← Chapters

အခန်း (၂၂၉)

Vol. 16 Ch. 229

အခန်း (၂၂၉)

Vol. 16 Ch. 229

ဟန်ကျောက်ဟာ စဉ်းစားရင်းနှင့် သွေးချီဆေးလုံး၏ စွမ်းအားကိုလည်း သန့်စင်ရန် မေ့လျော့ခြင်းမရှိပါ။ သူ၏ ခန္ဓာကိုယ်တွင် သွေးနီရောင် အငွေ့တို့ ပြည့်နှက်နေ၏။

အသက်ရှူလိုက်သည်နှင့် ၎င်းဟာ သူ၏ ချွေးပေါက်များကို ဖြတ်သန်းကာ ကိုယ်အင်္ဂါများ အတွင်းသို့ ဝင်ရောက်သွားသည်။

“ပြီးပြီလားဟ..”

အဆင့်မချိုးဖျက်ခင်တွင် သူဟာ အဆင့်မြင့်အရည်အသွေးနှင့် သွေးချီဆေးလုံးတစ်လုံးတွင် ပါဝင်သည့် ဆေးစွမ်းအားတို့ကို သန့်စင်ရန် အနည်းဆုံး ခုနစ်ရက်လောက် ကြာခဲ့သည်။

ယခု အမြန်နှုန်းနှင့်သာ ဆိုပါက နှစ်ရက်လောက်ပင် ကြာမည်မဟုတ်ပေ။ ဤသည်မှာ သုံးဆကျော် ပိုမိုမြန်ဆန်လာခြင်း ဖြစ်၏။

“နဂါးသွေးအိတ်ကို ဖြည့်ဖို့အတွက် နည်းလမ်းတစ်ခုကို အမြန်ဆုံး စဉ်းစာားရမယ်”

ဟန်ကျောက်၏ အကြည့်က တဖြည်းဖြည်း နက်ရှိုင်းလာ၏။ ဂျမ်ဘူကျွန်းများတွင် အရွယ်အစား မျိုးစုံနှင့် ဓါးပြအင်အားစု ဆယ်ခုကျော် ရှိပါသည်။

စုစုပေါင်း ဓါးပြအရေအတွက် ထောင်နှင့်ချီကာ ရှိ၏။ ဒေါသရေနဂါးဂိုဏ်းဟာ ဒီဝန်းရံဖိနှိပ်မှုတွင် အနိုင်ရလျှင်တောင် ဓါးပြ အင်အားစုများကို စိတ်ချက်လက်ချ မနေနိုင်အောင် ဖြစ်သွားစေမှာပါ။

နောက်ဆုံးတွင် သူတို့ဟာ အတူတူ ပူးပေါင်းပြီး ဒေါသရေနဂါးဂိုဏ်းကို ရင်ဆိုင်ကြမှာ ဖြစ်သည်။

ဒီဗိုင်းလက်နက်ကို ရှာဖွေပြီးပါက အဖွဲ့ကြီးလေးခုမှ လူများဟာ ထွက်ခွာသွားမှာ ဖြစ်သည်။ သို့ပေမယ့် သို့ပေမယ့် ဒေါသရေနဂါး ဂိုဏ်းဟာတော့ ဒေါသရေနဂါးကျွန်းမှ ရွှေ့ပြောင်းနိုင်မည် မဟုတ်ပေ။

နောင်တွင် ဒေါသရေနဂါးဂိုဏ်းနှင့် ဓါးပြများအကြားရှိ တိုက်ပွဲဟာ သေးငယ်သည့် တိုက်ခိုက်မှုမှ သေခြင်းရှင်ခြင်းအကြား သွေးလွှမ်းသည့် တိုက်ပွဲကြီးတစ်ခုအဖြစ် ပေါင်းလဲသွားမှာပါ။

သို့ရာတွင် ဟန်ကျောက်အတွက်မူ ဒေါသရေနဂါးဂိုဏ်းကို ထိန်းချုပ်ပြီးပါက သူဟာ အနှေးနှင့်အမြန် ဓါးပြအဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်မှာ ဖြစ်သည်။

နဂါးတောမြစ်၏ ဘယ်ညာနှစ်ဖက်ရှိ အင်အားစုများဟာ ရှုပ်ထွေးလှ၏။ ဒေါသရေနဂါးဂိုဏ်းဟာ ကောင်းကင်ကို လက်တစ်ဖက်တည်းနှင့် အုပ်ဆိုင်းထားနိုင်မည် မဟုတ်ပေ။

သူတို့၏ အင်အားစုများကို နှစ်ဖက်သို့ ခြေဆန့်နိုင်ခြင်း မရှိပါက သူတို့ဟာ ပင်လယ်အတွင်းတွင်သာ သေချာပေါက် ဖွံ့ဖြိုးရမှာ ဖြစ်သည်။ ဤသည်မှာ သူ၏ အနာဂတ် ပင်လယ်ဆီသို့ သွားရောက်ရန် ခရီးအတွက် ပြင်ဆင်မှုလည်း ဖြစ်သည်။

“အပြင်ဘက်ပင်လယ်မှာ ကျယ်ပြောတဲ့ သိုင်းပညာလောက ရှိတယ်။ ဂျမ်ဘူကျွန်းတွေက မိုင်ပေါင်း တစ်မီလီယံလောက်အထိ ရောက်နိုင်တယ်။ မြစ်ဝမှာ ခြေကုပ်တွယ်နေတ့ ဓါးပြတွေက ရေနဂါးတစ်ကောင်ရဲ ပင်လယ်အဝင်မှာ ခံနေတဲ့ ကျောက်ခဲသဲလေးတွေပဲ။ အနှေးနဲ့အမြန် သူတို့ကို ရှင်းထုတ်ဖို့ လိုအပ်တယ်။ ငါဒီအခွင့်အရေးကို အသုံးချလို့ရတယ်”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

ယခုအချိန်၌ ဒေါသရေနဂါးဂိုဏ်းတွင် သူ့ကို လေးစားသူ လူအများကြီး မရှိပေ။ သူဟာ ဓါးပြများနှင့် တိုက်ပွဲကို အသုံးပုကာ ဂိုဏ်းအတွင်းတွင် သူ၏ အင်အားကို ချဲ့ထွင်ရပေမည်။

ရှန့်ကွမ်းယွင်ဖေးနှင့် ရှန့်ကွမ်းလီတို့နှင့် ကိစ္စပြီးပါက သူ့တွင် အသုံးဝင်သည့် လူအချို့ ကျန်နေဦးမှာပါ။ အရမ်းကြီး သန်မာစရာ မလိုပေ။ ကိစ္စများကို လုပ်ဆောင်နိုင်ပါက အဆင်ပြေ၏။

ဒီလောကကြီးတွင် အဖွဲ့အစည်းတစ်ခု၏ လျှင်မြန်စွာ မြင့်တက်မှုဟာ ထိပ်တန်း တိုက်ခိုက်မှု ခွန်အားနှင့် ပုဂ္ဂိုလ်အပေါ်၌ မူတည်နေပါသည်။

အချိန်အတော်ကြာအောင် ဆက်တိုက် ဖွံ့ဖြိုးခြင်းကသာ တည်ဆောက်ပုံကို ကြည့်ရှုနိုင်၏။ သူ့တွက် ဒေါသရေနဂါးဂိုဏ်းဟာ သူ၏ မြင့်တက်မှုအတွက် နင်းပြားတစ်ခုသာလျှင် ဖြစ်သည်။

ဖြစ်နိုင်လျှင် အခြေခံတစ်ခုအဖြစ် တည်ဆောက်နိုင်လျှင်တော့ ပိုကောင်း၏။

နဂါးတောမြစ်၏ ညတာဟာ တည်ငြိမ်လှသည်။ မြစ်ဆိပ်၏ အနီးအနားတွင် မြစ်ပြင်ပေါ်၌ သုံးထပ်မြင့် ဇိမ်ခံသင်္ဘော တစ်စီးဟာ ဆိပ်ကမ်းမှ ယခုမှ ထွက်ခွာသကဲ့သို့ ဖြည်းညှင်းစွာ ရွက်လွှင့်နေ၏။

ဇိမ်ခံသင်္ဘော၏ ထိပ်ဆုံးအထပ်တွင် တင့်တယ်စွာ စီခြယ်ထားသည့် အခန်းတစ်ခု ရှိသည်။ အခန်းထဲရှိ စားပွဲဝိုင်းဘေးတွင် အမျိုးသားသုံးယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ ထိုင်နေကြ၏။

ကျုကန်ရီက လက်တင်ကုလားထိုင်တစ်ခုတွင် ထိုင်ကာ သူ၏ အမဲရောင် အမွှေးများနှင့် လွှမ်းခြုံနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ပြနေ၏။ ဘယ်ဘက်လက်ထဲတွင် ဝိုင်အိုးကို ကိုင်ကာ ညာဘက်လက်တွင် အတွင်းကလီစာနှင့် တူသည့် အသားစတစ်ခုကို ကိုင်ထားသည်။

သူဟာ အသားကို ပါးစပ်အပြည့် ဝါးကာ ဝိုင်ကို သောက်၏။ အလွန် ကျေနပ်မှုရှိနေသည့် ပုံပါ။

သူနှင့် စားပွဲတူတွင် ထိုင်နေသူများမှာ ပြီးခဲ့တုန်းက ဒေါသရေနဂါးဂိုဏ်းအား ဖိအားအတူတူ ပေးခဲ့ကြသည့် ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ ဖြစ်ကြသည်။

အစက တဂျိတ်ဂျိတ် ရန်ဖြစ်နေကြသည့် လေးယောက်သားဟာ ယခုအချိန်၌ အတူတူထိုင်ကာ စကားပြောနေကြသည်။

“လူတိုင်းက စိတ်ရင်းနဲ့ ဆိုမှတော့ ဒေါသရေနဂါးဂိုဏ်းအတွက် အကျိုးအမြတ် ခွဲဝေမှုကို အစောပိုင်း ဆုံးဖြတ်လိုက်ပြီ။ အားလုံးပဲ.. ပျော်ရွှင်စရာ ပူးပေါင်းမှု ဖြစ်ပါစေ”

ဟယ်ရွှမ်ဟာ အပြုံးနှင့် ပြည့်နှက်နေ၏။

“အိုး.. အရှင်ဟယ်.. အဲ့လိုပြောနေဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ဟယ်မိသားစုရဲ့ ပိုင်နက်လေ။ ဟယ်မိသားစုသာ တစ်ခုခုကို ဆုံးဖြတ်ပြီးရင် ကျွန်မတို့ သုံးဖွဲ့က ဘာမှလုပ်လို့ မရဘူး။ စီရင်စုမြို့တော်မှာ ဟယ်မိသားစုနဲ့ အမှန်တကယ်သာ ပြဿနာဖြစ်ရင် ကျွန်မတို့တွေ ဘာမှ ရနိုင်မှာ မဟုတ်ဘူး”

ရွှယ်ဟန်က ပြုံးသည်။ သူမ၏ စကားလုံးများဟာ ရန်စမှုများဖြင့် ပြည့်နှက်နေပါသည်။

“သံတမန်ရွှယ်.. နင်က ငါတို့လေးယောက်ထဲမှာ အသန်မာဆုံးပဲ။ ရွှယ်မိသားစုက တိမ်စီရင်စုရဲ့ အုပ်စိုးသူ မိသားစု သုံးခုထဲက တစ်ခုဖြစ်ပြီး အခု အဖွဲ့အစည်း လေးခုထဲမှာ အင်အားအကောင်းဆုံးလည်း ဖစြ်တယ်”

“တိမ်စီရင်စုက ဒီနဲ့ ကီလိုမီတာ၅၀၀၀လောက် ဝေးပေမယ့် ကျွမ်းကျင်သူတွေကို စေလွှတ်ချင်ရင် ကြာမှာမဟုတ်ပါဘူး”

“ရွှယ်မိသားစုကို ယှဉ်ပြိုင်ဖို့ဆို ကျွန်တော်တို့ သုံးဖွဲ့ထဲက နှစ်ဖွဲ့လောက် အတူတူ ပူးပေါင်းမှပဲ ရလိမ့်မယ်”

ဟယ်ရွှမ်၏ မျက်နှာက ပြုံးလျှက်သာ ရှိ၏။

“တော်တော့ တော်တော့.. ထေ့ငေါ့မနေကြနဲ့တော့.. မင်းတို့ ဟယ်မိသားစုက မျှတလို့သာ မဟုတ်ရင် ငါတို့တွေ အတူတူ ထိုင်နေမလား။ အခုတော့ ဒေါသရေနဂါးဂိုဏ်းရဲ့ အကျိုးအမြတ်တွေကို ဒီအတိုင်းပဲ ခွဲလိုက်မယ်။ နောင်မှာ ငါတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို ဆက်ကြည့်ကြတာပေါ့”

ကောင်းပိုင်ကျယ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ နတ်ဆိုးပြောင်းလဲခြင်း စမ်းသပ်မှုကြောင့် ဂိုဏ်းချုပ်ဟာ ဒဏ်ရာအပြင်းအထန် ရထားပြီး သူ၏ခွန်အားဟာ ကြီးစွာ လျော့ကျသွားခဲ့သည်။

အဖွဲ့လေးခုတို့ အကြားတွင် သက်ရှည်ဂိုဏ်းဟာ အားအနည်းဆုံး ဖြစ်၏။ ဤသည်မှာ ကောင်းကင်ဖင်းဘုရင်က စိတ်ကူးပေါက်၍ တည်ထောင်ထားသည့် ဂိုဏ်းတစ်ခုသာ ဖြစ်ပါသည်။

ဂိုဏ်းမှ တပည့်များဟာ အစက သိုင်းသမားများ ဖြစ်ကြ၏။ သို့ပေမယ့် အုပ်စိုးသူ မိသားစုများ၏ ဖိအားကို လက်မခံလိုပဲ ခုခံရန်လည်း မဖြစ်နိုင် ရှိနေကြသည်။ ထို့ကြောင့် တူညီစွာ စွမ်းအားကြီးမားသည့် နတ်ဆိုးများ၏ လက်အောက်သို့ ခိုလှုံရန် ဆုံးဖြတ်ခဲ့ကြ၏။

ကောင်းကင်ဖင်းနတ်ဆိုးဟာ သက်ရှည်ဂိုဏ်းကို လွတ်လပ်စွာသာ ထားသည်။ နတ်ဆိုးလူသားများအဖြစ် ရက်စက်သည့် စမ်းသပ်မှုများကိုသာ ဖြတ်ကျော်နိုင်ပါက သူတို့ဟာ အဆင့်တူသည့် အုပ်စိုးသူ မိသားစု မျိုးဆက်များကို ရင်ဆိုင်နိုင်သည့် တပည့်များ ဖြစ်လာနိုင်ကြသည်။

ခွန်အားဟာ ကြီးစွာ တိုးမြင့်လာပြီး သက်တမ်းဟာလည်း ရှည်လာခဲ့၏။ ဤသည်မှာ လူပေါင်းများစွာတို့ အိပ်မက်မက်နေသည့် အရာဖြစ်သည်။

နှစ်စဉ်နှစ်တိုင်းတွင် သက်ရှည်ဂိုဏ်းသို့ ဝင်ရောက်လိုသည့် သိုင်းသမားများဟာ အဆုံးမသတ်နိုင်သည့် စမ်းချောင်းသဖွယ် ရှိနေပါသည်။ သူတို့ထဲမှ ထူးချွန်သည့် လူနည်းစုကိုသာ ရွေးချယ်၏။

“ဘာပဲဖြစ်ဖြစ် ဒီကိစ္စပြီးရင် ဒေါသရေနဂါးဂိုဏ်းက လူပြတ်ကောင်ကို ငါ့အတွက်ချန်ထား။ ဟိုဟာမလေးကို သူ့ရှေ့မှာ စားပြပြီးမှ သူ့ကိုစားရမယ်”

ကျုကန်ရီက ချက်ပြုတ်ထားသည့် လူသားကို ဝါးသည်။ သူ၏ မျက်လုံးများက သွေးဆာလာခဲ့၏။

“ငါလည်း အဲ့ကောင်လေးကို သဘောကျတယ်”

ရွှယ်ဟန်က အပြုံးတစ်ခုနှင့် ပြောသည်။

“နင်က ငါ့ဆီက လုချင်လို့လား”

ကျုကန်ရီ၏ မျက်လုံးများထဲ၌ အနီရောင်အလင်းတစ်ခု လက်သွားသည်။ သူ၏ အဆီများဟာ ဝတုတ်သည့် ခန္ဓာကိုယ်ဟာ တုန်ခါသွား၏။

“အဲ့ကောင်ချောလေးကို သံတမန်ကျုက အရမ်းသဘောကျနေရင်လည်း ကျွန်မလက်လျှော့ဖို့ပဲ ရှိတော့တာပဲ။ ဒါပေမယ့် ဒေါသရေနဂါးဂိုဏ်းက အကျိုးအမြတ်တွေကို ပိုပေးဖို့ လိုအပ်တယ်။ မဟုတ်ရင် အဲ့ကောင်လေးကို တွေးမိတာနဲ့ ကျွန်မရဲ့ နှလုံးသားက နာကျင်လာမှာ”

သူမက ကျုကန်ရီကို ချွဲနွဲ့စွာ မျက်စပစ်သည်။

“ရတယ်”

ကျုကန်ရီက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူဟာ ကောင်းပိုင်ကျယ်နှင့် ခြားနား၏။ သန့်စင်သည့် နတ်ဆိုးတစ်ကောင်ဖြစ်ကာ ဒေါသရေနဂါးဂိုဏ်း၏ အကျိုးအမြတ် များစွာကို ထိန်းသိမ်းနိုင်ခြင်း မရှိပေ။

ဘာပဲဖြစ်ဖြစ် သက်ရှည်ဂိုဏ်းဟာ လူသားများနှင့် နတ်ဆိုးများ ရောထွေးနေသည့် ဂိုဏ်းတစ်ခုဖြစ်၏။ သူတို့ဟာ နတ်ဆိုးများကဲ့သို့ လူသားများကို ခွဲခြားမှုမရှိပဲ အကုန်သတ်ဖြတ်ခြင်း မလုပ်ပေ။

ထို့ကြောင့် အဖွဲ့အစည်း များစွာတို့က မသိချင်ယောင်ဆောင်ကာ အရမ်းကြီး ရန်လိုခြင်းမရှိပေ။

ငရဲကိုးခု စံအိမ်ကတော့ ခြားနားသည်။ သူတို့ဟာ သတ်ဖြတ်ခြင်းဘုရင်၏ လက်အောက်ရှိ တိုက်ရိုက် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အားလုံးဟာ နတ်ဆိုးများ ဖြစ်ကြသည်။

တိမ်စီရင်စုရှိ စိတ်ဝိညာဉ် ကိုယ်ရံတော်များနှင့် တွေ့ဆုံပါက ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်တတ်တာ ပုံမှန်သာဖြစ်၏။

“အစ်ကိုကျုက တကယ့်ကို တည့်တိုးဆန်တာပဲ”

ရွှယ်ဟန်၏ အပြုံးက ရပ်တန့်သွားသည်။ သူမဟာ ဒေါသရေနဂါးဂိုဏ်းရှိ ထိုလူငယ်ကို သဘောကျပါသေးသည်။

တစ်ဖက်လူက နောက်ဆုံးတွင် ကတိအတိုင်း လုပ်ပေးမည်လားကတော့.. အဆုံးသတ်တွင် ဒီဝက်ခေါင်းဟာ အသက်ရှင်နိုင်မည်ဟု မည်သူ သိမည်နည်း။

ရွှယ်မိသားစုဟာ အဖွဲ့လေးခုတွင် အသန်မာဆုံး ဖြစ်သည်။ သူမသာ ဒီဗိုင်းလက်နက်ကို အောင်မြင်စွာ ရှာဖွေနိုင်ပြီး မိသားစုအတွက် ကြီးစွာ အကျိုးပြုနိုင်ပါက ဒီနေရာတွင် သူမ၏စကားက အတည်ဖြစ်လာမှာပါ။

All Chapters