← Chapters

အခန်း (၂၃၂)

Vol. 16 Ch. 232

အခန်း (၂၃၂)

Vol. 16 Ch. 232

အတွင်းနှင့်အပြင် နှစ်မျိုးလုံးကို ကျင့်ကြံသည့် ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက်ပင်လျှင် သူ၏ ခွန်အားအပြည့်နှင့် တိုက်ခိုက်သည့် ဆေဘာဓါးချက်ကို ရပ်တန့်နေကာ ခံယူနိုင်စွမ်း မရှိပါ။

ထို့အပြင် သူဟာ တိုက်ဖက်လူ၏ မည်ကဲ့သို့ တိုက်ခိုက်သည်ကို မမြင်ရခင်တွင်ပင် သူ၏ ဆေဘာအား၏ တန်ပြန်မှုကို ခံခဲ့ရ၏။ မိမိ၏ အဆုံးစွန်သော တိုက်ကွက်နှင့် ဒဏ်ရာအပြင်းအထန် ပြန်ရသွားသည်ဟု ဆိုနိုင်ပါသည်။

“မူလနေကြယ်ချီရဲ့ အောက်မှာ ပထမဆုံးသေရတဲ့ ဓါးပြဖြစ်လာတာ ခင်ဗျားဂုဏ်ယူသင့်တယ်”

ဟန်ကျောက်က အသာပြုံးသည်။

“မူလနေကြယ်ချီ”

လူသန်ကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

ထိုအချိန်၌ ဟန်ကျောက်က ညာဘက်လက်ကို နောက်ပစ်ထားရာမှ ဆန့်ထုတ်လိုက်ပြီး ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ကို အသုံးပြုကာ တစ်ဖက်လူအား လက်ဝါးဆီသို့ ဆွဲယူလိုက်သည်။

မကြာခင် အတွင်းအားနှင့် သွေးခီ အားလုံးတို့ကို ခြောက်သွေ့အောင် စုပ်ယူပစ်လိုက်၏။ ဓါးပြအသိုက် အတွင်းတွင် လူ၂၀၀လောက် ရှိပြီး ၁၀၀လောက်သာလျှင် သိုင်းသမားများ ဖြစ်ကြသည်။ ထိုအထဲတွင် ဆယ်ယောက်ကျော်တို့သာ သွေးသန့်စင်ခြင်းအဆင့်၌ ရှိ၏။

ခေါင်းဆောင်သုံးဦးတို့ အကြားတွင် အသန်မာဆုံးမှာ ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့် ဖြစ်သည်။ ကျန်နှစ်ယောက်မှာ ခွန်အားသန့်စင်ခြင်း အဆင့်သို့သာ ရောက်၏။ သူဟာ ကျင့်ကြံမှု စုပ်ယူခြင်းအတတ်နှင့် သူတို့အားလုံးကို ခြောက်သွေ့အောင် စုပ်ယူပစ်ခဲ့သည်။

ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်နှင့် သိုင်းသမားတစ်ယောက်ရှိသည့် ဓါးပြအဖွဲ့ကို အလယ်အလတ် အရွယ်အစားရှိ ဓါးပြအသိုက်ဟု ဆိုနိုင်ပါသည်။

ဓါးပြအားလုံးတို့ကို သတ်ဖြတ်ပြီးနောက် ကုန်းမြေသို့ သွားရောက်လိုသူများကို ကမ်းခြေတွင် စုစည်းကာ ဒေါသရေနဂါးဂိုဏ်း၏ သက်ဆိုင်ရာ ကုန်သင်္ဘောနှင့် သယ်ပို့ခိုင်းသည်။

လဝက်အတွင်းတွင် ဟန်ကျောက်ဟာ ဓါးပြအဖွဲ့ ငါးခုတို့ကို ဖျက်ဆီးကာ ဓါးပြ ၄၀၀ကျော်ကို သတ်ဖြတ်ခဲ့သည်။ သူ့ဘက်ရှိ အကျအရှုံးမှာတော့ လူ၃၀ပင် မပြည့်ပေ။ မကြုံစဖူး အနိုင်ရမှုဟု ဆိုနိုင်ပါသည်။

ဓါးပြအဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ယောက် ဆိုလျှင် ချီတစ်ဆင့် စစ်ဘုရင်အဆင့်သို့ပင် ရောက်၏။ သို့ရာတွင် သူလှုပ်ရှားသည်နှင့် ဟန်ကျောက်၏ ကိုယ်ပွားက သတ်ဖြတ်သွားခဲ့၏။ သူ၏ သွေးချီအားလုံးတို့ဟာ ဟန်ကျောက်အတွက် ဖြစ်လာခဲ့သည်။

စစ်ဘုရင်တစ်ယောက်၊ သိုင်းသခင် ဆယ်ယောက်ကျော်နှင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများဟာ နောက်ဆုံးတွင် ဟန်ကျောက်၏ သွေးနဂါးအိတ် လျှို့ဝှက်အတတ်ကို အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။ ပြီးပြည့်စုံရန် ဝေးကွာခြင်း မရှိတော့ပါ။

ထိုအချိန်၌ ဟန်ကျောက်၏ ဒေါသရေနဂါး သင်္ဘောဟာ ဒေါသရေနဂါးကျွန်းဆီသို့ ပြန်ခဲ့သည်။ နဂါးတောမြစ်၏ အရှေ့ဘက်မြစ်ရိုးသို့ ဖြတ်သွားချိန်တွင် သူတို့ဟာ လူပေါင်းများစွာက ကြိုဆိုနေပုံကို တွေ့လိုက်ရသည်။

မေးစမ်းကြည့်ပြီးနောက် ဒေါသရေနဂါးဂိုဏ်း၏ ဂျမ်ဘူပင်လယ်၏ ကျွန်းများဆီသို့ သွားရောက်ကာ ဓါးပြများအား ဝန်းရံသတ်ဖြတ်မှုဟာ စီရင်စုမြို့တော် တစ်ခုလုံး၌ ပျံ့နှံ့နေပြီး ဖြစ်ကြောင်းအား သိလိုက်ရသည်။

မြစ်ကမ်းနှစ်ဖက်ရှိ လူများဟာ ပင်လယ်ဓါးပြနှင့် မြစ်ဓါးပြများ၏ ပြဿနာကို နက်ရှိုင်းစွာ ခံထားရသူများ ဖြစ်ကြ၏။ ခဏတာအတွင်း ဒေါသရေနဂါးဂိုဏ်းအား ချီးကျူးမှုများဟာ ကောင်းကင်သို့တိုင်အောင် မြင့်တက်သွားသည်။

များပြားလှသည့် တိုက်ပွဲတွင် လိုက်ပါလာသည့် အဖွဲ့သားတို့ဟာလည်း ဟန်ကျောက်ပေါ် လေးစားလာကြသည်။

“ကြည့်ရတာ.. ပြီးရင်.. နောက်ဆုံးတိုက်ပွဲ လာတော့မယ်ထင်တယ်”

ဟန်ကျောက်ဟာ ကုန်းပတ်ပေါ်၌ ရပ်ကာ ဂိုဏ်းသားများ၏ သတင်းပို့မှုကို ကြားရပြီးနောက် စိုးရိမ်စွာ ခံစားရ၏။ ထိုလေးဖွဲ့ထို့ဟာ ရှင်းလင်းစွာပင် ဒေါသရေနဂါးဂိုဏ်းအား ပင်လယ်ဓါးပြ အဖွဲ့ကြီး အားလုံးတို့နှင့် သူသေကိုယ်သေ တိုက်ခိုက်စေလိုပါသည်။

ဂျမ်ဘူပင်လယ် ကျွန်းများရှိ ပင်လယ်ဓါးပြ အဖွဲ့အများအကြားတွင် သိုင်းသူတော်စင်အဆင့် မရှိပေမယ့် ချီသုံးဆင့် စစ်ဘုရင်အဆင့်နှင့် ချီလေးဆင့် စစ်ဘုရင်များပင် ပိုင်ဆိုင်ထားသည့် ဓါးပြအဖွဲ့ကြီးများ များစွာ ရှိပါသည်။

သူတို့သာ အတူတူ ပူးပေါင်းပါက ဒေါသရေနဂါးဂိုဏ်းဟာ လက်ရှိအခြေအနေနှင့် ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။ သို့ရာတွင် ဟန်ကျောက်ဟာ ဂရုစိုက်ခြင်း မရှိပါ။ သူသာ လုံလောက်အောင် သန်မာနေပါက ဒီလူများဟာ သူ၏ မြင့်တက်မှုအတွက် လှေကားများသာ ဖြစ်လာမှာပါ။

..

တစ်လတာဟာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်၌ ဂျမ်ဘူကျွန်းများရှိ အင်အားအကြီးဆုံး ပင်လယ်ဓါးပြအဖွဲ့နှစ်ခု ဖြစ်သည့် လေပြင်းဓါးပြမျးနျင့် နဂါးပျံဓါးပြများဟာ အတူတူ ပူးပေါင်းကာ အခြား ဓါးပြအဖွဲ့ ဆယ်ဖွဲ့ကျော်တို့ကို စုစည်းပြီး နဂါးသတ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

သူတို့ဟာ ဒေါသရေနဂါးဂိုဏ်း အပေါ်တွင် တရားဝင် စစ်ပွဲတစ်ခု ကြေငြာခဲ့ပြီး ဖြစ်၏။ ချက်ချင်းပင်.. ယွမ်ကန်းကောင်တီ စီရင်စုမြို့တော် တစ်ခုလုံး၏ အာရုံဟာ အဖွဲ့ကြီးနှစ်ခုအကြား ဖြစ်ပွားတော့မည့် သွေးလွှမ်းသည့် တိုက်ပွဲအပေါ်သို့ ကျရောက်သွားသည်။

ထိုအချိန်၌ ဝဲဂယက်၏ အလယ်တွင် ရှိသည့် ဟန်ကျောက်ဟာ သူ၏ သေးငယ်သည့် ခြံဝန်းအတွင်းတွင် ဆေးလုံးများကို သန့်စင်နေပါသည်။

“အလယ်အလတ်အဆင့် ဆေးပညာ(ပြီးပြည့်စုံခြင်း ၁၀၀%)”

“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင်ဟာ အဆင့်မြင့်တက်သွားသည်”

“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင်(လိမ္မော်ရောင်ပါရမီ)- ဆေးပညာ ပါရမီဟာ ၁၈ဆ တိုးလာခဲ့သည်။ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဆေးလုံးများ သန့်စင်ရာတွင် အောင်မင်နိုင်ချေဟာ ၈၀%နှင့် ၆၀%သို့ အသီးသီး ရောက်ရှိသွားသ်ည။ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဆေးလုံးများ သန့်စင်မှုကို လုံးဝ တတ်မြောက်သွားပါက အဆင့်မြင့်အရည်အသွေးနှင့် စူပါအဆင့် အရည်အသွေးနှင့် ဆေးလုံးများကို ရရှိနိုင်မည့် အခွင့်အရေး ၂၀%နှင့် ၉% ရှိလာခဲ့သည်။(အမြင့်ဆုံး အကန့်အသတ်မှာ အနီရောင်ပါရမီ ဖြစ်သည်)”

ဟန်ကျောက်ဟာ ဆေးပေါင်းအိုးကို ဖွင့်လိုက်သည်။ အတွင်းထဲတွင် ထူးဆန်းသည့် ရနံ့တစ်ခုကို ထုတ်လွှတ်နေသည့် အနီရောင် သွေးချီဆေးလုံး ဆယ်လုံးတို့ ရှိနေ၏။ ထိုအထဲမှ ဆေးလုံးနှစ်လုံးဟာ သွေးချီအငွေ့များဖြင့် လွှမ်းခြုံနေပါသည်။

‘ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင်တော့ အဆင့်မြင့်တက်လာပြန်ပြီ’

“ဆေးလုံးအရေအတွက်က အများကြီး တိုးလာခဲ့တယ်။ အဲ့ဒီအပြင် အလယ်အလတ်အဆင့် သုံးခု၊ အဆင့်မြင့်အဆင့် ငါးခုနဲ့ ထိပ်တန်းအဆင့် နှစ်ခု ရှိတယ်”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွာသည်။ ယခုအချိန်၌ သူဟာ သွေးချီဆေးလုံးကို သန့်စင်ရာတွင် အလယ်အလတ်အဆင့် အရည်အသွေးချည်း ရရှိရန် ကံအပေါ်ကို မှီခိုရန် လိုအပ်ပါသည်။

အဘယ်ကြောင့်ဆိုသော် အချိန်အများစုတို့တွင် အဆင့်မြင့် အရည်အသွေးနှင့် ဆေးလုံးများဟာ အလယ်အလတ် အရည်အသွေးနှင့် ပမာဏ တူညီစွာ ပေါ်လာတတ်သောကြောင့် ဖြစ်သည်။

ယခုအချိန်၌ သူဟာ ယန်ကျင်း၏ ရှေ့တွင် သွေးချီဆေးလုံးကို သန့်စင်ရဲခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့်် အဆင့်နိမ့် အရည်သွေးနှင့် သွေးချီဆေးလုံးများကို သန့်စင်ရန်မှာ ကြီးမားစွာ ခက်ခဲနေသောကြောင့် ဖြစ်သည်။

ဓါးပြများကို သတ်ဖြတ်ကာ ပြန်လာစဉ်ကတည်းက သူဟာ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်တော့မည်ဟူသည့် အကြောင်းပြချက်နှင့် ဂိုဏ်းမှ သွေးချီဆေးလုံး သန့်စင်ရန် ဆေးပင်များကို အများအပြား အထောက်အပံ့ယူခဲ့သည်။ သွေးချီဆေးလုံးများကို အရေအတွက် များပြားစွာ စတင်သန့်စင်ခဲ့၏။

သူဟာ နဂါးသွေးအိတ် လျှို့ဝှက်အတတ်ကို အမြန်ဆုံး ပြီးပြည့်စုံစေရန် အလယ်အလတ်အဆင့် သွေးချီဆေးလုံးများကို စတင်စားသုံးနေပြီ ဖြစ်သည်။

ထိုအချိန်၌ သူ၏ သွေးချီများဟာ အဆင့်တူများထက် နှစ်ဆနီးပါး များပြားနေမှာ ဖြစ်သည်။ အရေးကြီးသည့် အချိန်အခါ၌ တိုက်ခိုက်မှု ခွန်အား ပေါက်ကွဲထွက်မှုဟာ စိတ်ကူးမရနိုင်အောင် ဖြစ်နေမှာပါ။

“ထိပ်တန်းအဆင့် သွေးချီဆေးလုံး နည်းနည်းလောက်ပိုပြီး ထပ်စားလိုက်ရင် နဂါးသွေးအိတ် လျို့ဝှက်အတတ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်လောက်မှာ။ အဲ့ဒီအချိန်ကျရင် သုံးပါးသော အနှစ်သာရအားကို အဆင့်ချိုးဖျက်ဖို့ လုံလောက်တဲ့ သွေးချီတွေ ရလာမှာ”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းားသည်။

သူ၏ လက်ရှိ ပါရမီဟာ ဗာဂျရာအတတ်နှင့် အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ထို့အပြင် အိုဇာတာကောင်းသူ ပါရမီကြောင့် နှစ်ဆ ဖြစ်လာခဲ့၏။

အဆင့်မြင့်အဆင့် ပါရမီနှစ်ဆနှင့် စစ်ဘုရင်ဆင့်သို့ ချိုးဖျက်မှုနှင့် ပေါင်းလိုက်ပါက သူဟာ စစ်ဘုရင်အဆင့်အောက်ရှိ သိုင်းပညာများကို ကျင့်ကြံရာတွင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာမှာပါ။

လက်ရှိ တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနှင့် လေဟုန်စီးခြေထောက်တို့ဟာ အဆင့်ငါး၏ အကြီးစား ကျွမ်းကျင်မှုသို့ ရောက်ရှိပြီး ဖြစ်သည်။ သူ့နေနှင့် အဆင့်မချိုးဖျက်ခြင်းမှာ သူ၏ ကျင့်ကြံမှု အမြန်နှုန်း လိုက်မမှီနိုင်သောကြောင့် ဖြစ်၏။

အကြောင်းမှာ ခန္ဓာကိုယ်ရှိ သွေးချီထုတ်လုပ်မှုနှင့် သွေးအမှတ်အသား၊ အတွင်းအားတို့ ပြောင်းလဲမှု အမြန်နှုန်းဟာ လိုက်မမှီနိုင်သောကြောင့် ဖြစ်သည်။

နဂါးသွေးအိတ် လျှို့ဝှက်အတတ် ပြီးပြည့်စုံပြီးလျှင်တော့ ဟန်ကျောက်ဟာ ၎င်း၏အတွင်းရှိ သွေးချီကို အသုံးပြုပြီး သုံးပါးသော အနှစ်သာရအားကို အဆင့်ချိုးဖျက်မှာ ဖြစ်သည်။

“ဒမ်း.. ဝက်ခေါင်း.. မကြာခင် မင်းအလှည့် ရောက်လာတော့မယ်”

ဟန်ကျောက်၏ မျက်လုံးများထဲ၌ သတ်ဖြတ်ခြင်း အငွေ့အသက်တို့ လင်းးလက်သွားပြီး ထိပ်တန်းအဆင့် သွေးချီဆေးလုံးကို စားလိုက်သည်။

သွေးချီဆေးလုံးက ဖြစ်တည်လာသည့် သွေးချီများဟာ ဟန်ကျောက်၏ နှလုံးသားအတွင်းသို့ ဝင်ရောက်သွားပြီး နဂါးသွေးအိတ်အတွင်းတွင် စုစည်းကြသည်။

နဂါးသွေးအိတ်ဟာ နှလုံးတစ်ခုကဲ့သို့ အားကောင်းသည့် ခုန်ခြင်းမျိုးကို စတင် ထုတ်လွှတ်လာခဲ့၏။ တစ်ရက်နှင့်တစ်ပိုင်း ကြာအောင် အချိန်ကုန်ပြီးနောက် ဆေးစွမ်းအားတို့ကို ပြီးပြည့်စုံစွာ သန့်စင်ပြီးစီးသည်။

ဟန်ကျောက်ဟာ နောက်ထပ် ထိပ်တန်းအဆင့် သွေးချီဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ သူဟာ ပြီးပြည့်စုံခြင်း အဆင့်ဆီသို့ နောက်ထပ်ခြေတစ်လှမ်း နီးကပ်သွားပြန်လေပြီ။

All Chapters