အခန်း (၂၃၁)
Vol. 16 Ch. 231
“ဂိုဏ်းသခင်ငယ်.. ကျွန်တော်သွားလိုပါတယ်”
အသားမဲမဲနှင့် သန်မာသည့် အသက်၃၀အရွယ် လူကြီးတစ်ဦး လျှောက်ထွက်လာပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။
“အရမ်းကောင်းတယ်။ ကျွန်တော် မှတ်မိတာတော့ ခင်ဗျားက..”
ဟန်ကျောက်က ခေါင်းညှိတ်ကာ တွေးဆသည့် ပုံစံ ဖြစ်သွား၏။
“ကျွန်တော်က သိမ်းငှက်ပျံခန်းမရဲ့ လက်ထောက်ခန်းမသခင် ချူအန်းဖင်ပါ”
အသားမဲသည့် လူကြီးက လေးစားစွာ ပြောသည်။
“အရမ်းကောင်းတယ်။ ဒီနေ့ကစပြီး ခင်ဗျားက သိမ်းငှက်ပျံခန်းမရဲ့ ခန်းမသခင်ပဲ”
ဟန်ကျောက်က ပြုံးသည်။
“ဘာ”
လူအုပ်အတွင်းတွင်.. ရက်စက်သည့် မျက်နှာပေးနှင့် လူလတ်ပိုင်း လူကြီးတစ်ဦး၏ ပုံစံက ဒေါသထွက်သွား၏။ သူဟာတော့ သိမ်းငှက်ပျံခန်းမ၏ ခန်းမသခင် ကျန်းရုရှန် ဖြစ်သည်။
“ဒါက အမိန့်ပဲ”
ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။
“ဂိုဏ်းသခင်ငယ်က တကယ့်ကို အာဏာကြီးတာပဲ။ လက်ထောက်ဂိုဏ်းချုပ်တွေတောင် ကျွန်တော့ရဲ့ ခန်းမသခင်ဆိုတဲ့ ရာထူးကို စကားတစ်ခွန်းနဲ့ ဖယ်ရှားလို့မရဘူး”
ကျန်းရုရှန်၏ မျက်နှာက မဲမှောင်သွားသည်။
“အဲ့ဒါကြောင့်ပဲ သူက လက်ထောက်ဂိုဏ်းချုပ် ဖြစ်နေတာပေါ့”
ဟန်ကျောက်၏ လေသံက တည်ငြိမ်ကာ သူ၏နောက်ရှိ ကိုယ်ပွားဟာ ရှေ့သို့ ခြေတစ်လှမ်း တက်လာခဲ့သည်။
“.. ကောင်းပါပြီ ဂိုဏ်းသခင်ငယ်”
ထိုပုံကို တွေ့ရပြီးနောက် ကျန်းရုရှန်က အမြန် ခေါင်းငုံ့သွားသည်။ သူဟာ စစ်ဘုရင်အဆင့် တစ်ယောက်ကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်သည့် လန်ဖန်းယွင်အား စိန်ခေါ်ရဲခြင်း မရှိပါ။
“ငါဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကစပြီး ဓါးပြတွေကို သုတ်သင်ရာမှ မင်းငါ့အနားကနေ လိုက်ရမယ်။ တိုက်ပွဲမှ ကြောက်နေတာ တွေ့ရင်တော့ စည်းမျဉ်းအတိုင်း အပြစ်ပေးခံရမယ်”
ဟန်ကျောက်က ကျန်းရုရှန်ကို လက်ညှိုးထိုးကာ ပြောသည်။
ဒီလူဟာ ချန်လော့ရှန်၏ လူယုံများထဲမှ ဖြစ်၏။ သူ၏ အာဏာကို တည်ဆောက်ရန် ဒီလူ့ကို ဆေဘာတစ်ချောင်းအဖြစ် အသုံးပြုနိုင်ပါသည်။
“မင်း.. အမိန့်နာခံပါတယ်”
ကျန်းရုရှန်၏ မျက်လုံးများက ပြူးကျယ်သွားပြီး အံကိုကြိတ်ကာ ပြောသည်။
“ချီးမြှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်ငယ်”
ချူအန်းဖင်က စိတ်လှုပ်ရှားနေ၏။ သူဟာ ဒေါသရေနဂါးဂိုဏ်းသို့ တစ်ဝက်တစ်ပြတ်တွင် ဝင်ရောက်ခဲ့သည့် သိုင်းသမားတစ်ဦး ဖြစ်ပါသည်။
သူ၏ တည့်တိုးဆန်သည့် အကျင့်စရိုက်ကြောင့် ခန်းမသခင်နှင့် လက်ထောက် ခန်းမသခင်တို့နှင့် ဆက်ဆံရေး မကောင်းပေ။ ထို့ကြောင့် သူ့ကိုယ်သူ အမည်တစ်ခု ဘယ်တုန်းကမှ တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါ။
ဒေါသရေနဂါးဂိုဏ်း၏ လက်ရှိအခြေအနေကို သိရှိထားပြီး ဟန်ကျောက်ဘက်သို့ ရွေးချယ်ခြင်းဟာ မည်မျှ အန္တရာယ်များကြောင်းကို နားလည်ပါသည်။ သို့ပေမယ့် ချမ်းသာကြွယ်ဝမှုဟူသည့် အန္တရာယ်ကြားမှ လာ၏။
သူသာ နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်လက်ကျန့်ကြာနေပါက စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် မျှော်လင့်ချက်ရှိတော့မှာ မဟုတ်ပေ။
ထို့ကြောင့် အလောင်းအစားတစ်ခုကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
“ထတော့”
ဟန်ကျောက်က သူ့ကို လက်နှစ်ဖက်ဖြင့် ထူပေးသည်။
“ဟုတ်ကဲ့”
ချူအန်းဖင်က မတ်တပ်ရပ်ကာ လူအုပ်ဆီသို့ အော်လိုက်၏။
“ဝမ်ရွှမ်၊ လီကျောက်…. မင်းတို့ခြောက်ယောက်.. ငါနဲ့လိုက်ခဲ့”
“ဟုတ်”
လူအုပ်အတွင်းမှ လူခြောက်ယောက်တို့ လျှောက်ထွက်လာကြသည်။ ချူအန်းဖင်က သူတို့ခြောက်ယောက်ကို အမြန်သင်္ဘောပေါ်သို့ ဦးဆောင်သွာားပြီး ဓါးပြများ၏ ကင်းလှည့်သင်္ဘောဆီသို့ လျှင်မြန်စွာ သွားသ်ည။
ငါးမိနစ်တောင် မကြာပဲ ချူအန်းဖင်ဟာ ဓါးပြသုံးယောက်တို့ကို ဖမ်းဆီးကာ ဒေါသရေနဂါး သင်္ဘောဆီသို့ ပြန်ခဲ့သည်။
“အား..”
ဟန်ကျောက်ဟာ သူတို့သုံးယောက်ကို အခန်းအတွင်းသို့ ခေါ်ဆောင်သွား၏။ မကြာခင် ကြက်သီးထဖွယ် အော်သံများ ထွက်ပေါ်လာပြီးနောက် ရပ်တန့်သွားသည်။
ဟန်ကျောက်ဟာ လက်နှစ်ဖက်ကို ဆုပ်ကာ တည်ငြိမ်သည့် အသွင်ဖြင့် ပြန်လည်လျှောက်ထွက်လာ၏။ ညာဘက်ဆီသို့ လက်ညှိုးထိုးသည်။
“အနောက်ဘက် မိုင်၁၂၀က ငါးပျံကျွန်းမှာ အရိုးခေါင်းဓါးပြတွေ ရှိတယ်”
“အနောက်ဘက် မိုင်၁၂၀ဆီကို ထွက်ခွာမယ်”
သင်္ဘောသားက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ ဒေါသရေနဂါး သင်္ဘောနှင့် သွေးရေနဂါး သင်္ဘော နှစ်ခုတို့ဟာ ညာဘက်ဆီသို့ စတင် ထွက်ခွာကြ၏။
စစ်သင်္ဘောသုံးခု၏ ပြီးပြည့်စုံသည့် စွမ်းဆောင်ရည်နှင့် မကြာခင်တွင် လူတိုင်း၏ မျက်လုံးထဲသို့ ငါးပျံကျွန်းဟာ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
ဟန်ကျောက်က အမိန့်ပေးသည်။
“အမျိုးသမီးနဲ့ ကလေးတွေကလွဲပြီး ဓါးပြအားလုံးကို သတ်ပစ်။ ခုခံရဲတဲ့လူရှိရင် အားလုံးကို သက်ညှာစရာမလိုပဲ သတ်ပစ်ကြ”
“အမိန့်အတိုင်းပါ”
ကမ်းစပ်ဆီသို့ ချည်းကပ်တော့မည့် အချိန်၌ ဒေါသရေနဂါး သင်္ဘောပေါ်မှ အမြန်သင်္ဘောများကို ချသည်။ ဟန်ကျောက်က ဦးဆောင်ကာ ချီတက်၏။
“ရန်သူတိုက်ခိုက်တယ်”
သူတို့ဟာ ရေတိမ်ဆီသို့ ရောက်လာရုံရှိသေး မီတာ၂၀၀အဝေးရှိ စူးစမ်းရေးစင်မြင့်ပေါ်ရှိ ဓါးပြများက အခြေအနေကို သတိထားမိပြီး သတိပေးစွာ အော်လိုက်သည်။
“ဖောင်”
မြားကြိုးဟာ ပြင်းထန်စွာ လှုပ်ခါသွား၏။ ထို့နောက် ထက်မြသည့် မြားတစ်စင်း၏ လေခွင်းသံဟာ ပေါ်လာပြီး ဓါးပြဟာ လည်ပင်းကို မြားမှန်ကာ နေရာမှာတင် သေဆုံးသွားခဲ့သည်။
“ဆွစ်၊ ဆွစ်၊ ဆွစ်..”
ဟန်ကျောက်ဟာ မြားသုံးစင်းကို တစ်ပြိုင်နက် ပစ်လိုက်၏။ ထိုအထဲမှ နှစ်စင်းဟာ အခြားဓါးပြနှစ်ယောက်ကို သတ်ဖြတ်လိုက်သည်။
နောက်ဆုံးမြားမှာတေ့ အနည်းငယ် လွဲချော်သွား၏။ ထိုဓါးပြဟာ အားနည်းခြင်း မရှိပဲ မြားချက်ကို ဓါးနှင့်ပိုင်းကာ ကာလိုက်သည်။
“မြားက ကောင်းကိုမကောင်းဘူး”
ဟန်ကျောက်ဟာ သူ၏ ကြီးမားသည့် ခွန်အားကြောင့် အက်ကွဲသွားသည့် မြားကိုကြည့်ကာ မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
စိတ်ဝိညာဉ်သုံးပါး မြားကျမ်းကို ရရှိပြီးနောက် သူဟာ အချိန်အပိုင်းအခြား တစ်ခုလောက် မြားအတတ်ကို လေ့ကျင့်ခဲ့သည်။ သို့ရာတွင် သူ့တွင် လေ၊ ရေခဲနှင့် မိုးကြိုး အံ့ဖွယ်သုံးပါး စွမ်းအား(သို့) မည်သည့်မြားကောင်းမှ မရှိပါ။
ထို့ကြောင့် အဆင့်တူသည့် သိုင်းသမားကိ ရင်ဆိုင်ရန် အသုံးဝင်ခြင်း မရှိပါ။ သဟာ နက်နက်နဲနဲ ဆက်လက်ကျင့်ကြံမှု မလုပ်တော့ပေ။
ပြီးခဲ့တုန်းက ကျောက်နက်မြို့သို့ ပြန်ခဲ့စဉ်က သူဟာ လျန်ညီအစ်မ သုံးယောက်ကို ဆက်သွယ်ရန် စဉ်းစားခဲ့သေးသည်။ သို့ပေမယ့် သူမတို့သုံးယောက်ဟာ အခြေားနေရာသို့ သွားနေ၏။
“ဒီတစ်ကြိမ် ပေါ်လာခဲ့တဲ့ ဒီဗိုင်းလက်နက်ကို နေခွင်းမြားလို့ ခေါ်တယ်။ အစမ်းရှင်သန်မှုက အချက်အလက်တွေ အရဆို သိုင်းသူတော်စင်လေးယောက်က အဲ့ဒါကို ပျက်စီးသွားစေခဲ့တယ်။ ငါ့မှာ အဲ့အပိုင်းတွေကို စုစည်းဖို့ အခွင့်အရေး ရှိတယ်”
ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
ပျက်စီးသွားပြီးမှ ပြန်ဆက်လိုက်သည့် ဒီဗိုင်းလက်နက်၏ စွမ်းအားဟာ ကြီးစွာ လျော့ကျသွားလေ့ ရှိသည်။ သို့ပေမယ့် ယခုအချိန်၌ သူ့အတွက် ကွက်တိကျပါသည်။ မဟုတ်ပါက ပြီးပြည့်စုံသည့် ဒီဗိုင်းလက်နက်ဟာ သူ့ဆီ၌ အညံ့ခံလိုမည် မဟုတ်ပေ။ သူဟာ လက်နက်သခင်တစ်ယောက် မဖြစ်ချင်သလို ဒီဗိုင်းလက်နက်တစ်ခု၏ ခွေးတစ်ကောင်လည်း ဖြစ်လာလိုခြင်း မရှိပါ။
“သတ်”
ရန်သူ၏ ရှာတွေ့သွားမှုကို တွေ့ရပြီးနောက် လူအုပ်စုဟာ ဆက်လက်ပုန်းအောင်းနေခြင်း မပြုတော့ပဲ ငါးပျံကျွန်း၏ အလယ်ရှိ ဓါးပြသိုက်ဆီသို့ ပြေးတက်သွားကြသည်။
ဟန်ကျောက်ဟာ အစအဆုံးအထိ တည့်မတ်သည့် မျဉ်းကြောင်းအတိုင်း တိုက်ခိုက်သွား၏။ ကျွန်း၏ အခြေားတစ်ဖက်ရှိ ကမ်းဆီသို့ ရောက်ရှိပြီးနောက် အရပ်ရှည်ကာ သန်မာသည့် လူကြီးတစ်ဦးဟာ တစ္ဆေဦးခေါင်း ဆေဘာတစ်ချောင်းကို ကိုင်ကာ ဟန်ကျောက်ဆီသို့ ပြေးဝင်လာခဲ့သည်။
“ငါမင်းနဲ့ သူသေကိုယ်သေ ချမယ်။ ကောင်းကင်ဘုရင် ဓါးချက်”
သူဟာ လေထဲသို့ ခုန်ကာ ခန္ဓာကိုယ်က အရှိန်ဖြင့် မြင့်တက်သွားသည်။ လက်ထဲရှိ ဆေဘာဓါးနှင့် ဟန်ကျောက်၏ ဦးခေါင်းဆီသို့ တောင်တစ်ခုအား ဖြိုတော့မည့် အားမျိုးနှင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။ သူ၏ ထက်မြသည့် အတွင်းအားက သန်မာသည့် လေလှိုင်းများကို ဖြစ်လာစေခဲ့သည်။
ဟန်ကျောက်ဟာ ကြောက်ရွံ့လွန်းသဖြင့် တုံ့ပြန်နိုင်ခြင်း မရှိသည့်နှယ် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာသာ ရပ်နေ၏။ သူဟာ မြေပြင်ပေါ်တွင် အမြစ်တွယ်နေသည့်အလား ရှိသည်။
“ဘဇ်”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
သန်မာသည့် လူကြီးဟာ တစ္ဆေသရဲတစ်ကောင်အား မြင်တွေ့လိုက်ရသည့်အလား မျက်လုံးများ ပြူးကျယ်သွားသည်။ လက်ထဲရှိ ဆေဘာဟာ ဟန်ကျောက်၏ ခန္ဓာကိုယ်မှ ၂ပေအကွာတွင် မမြင်နိုင်သည့် အလွှာတစ်ခုကြောင့် ရပ်တန့်သွားခဲ့သည်။
သူ၏ ခွန်အားအားလုံးနှင့် အတွင်းအားကို အသုံးပြုလျှင်တောင် အလွှာပေါ်တွင် လှိုင်းငယ်များသာ ရေးတေးတေး ပေါ်လာစေနိုင်၏။
“ဘုန်း”
ရုတ်တရက် ထိုအရှိန်အဝါလွှာဟာ လျှင်မြန်စွာ ကျယ်ပြန့်လာပြီး ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ လူသန်ကြီးဟာ ကောင်းကင်ဘုရင်ဓါးချက်၏ ထက်မြသည့် ဆေဘာအားဟာ သူ၏ ရင်ဘတ်ဆီသို့ ပြန်ကန်လာသည်ဟု ခံစားလိုက်ရ၏။
သူဟာ အမြှောက်ဆံတစ်ခုကဲ့သို့ နောက်သို့ လွင့်စင်ထွက်သါားသည်။ သူ၏ရင်ဘတ်တွင် အရိုးများကို တွေ့မြင်နိုင်အောင် နက်ရှိုင်းသည့် ကြီးမားသည့် ဒဏ်ရာကြီးတစ်ခု ကျန်ရစ်၏။ အနည်းငယ် အားထပ်စိုက်ပါက သူ့ကို နှစ်ပိုင်းပိုင်းပစ်နိုင်မည့် ပုံပါ။
“မင်း.. မင်းက..”
လူသန်ကြီးဟာ များပြားလှသည့် သွေးများကို ပါးစပ်အပြည့် အန်ထုတ်ကာ ရှေ့ရှိ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ လှုပ်ရှားမှုမရှိသ်ည့ လူငယ်ကို ကြည့်သည်။
ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသခင်တစ်ယောက်ဖြစ်ကာ အရိုးခေါင်း ဓါးပြများ၏ ခေါင်းဆောင်လည်း ဖြစ်သည့် သူဟာ ဘဝတွင် စွမ်းအားကြီးမားသည့် ရန်သူများစွာကို ကြုံတွေ့ဖူးပါသည်။
သို့ပေမယ့် ယခုကဲ့သို့ လူမဆန်သည့် သိုင်းပညာမျိုးကို မြင်ဖူးခြင်း မရှိပါ။ ၎င်းဟာ အစစ်အမှန်ချီနှင့် အတွင်းအားတို့ကဲ့သို့ ရှိ၏။