← Chapters

အခန်း (၂၂၂)

Vol. 15 Ch. 222

အခန်း (၂၂၂)

Vol. 15 Ch. 222

သူ ပြန်လည်တည်ငြိမ်လာပြီးနောက် ရေကစားနေသည့် နဂါးဟာ ရုတ်တရက် ပြောင်းလဲသွားသည်။ မူလက ရှင်းလင်းနေသည့် ကောင်းကင်ပြာဟာ ရုတ်တရက် တိမ်မဲများ များပြားစွာ စုစည်းလာခဲ့သည်။

လေးလံကာ ဖိအားကြီးသည့် လေထုဟာ လေဟာနယ်ကို အေးခဲပစ်လိုက်သည့် ပုံပါ။

“ရိုးဝါး”

မှင်နက်ရောင် ရေနဂါးဟာ ဦးခေါင်းကို မြင့်မားစွာ ထောင်ကာ ၎င်း၏ နက်ပြာရောင် ထောင်လိုက်မျက်လုံးများနှင့် ကောင်းကင်ကို ကြည့်သည်။ နောက်ထပ် ကမ္ဘာပြိုမတတ် အော်သံတစ်ခုကို ထုတ်လွှတ်၏။

ဟန်ကျောက်ဟာ ထိုအော်သံမှ ဒေါသတရားနှင့် ဂရုမစိုက်သည့် ခံစားချက်တို့ကို ခံစားနိုင်ပါသည်။

“ဂျိမ်း”

ထိုအချိန်၌ တိမ်မဲများအကြားတွင် အဖြူရောင် အလင်းတစ်ခု လက်သွားပြီး မိုးခြိမ်းသံက ပေါ်လာ၏။ ကောင်းကင်ဟာ မှင်နက်ရောင်နဂါး၏ ရန်စမှုကို ခံစားရသည့်အလား မိုးကောင်းကင်၏ အပြစ်ပေးမှုတစ်ခုကို ပစ်လွှတ်လိုက်သည်။

“ဂျုံး၊ ဂျုံး၊ ဂျုံး”

ပလက်တီနမ်အရောင် မိုးကြိုးတန်းများဟာ ရေစည်တစ်ခုကို ပြည့်နှက်စေရန် လုံလောက်သည့် ထူထဲမှုမျိုးနှင့် ကျယ်လောင်စွာ သက်ဆင်းလာခဲ့သည်။ ကမ္ဘာမြေတုန်ဟီးသည့် ပစ်ခတ်မှုက ဟန်ကျောက်၏ စိတ်ကို တုန်ခါစေ၏။

မူလက အစွယ်များကို ထုတ်ကာ လက်သည်းများကို ဝှေ့ဝင့်နေသည့် မှင်နက်ရောင် ရေနဂါးဟာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ဖြစ်သည်။

အထူးသဖြင့် ၎င်း၏ ဝမ်းဗိုက်ပေါ်ရှိ လောင်ကျွမ်းနေသည့် ဒဏ်ရာဖြစ်၏။ သေသေချာချာ ကြည့်ပါက ရေနဂါး၏ ခန္ဓာကိုယ်အတွင်းမှ ခုန်နေသည့် နှလုံးသားကို ရေးတေးတေး တွေ့မြင်နိုင်ပါသည်။

“ရိုးဝါး”

ရေနဂါး၏ အရှိန်အဝါတို့ဟာ ကျဆင်းသွားပြီး ဖြစ်ပေမယ့် ၎င်းဟာ အရှုံးမပေးစွာ မာန်ဖီလိုက်ပြန်၏။ လောကကြီးတွင် သူ၏ မောက်မာသည့် ဦးခေါင်းကို ငုံ့သွားရအောင် မည်သည်ကမှ လုပ်ဆောင်နိုင်ခြင်း မရှိသည့်ပုံပါ။

“ဂျလုန်း.. ဂျလုန်း”

မူလက မှင်နက်ရောင် ရေနဂါး၏ ဦးခေါင်းပေါ်တွင် လွှမ်းခြုံနေသည့် တိမ်မဲများဟာ ဆယ်ဆလောက် ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဒီတစ်ကြိမ်တွင် အချင်း ငါးမီတာကျော် ရှိသည့် မိုးကြိုးကိုးခုဟာ တစ်ပြိုင်နက် သက်ဆင်းလာခဲ့သည်။

“အားးးး”

ဟန်ကျောက်ဟာ သူ၏ ဦးခေါင်းပေါ်သို့ မိုးကြိုးများ သက်ဆင်းလာသည့်အလား အသံပြု၏။ ခုနက မိုးကြိုးကို ပြန်လည်တွေးမိကာ ကြောက်ရွံ့စိတ်တို့ ရစ်ဝဲနေဆဲ ရှိသည်။

သို့ရာတွင် သိုင်းပညာကော်လံရှိ အပိုကျင့်စဉ်က သူ၏အာရုံကို လျှင်မြန်စွာ ဆွဲဆောင်သွား၏။

“နဂါးသွေး(ပထမအဆင့် စတင်ခြင်း ၂%)”

"ဘာပဲဖြစ်ဖြစ် လူသားများတွင် အကန့်အသတ်များ ရှိကြ၏။ သင်၏ သွေးချီသည် ခန္ဓာကိုယ်နှင့် မျိုးနွယ်၏ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိသွားပါက အဆင့်ချိုးဖျက်ခြင်း မပြုလျှင် ဆက်လက်တိုးပွားနိုင်ခြင်း မရှိတော့ပေ။

ထို့ကြောင့် သင်သည် လူသားတစ်ယောက် မဟုတ်တော့ရန် ရွေးချယ်လိုက်သည်။ သင်သည် ဒေါသရေနဂါး အစစ်အမှန်အတတ်၏ အခြေခံပုံကြမ်း အတွင်းမှ နဂါးသွေးလျှို့ဝှက်အတတ်ကို နားလည်သဘောပေါက်ခဲ့သည်။

သင်သည် ရေနဂါး၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးသွေးကို လှုံ့ဆော်ကာ သင်၏ခန္ဓာကိုယ်အတွင်းတွင် နှလုံးသားနှင့် တူညီဿည့် နဂါးသွေးအိတ်တစ်ခုကို ဖွဲ့စည်းနိုင်သည်။ ၎င်းက သင်၏ သွေးချီ အကန့်အသတ်ကို နှစ်ဆ ဖြစ်သွားစေလိမ့်မည်”

“ငါက တကယ့်ကို ပါရမီရှင်ပဲ”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ သွေးချီဟာ အတွင်းအားနှင့် အစစ်အမှန်ချီအဖြစ် ပြောင်းလဲနိုင်၏။ သိုင်းသမားတစ်ယောက်ဟာ မည်မျှပင် ပါရမီမြင့်မား စေကာမူ၊ သူတို့၏ ဒီဗိုင်းအတတ်ဟာ မည်မျှပင် ကောင်းမွန်စေကာမူ၊ အရင်းအမြစ် မည်မျှ ရှိစေကာမူ လူသားခန္ဓာကိုယ်တွင် အကန့်အသတ် ရှိပါသည်။

“သာမန် သိုင်းသမားတွေ ဆုတ်ယုတ်လာတာ အံ့ဩစရာ မရှိဘူး”

ဟန်ကျောက်ဟာ ရုတ်တရက် သက်ပြင်းချသည်။ နောက်ဆုံးတွင် အဘယ်ကြောင့် သိုင်းပညာတို့ တစ်နေ့ပြီးတစ်နေ့ ဆုတ်ယုတ်လာရခြင်း အကြောင်းကို နားလည်လာခဲ့သည်။

အဆင့်မြင့်အဆင့် သိုင်းပညာများတွင် ယခုကဲ့သို့ ရှုပ်ထွေးလှည့် အမွေအနှစ် နည်းလမ်းအား အသုံးပြုထား၏။ သေချာပေါက် ခက်ခဲနေမှာပါ။

ထို့အပြင် စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက်များနှင့် အုပ်စိုးသူမိသားစု မျိုးဆက်များဟာ လူသားများ မဟုတ်ကြတော့ပေ။

“အခု.. ငါ့မှာ ဒေါသရေနဂါးဂိုဏ်းရဲ့ အရင်းအမြစ်တွေ ရှတယ်။ ငါအမြန်ကြိုးစားရမယ်”

ဟန်ကျောက်ဟာ ဒေါသရေနဂါးဂိုဏ်း၏ အခြေအနေများက သူ့ကို အားကောင်းသည့် အန္တရာယ်တစ်ခုအား ပေးလာနိုင်သည်ဟု တွေးမိသည်။ တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် သူဟာ နဂါးသွေးအိတ် လျှို့ဝှက်အတတ်ကို စတင် လှည့်လည်၏။

များပြားလှသည့် သွေးချီများဟာ သူ၏ မရီဒျန်များ အတွင်းတွင် လျှင်မြန်စွာ စီးဆင်းလာခဲ့ပြီး နောက်ဆုံးတွင် နှလုံးသားနေရာတွင် စုစည်းလာ၏။ ဟန်ကျောက်၏ အတွင်းပိုင်း ထိန်းချုပ်မှုအောက်တွင် သွေးများဟာ အမျှင်များအဖြစ် စတင်စုစည်းလာ၏။

ချီမျှင်မှတစ်ဆင့် နှလုံးသား၏ မျက်နှာပြင်ပေါ်တွင် သွေးအိတ်တစ်ခု၏ ပုံတူအား ဖွဲ့စည်းလိုက်သည်။

ဟန်ကျောက်ဟာ သတိပြန်လည်လာပြီးနောက် သူ၏ ဝမ်းဗိုက်၌ ဆာလာစွာ မြည်ဟည်းလာသည်ဟု ခံစားရသည်။ ပြတင်းပေါက်ရှိ အပြင်ဘက်ကောင်းကင်တွင် နေဝန်းနီက ပြည့်နှက်နေ၏။ ဤနည်းအားဖြင့် နေ့လည်ခင်းကို ဖြတ်ကျော်ကာ ညနေပိုင်းသို့ ရောက်ရှိသွားသည်။

“တစ်ခါမှ ဒီလောက် ဗိုက်မဆာဖူးဘူး”

ဟန်ကျာက်ဟာ သွေးချီဆေးလုံး တစ်လုံးကို ထုတ်ကာ ကိုယ့်ကိုယ်ကိုယ် အားဖြည့်တော့မှာပါ။ သို့ပေမယ့် ဆေးလုံးများကို ယုနျန်က စားလိုက်ပြီ ဖြစ်ကြောင်းအား အမှတ်ရလိုက်၏။

“စီကျူး။ ငါ့အတွက် ညစာပြင်ထား”

ဟန်ကျောက်ဟာ တံခါးဖွင့်ပြီး ခြံထဲသို့ အော်လိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး”

စီကျူးက ဖြေ၏။ ခဏအကြာ၌ သူမဟာ အစေခံများနှင့် ဝင်လာပြီး ဟန်ကျောက်အတွက် စားပွဲနှစ်ခုအပြည့် ဟင်းပွဲများ ပြင်ဆင်ပေးသည်။

ထိုအထဲတွင် များပြားလှသည့် သမင်သားများ ပါဝင်၏။ ဤသည်မှာ နတ်ဆိုးသားရဲအသား ဖြစ်သည်။ ဟင်းပွဲတစ်ခုအဖြစ် ပြုလုပ်လိုက်လျှင်တောင် စွမ်းအားကြီးမားသည့် သွေးချီအငွေ့အသက်ကို ထုတ်လွှတ်နေပါသည်။

ဟန်ကျောက်ဟာ ဟင်းပွဲနှစ်ခုကို စားသောက်ပြီးနောက် စီကျူးကို နောက်ထပ် စားပွဲတစ်ခု ထပ်မံပြင်ရန် ပြောသည်။

“ငါ့ရဲ့ လက်ရှိ စားနိုင်မှုနဲ့ အစာချေနှုန်းနဲ့ဆိုရင် လူသားတစ်ယောက်လို့ ယူဆလို့ မရတော့ဘူး”

ဟန်ကျောက်ဟာ သူစားလိုက်သည့် အစားအသောက် ၁၀၀%လုံးအား အစာချေဟာ ခန္ဓာကိုယ်က စွမ်းအင်အဖြစ် စုပ်ယူမည် ဖြစ်ကြောင်းအား တွေးမိသည်။ အညစ်အကြေး စွန့်ထုတ်စရာ မလိုတော့ပေ။

ထိုအချိန်၌ နောက်ထပ် ပြဿနာတစ်ခုကို ဟန်ကျောက် တွေးမိလိုက်သည်။ သူ၏ လက်ရှိ ခန္ဓာကိုယ်နှင့် စနစ်၏ အကူအညီနှင့် ပထမအဆင့် နဂါးသွေးအိတ်ကို အကြီးစားကျွမ်းကျင်မှု အဆင့်သို့ လုံးဝ ကျင့်ကြံပြီးပါက ဒုတိယအဆင့်(သို့) တတိယအဆင့်တို့ကို ကျင့်ကြံဦးမည်လား။

ဘာပဲဖြစ်ဖြစ် စစ်ဘုရင်အဆင့်တွင် ကိုယ်တွင်းအင်္ဂါ ငါးခုဖြစ်သည့် နှလုံး၊ အသဲ၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့ကို သန်မာအောင် လုပ်ရန် လိုအပ်ပါသည်။ ကိုယ်တွင်းအင်္ဂါ တစ်ခုစီတွင် အပို သွေးအိတ်တစ်ခု ရှိနေပါက အလွန် ဆီလျော်လောက်သည် မဟုတ်ပါလား။

ထိုအတွက်ကြောင့် ဒေါသရေနဂါးဂိုဏ်း၏ ကြွယ်ဝမှုများကို ကုန်ကျစေမှာကတော့ သူစဉ်းစားထားသည့် အပိုင်းတွင် မပါဝင်ပေ။

နောက်ထပ် ခုနစ်လဟာ ကုန်ဆုံးသွားခဲ့သည်။

“အလယ်အလတ်အဆင့် ဆေးပညာ(ပြီးပြည့်စုံခြင်း ၁%)”

“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင် ပါရမီဟာ အဆင့်မြင့်လာခဲ့သည်။ အရည်သွေး တိုးတက်လာ၏”

“ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင်(ခရမ်းရောင်)- ပြန်လည်မွေးဖါားလာသော ဆေးသူတော်စင်(လိမ္မော်ရောင်)”

“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင် (လိမ္မော်ရောင်)- ဆေးပညာပါရမီဟာ ၁၅ဆ တိုးလာခဲ့သည်။ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်ရာ၌ အောင်မြင်နိုင်ချေဟာ ၇၀%နှင့် ၅၀% အသီးသီး တိုးလာခဲ့သည်။ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဆေးလုံးများ၏ သန့်စင်မှုကို လုံးတ တတ်မြောက်ပြီးပါက အဆင့်မြင့် အရည်သွေးနှင့် စူပါ အရည်အသွေးများကို ထုတ်လုပ်နိုင်ချေ ၁၅%မှ ၃၀%အထိ ရှီသည်(အမြင့်ဆုံး အကန့်အသတ်မှာ အနီရောင်ဖြစ်သည်)”

ဟန်ကျောက်ဟာ ဆေးပေါင်းအိုးကို ဖွင့်ကြည့်ရုံ ရှသေး စနစ်၏ ပါရမီမြင့်တက်ခြင်း အချက်ပေးချက်ဟာ ပေါ်လာခဲ့၏။

“တစ်အိုးမှာ ဆေးရှစ်လုံး.. အလယ်အလတ်အဆင့် ငါးလုံးနဲ့ အဆင့်မြင့်အဆင့် သုံးလုံး။ ဘယ်သူယုံနိုင်မလဲ”

ဟန်ကျောက်ဟာ ဆေးပေါင်းအိုးအတွင်းရှိ အဖြူရောင် ဆေးလုံးများကို ကြည့်ကာ သက်ပြင်းချသည်။

နှစ်ဝက်အတွင်းတွင် သူဟာ သွေးချီဆေးလုံး သန့်စင်ခြင်းကို နည်းနည်းချင်းစီ လေ့လာဟန် ဆောင်ခဲ့၏။ ထို့နောက် ဒြပ်စင်ငါးမျိုး ဆေးလံဒးအား မည်ကဲ့သို့ သန့်စင်ရမည်ကို သင်ယူရန် တောင်းဆိုခဲ့သည်။

ဒီဒြပ်စင်ငါးမျိုး ဆေးလုံးဟာ ဒြပ်စင်ငါးမျိုး ပါဝင်သည့် စိတ်ဝိညာဉ်ဆေးပင် ငါးမျိုးမှ သန့်စင်ထားသည့် ဆေးလုံးဖြစ်သည်။ သိုင်းသမားများ၏ ကိုယ်တွင်းအင်္ဂါ သန့်စင်မှုကို အရှိန်မြှင့်တင်ပေးသည်။

သို့ရာတွင် သိုင်းသမားများဟာ ကိုယ်တွင်းအင်္ဂါ သန့်စင်ရန်အတွက် ဒြပ်စင်ချီ ငါးမျိုးကို တစ်ခုချင်းစီ စုပ်ယူရန် လိုအပ်ပါသည်။ ထို့ကြောင့် သာမန် စစ်ဘုရင်အဆင့် သိုင်းသမားများအတွက် ဒီအလယ်အလတ်အဆင့် ဆေးလုံးကို အသုံးပြုပါက ဖြုန်းတီးမှုတစ်ခု ဖြစ်သည်။ ချီငါးဆင့် စစ်ဘုရင်များသာလျှင် ဒီဆေးလုံးအား လိုအပ်မှုအချို့ ရှိကြ၏။

ဟန်ကျောက်၏ ဒီဆေးလုံးကို ဖော်စပ်ရခြင်း အကြောင်းမှာ သူ၏ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်မှုအရှိန်အား မြှင့်တင်ရန် ဖြစ်သည်။

သူ့တွင် ဒြပ်စင်ငါးမျိုးအား တစ်မျိုးတည်းအဖြစ် ပါရမီ ရှိ၏။ အခြားလူများက တစ်ကြိမ်တွင် တစ်ခုတည်းကို စုပ်ယူနိုင်ပေမယ့် သူကတော့ ငါးခုလုံးကို တစ်ခါတည်း စုပ်ယူနိုင်ပါသည်။

ဒြပ်စင်ငါးမျိုး ဆေးလုံးကို အသုံးပြုလျှင်လည်း အတွင်းထဲရှိ ဒြပ်စင်ချီငါးခုကို လုံးဝ စုပ်ယူနိုင်၏။ ဒြပ်စင်ငါးမျိုး ဆေးလုံးဟာ အလယ်အလတ်အဆင့် ဆေးလုံးများအကြားတွင် ခက်ခဲမှုဟာ အလယ်အလတ်၏ အဆင့်နိမ့်တွင် ရှိသည်ဟု ယူဆနိုင်ရာ ဟန်ကျောက်၏ တောင်းဆိုမှုအတွင် ယန်ကျင်းဟာ ငြင်းဆန်ခြင်း မပြုပါ။

သို့ရာတွင် သူမသိသည်ကား ဒြပ်စင်ငါးမျိုး ဆေးလုံးကို သန့်စင်ရာ၌ ဟန်ကျောက်၏ အောင်မြင်နှုန်းဟာ ၈၀%သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သို့ပေမယ့် သူပြသထားသည့် အောင်မြင်နိုင်ချေဟာ ၁၀%သာ ဖြစ်သည်။

All Chapters