← Chapters

အခန်း (၂၃၀)

Vol. 16 Ch. 230

အခန်း (၂၃၀)

Vol. 16 Ch. 230

“သူက သေမျိုး သိုင်းသမား တစ်ယောက်လေးပဲ။ မင်းတို့လုပ်ချင်တာ လုပ်လို့ရတယ်။ အလုပ်ကိစ္စကို ပြောရအောင်”

ကောင်းပိုင်ကျယ်က စိတ်မရှည်စွာ ပြောသည်။

“ညီလေးကောင်း.. အေးဆေးပေါ့.. ကျွန်တော်တို့လည်း အရေးကြီးကိစ္စကို ပြောတော့မှာပဲကို.. ဒါက….”

ဟယ်ရွှမ်က မြေပုံတစ်ခုကို ထုတ်ကာ စားပွဲဝိုင်းပေါ်တွင် ဖြန့်လိုက်သည်။

နောက်ပိုင်း ရက်နှစ်ဆယ်အတွင်းတွင် ဟန်ကျောက်ဟာ သူ၏ အခန်းအတွင်း၌သာ‌ နေခဲ့၏။ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်စေကာ ခွန်အား ပြောင်းလဲမှုအား အသားကျအောင် ပြုလုပ်သည်။

တစ်ချိန်တည်းတွင် များပြားလှသည့် ဒြပ်စင်ငါးမျိုး ဆေးလုံးများကို သောက်သုံးကာ သူ၏ ကိုယ်တွင်းအင်္ဂါ သန့်စင်မှုကို အရှိန်မြှင့်တင်သည်။

“ဒြပ်စင်ငါးမျိုးချီ- အဆုတ် သတ္တု(၂%)၊ အသည်း သစ်သား(၂%)၊ ကျောက်ကပ် ရေ(၂%)၊ နှလုံး မီး(၂%)၊ သရက်ရွက် မြေ(၂%)”

စနစ်မှ ပြသလာသည့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း တိုးတက်မှုကို ကြည့်ကာ ဟန်ကျောက်ဟာ ဝမ်းသာသွားသည်။

“ဒြပ်စင်ငါးမျိုးအား တစ်ခုတည်းအဖြစ် ပါရမီရဲ့ သက်ရောက်မှုက တကယ့်ကို ကြောက်ဖို့ကောင်းတယ်”

ရက်နှစ်ဆယ်တည်းနှင့် သူ၏ ဒြပ်စင်ငါးမျိုးချီ သန့်စင်မှုဟာ အံ့ဩစရာ ကောင်းလောက်အောင် (၂%)သို့ ရောက်ရှိသွားသည်။

အရေးအကြီးဆုံးမှာ အတွင်းအင်္ဂါ ငါးခုလုံးဟာ ဒြပ်စင်ငါးမျိုးချီကို တစ်ပြိုင်တည်း စုပ်ယူကြခြင်း ဖြစ်သည်။ ထိုတိုးတက်မှုဟာ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလှ၏။

ထိုနှုန်းအတိုင်းသာ ဆိုပါက အတွင်းအားကို စုစည်းခြင်းအား မဆိုထားနှင့် ကိုယ်တွင်းအင်္ဂါ ငါးခုတို့၌ ဒြပ်စင်ငါးပါးချီ သန့်စင်မှုကိုပင် သုံးနှစ်အတွင်း ပြီးမြောက်နိုင်ပါသည်။

ချီတစ်ဆင့် စစ်ဘုရင်အဆင့်မှ ချီငါးဆင့် စစ်ဘုရင်အဆင့်အထိ သုံးနှစ်တောင် မကြာပဲ ပြီးမြောက်နိုင်ခြင်းမှာ မိသားစုကြီး တစ်ခုမှ ပါရမီရှင်တစ်ယောက်သာ မဟုတ်ပါက လုပ်နိုင်စရာ မရှိပေ။

“အဲ့လိုဆိုရင်.. ငါ.. ပန်းတိုင်လေးတစ်ခုကို ထားရမယ်။ အသက်၂၅နှစ်မှာ သိုင်းသူတော်စင်တစ်ယောက် ဖြစ်ရမယ်ကွာ”

ဟန်ကျောက်ဟာ ခဏတာ စဉ်းစားပြီးနောက် ဆေးလုံးများကို ဆက်လက်သုံးစွဲကာ ကျင့်ကြံခြင်း မပြုတော့ပါ။ အဘယ်ကြောင့်ဆိုသော် ဒီနေ့ဟာ ဓါးပြများကို သုတ်သင်မည့် နေ့ဖြစ်သောကြောင့် ဖြစ်၏။

“ဂိုဏ်းသခင်ငယ်.. ဂိုဏ်းသားတွေ ခန်းမအပြင်မှာ စုစည်းပြီးပါပြီ။ ရေသံတမန်က သခင်ငယ်ကို သွားပြီးတော့ ညွှန်ကြားခိုင်းပါတယ်”

စီကျူး၏ ညင်သာသည့် အသံက ထွက်ပေါ်လာ၏။

“ကောင်းပြီ”

ဟန်ကျောက်က အိပ်ယာပေါ်မှ ဆင်းကာ တံခါးကို ဖွင့်သည်။

စီကျူးဟာ အစိမ်းရောင် ပိုးသားဝတ်စုံ တစ်ခုကို ဝတ်ဆင်ထား၏။ သူမ၏ ပါးလေးက ဖောင်းက ချောမွေ့

သည့် အရေအပြားဟာ ပန်းနုရောင် သန်းနေပါသည်။ အနက်ရောင် မျက်လုံးဝိုင်းများဖြင့် သူ့ကို ကြည့်နေ၏။

သို့ပေမယ့် ဟန်ကျောက်ဟာ အသက် ဆယ့်လေး(သို့) ဆယ့်ငါးနှစ်လောက်သာ ရှိသည့် မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားခြင်း မရှိပါ။ စီကျူးဟာ သေးသွယ်ရာ ပုံမှန် ရွယ်တူများထက်ပင် ငယ်ရွယ်ပုံ ရ၏။

ဖြစ်နိုင်တာက နောက်ဆုံးအကြိမ်တုန်းက သူ၏ သူမအပေါ် ကယ်တင်ခဲ့မှုကြောင့် ဖြစ်ပေလိမ့်မည်။ စီကျူးဟာ သူ့အပေါ် လုံးဝ နာခံနေပြီး ဖြစ်၏။

သူမဟာ သူ့ကို ရွှေကျင်ဖုန်း၏ ညွှန်ကြားချက်များအား ပြောပြရုံမက ဂိုဏ်းအတွင်းရှိ အဖြစ်အပျက်များကိုလည်း မကြာခဏ ပြောပြလေ့ရှိသည်။

ဒေါသရေနဂါးဂိုဏ်းတွင် သူမကို သူ၏ လူယုံတစ်ယောက်ဟု ဆိုနိုင်၏။ သို့ပေမယ့် ဟန်ကျောက်အနေနှင့် သူမအပေါ် လုံးဝ ယုံကြည်မှုထားချင်လျှင် အရင်ဆုံး ဒေါသရေနဂါးဂိုဏ်းကို စစ်မှန်စွာ ထိန်းချုပ်နိုင်ဖို့ လိုပါသည်။

“သွားရအောင်”

သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ခြံဝန်းအတွင်းမှ ထွက်ခွာသွား၏။ တစ်ဖက်ခန်းရှိ ကိုယ်ပွားလည်း တံခါးဖွင့်ကာ လျှောက်ထွက်လာခဲ့သည်။

ဟန်ကျောက်၏ အကြည့်ဟာ သူမအပေါ်တွင် ခဏတာသာ ရစ်ဝဲသွားရာ စီကျူးဟာ အနည်းငယ် စိတ်ပျက်သွား၏။ သူမ၏ ဂရုတစိုက် အလှပြင်ထားမှုကို ကြည့်ကာ ရင်ဘတ်ကို ထိကြည့်သည်။ အလွန် သေးငယ်ရာ သက်ပြင်းချမိ၏။

သူမဟာ ဒေါသရေနဂါးဂိုဏ်း အတွင်းတွင် အမြင့်ဆုံး အစေခံတစ်ယောက် ဖြစ်နေပြီး ဖစ်သည်။ သူမ၏ ဝတ်စုံသစ်မျးနှင့် ခေါင်းစည်းများကို အိမ်တော်ထိန်းခေါင်းဆောင်နှင့် အစေခံမှူးတစ်ယောက်က ပေးထားခြင်း ဖြစ်၏။

ဟန်ကျောက်ဟာ သူမကြောင့် လူပုံအလယ်တွင် အထူးဧည့်သည်တစ်ယောက်နှင့် ပြဿနာဖြစ်ခဲ့လေသည်။ ထိုကိစ္စဟာ ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး ဖြစ်၏။ ယခုအချိန်၌ စီကျူး၏ နှလုံးသားတစ်ခုလုံးဟာ ဟန်ကျောက်အပေါ်တွင်သာ ရှိသည်။

သူမအနေနှင့် အခြားအရာများကို တောင်းဆိုရဲခြင်း မရှိပေ။ သူ့ကို စိတ်ရောကိုယ်ပါ ခစားပြီးသာ သူ၏ဘေးတွင် ထာဝရ နေလို၏။ ထိုသို့ဆိုပါက ကျေနပ်နိုင်ပါပြီ။

ခဏအကြာ၌ ဟန်ကျောက်ဟာ ဒေါသရေနဂါး ခန်းမ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ဒီအချိန်၌ ၂၀၀နီးပါးရှိသည့် သိုင်းသမားများကို ရွေးချယ်ကာ ခေါ်ယူထားပြီး ဖြစ်၏။ သူတို့ဟာ ဂိုဏ်းသခင်ငယ်ဖြစ်သည့် ဟန်ကျောက်၏ ညွှန်ကြားမှုကို စောင့်နေကြသည်။

“ဒီတစ်ကြိမ်မှာ ငါတို့တွေ ဓါးပြတွေကို သွားတိုက်တဲ့ အခါမှာ သေမှာမကြောက်တဲ့ လူတွေက ငါနဲ့အတူ ရှေ့မှာနေ။ သေမှာကြောက်တဲ့ ငကြောက်တွေကတော့ နောက်မှာ ကျန်ခဲ့… သွားရအောင်”

ဟန်ကျောက်က လူအုပ်၏ရှေ့သို့ လျှောက်သွားကာ ကျယ်လောင်စွာ ပြောသည်။ ထိုစကားနှင့်အတူ သူဟာ လှေကားမှ ဆင်းလျှောက်သွား၏။

လူအုပ်ဟာ ဆူဆူညံညံ ဖြစ်သွားကြသည်။ ဂိုဏ်းအတွင်းရှိ အထက်ပိုင်း ခေါင်းဆောင်အချို့မှ လွဲ၍ အောက်ခြေလူများဟာ ဓါးပြများကို ဝန်းရံသတ်ဖြတ်မည့် ကိစ္စအား သိရှိခြင်း မရှိပါ။

သို့ရာတွင် ဟန်ကျောက်၏ တိုတောင်းကာ စွမ်းအားကြီးသည့် စကားကို ကြားရပြီးနောက် ချက်ချင်းပင် တစ်ယောက်ယောက်က အော်၏။

“ပြောတာကောင်းတယ်”

“ငါတော ဂိုဏ်းသခင်ငယ်နောက်ကနေ ရှေ့ဆုံးကလိုက်မယ်”

“ငါတို့တွေ ဒီသောက်ဓါးပြတွေကို ဒီနေရာမှာ ဘယ်သူက သခင်လားဆိုတာကို ပြသင့်နေတာ ကြာပြီ”

ဒေါသရေနဂါးဂိုဏ်းနှင့် ဓါးပြများဟာ ယေဘုယျအားဖြင့် အေးအေးချမ်းချမ်း ရှိပေမယ့် အချို့ ဓါးပြအဖွဲ့ကြီးများဟာ သူတို့၏ ခွန်အားကို အမှီပြုကာ ပင်လယ်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်သင်္ဘောအချို့ကို လုယက်လေ့ ရှိကြသည်။ သူတို့ဟာ ဒေါသရေနဂါးဂိုဏ်းကို ဂရုမစိုက်ကြပေ။

ဒေါသရေနဂါးဂိုဏ်း၏ အဓိက လွှမ်းမိုးမှုဧရိယာဟာ နဂါးတောမြစ်၏ အလယ်နှင့် အောက်ပိုင်းသို့သာ ရောက်ရှိနိုင်ဆဲ ဖြစ်သည်။ အချို့ ရဲတင်းသည့် ဓါးပြများဆိုလျှင် ဒေါသရေနဂါးဂိုဏ်း၏ သင်္ဘာကိုပင် အပိုင်စီးရဲကြသည်။

ဘာပဲဖြစ်ဖြစ် ဂျမ်ဘူကျွန်းများဟာ ကြယ်များဖြင့် လွှမ်းခြုံနေပြီး အဆုံးမသတ်သည့် ပင်လယ်ရှိပါသည်။ သူတို့သာ ပုန်းအောင်းနေပါက ဒေါသရေနဂါးဂိုဏ်းဟာ လိုက်ရှာနိုင်မည် မဟုတ်ပေ။

ဤနည်းအားဖြင့် အဖွဲ့သားများစွာ၏ ဆွေမျိုးများနှင့် မိတ်ဆွေများဟာ ဒီအတိုင်း သေဆုံးခဲ့ရသည်။ အထူးသဖြင့် ပြီးခဲ့သည့် နှစ်များအတွင်းတွင် ဖြစ်သည်။

ခေါင်းဆောင်နှင့် ခေါင်းဆောင်ဟောင်းတို့၏ ဒဏ်ရာအပြင်းအထန် ရထားသည့် ကောလဟာလကြောင့် ဓါးပြများဟာ ပိုမို၊ ပိုမိုကာ မောက်မာလာခဲ့ပြီး ဒေါသရေနဂါးဂိုဏ်း၏ နဂါးတောမြစ်၏ အလယ်နှင့် အောက်ပိုင်းရှိ ဂုဏ်သတင်းပင်လျှင် ကြီးစွာ‌ လျော့ကျသွားခဲ့သည်။

ယခုအချိန်ဟာ ဂိုဏ်း၏ ဂုဏ်သတင်းကို ပြန်လည်အဖတ်ဆည်ရမည့် အချိန်ဖြစ်သည်။

သိုင်းသမား ၂၀၀ကျော်တို့ဟာ ကျယ်ဝန်းသည့် စင်မြင့်မှ ထွက်ခွာကာ ဒေါသရေနဂါးကျွန်း၏ ဆိပ်ကမ်းဆီသို့ အသီးသီး ထွက်ခဲ့ကြသည်။ မကြာခင် လူတိုင်းဟာ ဆိပ်ကမ်းဆီသို့ ရောက်ရှိသွား၏။

ဟန်ကျောက်ဟာ မီတာတစ်ရာကျော် ရှည်လျားကာ မီတာသုံးဆယ်နီးပါး ကျယ်ဝန်းသည့် ဒေါသရေနဂါးဂိုဏ်းကို ကြည့်သည်။ သူက မြေပြင်ကို ခြေနှင့် တောက်လိုက်ပြီးနောက် သင်္ဘောကုန်းပတ်ပေါ်သို့ ခုန်တက်ရန် လေဟုန်စီးခြေထောက်ကို အသုံးပြုလိုက်သည်။

ဒေါသရေနဂါး သင်္ဘော၏ ဘယ်ညာနှစ်ဖက်လုံးတွင် ကြီမားသည့် သင်္ဘောကြီးများ ရှိသည်။ မီတာ၄၀ကျော် ရှည်လျားပြီး ၎င်းတို့ကို သွေးရေနဂါး သင်္ဘောဟု ခေါ်၏။ ဒေါသရေနဂါးဂိုဏ်း တစ်ခုလုံးတွင် ထိုကဲ့သို့သော စစ်သင်္ဘော ၂၀သာလျှင် ရှိပါသည်။

“ဂိုဏ်းခေါင်းဆောင်ငယ်ရဲ့ လှုပ်ရှားမှုအတတ်က အရမ်းကောင်းတာပဲ”

နောက်ရှိ ဂိုဏ်းအဖွဲ့သားများ အကြားမှ အားပေးသံများ ပေါ်လာ၏။

ရွှေကျင်ဖုန်းနှင့် မုရွှမ်လင်းတို့က လူအုပ်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် ကြည့်သည်။ ရွှေကျင်ဖုန်းဟာ ဒေါသရေနဂါး သင်္ဘောပေါ်သို့ ပျံတက်သွား၏။

သူတို့ဟာ ထွက်လမ်းတစ်ခုကို စီစဉ်ပြီး ဖြစ်ပေမယ့် အရာအားလုံးကို သေချာစေရန် လိုအပ်ပါသည်။ အရာအားလုံးကို အခြားလူများအပေါ်၌ မှီခို၍ မရပေ။ ဟန်ကျောက်အား မည်သည့် မတော်တဆမှ ဖြစ်မသွားစေရန် သေချာအောင် လုပ်ရပေမည်။

ထူထဲသည့် မနက်ခင်းမြူများကို အားပြုကာ စစ်သင်္ဘောဟာ မြစ်တစ်လျှာက် ဆင်းသွားကာ တောင်ဘက်သို့ ဦးတည်ပြီး ဂျမ်ဘူပင်လယ်ဆီသို့ ဝင်ရောက်၏။

နှစ်ရက်တာ ရွက်လွှင့်မှုအပြီးတွင် လူတိုင်းဟာ ပထမဆုံး ဓါးပြအသုတ်ကို တွေ့လိုက်ရသည်။ ဤသည်မှာ အရိုးခေါင်းအလံနှင့် အမြန်သင်္ဘောငယ်တစ်ခု ဖြစ်၏။ ဓါးပြတစ်ဖွဲ့၏ ကင်းလှည့်သင်္ဘော ဖြစ်ပုံပါ။

“တစ်ခုခု မှားနေပြီ”

ကုန်းပတ်ပေါ်ရှိ သင်္ဘောသားတစ်ဦးက မှန်ပြောင်းကို ထုတ်ကာ ကြည့်ရှုပြီးနောက် သတိပေးစွာ အော်၏။

“အရှေ့တောင်ဘက်မှာ ဓါးပြကင်းသင်္ဘောတစ်ခု ရှိတယ်။ ဂိုဏ်းသခင်ငယ်ဆီကို မြန်မြန်လေး သတင်းပို့”

“မလိုတော့ဘူး”

ဆူဆူညံညံ အသံများကို ကြားရပြီးနောက် ဟန်ကျောက်ဟာ အခန်းအတွင်းမှ လျှောက်ထွက်လာခဲ့ပြီး ဖြစ်သည်။

“လူဘယ်နှစ်ယောက်လောက် ပါလဲ”

“ဂိုဏ်းသခင်ငယ်.. သူတို့တွေ ဆယ်ယောက်ထက် မကျော်လောက်ပါဘူး”

ပင်လယ်ပေါ်တွင် မြူများ ရှိနေဆဲဖြစ်သဖြင့် သူဟာ အကြမ်းဖျင်း ခန့်မှန်းချက်ကိုသာ ပြုနိုင်ပါသည်။

“ဘယ်သူသွားဖို့ စိတ်ဝင်စားလဲ”

ဟန်ကျောက်က နောက်သို့လှည့်ကာ ကုန်းပတ်ပေါ်ရှိ ဂိုဏ်းသားများကို ကြည့်သည်။ လူတိုင်းဟာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ မည်သည်ကိုမှ မပြောကြပေ။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွား၏။

All Chapters