← Chapters

အခန်း (၂၂၀)

Vol. 15 Ch. 220

အခန်း (၂၂၀)

Vol. 15 Ch. 220

“ဟုတ်ပါတယ်။ ဒါပေမယ့် အားလုံး ကျရှုံးခဲ့တယ်”

ဟန်ကျောက်က နေရခက်စွာ ပြုံးသည်။

“ဒီနေ့ကစပြီး မင်းပြန်တဲ့အခါ လေ့ကျင့်ဖို့ ဆေးပင်နည်းနည်းစီ ပိုယူသွား”

ယန်ကျင်းက ခဏတာ စဉ်းစားပြီးနောက် ပြော၏။

ဆေးပညာ သင်ယူရာတွင် အရေးအကြီးဆုံးမှာ ပါရမီဖြစ်သ်ည။ ဟန်ကျောက်ဟာ စတင်ခြင်းသို့ ဝင်ရောက်ပြီး ဖြစ်၏။

ထို့ကြောင့် သူဟာ ဆေးလုံးများကို သန့်စင်ရာတွင် တစ်စိတ်တစ်ပိုင်းကိုသာ ညွှန်ကြားနိုင်ပါသည်။ အဆုံးသတ်တွင် ကိုယ့်ကိုယ်ကိုယ် မှီခိုကာသာ နားလည်အောင် လုပ်ရမှာ ဖြစ်၏။

ယခု ဟန်ကျောက်တွင် ထိုကဲ့သို့သော စွမ်ရည်ရှိပြီး ဂိုဏ်းချုပ်ကလည်း ခွင့်ပြုထားရာ သူ့အနေနှင့် ကပ်စေးနည်းနေစရာ မလိုပေ။

ဒီနှုန်းအတိုင်းသာ သွားပါက အလွန်ဆုံး တစ်နှစ်၊ နှစ်နှစ်အတွင်းတွင် သူ့အနေနှင့် ဟန်ကျောက်ကို သင်ပေးစရာ ဘာမှရှိမည် မဟုတ်တော့ပေ။ ဆေးခန်းမတွင် ဆေးသန်စင်ခြင်းနှင့် သူ၏ အခန်းထဲတွင် ဆေးသန့်စင်ခြင်းမှာ ခြားနားချက်အများရှိ ရှိမည် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ် ဆရာယန်”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။

“မင်းအသုံးပြုနေတဲ့ ဆေးပေါင်းအိုးကို ပြလို့ရမလား”

ယန်ကျင်းက မေးသည်။

“ဒါက… ကောင်းပါပြီ”

ဟန်ကျောက်ဟာ အနည်းငယ် မှင်သက်သွား၏။ ထို့နောက် ခြေလေးချောင်း သားရဲ ဆေးပေါင်းအိုးကို ဆန်မာရုအိတ်အတွင်းမှ ထုတ်လိုက်သည်။

ယန်ကျင်းက ဆေးပေါင်းအိုးကို ယူလိုက်သည်။ ပထမဆုံး လက်ဖြင့် အလေးချိန်စမ်းကြည့်၏။ ထို့နောက် အပြင်ဘက်အသွင်အပြင်ကို စူးစမ်းကြည့်သည်။

ထို့နောက် အဖံုးကို ဖွင့်ကာ ဆေးပေါင်းအိုး၏ အတွင်းဘက် နံရံများကို စစ်ဆေးသည်။

တစ်ချိန်တည်းတွင် အတွင်းထဲရှိ အနံ့ကို ရှူ၏။ လောင်ကျွမ်းသည့် အနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။

“မင်းရဲ့ ဆေးပေါင်းအိုးကို အသုံးပြုပြီးရင် သန့်ရှင်းဖို့ လိုအပ်တယ်။ အတွင်းထဲမှာ ဆေးအနံ့တွေ ကျန်နေတုန်းပဲ။ ဒါက မင်းရဲ့ နောက်ထပ် ဆေးသန့်စင်မှုတွေရဲ့ အောင်မြင်နှုန်းကို ထိခိုက်စေတယ်”

ယန်ကျင်းက ဆေးပေါင်းအိုးကို ဟန်ကျောက်အား ပြန်ပေးသည်။

“ဟုတ်ကဲ့ပါဆရာ”

ဟန်ကျောက်က ဖြေကြားသည်။ အတွင်းထဲရှိ အနံ့မှာ သူ၏ ဆေးအတုံးများအား လိမ်းကျန်ထားပြီး ရေဖြင့် တစ်ကြိမ်သာ ဆေးထားခြင်း၏ ရလဒ်ဖြစ်၏။

“မင်းရဲ့ ဆေးပေါင်းအိုးရဲ့ အရည်အသွေးက နိမ့်လွန်းတယ်။ အဆင့်နိမ့်အဆင့် ဆေးလုံးတွေကို သန့်စင်ရာမှာ ပြဿနာမရှိဘူး။ ဒါပေမယ့် အလယ်အလတ် ဆေးလုံးတွေအတွက်ဆို အကျိုးသိပ်မပြုနိုင်ဘူး။ ငါ ရေသံတမန်ကို အရည်အသွေးပိုမြင့်တဲ့ အလယ်အလတ်အဆင့် ဆေးပေါင်းအိုးတစ်ခု မင်းအတွက် အမြန်ဆုံးဝယ်ခိုင်းလိုက်မယ်”

ယန်ကျင်းက စဉ်းစားသ်။

“ကျေးဇူးတင်ပါတယ် ဆရာယန်”

ဟန်ကျောက်က လက်သီးများကို ဆုပ်ကာ ဦးညွှတ်သည။ ရိုးရိုးသားသား ပြောရလျှင် ယန်ကျင်းဟာ အမှန်တကယ်ကို သူ့အပေါ် အလွန်ကောင်း၏။

“အကြိမ်အနည်းငယ်လောက် ထပ်လုပ်ကြည့်… ငါအပြင်ကို ခဏသွားဦးမယ်”

“ဟုတ်”

ယန်ကျင်းဟာ ဆေးတဲအတွင်းမှ ထွက်ခွာသွားပြီး ဟန်ကျောက်ကို သွေးချီဆေးလုံးအား သူ့ဘာသာ လေ့ကျင့်ခိုင်းခဲ့၏။ ခဏအကြာ၌ သူဟာ ဒေါသရေနဂါးဂိုဏ်း၏ ခန်းမဆီသို့ တက်ခဲ့၏။

လမ်းတစ်ဝက်တွင် ဂိုဏ်းချုပ်၏ကိုယ်စား ဂိုဏ်းကိစ္စများကို ကိုင်တွယ်နေသည့် ရွှေကျင်ဖုန်းနှင့် တွေ့လေသည်။

“ရေသံတမန်ကို တွေ့ဆုံပါတယ်”

ယန်ကျင်းက လေးစားစွာ ဦးညွှတ်သည်။

“ဆရာယန်.. အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒီကိုလာတာ ဆေးပင်တွေ အတွက်လား”

ရွှေကျင်ဖုန်းက ရပ်ကာမေး၏။

“ဒီအတောအတွင်း ဟန်ကျောက်ရဲ့ ဆေးပညာ တိုးတက်လာလို့.. သူအခုဆိုရင် သွေးချီဆေးလုံးကို စပြီးသန့်စင်တာ အကြိုသဘောမျိုး အောင်မြင်မှုရနေပြီ။ ငါ့ရဲ့ ပြီးခဲ့တုန်းက ခန့်မှန်းချက်က နည်းနည်းလွဲမှားနေတုန်းပဲ။

သူ့ကိုသာ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ရင် သူ့ရဲ့ ဆေးပညာက ၂နှစ်အတွင်းမှာ ငါ့ကိုကျော်သွားမှာ။ သုံးနှစ်အတွင်းမှာ ဂိုဏ်းချုပ်ရဲ့ ဆေးပညာ လိုအပ်ချက်ကို ပြည့်မှီနိုင်လောက်တယ်”

ယန်ကျင်းက လေးနက်စွာ ပြောသည်။

“ကောင်းတယ်။ ဒါကောင်းတယ်”

ရွှေကျင်ဖုန်းက ပျော်သွားသည်။

“အခု ဟန်ကျောက်အတွက် အလိုအပ်ဆုံးက အဆင့်မြင့်အရည်အသွေးနဲ့ ဆေးပေါင်းအိုး တစ်ခုပဲ။ ဘာပဲဖြစ်ဖြစ် ဆေးပညာရှင်တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အကျင့်တွေ ရှိကြတယ်။ ငါ့ရဲ့ ဆေးအိုးဆိုကလည်း အသုံးပြုလာခဲ့တာ ဆယ်စုနှစ်များစွာ ကြာနေပြီ။

ဒါ့ကြောင့် သူ့အတွက် သင့်တော်မှာမဟုတ်ဘူး။ နဂါးသွေးဆေးလုံးက အရမ်း အရေးကြီးတယ်။ ဆေးပေါင်းအိုးရဲ့ အရည်အသွေးက အောင်မြင်နိုင်ချေနဲ့ သက်ဆိုင်နေတယ်။ ဂရုမစိုက်ပဲ နေလို့မရဘူး”

“အဲ့ကိစ္စအတွက်တော့ စိတ်ပူမနေပါနဲ့။ ကျွန်တော် ဂိုဏ်းချုပ်ကို သတင်းပို့ လိုက်မယ်။ သူသေချာပေါက် မင်းကို ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးမှာပါ”

ရွှကျင်ဖန်းက ကတိပေး၏။

“ကောင်းပါပြီ”

ယန်ကျင်းက ခေါင်းညှိတသည်။ ခဏတာ စဉ်းစားပြီးနောက် ထပ်ပေါင်းပြော၏။

“ဒီကောင်လေးက တကယ့်ကို ရှားပါးတဲ့ ဆေးပညာ ပါမရှင်တစ်ယောက်ပဲ။ သူ့ရဲ့ ဆေးပညာသာ ဆက်လက်တိုးတက်လာပြီး ဂိုဏ်းအတွက် အလုပ်လုပ်နိုင်ရင် နောက်ထပ် ဆယ်စုနှစ်အနည်းငယ် အတွင်းမှာ ဂိုဏ်းရဲ့ စစ်ဘုရင်အရေအတွက်က နှစ်ဆလောက် များလာလောက်တယ်”

ယန်ကျင်းဟာ သဲလွန်စအချို့ကို ရေးတေးတေး ခံစားရ၏။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ဟာ ဒေါသရေနဂါးဂိုဏ်းအပေါ် မည်သည့် သံယောဇဉ်မှ မရှိသည့် အပြင်လူတစ်ယောက်ကို ရွေးချယ်ကာ သူ့ဆီမှ ဆေးပညာ သင်ယူစေခဲ့လေသည်။

တစ်ချိန်တည်းတွင် ဟန်ကျောက်ကို အကြွင်းမဲ့ ထောက်ပံ့ပေး၏။ ကိစ္စသာ ပြီးမြောက်ပါက အခြား အစီအစဉ်များ ရှိနေမှာ စိုးရပါသည်။

သို့ရာတွင် သူ့အနေနှင့် ထိုကိစ္စကို တိုက်ရိုက် ပြောကြားနိုင်ခြင်း မရှိပေ။ ပုံမှန် ဟန်ကျောက်ကို ညွှန်ကြားပေးသည့် အချိန်များတွင်သာ တစ်ဖက်လူအား ရေသံတမန်နှင့် သစ်သားသံတမန်တို့နှင့် ရင်းနှီးအောင် နေရန် မတော်တဆ အချက်ပြလေ့ ရှိ၏။

သူဟာ ဟန်ကျောက်ကို ဒေါသရေနဂါးဂိုဏ်းအတွက် အလုပ်လုပ်စေနိုင်ရန် အမှန်တကယ်ကို မျှော်လင့်၏။ ယခုကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ဖြုန်းတီးလိုခြင်း မရှိပါ။

“ဒီကိစ္စကို ငါတို့တွေ အမြန်ဆုံး အတည်ပြုလိုက်ပါမယ်”

ရွှေကျင်ဖုန်းက လေးနက်စွာ ပြောသည်။

“ကျေးဇူးတင်ပါတယ် ရေသံတမန်။ ကျွန်တော် ခင်ဗျားရဲ့ အလုပ်တွေကို မနှောင့်ယှက်တော့ဘူး”

ယန်ကျင်းက လက်သီးနှစ်ဖက်ကိုဆုပ်ကာ ဦးညွှတ်၏။

“ဆရာယန်.. ဂရုစိုက်ပါ”

ရွှေကျင်ဖုန်းက သူ့ကို လိုက်ပို့ပြီးနောက် အဓိကခန်းမဆီဿို့ ပြန်ခဲ့၏။

နောက်တစ်နေ့နံနက်တွင် ဟန်ကျောက်ဟာ စီကျူးဆီမှ ရေသံတမန် ရောက်ရှိသည်လာဟု သတိပေးချက်အား ရရှိသည်။

“ရေသံတမန်ကို တွေ့ဆုံပါတယ်”

သူက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်၏။

“ဂိုဏ်းခေါင်းဆောင်ငယ်က ယဉ်ကျေးလွန်းနေပါပြီ”

ရွှေကျင်ဖုန်းက ပြုံးသည်။

“ဂိုဏ်းခေါင်းဆောင်ငယ်” ဟန်ကျောက်က မှင်သက်သွားသည်။

“ခေါင်းဆောင်က မင်းကို ဒေါသရေနဂါးဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်အဖြစ် ထားဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းကိုခေါ်ပြီး သူ့ကို လာတွေ့ခိုင်းထားတယ်။ အခု ငါနဲ့လိုက်ခဲ့”

ရွှေကျင်ဖုန်းက ဆို၏။

“ရေသံတမန်.. ကျေးဇူးပြုပြီး”

ဟန်ကျောက်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

ရွှေကျင်ဖုန်းဟာ ဟန်ကျောက်ကို ခေါ်ကာ ဒေါသရေနဂါးဂိုဏ်း၏ အဓိကခန်းမဆီသို့ ရောက်လာခဲ့သည်။ ရှေ့ရှိ ယန္တရားကို လှည့်လိုက်၏။

“ခရက်…”

ခေါင်းဆောင်၏ အထူးရွှေထိုင်ခုံ အနောက်ဘက်ရှိ မှင်နက်ရောင် ရေနဂါးအကြွင်းအကျန်များ အောက်တွင် ၂မီတာကျော် ရှည်လျားသည့် စတုရန်းပုံ အပေါက်ြီးတစ်ခုဟာ ကြမ်းပြင်ပေါ်မှ ပေါ်လာခဲ့သည်။ နက်ရှိုင်းသည့် မြေအောက်လမ်းကြောင်း တစ်ခုဟာ ဟန်ကျောက်၏ရှေ့တွင် ပေါ်လခဲ့၏။

“ခေါင်းဆောင်ငယ်.. ကျေးဇူးပြုပြီး”

ရွှေကျင်ဖုန်းက ပြုံးသည်။

“ဟုတ်”

ဟန်ကျောက်က ခေါင်းညှိတ်ကာ မြေအောက်လမ်းအတွင်းသို့ လျှောက်ဝင်သွားသည်။ ကျဉ်းမြောင်းသည့် လမ်းကို ဖြတ်သန်းပြီးနောက် သူဟာ မြေအောက်လျှို့ဝှက်ခန်းနှင့် တူသည့် နေရာတစ်ခုသို့ ရောက်ရှိသွားသည်။

နံရံပေါ်တွင် ဆီမီးအိမ်အချို့ကို ချိတ်ဆွဲထားသည်။ မှိန်ပြသည့် အဝါရောင်အလင်းကို ထုတ်လွှတ်နေ၏။

ဟန်ကျောက်ဟာ လေထဲရှိ လေစီးဆင်းမှုကို ခံစားကာ အသံလှိုင်းတစ်ခုကို ရေးတေးတေး နားထောင်နေရသည်ဟု ခံစားရ၏။ သူက လျှို့ဝှက်အခန်း၏ အလယ်သို့ ကြည့်၏။

ဒီအချိန်၌ ရှန့်ကွမ်းယွင်ဖေးဟာ လျှို့ဝှက်ခန်း၏ ဗဟိုရှိ အခင်းတစ်ခုပေါ်တွင် မျက်လုံးများအား မှိတ်ကာ တင်ပျဉ်ခွေထိုင်နေ၏။ အသံများကို ကြားရပြီးနောက် မျက်လုံးများ ပွင့်လာခဲ့သ်။

“မင်းရောက်လာပြီလား”

“ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်”

“မင်းငါ့ကို ဆရာလို့ ခေါ်သင့်တယ်မလား”

ရှန့်ကွမ်းယွင်ဖေးက အသာပြုံးကာ ပြောသည်။

“ပထမဆုံး တွေ့တုန်းက ငါတို့အကြားမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ရှိခဲ့ပေမယ့် မင်းလို လူတစ်ယောက်ကို ဒေါသရေနဂါးဂိုဏ်းကို ဝင်ရောက်စေဖို့ ငါတကယ် မျှော်လင့်တယ်။

မင်းရဲ့ ဆေးပညာ တိုးတက်မှုကလည်း ကျေနပ်ဖို့ကောင်းတယ်။ ဒါ့ကြောင့် အခု ငါ့ရဲ့ကတိကို ဖြည့်တင်းပြီး မင်းကို ငါ့တပည့်အဖြစ် တရားဝင် လက်ခံမယ်။ ရှန့်ကွမ်းမိသားစုရဲ့ လျှို့ဝှက်အတတ်ဖြစ်တဲ့ ဒေါသရေနဂါး အစစ်အမှန်တတ်ကို သင်ပေးမယ်”

ဟန်ကျောက်၏ တုံ့ပြန်မှုကို စောင့်မနေတော့ပဲ ရှန့်ကွမ်းယွင်ဖေးက စာလိပ်တစ်ခုကို ထုတ်ကာ ပစ်ပေးလိုက်သည်။

All Chapters