အခန်း (၂၂၇)
Vol. 16 Ch. 227
“ဟုတ်တယ်။ ဓါးပြတွေကို ဝိုင်းမယ့်ကိစ္စကို ဘာလို့ သဘောတူလိုက်တာလဲ”
“ဂျမ်ဘူကျွန်းက ဓါးပြတွေနဲ့ ပြဿနာတက်ရင် နောင်မှာ ငါတို့ပင်လယ်ရဲ့ ကုန်သွယ်ရေးလုပ်ငန်းကို နှောင့်ယှက်ခံရမယ်ဆိုတာ မသိဘူးလား”
“ဂိုဏ်းသခင်ငယ်ရဲ့ စကားတစ်ခွန်းက ငါတို့ဂိုဏ်းရဲ့ လူရာနဲ့ချီတဲ့ အဖွဲ့ဝင်တွေကို စတေးရစေတော့မယ်”
“ဘာဖြစ်လို့ မင်းဘာသာ မသွားတာလဲ”
ချန်လော့ရှန်က စကားဆုံးသည်နှင့် လူတိုင်းက အချိန်အတော်ကြာအောင် စုစည်းနေသည့် သူတို့၏ ခံစားချက်များကို ပုံချကြသည်။
“သောက်ပါးစပ်တွေ ပိတ်ထား..”
ဟန်ကျောက်၏ ပုံစံက မဲမှောင်သွားသည်။ ကြမ်းကြုတ်သည့် အော်သံက အစစ်အမှန်ချီနှင့် ရောယှက်ထားရာ လူတိုင်း၏ ဦးခေါင်းများကို တုန်ခါသွားစေ၏။
ခန်းမှတစ်ခုလုံးဟာ တိတ်ဆိတ်သွားည်။
“ယောကျားတွေဖြစ်ပြီး သောက်ကလေးတွေကို ပြုမူမနေနဲ့”
“ဟာသပဲ.. ခုနက ဘာလို့ သောက်သံတစ်ခွန်းမှ မထွက်ရဲတာလဲ”
ဟန်ကျောက်က လှောင်ပြောင်စွာ ကြည့်သည်။
“ငါမင်းတို့ကို ပြောလိုက်မယ်။ ဓါးပြတွေကို ဝိုင်းဖို့ကိစ္စကို ငါကိုယ်တိုင် ဦးဆောင်မယ်။ မင်းတို့ သောက်ကြောက်တွေ မျက်လုံးတွေကိုဖွင့်ပြီး သေသေချာချာ ကြည့်ထားကြ”
“ဂိုဏ်းသခင်ငယ်.. မင်းအဲ့လိုပြောတာတော့ မဟုတ်ဘူး”
ချန်လော့ရှန်က ဆက်လက်ပြောသည်။
“မင်းပါးစပ်ကို ပိတ်ထား”
ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
“မင်း”
ချန်လော့ရှန်က ဒေါသထွက်သွားသည်။
“မင်းမှာ သတ္တိရှိရင် ငါနဲ့အတူလိုက်ပြီး ဓါးပြတွေကို သုတ်သင်လှည့်။ မဟုတ်ရင် ပါးစပ်ကိုပိတ်ထား။ အခု ဒီဂိုဏ်းမှာ ငါဦးဆောာင်နေတာ”
ဟန်ကျေက်က သူ့ကို ကြားဖြတ်အော်ကာ ကြောက်ရွံ့စွာ ငိုနေသည့် စီကျူးကို လက်ဝှေ့ပြီး ခေါ်သည်။ ခန်းမအတွင်းမှ ထွက်ခွာသွား၏။
ကိုယ်ပွားက သူ၏နောက်မှ နီးကပ်စွာ လိုက်သည်။ စီကျူးလည်း နီရဲနေသည့် မျက်လုံးများဖြင့် အမြန်လိုက်၏။
“သောက်ကောင်စုတ်”
ချန်လော့ရှန်၏ မျက်နှာက မဲမှောင်သွားသည်။ ထိုအချိန်၌ ဂိုဏ်းရှိ အထက်ပိုင်း ခေါင်းဆောင်အချို့က တုံ့ပြန်လာကြ၏။
သူတို့ဟာ အခုမှ ဂိုဏ်းသခင်ငယ် နေရာကို ရလာခဲ့သည့် အသက်၂၀ကျော်ရုံ ကောင်လေးတစ်ယောက်ကိုသာ အပြစ်တင် ရှုံ့ချခဲ့ကြပြီး ခုနက အသံကျယ်ကျယ်ပင် အသက်မရှူရဲခဲ့သည့် ချန်လော့ရှန်တို့ကို လစ်လျူရှုထားမိကြသည်။
ဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများ အနေနှင့် သူတို့ဟာ အကောင်းဆုံး ခံစားခွင့်များကို ယူထားကြသည်။ သို့ပေမယ့် အပြင်လူများကို ရင်ဆိုင်ရချိန်၌ အလွန် ရိုကျိုးပြီး ကျိုးကြောင်းဆီလျော်မှု မရှိသည်များကို ခေါင်းငုံ့ကာသာ ခံခဲ့ကြ၏။ ဤသည်က ရှက်ဖို့ကောင်းလှသည်။
“ဂိုဏ်းသခင်ငယ်.. ကျွန်တော့ကို စောင့်ဦး”
“ငါလည်း ဓါးပြတွေကိုပဲ သွားတိုက်တော့မယ်”
“ဒမ်း.. ငါက ငကြောက်မဟုတ်ဘူးကွ”
အချို့ ဒေါသကြီးသည့် သိုင်းသမားများက သူ၏နောက်မှ အပြေးလိုက်ကြ၏။ အချောင် ဒေါသထွက်နေမည့်အစား ဂိုဏ်းသခင်ငယ်နှင့် အတူတူ သွားရောက်တိုက်ခိုက်တာ ပိုကောင်းပါသည်။
ခန်းမအတွင်းမှ လူလေးပုံတစ်ပုံ နီးပါးတို့ ပြေးထွက်သွားမှုကို တွေ့ရပြီးနော်က စစ်ဘုရင်အချို့ဟာ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။
ရွှေကျင်ဖုန်းနှင့် မုရွှမ်လင်းတို့လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသည်။ ဒီဂိုဏ်းသခင်ငယ်ဟာ အမှန်တကယ်ကို ဂိုဏ်းသခင်ဟောင်းကဲ့သို့ပင် သတ္တိကောင်းလှသည်။
ကံဆိုးစွာပင် သူဟာ အားနည်းလွန်းလှ၏။ ဒီလောကကြီးတွင် သတ္တိကောင်းခြင်းက အသုံးမဝင်ပေ။
သုံးရက်ကြာပြီးနောက် ဟန်ကျောက်ဟာ အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေ၏။ ဓါးပြများအား သွားရောက်သုတ်သင်မည့် နေ့ရက်ကို အတည်ပြုပြီး ဖြစ်သည်။ နောက်လ ခုနစ်ရက်နေ့တွင် ဖြစ်၏။ ရက်ပေါင်း၂၀ ကျန်နေသေးသည်။
“စနစ်”
“အချက်ပေးအပိုင်းအစ ၁၀၅ခုကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား”
“တစ်ကြိမ် ပေါင်းစပ်ရန်တွက် အချက်ပေးအပိုင်းအစ ၁၀၀နှင့် ရွှေ၆၀၀လျန်ကို လိုအပ်သည်”
“လက်ရှိကျန်ငွေ- ရွှေ၃၀၀၀လျန်”
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”
“အသက်၂၃နှစ်တွင် အဓိကအဖွဲ့ကြီး လေးခု၏ အကျပ်ကိုင်မှုအောက်တွင် သင်သည် ဂျမ်ဘူကျွန်းမှ တပည့်များကို ဝိုင်းရံဖိနှိပ်ရန်အတွက် ဒေါသရေနဂါးဂိုဏ်းမှ သိုင်းသမားများကို စေလွှတ်ပေးရန် သဘောတူခဲ့သည်”
“ရက်ပေါင်း၂၀ ကြာပြီးနောက် သင်သည် ဂိုဏ်းမှ လက်ရွေးစင် ၂၀၀ကျော်တို့ကို ဦးဆောင်ကာ ဒေါသရေနဂါး သင်္ဘောနှင့် ဂျမ်ဘူပင်လယ်ဆီသို့ ထွက်ခဲ့သည်။ ဓါးပြများကို သုတ်သင်၏။ ပထမဆုံး တိုက်ပွဲတွင် သင်တို့ အနိုင်ရရှိပြီး ဓါးပြအသိုက်တစ်ခုကို ဖျက်ဆီးခဲ့သည်။ ဓါးပြများစွာကို သတ်ဖြတ်ခဲ့သည်”
“လဝက်ကြာပြီးနောက် ရိက္ခာများကို ဖြည့်တင်းရန် ပြန်ခဲ့သည်။ ဒီတိုက်ပွဲတွင် သင်တို့သည် အနိုင်ရရှိခဲ့ပြီး ဓါးပြ ၂၀၀ကျော်ကို သတ်ဖြတ်ခဲ့သည်။ အထိအခိုက် အကျအရှုံးမှာ ၂၀အောက်သာ ရှိခဲ့၏”
“တစ်လကြာပြီးနောက် ဂျမ်ဘူကျွန်းရှိ အကြီးမားဆုံး ဖြစ်သည့် မုန်တိုင်းဓါးပြများနှင့် နဂါးပျံဓါးပြ နှစ်ဖွဲ့တို့ဟာ ဓါးပြဆယ်ဖွဲ့ကျော်ကို စုစည်းပြီး နဂါးသတ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သူတို့ဟာ ဓါးပြတစ်ထောင်ကျော်ကို စေလွှတ်ပြီး ဒေါသရေနဂါးဂိုဏ်းအား တရားဝင် စစ်ကြေငြာခ့သည်”
“နှစ်လတာ ပြင်ဆင်မှုအပြီးတွင် သင်၏ ဦးဆောင်မှုဖြင့် ဒေါသရေနဂါးဂိုဏ်းဟာ ဒေါသရေနဂါး သင်္ဘော အားလုံးကို မောင်းနှင်ပြီး ဂိုဏ်းရှိ လက်ရွေးစင် ၄၀၀ကို စေလွှတ်ပြီး တိုက်ခိုက်ခဲ့သည်”
“နှစ်ဖက်ဟာ အမှောင်ဖီးနစ် ကျွန်းတစ်ဝိုက်တွင် သွေးလွှမ်းသည့် တိုက်ပွဲကို ဆင်နွှဲပြီး ထောင်နှင့်ချီသည့် ထိခိုက်ကျဆုံးမှုများ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သွေးစတေးခြင်းဟာ ပြီးမြောက်သွားပြီး နေခွင်းမြား၏ သက်ဆိုင်ရာ တည်နေရာကို အတည်ပြုနိုင်ခဲ့သည်။ ကျုကန်ရီ၊ ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ စတင်လှုပ်ရှာားကြ၏”
“နှစ်လကြာပြီးနောက် နေခွင်းမြား ဒီဗိုင်းလက်နက်ဟာ ပေါ်လာခဲ့သည်။ အဖွဲ့လေးခု၏ နောက်ရှိ သိုင်းသူတော်စင်များ တိုက်ခိုက်ခဲ့ကြ၏။ လေးဖက်လုံး ဒဏ်ရာရကာ ဒီဗိုင်းလက်နက်ဟာ အပိုင်းများစွာ ကွဲသွားသည်”
“ကျုကန်ရီ၊ ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ဟာ ဂျမ်ဘူပင်လယ်တွင် နေခဲ့ကာ ဒီဗိုင်းလက်နက် အပိုင်းအစများကို ရှာဖွေ၏။ ဒေါသရေနဂါးဂိုဏ်းမှ အကူအညီကိုလည်း တောင်းခံခဲ့သည်”
“သင်က လှိုက်လဲစွာ သဘောတူခဲ့၏။ တစ်ချိန်တည်းတွင် အချိန်ရှိတိုင်း ကျင့်ကြံမှုလည်း ပြုသည်”
“နောက်တစ်လကြာပြီးနောက် ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းဟာ ဆဌမအဆင့်သို့ ချိုးဖျက်ခဲ့သည်။ သင်သည် ချီတစ်ဆင့် စစ်ဘုရင်အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်သွားပြီး ခွန်အားတို့ ကြီးစွာ မြင့်တက်လာခဲ့သည်။ သုံးပါးသော အနှစ်သာရအားကို ပိုမိုလျှင်မြန်စွာ ကျင့်ကြံလာနိုင်ကာ သုံးမှတ်မူလပြန်ခြင်း အတတ်အား အမြန်ဆုံး စုစည်းနိုင်ရန် မျှော်လင့်၏”
“သုံးလအကြာတွင် ဒီဗိုင်းလက်နက် အပိုင်းအစနှစ်ခု ပေါ်လာခဲ့သည်။ ကျုကန်ရီ၊ ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ ဝိုင်းလုကြ၏။ ကျုကန်ရီက ပထမဆုံး နေခွင်းမြား အပိုင်းအစကို ရရှိခဲ့ပြီး ကောင်းပိုင်ကျယ်က ဒုတိယအပိုင်းကို ရရှိခဲ့သည်”
“ရှုပ်ထွေးသည့် တိုက်ပွဲအကြားတွင် ကျုကန်ရီဟာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ သူဟာ ဒေါသရေနဂါးဂိုဏ်း၏ အမြန်သင်္ဘောကို လုယူပြီး ကျွန်းများဆီသို့ ထွက်ပြေးခဲ့သည်။ လမ်းတစ်ဝက်တွင် သူ့ကို သင်လိုက်မှီ၏”
“သူဟာ ဒီဗိုင်လက်နက်ကို အသုံးပြုပြီး သင်နှင့် တိုက်ခိုက်ခဲ့သည်။ သင်သည် ဒဏ်ရာအနည်းငယ် ရရှိကာ တစ်ဖက်လူကို သတ်ဖြတ်နိုင်ခဲ့၏”
“သို့ရာတွင် ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ လိုက်မှီလာခဲ့သည်”
“သင်သည် သုံးယောက်တစ်ယောက် တိုက်ခိုက်ကာ အရေးနိမ့်မှု မရှိခဲ့ပေ။ သုံးယောက်သားဟာ ဒီဗိုင်းလက်နက် အပိုင်းအစများကို တစ်ပြိုင်နက် အသက်သွင်းကာ သင့်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့၏”
“နောက်ဆုံးတွင် သင်နှင့် ကောင်းပိုင်ကျယ်တို့ အတူတူ သေဆုံးခဲ့ကြသည်”
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”
“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်ကို ရရှိသည်”
“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၂၄၀၀လျန်”
“နံပါတ်၂”
ဟန်ကျောက်ဟာ တုံ့ဆိုင်းခြင်းမရှိပဲ ရွေးချယ်မှု ပြုလိုက်သည်။
“စွမ်းရည်မှတ် +၆၆”
“ကောင်းမြင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်း(ပဥ္စမအဆင့် အကြီးစားကျွမ်းကျင်မှု ၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ထက်မြခြင်း အဆင့်၁၉၊ ဓါးသိုကြွေးခြင်း အဆင့်၁၅၊ မိုးပြန်အား အဆင့်၁၂)”
သိုင်းပညာကော်လံကို ကြည့်ကာ ဟန်ကျောက်ဟာ ရေရွတ်လိုက်သည်။
“ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းကို ဆဌမအဆင့်ကို မြှင့်တင်မယ်”
“စွမ်းရည်မှတ်များ- ၆၆… ၄၀”
“ကောင်းကင်မြစ်မိုး၏တန်ပြန်ဓါးသိုင်း- ဆဌမအဆင့် စတင်ခြင်း ၂%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ထက်မြခြင်း အဆင့်၂၅၊ ဓါးငိုကြွေးခြင်း အဆင့်၁၉၊ မိုးပြန်အား အဆင့်၁၇၊ ရေစုစည်းခြင်း အဆင့်၁)”
အဆင့်မြှင့်တင်မှု အဆုံးတွင် ဟန်ကျောက်ဟာ စစ်ဘုရင်အဆင့်သို့ အောင်မြင်စါာ ချိုးဖျက်သွားသည်။ သူ၏ ခန္ဓာကိုယ်ရှိ အတွင်းအားဟာ မိုးရေကန့်လန့်ကာကဲ့သို့ အတွင်းအား မိုးရေစက်များ ဖွဲ့စည်းလာခဲ့သည်။
“ဒါက ရေစုဆောင်းခြင်းလား”
ဟန်ကျောက်က လက်များကို ဖွင့်လိုက်သည်။ သူ၏ အာရုံခံမှု အမြင်တွင် လေထဲ၌ အပို ရွှေငွေ့လွှာတစ်ခု ရှိနေသည့် ပုံပါ။ ဤသည်မှာ အဆင့်မချိုးဖျက်ခင်က ခံစားနိုင်သည့် အရာမဟုတ်ပေ။
သူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ဘေးရှိ သစ်သားစည်ထဲရှိ ရေများဟာ မမြင်နိုင်သည့် အားတစ်ခု၏ ဆွဲယူမှုကို ခံရသည့်အလား မျောလွင့်လာခဲ့၏။
မကြာခင် သူ၏ လက်ဝါးထဲတွင် တစ်ပေဝက်ရှိသည့် ဓါးတစ်ချောင်း စုစည်းလာခဲ့သည်။
“မြစ်တွေ၊ ပင်လယ်တွေမှာ တိုက်ခိုက်ရရင် ထုတ်လွှတ်နိုင်တဲ့ စွမ်းအားက ခန့်မှန်းလို့မရနိုင်ဘူး”
ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူ၏ အတွင်းအား ထိန်းချုပ်မှုအောက်တွင် ရေဓါးဟာ လက်ဝါးကို သွက်လက်စွာ လှည့်လည်နေ၏။ ပုံသဏ္ဍာန် အမျိုးမျိုးအဖြစ် ဆက်တိုက် ပြောင်းလဲနေသည်။
“ပြီးရင် ဘယ်ဟာကို မြှင့်တင်ရမလဲ”
တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနှင့် ဆဌမအဆင့်သို့ ချိုးဖျက်စေနိုင်ခြင်း မရှိမှာ သေချာပါသည်။ သုံးပါးသော အနှစ်သာရအားကိုလည်း ပြီးပြည့်စုံစေနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် စွမ်းအားဟာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်မှာမဟုတ်ပေ။ ဤသည်က အဓိပ္ပာယ်မရှိလှပါ။