← Chapters

အခန်း (၂၂၈)

Vol. 16 Ch. 228

အခန်း (၂၂၈)

Vol. 16 Ch. 228

“ဗာဂျရာအတတ်(တတိယအဆင့် အသေးစားကျွမ်းကျင်မှု ၂%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကျုံ့ဆန့်ခြင်း အဆင့်၉၊ အရိုးမာခြင်း အဆင့်၇၊ ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း အဆင့်၁၊ သန့်စင်သောယန် အစစ်အမှန်ချီ အဆင့်၄၊ ဗာဂျရာအကာအကွယ်)”

“ဗာဂျရာအကာအကွယ်က ဒီအချိန်မှာ ငါ့ရဲ့ အသန်မာဆုံးဝှက်ဆဲအဖြစ် ရှိနေတုန်းပဲ။ အဲ့ဒီအပြင်..”

ဟန်ကျောက်ဟာ ခဏတာ စဉ်းစားပြီးနောက် ဗာဂျရာအတတ်ကို ကြည့်သည်။ ဆန်မာရု အိတ်ငယ်အတွင်းမှ ကြွေပုလင်းတစ်ခုကို ထုတ်ကာ လုံးဝိုင်းသည့် ရွှေရောင် ဆေးလုံး လေးလုံးတို့ကို သွန်ထုတ်လိုက်သည်။

ထိုအထဲမှ တစ်ခုဟာ ရွှေရောင်အလင်းကို ရေးတေးတေး ထုတ်လွှတ်နေ၏။ ထိုဆေးလုံး လေးခုတို့ဟာ မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးများ ဖြစ်ကြသည်။

လွန်ခဲ့သည့် အချိန်တစ်ခု သူဟာ ယုနျန်ကို လုယင်ရွှမ်းမှတစ်ဆင့် ကုန်ကြမ်းဝယ်ခိုင်းရန် ပြောခဲ့သည်။ ဆေးအိုးလေးခုမှ နှစ်ခုဟာ ဆေးလုံးများကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့၏။ နောက်ဆုံးတွင် သူဟာ မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံး လေးခုကိုသာ ရရှိခဲ့သည်။

ဆေးလုံးများ အလွန် နည်းပါးနေခြင်းမှာ လေးခုလုံးဟာ အဆင့်မြင့်အဆင့်များ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအထဲမှ တစ်လုံးဟာ ထိပ်တန်းအဆင့် အရည်အသွေးသို့ ရောက်ရှိနေလား မသိပေ။ အလွန်အားကောင်းသည့် ဆေးရနံ့ကို ထုတ််လွှတ်နေ၏။

သန့်စင်သောယန် အစစ်အမှန်ချီ ကိုယ်တိုင်က တစ္ဆေများ၏ ယင်စွမ်းအင်နှင့် နတ်ဆိုးများ၏ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်ပါသည်။

သက်ရှည် အစစ်အမှန်ချီနှင့် ဗာဂျရာအစစ်အမှန်ချီတို့ ပေါင်းစပ်ပြီးနောက် ပိုတောင် ဆိုးသေးသည်။ မူလအစွန်းရောက်ယန် အစစ်အမှန်ချီ ဖြစ်လာခဲ့၏။

နတ်ဆိုးများကို ရင်ဆိုင်ရန်ဟာ ဗာဂျရာအတတ်ကို မြှင့်တင်ရန် သေချာပေါက် လိုအပ်လာပါပြီ။ ဗာဂျရာအကာကွယ်နှင့် သူဟာ အဆင့်တူတွင် အနီးကပ် တိုက်ခိုက်သည့်အခါ မျက်လုံးများကိုသာ ကာကွယ်ထားဖို့ လိုအပ်ပါသည်။

အခြားနေရာများကတော့.. ခန္ဓာကိုယ် အောက်ပိုင်းပင်လျှင် သာမန် ဓါးများနှင့် အတွင်းအား၏ တိုက်ခိုက်မှုများကို ကြောက်ရွံ့ခြင်း မရှိပါ။

ထိုကဲ့သို့ တွေးမိပြီးနော် ဟန်ကျောက်ဟာ မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးလေးခုကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ဆေးလုံးမျးဟာ အရည်အဖြစ် ပြောင်းလဲသွားပြီး သူ၏ အစာပြွန်ထဲသို့ စီးဝင်သွား၏။

“ပူလိုက်တာ”

ဟန်ကျောက်ဟာ ပူလောင်သည့် လေများကို ပါးစပ်အပြည့် မှုတ်ထုတ်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖြင့် ပြည့်နှက်နေသည်ဟု ခံစားရ၏။

ခန္ဓာကိုယ်ထဲရှိ မူလအစွန်းရောက်ယန် အစစ်အမှန်ချီဟာ ပြင်းထန်စွာ မြင့်တက်လာပြီး လူတစ်ကိုယ်လုံးရှိ မရီဒျန်များ အတွင်းသို့ အရူးအမူး ဝင်ရောက်သွားသည်။

ရုတ်တရက် ဟန်ကျောက်၏ ကိုယ်ပေါ်ရှိ အဝတ်များမှ မီးခိုးများ ထွက်လာခဲ့သည်။ ထို့နောက် ၎င်းတို့ဟာ လျှင်မြန်စွာ မဲချိတ်လာပြီး မီးတောက်လုံးတစ်ခု မြင့်တက်လာခဲ့၏။

“ဖာခ့်”

ဟန်ကျောက်ဟာ လန့်ဖြန့်သွားပြီး သူ၏ လောင်ကျွမ်းနေသည့် အဝတ်များကို အမြန်ချွတ်သည်။ ခန္ဓာကိုယ်က ပေါ်လာခဲ့၏။

သူ၏ ခန္ဓကိုယ်တစ်ခုလုံးရှိ အရေအပြားများဟာ နီရဲနေပြီး အမွှေးများက စတင် လောင်ကျွမ်းလာခဲ့သည်။

“စနစ်.. ဗာဂျရာအတတ်ကို အဆင့်မြှင့်မယ်”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် အမြန် ရေရွတ်လိုက်သည်။ ခန္ဓာကိုယ်ရှိ အပူဟာ သူ့ကို လောင်ကျွမ်းပေတော့မည်။ ချက်ချင်း ထုတ်လွှတ်ရန် လိုအပ်၏။

မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံး လေးခုတို့ကို အလွန် ကြောက်ဖို့ကောင်းမည်ဟု ထင်မထားခဲ့ပေ။ ၎င်းဟာ ခန္ဓာကိုယ်အတွင်းရှိ မူလအစွန်းရောက်ယန် အစစ်အမှန်ချီနှင့် ဓါတ်ပြုမှုတစ်ခု ဖြစ်သကဲ့သို့ ရှိ၏။

သူမှတ်မိတာ မှန်ပါက နောက်ဆုံးအကြိမ် ဗာဂျရာအတတ်ကို အဆင့်မြှင့်တင်ချိန်၌ သူ၏ ခန္ဓာကိုယ်ဟာ မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးကြောင့် ပူလာခြင်းကိုသာ ခံစားရပါသည်။

အဆင့်မြင့်အရည်အသွေးနှင့် အဆင့်နိမ့် အရည်အသွေးတို့အကြား ခြားနားချက်ဟာ အလွန်ကြီးမားလှ၏။

“စွမ်းရည်မှတ်- ၄၀… ၀”

“ဗာဂျရာအတတ်(တတိယအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ ကောက်နုတ်နိုင်။ အထူးသက်ရောက်မှု- ကြွက်သား ကျုံ့ဆန့်ခြင်း အဆင့်၁၂၊ အရိုးမာခြင်း အဆင့်၁၀၊ ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း အဆင့်၄၊ ဗာဂျရာအကာအကွယ်၊ မူလနေကြယ်ချီ)”

“စီ၊ စီ၊ စီ..”

ကြောက်စရာကောင်းသည့် အပူဟာ ဟန်ကျောက်၏ အသက်ရှူမှုနှင့် လိုက်ပါလာပြီး နှာခေါင်းမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ဟာ ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။

မကြာခင် အပြာရောင် ကျောက်သားကြမ်းပြင်ဟာ ခန္ဓာကိုယ်၏ အပူချိန်ကြောင့် လောင်ကျွမ်းလာခဲ့သည်။ လူသာသဏ္ဍာန် ချိုင့်တစ်ခု ဖြစ်ပေါ်လာ၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင် အစစ်အမှန်ချီနှင့် ပြည့်နှက်နေပါသည်။ ချက်ပြုတ်ထားသည့် ကျောက်ပုဇွန်ကဲ့သို့ ရှိနေ၏။ အလွန်နီကာ အရေအပြားက မီးလောင်ကွက်များနှင့် ဖောင်းကြွနေပါသည်။

သို့ရာတွင် လောင်ကျွမ်းသည့် နာကျင်မှုအပြင် ဖော်ပြနိုင်ခြင်း မရှိသည့် သက်တောင့်သက်သာ ခံစားချက်တစ်ခုလည်း ရှိနေပါသည်။

ဤသည်မှာ နာကျင်ကာ ကျေနပ်ဖွယ် ကောင်းလှ၏။ ရှင်းမပြနိုင်သည့် ခံစားချက်တစ်ခုဟာ လူတစ်ကိုယ်လုံးတွင်င ပြည့်နှက်နေပါသည်။

“ဘုန်း”

ဟန်ကျောက်ဟာ ကြမ်းပြင်ကို ရုတ်တရက် ထိုးလိုက်သည်။ မာကျောသည့် ကျောက်ကြမ်းပြင်ကို ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်သွားစေ၏။

“အုမ်း”

ဟန်ကျောက်ဟာ လက်သီးကို ပြန်ဆွဲကာ ရုတ်တရက် လေထဲသို့ ထိုးလိုက်သည်။ လက်သီးကို ဗဟိုပြုကာ အကြည်ရောင် လှိုင်းတစ်ခုဟာ ပျံ့နှံ့သွား၏။

ခန္ဓာကိုယ်ထဲတွင် ရှင်းမပြနိုင်သည့် အစစ်အမှန်ချီတစ်ခုကို သူခံစားရသည်။ ၎င်းဟာ မူလအစွန်းရောက်ယန် အစစ်အမှန်ချီထက်ပင် ပိုမိုကြီးစိုးကာ သိပ်သည်း၏။

“မူလနေကြယ်ချီလား”

ဟန်ကျောက်ဟာ သိုင်းပညာကော်လံရှိ အထူးသက်ရောက်မှုကို ကြည့်ကာ အနည်းငယ် မှင်သက်သွားသည်။

“မူလနေကြယ်ချီ- သန့်စင်သောယန် ဗာဂျရာအစစ်အမှန်ချီမှ ပြောင်းလဲလာခဲ့၏။ ၎င်းဟာ အစစ်အမှန်ချီအား အသန့်စင်ဆုံး ယန်စွမ်းအင်ကို ထုတ်လုပ်နိုင်သည့် အစွန်းရောက်ယင်နှင့် နူးညံ့သည့် နေကြယ်ချီအဖြစ် ပြောင်းလဲနိုင်ပါသည်”

“၎င်းတွင် အလိုလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း သက်ရောက်မှု ရှိကာ အလွန်သန်မာသည့် တန်ပြန်ခြင်း စွမ်းရည်တစ်ခု ရှိပါသည်။ တစ်ချိန်တည်းတွင် တိုက်ခိုက်မှု ပြုသည့်အခါ အတွင်းအား၏ စွမ်းအားကို ကြီးစွာ တိုးမြင့်စေသည်။ ကျွမ်းကျင်ပိုင်နိုင်လာပါက သင်သည် မဖျက်ဆီးနိုင်သည့် ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သည်”

“ဗာဂျရာအကာအကွယ်က အသုံးပြုမှု ပေါ်လာတဲ့ စကေးဆိုရင် မူလနေကြယ်ချီက အလိုအလျှောက် စကေးတစ်ခုလို့ ဆိုလိုတာပေါ့”

တစ်ခုခုကို တွေးမိလိုက်ပြီးနောက် ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ သူက အလျှင်အမြန် မတ်တပ်ရပ်ကာ မှီရှေ့သို့ လျှောက်သွား၏။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် များပြားလှသည့် အနက်ရောင် အရေအပြား နေရာများကို တွေ့ရသည်။ အသာ ဆွဲခါလိုက်ပြီးနောက် ထိုအရေအပြားသေများဟာ ပြုတ်ကျကုန်ပြီး အတွင်းထဲရှိ ပန်းနုရောင် အရေအပြားသစ်ဟာ ပေါ်လာခဲ့၏။

“ကံကောင်းစွာပဲ.. ရုပ်ပျက်ဆင်းပျက် မဖြစ်သွားဘူး”

ဟန်ကျောက်ဟာ စိတ်သက်သာရာ ရသွားသည်။

“ငါ့ရဲ့ခွန်အား အများကြီး တိုးတက်လာတယ်။ သွေးချီရဲ့ အမြင့်ဆုံး အကန့်အသတ်လည်း တိုးလာခဲ့တယ်။ အရေးအကြီးဆုံးက..”

ဟန်ကျောက်ဟာ အနက်ရောင် ဝတ်စုံသစ်ကို ပြောင်းလဲဝတ်ဆင်ကာ အဆင့်တက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို သေသေချာချာ ခံစားကြည့်သည်။ စွမ်းအားကြီးမားသည့် အားတစ်ခုဟာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်နေ၏။

“အတွင်းအားနဲ့ အစစ်အမှန်ချီရဲ့ သဟဇာတဖြစ်မှုက တကယ့်ကို အံ့ဩဖို့ကောင်းတယ်”

ဟန်ကျောက်၏ အတွင်းဘက်အမြင်မှ သူဟာ ဗာဂျရာအစစ်အမှန်ချီဟာ အရည်ဖြစ်တော့မည့် လက္ခဏာကို ပြသလာကြောင်းအား တွေ့လိုက်ရသည်။

ဆန်စေ့အရွယ်ရှိသည့် ရွှေရောင် အစစ်အမှန်ချီစက် တစ်ခုဟာ ဒန်တျန်၏ အလယ်တွင် ပေါ်လာခဲ့၏။ သေသေချာချာ မကြည့်ပါက ထိုအရည်စက်ကို သတိထားမိရန် လွယ်ကူခြင်း မရှိပေမယ့် အစစ်အမှန်ချီကို လှည့်လည်လိုက်သည်နှင့် ထိုအထဲတွင် ပါဝင်သည့် ကြောက်စရာကောင်းသည့် စွမ်းအားကို ရှာတွေ့နိုင်ပါသည်။

ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ခြားနားမှု ဖြစ်၏။

“ဗိုက်ဆာလိုက်တာ..”

ဟန်ကျောက်ဟာ ရှင်းလင်းစွာပင် အဆင့်မတက်ခင်က စားသောက်ခဲ့ပြီး ဖြစ်၏။ သို့ပေမယ့် ဒီအချိန်၌ အလွန်ဆာလောင်သည့် ဆာလောင်မှုတစ်ခုကို ခံစားလာရသည်။ သူဟာ နွားတစ်ကောင်လုံးကို စားနိုင်သည်ဟုပင် ခံစားရ၏။

ဆန်မာရု အိတ်ငယ်အတွင်းမှ အဆင့်မြင့် အရည်အသွေးနှင့် သွေးချီဆေးလုံးကို အမြန်ထုတ်ယူကာ စားလိုက်သည်။

“ကလောက်၊ ကလောက်…”

ဆေးလုံးဟာ ပါးစပ်ထဲ၌ အရည်ပျော်သွားသည်နှင့် စွမ်းအားကြီးမားသည့် အပူဟာ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။ ချက်ချင်းပင် သွေးချီတို့ စီးဆင်းမှုပြုကာ ရေစီးသည့် အသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာ၏။

“ဒုတ်၊ ဒုတ်၊ ဒုတ်..”

တစ်ချိန်တည်းတွင် သူဟာ သန်မာသည့် နှလုံးခုန်မှုနှင့် နှလုံးသား၏ အပြင်ဘက်ရှိ နဂါးသွေးအိတ်၏ ခုန်မှုတို့အကြား ခြားနားမှုကို ခံစားနိုင်ပါသည်။

လက်ရှိ နဂါးသွေးအိတ်ဟာ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေမယ့် ၎င်းဟာ ဗလာကျင်းလင်း ဖြစ်နေဆဲရှိကာ သွေးချီအများကြီးကို စုဆောင်းနိုင်ခြင်း မရှိပေ။

ဆင့်ချိုးဖျက်ရန်အတွက် သူဟာ အစာနှင့် ဆေးလုံးမှ ပြောင်းလဲလာသည့် သွေးချီအားလုံးတို့ကို အတွင်းအားအဖြစ် သန့်စင်ခဲ့သည်။

သူ့တွင် နဂါးသွေးအိတ်အား ပြန်လည်ဖြည့်တင်းရန် မည်သည့် အပိုသွေးချီမှ မရှိပါ။ သွေးချီဆေးလုံးများကို အများအပြား သန့်စင်နိုင်မှသာလျှင် ရပေလိမ့်မည်။

ယခုအချိန်၌ သူ၏ အဓိက ဦးတည်ချက်ဟာ ဒြပ်စင်ငါးမျိုး ဆေးလုံးဖြစ်သည်။ သူဟာ ယန်ကျင်းဆီမှ သွေးချီသန့်စင်ခြင်း၏ အခြေခံကို ဖမ်းဆုပ်နိုင်ခဲ့ပြီး ဖြစ်၏။ ဆက်လက်လေ့ကျင့်ကာ ကျွမ်းကျင်မှုကို မြှင့်တင်ရန် လိုအပ်ခြင်းမရှိပါ။

All Chapters