← Chapters

အခန်း (၂၂၄)

Vol. 15 Ch. 224

အခန်း (၂၂၄)

Vol. 15 Ch. 224

“ငါတို့ ဒေါသရေနဂါးဂိုဏ်း အနေနဲ့ နဂါးတောမြစ်ရဲ့ ဘယ်ညာနှစ်က ကောင်တီများစွာကို အုပ်စိုးနိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်က ငါတို့က အဖွဲ့အစည်းကြီးတိုင်းနဲ့ အပြန်အလှန် အကျိုးပြုမှုတွေ ရှိနေလို့ပဲ။

အပြင်ပန်းမှာ နတ်ဆိုးတွေနဲ့ လူသားတွေက သေခြင်းရှင်ခြင်း ရန်သူတွေ ဖြစ်ကြတယ်။ ဒါပေမယ့် အုပ်စိုးသူ မိသားစုတွေကလည်း နတ်ဆိုးတွေနဲ့ အများကြီး ခြားနားမနေပါဘူး”

ဟန်ကျောက်က တိတ်ဆိတ်သွားသည်။

လင်းမိသားစုမှ ရရှိခဲ့သည့် ရှေးဟောင်းမှတ်တမ်းများကို သူပြန်လည် စဉ်းစားကြည့်သည်။ ဒီဗိုင်းလက်နက် မိသားစုများဟာ အမှန်တကယ်ကို သာမန်လူများအား ခြံမွေးသတ္တဝါများကဲ့သို့ ဆက်ဆံကြသည်။

ဒီနတ်ဆိုးဟာလည်း လူသားများကို အစာအဖြစ် သတ်မှတ်၏။ နှစ်ခုလုံးဟာ တူညီသည့် မကောင်းဆိုးရွားများ ဖြစ်ကြသည်။

“ဂိုဏ်းခေါင်းဆောင်နဲ့ ခေါင်းဆောင်ဟောင်းတို့ ပေါ်မလာကြတာ တစ်နှစ်ကျော်လာခဲ့ပြီ။ အခု ငရဲကိုးခု စံအိမ်ပဲ မဟုတ်ဘူး.. တိမ်စီရင်စုမှာ ရှိတဲ့ ဒေသခံ အုပ်စိုးသူ မိသားစုတွေနဲ့ ကောင်တီမြို့အရှင်ရှိတဲ့ ဟယ်မိသားစုကလည်း ငါတို့ရဲ့ နောက်ဆုံးစည်းကို စမ်းသပ်နေကြတယ်။

မုန်းဖို့အကောင်းဆုံးကတော့ ချန်လော့ရှန်းပဲ။ ဒေါသရေနဂါးဂိုဏ်းရဲ့ ဒုခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး သူက ငရဲကိုးခု စံအိမ်နဲ့ ဆက်သွယ်နေတာ။ ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေ အများကြီးကိုလည်း ဒီကောင်ပဲ ပေါက်ကြားစေခဲ့တာ ဖြစ်မယ်။ မဟုတ်ရင် ကျုကန်ရီ သေချာပေါက် အခုလောက်အထိ သောင်းကျန်းရဲမှာ မဟုတ်ဘူး”

ရွှေကျင်ဖုန်းက မုန်းတီးစွာ ပြောသည်။

“ဒါဆို အခု ဂိုဏ်းချုပ်ဟောင်းကရော ဘယ်နေရာမှာလဲ”

ဟန်ကျောက်က အသံနိမ့်စွာ မေးသည်။ သူဟာ ကျွန်းပေါ်တွင် ရှန့်ကွမ်းယွင်ဖေး ပုန်းအောင်းနေသည်ဟုသာ သိပါသည်။ သို့ပေမယ့် ရှန့်ကွမ်းလီကိုတော့ ဘယ်နေရာမှာလဲ မသိပေ။

ယခုအချိန်၌ ထိုပြင်ပ အဖွဲ့အစည်းများဟာ သိုင်းသူတော်စင်တစ်ယောက် ဖြစ်သည့် ရှန့်ကွမ်းလီကို ကြောက်ရွံ့၍သာ မဟုတ်ပါက ဒေါသရေနဂါးဂိုဏ်းကို စိတ်မရှည်စွာနှင့် ခွဲဝေယူပြီးတာ ကြာပြီဖြစ်လိမ့်မည်။ ဤသည်က မဖြစ်ပေ။ ဒေါသရေနဂါးဂိုဏ်းဟာ သူ၏အပိုင်ဖြစ်၏။ မည်သူမှ လုယူလို့မရပါ။

“ငါလည်း အဲ့ကိစ္စကို သိပ်ပြီး မသေချာဘူး”

ရွှေကျင်ဖုန်းက စဉ်းစားသည်။

ဟန်ကျောက်၏ မျက်လုံးများက လက်သွား၏။ ဒေါသရေနဂါးဂိုဏ်း ပါဝင်သည့် ပထမဆုံး အစမ်းရှင်သန်မှုတွင် ရှန့်ကွမ်းလီဟာ သိုင်းပညာအကယ်ဒမီ၏ ခေါင်းဆောင်ကို တစ်ကြိမ် ပြန်လာရန်ပင် ဖိအားပေးခဲ့သည်။ ကြည့်ရတာ သူ့တွင် တစ်ကြိမ် တိုက်ခိုက်မှုပြုရန် စွမ်းးရည်တို့ ရှိသေးသည့် ပုံပါ။

ဟန်ကျောက်သာ သူ၏ ဆေးပညာ တိုးတက်မှုအား နောက်ကျကျန်နေခြင်း မရှိ‌အောင် သေချာနိုင်ပါက သူ့အတွက် အချိန်တစ်ခုအတွင်း လုံခြုံနေရန် ပြဿနာမရှိပါ။

သို့ရာတွင် ရှန့်ကွမ်းယွင်ဖေးက ရှန့်ကွမ်းလီကို တိုက်ခိုက်ပြီးနောက် ရှန့်ကွမ်းလီဟာ သူ၏ ထိခိုက်မှုဒဏ်ရာများကြောင့် ခုခံရန် စွမ်းရည်တို့ကို ဆုံးရှုံးသွားမှာ ဖြစ်၏။ လာမည့် ၂နှစ်အတွင်းတွင် ဖြစ်သည်။ ဆိုလိုသည်ကား သူ့တွင် အချိန်အများကြီး မကျန်တော့ပေ။

“ဒါဆို. ကျုကန်ရီပြောတဲ့ ဂျမ်ဘူပင်လယ်မှာ ပေါ်လာတဲ့ ပိုင်ရှင်မဲ့ ဒီဗိုင်းလက်နက်ကရော”

ဟန်ကျောက်က စကားပြောင်းလိုက်သည်။

“ဒီဗိုင်းလက်နက်တွေကို ပုံမှန်အားဖြင့် အမျိုးအစားနှစ်ခု ခွဲထားပါတယ်။ တစ်ခုက အဖိုးတန်ကုန်ကြမ်း အများအပြားကို အသုံးပြုပြီး ထုလုပ်တာနဲ့ အခြားတစ်ခုက အချိန်ကာလတစ်ခု ကြာပြီးတိုင်းမှာ နေရာစုံမှာ ကျပန်းပေါ်လာတတ်တဲ့ ပိုင်ရှင်မဲ့ ဒီဗိုင်းလက်နက်ပဲ”

“နောက်တစ်ခုက အဆင့်နဲ့ လုပ်ဆောင်ချက် အမျိုးမျိုးရှိတဲ့ ဒီဗိုင်းလက်နက်တွေကို ကျပန်းထုတ်လုပ်ပေးတယ်။ အဆင့်မြင့်နဲ့ အဆင့်နိမ့် အထောက်အကူပြု အမျိုးအစား ဒီဗိုင်းလက်နက်တွေ ရှိသလို အဆင့်နိမ့်နဲ့ ဧရိယာလိုက် သတ်ဖြတ်ခြင်း ဒီဗိုင်းလက်နက်တွေလည်း ရှိတယ်”

“ဒီဗိုင်းလက်နက်တွေက အုပ်စိုးသူ မိသားစုတွေရဲ့ အကြီးမားဆုံး အားထားရာပဲ။ ပိုင်ရှင်မဲ့ ဒီဗိုင်းလက်နက်တစ်ခု ပေါ်လာတိုင်းမှာ သွေးမုန်တိုင်းတစ်ခုကို ဖြစ်ပွားစေတယ်”

မုရွှမ်လင်းက ရှင်းပြသည်။

“ငရဲကိုးခု စံအိမ်ရဲ့ ရောက်လာမှုက အစပဲ ရှိသေးတယ်။ ဟယ်မိသားစုလည်း မကြာခင် လူတစ်ယောက်ယောက် လွှတ်လာလိမ့်မယ်”

ရွှေကျင်ဖုန်း၏ ပုံစံက ညို့မှိုင်းနေ၏။

ဟန်ကျောက်၏ တိတ်ဆိတ်နေပုံကို တွေ့ရပြီးနောက် နှစ်သိမ့်စွာ ပြောသည်။

“ဂိုဏ်းခေါင်းဆောင်ငယ်.. အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး။ ဆေးပညာကိုပဲ အေးအေးချမ်းချမ်းနဲ့ ကြိုးကြိုးစားစား သင်ယူပါ။ ဂိုဏ်းချုပ်ဟောင်း ပြန်လာပြီးရင် ကျွန်တော်တို့တွေ ဒီလူတွေနဲ့ စာရင်းရှင်းမှာပါ။ ဒီအချိန်အတွင်းတော့ သည်းခံထားဦး”

“ရေသံတမန်.. စိတ်မပူပါနဲ့.. ဒီကိစ္စရဲ့ အတိမ်အနက်ကို ကျွန်တော် နားလည်ပါတယ်။ ဘာကိစ္စမှ မရှိတော့ရင် ကျွန်တော် အရင်ဆုံး ပြန်ပါဦးမယ်”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်ငယ်။ သွားပါ”

ရွှေကျင်ဖုန်းက လက်သီးနှစ်ဖက်ကို ဆုပ်သည်။

ဟန်ကျောက်က မြေပြင်ပေါ်သို့ အမျိုးသမီး၏ အလောင်းကို တစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွား၏။ ကိုယ်ပွားက သူ၏နောက်မှ နီးကပ်စွာ လိုက်သည်။

သူတို့ ထွက်ခွာသွားပြီးနောက် ရွှေကျင်ဖုန်းက ထူးမခြားနားစွာ ပြောသည်။

“ရွှမ်လင်း…. ဂိုဏ်းချုပ်ဟောင်း ဘယ်နေရာမှာလဲ ဆိုတာကို ဒီကောင်လေးသိမယ်လို့ နင်ထင်လား”

“ငါတော့ သူသိမယ်လို့ မထင်ဘူး။ ရှန့်ကွမ်းယွင်ဖေးက ငါတို့ကိုတောင် သတိထားနေတာ။ ဒီကောင်လေးကို ဘယ်လိုလုပ်ပြီး ပြောပြမှာလဲ”

မုရွှမ်လင်းက သူ၏နံဘေးသို့ လျှောက်လာ၏။

“ငရဲကိုးခုစံအိမ်၊ သက်ရှည်ဂိုဏ်းနဲ့ ဟယ်မိသားစုက အုပ်စိုးသူ မိသားစု မျိုးဆက်အချို့ကို ပိုလွှတ်လာလောက်တယ်။ အခြေအနေက သူတို့တွေ ဒီဗိုင်းလက်နက်ကို မရခင်မှာ ဂိုဏ်းချုပ်ဟောင်း ပေါ်လာနိုင်မလားဆိုတဲ့ အပေါ်ကို မူတည်တယ်။ မဟုတ်ရင် ငါတို့တွေ ဘယ်အဖွဲ့ထဲကို ဝင်ရောက်ရမလဲလို့ အမှန်တကယ် စဉ်းစားဖို့ လိုလာလိမ့်မယ်”

ရွှေကျင်ဖုန်းက သက်ပြင်းချသည်။

ရှန့်ကွမ်းယွင်ဖေးက ဟန်ကျောက်ကို ဆေးပညာ သင်ကြားရန် အထူး မှာကြးထား၏။ အရေးကြီးသည့် အထူးဆေးလုံး အချို့ကို သန့်စင်ချင်နေတာ သိသာပါသည်။

သို့ပေမယ့် အခြားလူများကို သိသွားစေလိုခြင်း မရှိပေ။ ပြီးလျှင် သူတို့ကို နှုတ်ပိတ်ရန် ရည်ရွယ်ချက်တို့ ရှိနိုင်၏။

ကောလဟာလများ ပြန့်နှံ့မှုအရ ဂိုဏ်းချုပ်ဟောင်းနှင့် ရှန့်ကွမ်းယွင်ဖေးဟာ နဂါးသတ်တိုက်ပွဲ အတွင်းတွင် ရေနဂါး သွေးစက်ကို ရရှိခဲ့သည်ဟု ဆို၏။ သို့ပေမယ့် နှစ်ယောက်လုံးဟာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။

ယခု ကြည့်ရတာ ရှန့်ကွမ်းယွင်ဖေးဟာ အမှန်တကယ်ကို ဒဏ်ရာရနေသည့် ပုံပါ။ သူ့မျက်လုံးနှင့် ကိုယ်တိုင် မြင်တွေ့ခဲ့၏။

သို့ရာတွင် ဂိုဏ်းချုပ်ဟောင်းဟာတော့ ဒဏ်ရာအလွန် ပြင်းထန်ပြီး အပြင်ဘက်၌ ပုန်းအောင်းနေကာ ပြန်လာရဲခြင်း မရှိပေ။ သို့မဟုတ် နဂါးသွေးကို အပြင်ဘက်တွင် တိတ်တဆိတ် သန့်စင်ကာ အတားအဆီးအား ချိုးဖျက်ရန် အခွင့်အရေးကို စောင့်နေတာလည်း ဖြစ်နိုင်ပါသည်။ ထိုကိစ္စအား သူလည်း ရှင်းလင်းခြင်း မရှိပေ။

ဂိုဏ်းချုပ်ခင် မပေါ်လာခင်တွင် သူ၏ ဒဏ်ရာအပြင်းအထန် ရထားမှုနှင့ ကုသနိုင်ခြင်း မရှိမှုကဲ့သို့ တိကျသည့် သတင်းသာ မထွက်လာပါက အနီးအနားရှိ အဖွဲ့အစည်းကြီးများဟာ ဒေါသရေနဂါးဂိုဏ်းကို တိုက်ရိုက် ခွဲယူရဲမည် မဟုတ်ပါ။

သို့ရာတွင် တစ်ဖက်ချင်းစီတိုင်းက အသားစအနည်းငယ်ကို စုတ်ဖြဲလာမှာတော့ သေချာ၏။ ထိုကိစ္စအပြီးတွင် ဂိုဏ်းချုပ်ဟောင်း၏ ခွန်အား တိုးတက်လာလျှင်တောင် အလွန်ဆုံး သူတို့ဟာ ပြန်ပေးရုံသာ လုပ်မှာပါ။

ဘာပဲဖြစ်ဖြစ် သိုင်းသူတော်စင်အဆင့်နှင့် ဒေါသရေနဂါးဂိုဏ်းကို သူတို့အနေနှင့် အမှန်တကယ် ဒေါသဖြစ်အောင် မလုပ်ရဲသလို ဒေါသရေနဂါးဂိုဏ်းကလည်း များပြားလှသည့် အဖွဲ့များနှင့် တစ်ပြိုင်နက် ရန်သူလုပ်ရဲခြင်း မရှိပါ။

ဂိုဏ်းချုပ်ဟောင်း မပေါ်လာတော့လျှင်တော့ ဒေါသရေနဂါးဂိုဏ်းဟာ တစ်ဆင့်ချင်းစီ ဝါးမြိုခံရမှာ ဖြစ်သည်။ ရှန့်ကွမ်းယွင်ဖေးဟာတော့ သိုင်းသူတော်စင် အဆင့်သို့သာ မချိုးဖျက်ပါက သူ၏ ဒဏ်ရာများ လုံးဝ ပြန်ကောင်းသွားလျှင်တောင် ဒီအခြေအနေကို ကယ်တင်လို့ရမည် မဟုတ်ပေ။

ဟန်ကျောက်ဟာ ခန်းမအတွင်းမှ ထွက်ခွာပြီးနောက် သူ၏ ခြံဝန်းဆီသို့ ပြန်လျှောက်ခဲ့သည်။

“သခင်လေး”

လမ်းတွင် စီကျူးဟာ လက်ဖက်ရည်ပူ နှစ်ခွက်နှင့် စင်္ကြန်လမ်းရှည်မှ ဖြတ်သွားနေ၏။ ဟန်ကျောက်၏ လျှောက်လာမှုကို တွေ့ရပြီးနောက် ဒူးညွှတ်ကာ ဂါဝရပြုသည်။

“အင်း”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

“နင်ဘယ်ကို သွားမလို့လဲ”

“သခင်လေး.. ကျွန်မ ဧည့်သည်အသစ်အတွက် လက်ဖက်ရည် သွားပို့ပေးမလို့ပါ”

“သွားစရာ မလိုဘူး။ ခြံထဲကို တစ်ခါတည်း ပြန်တော့။ ဒီနေ့ကစပြီး ဘေးခန်းမနဲ့ မီးဖိုဆောင်နားကို မသွားနဲ့”

ဟန်ကျောက်က သတိပေးသည်။ စီကျူးဟာ ဒေါသရေနဂါးဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပေမယ့် ဒီနှစ်တွင် သူ့ကို အကောင်းဆုံး ခစားခဲ့သည်။ သူမကို အလကားသက်သက် သေဆုံးကာ နတ်ဆိုး၏ အစာဖြစ်လာစေလိုခြင်း မရှိပါ။

“ဟန်”

စီကျူးဟာ အနည်းငယ် အံ့ဩသွား၏။

“ငါပြောတာကို နင်ရှင်းရှင်းလင်းလင်း မကြားဘူးလား”

ဟန်ကျောက်က ထပ်မံပြောသည်။

“ဟုတ်ကဲ့ပါ သခင်လေး”

ဟန်ကျောက်၏ မဲမှောင်နေသည့် အသွင်ကို တွေ့ရပြီးနာက် စီကျူး၏ နူးညံ့သည့် မျက်နှာလေးက တင်းကြပ်သွားသည်။

ပုံမှန်အားဖြင့် ညင်သာစွာ ရှိတတ်သည့် သခင်လေးတွင် ယခုကဲ့သို့ တစ်ဖက်ခြမ်း ရှိနေမည်ဟု ထင်မထားခဲ့ပေ။ အမြန် ခေါင်းညှိတ်၏။

“ကောင်းပြီ”

ဟန်ကျော်ဟာ ထွက်ခွာသွားပြီး သူ၏ ခြံဝန်းသို့ ပြန်ခဲ့၏။

“ဘုန်း”

သူဟာ ခြံဝန်းအတွင်းရှိ ထူထဲသည့် သစ်ပင်ကို ထိုးလိုက်သည်။ ပြင်းထန်သည့် အတွင်းအားနှင့် အစစ်အမှန်ချီတို့ ကျယ်လောင်စွာ ပေါက်ကွဲထွက်လာ၏။ သစ်ပင်တစ်ခုလုံးဟာ သူ၏ လက်သီးချက်ကြောင့် ပျက်စီးသွားရသည်။ အားပြင်းသည့် လေနှင့် သစ်သားစများဟာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပြန့်ကြဲသွား၏။

“ငရဲကိုးခု စံအိမ်.. နတ်ဆိုးတွေ”

ဟန်ကျောက်၏ မျက်လုံးများက ညို့မှိုင်းနေ၏။

အစမ်းရှင်သန်ခြင်း အတွင်းတွင် သူဟာ နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းကို အကြိမ်မည်မျှပင် ခံခဲ့ရလဲ မသိပေ။ ငရဲကိုးခု စံအိမ်သခင်၏ တိုက်ခိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရ၏။

“ငါ့ကို စားချင်ရင် မင်းတို့ငါ့ကိုကိုက်မယ့် သွားတွေ ဗာဂျရာခန္ဓာကို ဝါးနိုင်ဖို့ မျှော်လင့်တယ်”

“ငါစစ်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးရင် မင်းတို့ပြာတွေကို လွှင့်ပေးမယ်”

ဟန်ကျောက်ဟာ အသက်ကို နက်ရှိုင်းစွာ ရှူပြီး စိတ်ကို တည်ငြိမ်စေလိုက်၏။

All Chapters