက အသုံးဝင်၏။ သို့ပေမယ့် ဆေးပညာအရာတွင် ကြိုးစားအားထုတ်ခြင်းအား အရမ်းကြီး အသုံးဝင်ခြင်း မရှိပေ။
အရင်းအမြစ်များကို စိတ်ကြိုက် အသုံးပြုနိုင်လျှင်တောာင် သူတို့ဟာ ဆေးပညာစကေးကို အလယ်အလတ်၏ စတင်ခြင်းအဆင့်သို့လောက်သာ တွန်းတင်နိုင်ရုံ တတ်နိုင်ကြ၏။
သို့ရာတွင် နောက်ထပ် ဆေးညွှန်းကို ပြောင်းလိုက်ပါက မူလ အခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားမှာ ဖြစ်သည်။
ပြောရလျှင် ဟန်ကျောက်ဟာ ယန်ကျင်း၏ဘဝတွင် တစ်ခါမှ မြင်ဖူးခြင်းမရှိသည့် ဆေးသန့်စင်ခြင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
နှစ်ဝက်အတွင်းတွင် သူ၏ကူညီမှုဖြင့် တစ်ဖက်လူဟာ အခြေခံကို ပြန်လည်တည်ဆောက်ပြီးနောက် များစွာ တိုးတက်လာခဲ့သည်။ ပါရမီအပြင် အခြား အကြောင်းပြချက်များဖြင့် ရှင်းပြလို့ မရပါ။
“မနေ့ညက မင်းရဲ့အခန်းကို ပြန်တုန်းကလည်း ဆေးသန့်စင်နေတာလား”
ယန်ကျင်းက မေးသည်။
ဟန်ကျောက်ဟာ ဆေးဆိုင်မှ ဆေးပင်များကို ယူဆောင်ကာ ပြန်သွားခဲ့၏။ ဤသည်မှာ ဂိုဏ်းခေါင်းဆောင်၏ အလိုလို ခွင့်ပြုထားမှု ဖြစ်သည်။ သူလည်းပဲ ထိုအကြောင်းကို သိ၏။
ပြီးခဲ့တုန်းက ဟန်ကျောက်ကို သူဝါးနိုင်သည်ထက် ပိုမို ကိုက်နေသည်ဟု ထင်ထားခဲ့တာပါ။ ယခုတော့ ကြည့်ရတာ သူသာလျှင် ပါရမီရှင်တစ်ယောက်ကို သာမန်လူများ၏ စိတ်နှင့် ကြည့်မိခြင်း ဖြစ်သည့်ပုံပါ။