← Chapters

အခန်း (၂၂၆)

Vol. 16 Ch. 226

အခန်း (၂၂၆)

Vol. 16 Ch. 226

“လူတိုင်းပဲ… ငါတို့ ဟယ်မိသားစု၊ ရွှယ်မိသားစု၊ ငရဲကိုးခုစံအိမ်နဲ့ သက်ရှည်ဂိုဏ်းလေးဖွဲ့ ဒေါသရေနဂါးဂိုဏ်းမှာ စုစည်းတာက ဘာမဟုတ်တာလေးတွေကို ငြင်းခုန်နေဖို့ မဟုတ်ဘူး။ အရေးကြီးကိစ္စ အကြောင်းကို အရင်ပြောရအောင်”

ထိုအချိန်၌ တိတ်ဆိတ်နေသည့် ဟယ်မိသားစု၏ အကြီးအကဲ ဟယ်ရွှမ်က ပြောသည်။ သူဟာ သေခါနီး လူအိုတစ်ယောက်နှင့် တူ၏။

သို့ရာတွင် ချီငါးဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်ရာ မည်သူမှ သူ့ကို အထင်သေးရဲခြင်း မရှိပေ။ အိုမင်းကာ သွေးချီက ဆုတ်ယုတ်နေပေမဘ့် သူဟာ ချီလေးဆင့် စစ်ဘုရင်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားသေးပြီး သွေးကြောခြောက်ခု ချည်နှောင်ခြင်း အဆင့်နှင့် နှိုင်းယှဉ်နိုင်ပါသည်။

ထို့ကြေင့် သူ၏ ဖြန်ဖြေသည့် စကားကို ကြားရပြီးနောက် ရွှယ်ဟန်၊ ကျုကန်ရီနှင့် ကောင်းပိုင်ကျယ်တို့ အားလုံးဟာ မျက်နှာသာပေးကာ ဆက်လက်ငြင်းခုန်ခြင်း မပြုကြတော့ပေ။

အဖွဲ့သုံးခုဟာ ဟယ်မိသားစုထက် ပိုမိုသန်မာပေမယ့် ဟယ်မိသားစုတွင် အင်ပါရီယာ တရားရုံး နောက်ခံရှိကာ ဒေသခံ အုပ်စိုးသူများလည်း ဖြစ်ကြသည်။ သူတို့သာ ယွမ်ကန်းကောင်တီတွင် ဟယ်မိသားစုနှင့် အမှန်တကယ် တိုက်ခိုက်ပါက အဆုံးသတ်ကောင်းမည် မဟုတ်ပေ။

“ဂိုဏ်းသခင်ငယ်.. တွေ့ရတာ ဝမ်းသာပါတယ်”

သူတို့သုံးယောက်၏ ဆက်လက်ငြင်းခုန်မှု မရှိတော့ပုံကို တွေ့ရပြီးနောက် ဟယ်ရွှ၎င်း်က မတ်တပ်ရပ်ကာ ဟန်ကျောက်ဆီသို့ လက်ကိုမိုးသည်။

ဟန်ကျောက်ကလည်း မတ်တပ်ရပ်ကာ ပြန်လည်ကာ လက်ကိုမိုး၏။ အခြားလူများ၏ သိသာလှသည့် ရန်လိုမှုများနှင့် နှိုင်းယှဉ်ပါက ဟယ်ရွှမ်မှာ ရင်ဆိုင်ရင် အခက်ခဲဆုံး ဖြစ်သည်။

“ဒီတစ်ကြိမ် ကျွန်တော်တို့တွေ ဒီမှာ စုစည်းကြတာက.. ဂျမ်ဘူပင်လယ်မှာ ပေါ်လာခဲ့တဲ့ ပိုင်ရှင်မဲ့ ဒီဗိုင်းလက်နက်- နေခွင်းမြားကြောင့်ပါ။ ဒါ့ကြောင့် ကျွန်တော်တို့တွေ ဒီတစ်ကြိမ်မှာ ဒေါသရေနဂါးဂိုဏ်းရဲ့ အင်အားကို ငှားယမ်းဖို့ လိုအပ်ပါတယ်။ သခင်လေးက မငြင်းဆန်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်”

ရွှယ်ဟန်က ပြုံးသည်။ သို့ပေမယ့် သူ၏ လေသံက ပြတ်သားကာ ငြင်းဆန်လို့မရသည့် အဓိပ္ပာယ်တို့ ပါဝင်နေ၏။

“အကြီးအကဲဟယ်.. ခင်ဗျားက လေးနက်လွန်းနေပါပြီ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ပြောသည်။

“ကျွန်တော်တို့တွေက ဓမ္မပူဇော်ခြင်းကို ပြုလုပ်ပြီး ဒီဗိုင်းလက်နက်ရဲ့ တိကျတဲ့ တည်နေရာကို ဆုံးဖြတ်မှာပါ။ ဒါ့ကြောင့် ဒေါသရေနဂါးဂိုဏ်းက လူနည်းနည်း လွှတ်ပေးပြီး ဂျမ်ဘူကျွန်းတွေမှာ စုစည်းနေတဲ့ ဓါးပြတွေကို ဝန်းရံဖိနှိပ်ပေးဖို့ပဲ လိုပါတယ်။ ဒါက ပတ်ဝန်းကျင် ထိခိုက်အောင် လုပ်သူတွေကို ရှင်းလင်းဖို့ ကိစ္စကောင်းတစ်ခုလည်း ဖြစ်တယ်။ ဂိုဏ်းသခင်ငယ်က မငြင်းလောက်ဘူးမလား”

ရွှယ်ဟန်က သူမ၏ နှုတ်ခမ်းကိုအုပ်ကာ ဆွဲဆောင်မှုရှိစွာ ပြုံးသည်။

“ကျွန်တော်တို့ဘက်က လူဘယ်လောက် လွှတ်ပေးဖို့ လိုတာလဲ မသိဘူး”

ဟန်ကျောက်က‌ မေးသည်။ သူ့တွင် အဖွဲ့လေးခု မဟာမိတ်အား ငြင်းဆန်နိုင်စွမ်း မရှိပါ။

“အများကြီး မဟုတ်ပါဘူး.. ရာဂဏန်းအနည်းငယ်လောက်ဆိုရင် ရပြီ။ တိုက်ပွဲမှာ လုံလောက်တဲ့လူတွေ သေတာနဲ့ ဓမ္မပူဇော်ခြင်းကို ပြီးမြောက်နိုင်တယ်”

ကျုကန်ရီက လက်ကိုဝှေ့ယမ်းကာ သိုးနွားများ ရာဂဏန်းအနည်းငယ်သာ သေခြင်း ဖြစ်သကဲ့သို့ ပြော၏။ ထိုစကားကို ကြားရပြီးနောက် ဒေါသရေနဂါးဂိုဏ်းရှိ အထက်ပိုင်း ခေါင်းဆောင်များဟာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ သို့ပေမယ့် ပေါက်ကွဲရဲခြင်း မရှိပေ။

ဟန်ကျောက်က တိတ်ဆိတ်နေသည့် စစ်ဘုရင်များကို ကြည့်ကာ ခေါင်းညှိတ်သည်။

“အဲ့လိုဆိုရင်.. ကျွန်တော်တို့ ဒေါသရေနဂါးဂိုဏ်းက သေချာပေါက် ပြည့်ပြည့်စုံစုံ ပူးပေါင်းပေးပါမယ်”

“ဟားဟား.. ဂိုဏ်းသခင်ငယ်က သိတတ်တဲ့လူ ဆိုတာကို ငါသိသားပဲ”

ကျုကန်ရီက ရယ်၏။ ခန်းမအတွင်းရှိ ဂိုဏ်းသားများဟာ ထိုစကားကို ကြားရပြီးနောက် ဒေါသထွက်စွာ စူးစိုက်ကြည့်မိကြသည်။

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်ငယ်”

ရွှယ်ဟန်နှင့် ကောင်းပိုင်ကျယ်တို့ဟာလည်း အလွန် ကျေနပ်သွား၏။ အစက လေးလံနေသည့် လေထုဟာ ချက်ချင်းပင် ပြေလျော့သွားသည်။

“ဒီအစေခံတွေက ဘာလုပ်နေတာလဲ.. အထူးဧည့်သည်တွေအတွက် မြန်မြန်လေး သောက်စရာလာမပို့သေးဘူးလား”

တိတ်ဆိတ်နေသည့် ချန်လော့ရှန်က မတ်တပ်ရပ်ကာ ခန်းမအပြင်ဘက်သို့ လှမ်းအော်လိုက်သည်။

ခဏအကြာ၌ အစေခံအချို့ဟာ ခန်းမအတွင်းသို့ လက်ဖက်ရည်ခွက်များနှင့် ဝင်လာကြသည်။

ထိုအချိန်၌ စီကျူးက လက်ဖက်ရည်ခွက် တစ်ခုနှင့် ဟန်ကျောက်၏ ဘေးသို့ လာကာ သူ၏ဘေးရှိ လေးထောင့်စားပွဲပေါ်သို့ တင်ပေးသည်။

“ဒါက ဒီကောင်မလေးကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ သူမရဲ့ အရေအပြားက ညင်သာပြီး နူးညံ့လိုက်တာ။ အရသာရှိရမယ်”

ကျုကန်ရီက ဟန်ကျောက်၏ဘေးရှိ သေးသွယ်သည့် စီကျူးကိုကြည့်ကာ သူ၏မျက်လုံးများက လင်းလက်သွားသည်။

ညာဘက်လက်ကို ဆန့်ကာ လက်သည်းငါးခုက ရုတ်တရက် ကြီးထွားလာခဲ့သည်။ သူ၏ လက်ချောင်းထိပ်မှ အနက်ရောင် လက်သည်းများဟာ သုံးလက်မလောက် ရှည်ထွက်လာပြီး စီကျူး၏ နှလုံးကို လှမ်းနှိုက်၏။

“အား”

ထိုကြောက်စရာကောာင်းသည့် မြင်ကွင်းကို တွေ့ရပြီးနောက် စီကျူးက ကြောက်လန့်တကြား အော်သည်။ သူမ၏ ခန္ဓာကိုယ်ဟာ ချိနဲ့သွားပြီး ဟန်ကျောက်၏ ဘေးသို့ ခွေကျသွား၏။

“မိုက်ရိုက်တဲ့ကောင်”

တစ်ဖက်လူ၏ သူ၏ရှေ့တွင် မည်သည့် ထိန်းသိမ်းခြင်းမှ မရှိပဲ သတ်ဖြတ်လိုမှုကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ဒေါသထွက်သွားသည်။ ကိုယ်ပွားက ရုတ်တရက် ရှေ့သို့တက်ကာ ဗာဂျရာအကာအကွယ်ကို အသုံးပြုလိုက်သည်။

ရွှေရောင် အစစ်အမှန်ချီ၏ အလင်းတို့ လွှမ်းခြုံလာပြီး ရွှေရောင် ဗာဂျရာခန္ဓာအဖြစ် ပြောင်းလဲသွား၏. ပြင်းထန်သည့် အစစ်အမှန်ချီနှင့် အတွင်းအားတို့ကို လက်ဝါးတွင် လျှင်မြန်စွာ စုစည်းကာ ကျုကန်ရီကို ရိုက်လိုက်သည်။

ထိုတိုက်ခိုက်မှုအတွက် သူဟာ ကိုယ်ပွား၏ ခွန်အားအားလုံးတို့ကို အသုံးပြုခဲ့၏။ မူလ အစွန်းရောက်ယန် အစစ်အမှန်ချီနှင့် သုံးပါးသော အနှစ်သာရအားတို့ တစ်ပြိုင်နက် ထွက်လာခဲ့၏။

“မင်းလုပ်ရဲတယ်…”

ကျုကန်ရီဟာ ဟန်ကျောက်က နောက်လိုက်ဖြစ်သူအား သူ့ကို တိုက်ခိုက်ခိုင်းရဲမည်ဟ ထင်မထားခဲ့ပေ။

ဒဏ္ဍာရီဆန်သည့် မဖျက်ဆီးနိုင်သည့် ဗာဂျရာ ဒီဗိုင်းအတတ်ကို ရင်ဆိုင်ရချိန် သူ၏ မျက်လုံးများက သွေးလွှမ်းသွားခဲ့၏။ ညာဘက်လက်သည်းဟာ ကျယ်ပြန့်လာခဲ့ပြန်သည်။ အလွန် ကြီးမားလှပြီး ပုံမှန် လူသားတစ်ယောက်၏ ဦးခေါင်းလောက် ရှိလာခဲ့၏။

လက်ခုံပေါ်ရှိ အနက်ရောင် အမွှေးများက သံမဏိအပ်များသဖွယ် ထောင်ထလာသည်။

“ဘုန်း

ကိုယ်ပွားဟာ လွင့်စင်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ဟာ ဟန်ကျောက်၏ နောက်ရှိ မှင်နက်ရောင် ရေနဂါး အကြွင်းအကျန်များ အတွင်းသို့ ပြင်းထန်စွာ ဝင်ဆောင့်၏။

ခန္ဓာကိုယ်၏ တစ်ဝက်ကျော်ဟာ နံရံထဲသို့ နစ်ဝင်သွားသည်။ စိန်ခန္ဓာအဖြစ် ပြောင်းလဲပြီးဖြစ်သည့် သူ၏ ရင်ဘတ်တွင် ဒဏ်ရာလေးပေါက် ရှိနေပြီး ဖြစ်ကာ ဒဏ်ရာမှ အနက်ရောင် အမွှေးများဟာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းနှင့် ကြီးထွားလာ၏။

“ချစ်၊ ချစ်၊ ချစ်..”

ကိုယ်ပွားဟာ မူလ အစွန်းရောက်ယန် အစစ်အမှန်ချီကို အဆုံးစွန်အထိ အသုံးပြုလိုက်သည်။ မီးလောင်သကဲ့သို့ ဒဏ်ရာပေါ်ရှိ အမွှေးနက်များကို ပြာဖြစ်အောင် လောင်ကျွမ်းပစ်လိုက်၏။

မြင့်မားသည့် အပူချိန်အောက်တွင် ဒဏ်ရာဟာ သွေးထွက်မှုတို့ လျှင်မြန်စွာ ရပ်တန့်သွားပြီး မဲတူးသွားခဲ့သည်။ ထူးဆန်သည့် အနံ့တစ်ခု ထွက်ပေါ်လာ၏။

တစ်ဖက်ရှ ကျုကန်ရီမှာ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရပြီး သူ၏နောက်ရှိ ထိုင်ခုံဟာ ပေါက်ကွဲထွက်သွားသည်။

“ကောင်းလိုက်တဲ့ကောင်.. မင်းသာ စစ်ဘုရင်အဆင့်ကို ချိုးဖျက်သွားရင် ငါမင်းရဲ့ပြိုင်ဘက် မဟုတ်လောက်တော့ဘူး”

ကျုကန်ရီက သူ၏ ကျိုးပဲ့သွားသည့် လက်သည်းများနှင့် လောင်ကျွမ်းနေသည့် လက်ဝါးကို မဲမှောင်သည့် ပုံစံဖြင့် ကြည့်သည်။

ခုနက တိုက်ခိုက်မှုတွင် သူ၏ ခွန်အားအပြည့်ကို အသုံးမပြုခဲ့ပေမယ့် ငရဲကိုးခု စံအိမ်၏ သံတမန်တစ်ယောက် အနေနှင့် သူ၏ ခွန်အားဟာ သွေးကြောခြောက်ခု ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပါသည်။

သူဟာ စစ်ဘုရင်အဆင့်သို့ပင် မရောက်သေးသည့် သိုင်းသမားတစ်ယောက်နှင့် လက်ရည်ညီနေ၏။

“ဗြိ”

ကျုကန်ရီ၏ ခန္ဓာကိုယ်က လျှင်မြန်စွာ ကြီးထွားလာ၏။ သူ၏ မူလက ချောင်လည်နေသည့် အဝတ်များဟာ အပ်ချောင်းများနှင့် တူသည့် အနက်ရောင် အမွှေးများ၏ ထိုးခွဲမှုကို ခံလိုက်ရသည်။ သူဟာ ဖြူကောင်ကဲ့သို့ ပြောင်းလဲသွား၏။

သူ၏ အဝတ်များက တစ်စစီ စုတ်ပြုဲကုန်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြမ်းကြုတ်ကာ အန္တရာယ်ရှိသည့် အငွေ့အသက်တို့ ပြည့်နှက်နေပါသည်။

“အရမ်းကြီးလွန်မလာနဲ့”

ဟန်ကျောက်က မတ်တပ်ရပ်သည်။ ဒီဝက်ကောင်သာ ထိပ်မံတိုက်ခိုက်ပါက သူကလည်း နောက်ဆုတ်မည်မဟုတ်ပါ။

“လုံလောက်ပြီ။ နင့်ရဲ့ ဝက်ခေါင်းကို ငါမကြည့်ချင်ဘူး။ ရွံဖို့ကောင်းတယ်”

ရွှယ်ဟန်က မတ်တပ်ရပ်ကာ ရုတ်တရက် နီရဲပူလောင်သည့် လေလှိုင်းမျာကို ထုတ်လွှတ်လာခဲသည်။

“အစ်ကိုကျု.. စိတ်ကိုထိန်းဦး.. ဒီဗိုင်းလက်နက်ကမှ ကိစ္စကြီး”

ဟယ်ရွှမ်က ကြားဝင် ဖြန်ဖြေပေးသည်။ အဖွဲ့လေးခုဟာ နောက်ဆုံးတွင် ယှဉ်ပြိုင်ရမှဦ ဖြစ်ပေမယ့် ဤသည်မှာ ဒီဗိုင်းလက်နက်ကို ရှာတွေ့ပြီးချိန်မှ ဖြစ်သည်။

ကျုကန်ရီက ဟန်ကျောက်ကို နက်ရှိုင်းစွာ ကြည့်ပြီးနောက် ခန်းမအတွင်းမှ ထွက်ခွာသွား၏။

“ကျွန်တော်ကပဲ လူတိုင်းကို တောင်းပန်ပါတယ်”

ချန်လော့ရှန်က အမြန် လက်နှစ်ဖက်ကို မိုးကာ တောင်းပန်သည်။

“သွားကြမယ်”

ကောင်းပိုင်ကျယ်က မတ်တပ်ရပ်ကာ ထွက်ခွာသွား၏။

“လူတွေလွှတ်ပေးဖို့ ကိစ္စကို အသေးစိတ် ဆွေးနွေးလိုက်ပါဦး။ ကျွန်တော်တို့ အရင် ပြန်နှင့်ပါမယ်”

ဟယ်ရွှမ်က ပြုံးကာ ထွက်ခွာသွား၏။

ရွှယ်ဟန်က မထွက်ခွာသေးပေ။ သူမ၏ အရှိန်အဝါကို ပြန်လည် ထိန်းချုပ်ကာ ဆွဲဆောင်မှုရှိစွာ ပြုံး၏။

“ကောင်ချောလေး.. နင်က တကယ့်ကို ရဲတင်းတာပဲ။ ငါသဘေကျတယ်”

“ကျွန်တော့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သံတမန်ရွှယ်”

ဟန်ကျောက်က လက်နှစ်ဖက်ကို မိုးကာ ပြောသည်။

“နောက်မှတွေ့မယ် ကောင်ချောလေး”

ရွှယ်ဟန်က မထွက်ခွာခင်တွင် ဟန်ကျောက်ကို မျက်စပစ်သည်။

“ဂိုဏ်းခေါင်းဆောင်ငယ်က တကယ့်ကို စိတ်ကြီးတာပဲ။ ဂုဏ်သရေရှိ ဧည့်သည်တွေကိုတောင် ထိပါးရဲတယ်”

ရွှယ်ဟန် ထွက်ခွာသွားပြီးနောက် ချန်လော့ရှန်က အသံနိမ့်စွာ ပြောသည်။

All Chapters