← Chapters

အခန်း (၂၃၃)

Vol. 16 Ch. 233

အခန်း (၂၃၃)

Vol. 16 Ch. 233

ဒီအတောအတွင်းတွင် ကျုကန်ရီဟာ အကြိမ်ပေါင်းများစွာ လူလွှတ်ပြီး သူ့ကို ကျိန်ဆဲပြောဆိုကာ စစ်သည်များကို အမြန်ဆုံး ပို့လွှတ်ခိုင်းနေ၏။ သို့ပေမယ့် ဟန်ကျောက်ဟာ ပြင်ဆင်မှု မလုံလောက်သေးဟု ဆိုကာ အားလုံးကို ငြင်းပယ်ခဲ့သည်။

မနေ့ကပင် တစ်ဖက်လူက လွှတ်လိုက်သည့်လူကို ပြန်ခိုင်းလိုက်သေး၏။ ထို့ကြောင့် နောက်တစ်ကြိမ်ဆိုပါက ပြဿနာဖြစ်လောက်ပါသည်။

“ကလောက်၊ ကလောက်၊ ကလောက်…”

ဆယ်ရက်တာဟာ တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။ ဟန်ကျောက်ဟာ အိပ်ယာပေါ်တွင် မျက်လုံးများကို မှိတ်ကာ တင်ပျဉ်ခွေထိုင်လိုက်၏။

ခန္ဓာကိုယ်အတွင်းက သွေးချီများ စီးဆင်းလာပြီး ရေလှိုင်းကဲ့သို့ အသံများ ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် ၎င်းဟာ သူ၏ နှလုံးသားအပြင်ဘက်ရှိ သွေးအိတ်အတွင်းသို့ စုစည်းသွား၏။

“နဂါးသွေးအိတ် လျှို့ဝှက်အတတ် နောက်ဆုံးတော့ ပြီးပြည့်စုံသွားပြီ”

ဟန်ကျောက်၏ မျက်လုံးများ ပွင့်လာပြီး သူဟာ နှလုံးသားထဲရှိ သွေးချီများကို ခံစားကာ ပြုံးသည်။ ပြီးလျှင် သွေးချီကို အသုံးပြုကာ တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနှင့် လေဟုန်စီးခြေထောက်တို့ကို အဆင့်ချိုးဖျက်မည် ဖြစ်သည်။

“တောင်ဖြိုလက်သီး(ပဥ္စမအဆင့် အကြီးစားကျွမ်းကျင်မှု ၆၉%၊ အဆင့်မြှင့်တင်နိုင်)”

“ယင်ဖင်းလက်ဝါး(ပဥ္စမအဆင့် အကြီးစားကျွမ်းကျင်မှု ၆၁%၊ အဆင့်မြှင့်တင်နိုင်)”

“လေဟုန်စီးခြေထောက်(ပဥ္စမအဆင့် အကြီးစားကျွမ်းကျင်မှု ၅၆%၊ အဆင့်မြှင့်တင်နိုင်)”

သိုင်းပညာကော်လံရှိ ကျင့်စဉ်သုံးခုတို့ကို ကြည့်ကာ သူဟာ နဂါးသွေးအိတ်အတွင်းရှိ သွေးချီကို စတင်ပြောင်းလဲသည်။

“ရှီး.. ရှီး..”

ဂတ်စ်များ ထွက်သကဲ့သို့ အသံတစ်ခုနှင့်အတူ ဟန်ကျောက်၏ နှလုံးသားနှင့် ပူးတွဲနေသည့် နဂါးသွေးအိတ်ဟာ လျှင်မြန်စွာ ပိန်ရှုံ့လာခဲ့သည်။

များပြားလှသည့် သွေးချီများဟာ သွေးအမှတ်အသားအဖြစ် ပြောင်းလဲကာ တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနှင့် လေဟုန်စီးခြေထောက် ကျင့်စဉ်များ၏ သက်ဆိုင်ရာ အတွင်းအားအဖြစ် ပြောင်းလဲသွားသည်။

အချက်အလက် ဇယားတွင် သိုင်းပညာ သုံးခု၏ သက်ဆိုင်ရာ တိုးတက်မှုဟာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းဖြင့် မြင့်တက်လာခဲ့၏။

နဂါးသွေးအိတ်ဟာ လုံးဝ ကျုံ့သွားပြီးနောက် ဟန်ကျောက်ဟာ ကျင့်စဉ်များ၏ အနည်းငယ် လိုအပ်နေသေးကြောင်းကို တွေ့လိုက်ရသည်။

သူက ချက်ချင်းပင် သွေးချီဆေးလုံး လက်တစ်ဆုပ်ကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အမည်မသိ အချိန်တစ်ခု အပြီးတွင် သူ၏ မျက်နှာဟာ ဖြူရော်လာပြီး မရီဒျန်များ၌ နာကျင်မှုကို ခံစားလာရသည်။ ကျင့်စဉ်သုံးခုတို့ဟာ နောက်ဆုံးတွင် အဆင့်ချိုးဖျက်သွားခဲ့၏။

“တောင်ဖြိုလက်သီး(ဆဌမအဆင့်- အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲခြင်း အဆင့်၂၀၊ တောင်ဖြိုအား အဆင့်၂၁၊ စိတ်ဆန္ဒ အဆင့်၈)”

“ယင်ဖင်းလက်ဝါး(ဆဌမအဆင့်- အထူးသက်ရောက်မှု- အဆိပ်ခံနိုင်ရည်ရှိခြင်း အဆင့်၁၁၊ နတ်ဆိုးဖင်းအား အဆင့်၁၉၊ အစွန်းရောက်ယင် အဆင့်၉)”

“လေဟုန်စီးခြေထောက်(ဆဌမအဆင့်- အထူးသက်ရောက်မှု- မြန်ဆန်ခြင်း အဆင့်၂၂၊ လေဟုန်စီးအား အဆင့်၂၀၊ စိတ်ဝိညာဉ်ရွေ့လျားမှု အဆင့်၁၀)”

“တောင်ဖြိုအား၊ လေဟုန်စီးအား၊ နတ်ဆိုးဖင်းအား သုံးခုတို့ဟာ ပြီးပြည့်စုံသည့် အဆင့်ရှိ အတွင်းအားအဖြစ် ရောက်ရှိလာခဲ့သည်။ သင်သည် ကောက်နုတ်မှုလမ်းကြောင်း- တောင်ဖြိုအား+ လေဟုန်စီးအား+ နတ်ဆိုးဖင်းအား= သုံးပါးသော အနှစ်သာရအားကို ရရှိနိုင်သည်”

“သုံးပါးသော အနှစ်သာရအား- တောင်ဖြိုလက်သီး၏ ကြမ်းကြုတ်မှုနှင့် ကြီးစိုးမှု၊ လေဟုန်စီးခြေထောက်၏ တင့်တယ်မှုနှင့် ရှည်ကြာမှုနှင့် ယင်ဖင်းလက်ဝါး၏ အေးစက်မှုနှင့် မကောင်းဆိုးရွားဆန်မှု စွမ်းအားတို့ကို စုစည်းကာ ခြားနားသည့် သိုင်းပညာသုံးခု၏ အတွင်းအားဟာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွား၏။ ၎င်းဟာ လုံးဝ ပေါင်းစပ်ပြီးပါက အဆုံးမသတ်မှုနှင့် ဖိနှိပ်ခံရမှု မရှိလုနီးပါး ရှိသည့် အတွင်းအားကို ရရှိနိုင်သည်”

စနစ်၏ အချက်ပေးချက်ဟာ ပေါ်လာခဲ့၏။ ဟန်ကျောက်ဟာ သူ့ခန္ဓာကိုယ်၏ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိနေပြီး ဖြစ်သည့် ကျင့်စဉ်သုံးခုတို့ကို လုံးဝ ပေါင်းစပ်လိုက်သည်။

မကြာခင် ဇယားရှိ ကျင့်စဉ်သုံးခု၏ အချက်အလက်များဟာ မှုန်ဝါးသွားပြီး နောက်ဆုံးတွင် ပေါင်းစပ်သွား၏။

“သုံးပါးသော အနှစ်သာရအား(ပြီးပြည့်စုံခြင်း ၁၀၀%၊ ကောက်နုတ်နိုင်)”

မူလက ကျင့်စဉ်သုံးခုတို့၏ အထူးသက်ရောက်မှုများ အားလုံးကို သုံးပါးသော အနှစ်သာရအားက ထိန်းသိမ်းထားပြီး ၎င်းတို့ဟာ တိုးလည်း တိုးတက်လာခဲ့သည်။

ဒီအချိန်၌ ဟန်ကျောက်၏ သုံးပါးသော အနှစ်သာရအားဟာ လုံးဝ ပြီးပြည့်စုံခဲ့ပါပြီ။ သူက လက်သီးများကို တင်းကြပ်စွာ ဆုပ်သည်။

သူ၏ လက်သီးများတွင် တစ်ပေလောက် အချင်းရှသည့်အတွင်းအားလုံး နှစ်လုံးဟာ ရစ်ပတ်လာခဲ့၏။ ခန္ဓာကိုယ်မှ အလွန် သိပ်သည်းသည့် စွမ်းအားတစ်ခုဟာ ထွက်လာတော့မည့် ပုံပါ။

“ပြီးရင်.. ငါ့ရဲ့ အစစ်အမှန်ချီနဲ့ သုံးပါးသော အနှစ်သာရအားကို သုံးမှတ်မူလပြန်ခြင်း ချီအဖြစ် ပေါင်းစပ်ရမယ်”

ဟန်ကျောက်ဟာ သုံးပါးသော အနှစ်သာရအားကို ထုတ်လွှတ်လိုသည့် စိတ်ဆန္ဒတို့အား ဖိနှိပ်ကာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရုတ်သိမ်းလိုက်သည်။ သို့ရာတွင် ဒီအချိန်၌ သက်ရှည်ကျမ်းဟာ စတုတ္ထအဆင့်သို့သာ ချိုးဖျက်ပြီးပါသေးသည်။

သူဟာ အစစ်အမှန်ချီကို သုံးပါးသော အနှစ်သာရအားနှင့် တူညီစေရန် အနိမ့်ဆုံး ဆဌမအဆင့်အထိ ကောက်နုတ်ပြီးမှသာ သုံးမှတ်မူလပြန်ခြင်း ချီအဖြစ် ပေါင်းစပ်နိုင်ပေလိမ့်မည်။

သို့ရာတွင် ထိုအချိန်ရှိ သုံးမှတ်မူလပြန်အတတ်ဟာ အစမ်းရှင်သန်တုန်းကထက် သေချာပေါက် ပိုမိုသန်မာမှာပါ။

“အစမ်းရှင်သန်ခြင်းထဲမှာ သုံးမှတ်မူလပြန်ခြင်း ချီကို ရလာပြီး ရှစ်နှစ်အကြာမှ သိုင်းသူတော်စင်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ တစ်နေ့နဲ့တစ်ည တိုက်ခိုက်ပြီးတော့ အားအင်ခမ်းခြောက်ပြီး သေဆုံးခဲ့ရတယ်။ အဲ့လူက သိုင်းသူတော်စင်တွေ အကြားမှာ ဘိတ်ချီးဖြစ်ရင်တောင် သူက ချီငါးဆင့် စစ်ဘုရင်တစ်ယောက်ထက် သေချာပေါက် ပိုသန်မာမှာ”

“လက်ရှိငါက အစမ်းရှင်သန်မှုထဲမှာ သုံးပါးသော အနှစ်သာရအားကို ပြီးပြည့်စုံခဲ့တုန်းကထက် အများကြီး ပိုသန်မာတယ်။ သိုင်းသူတော်စင်တစ်ယောက်ကို မတိုက်ခိုက်နိုင်ပေမယ့် ချီလေးဆင့်(သို့) ချီငါးဆင့် စစ်ဘုရင်ကိုတော့ တိုက်ခိုက်နိုင်လောက်တယ်မလား”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ဒီအချိန်အတွင်းတွင် သူဟာ ပထမဆုံး ကြီးမားသည့် တစ်ဆို့မှုတစ်ခုကို ချိုးဖျက်ခဲ့သည်။

ပြီးနောက် ယခု သုံးပါးသော အနှစ်သာရအားဟာ ပြီးပြည့်စုံသွားခဲ့၏။ သူ၏ ခွန်အားဟာ အလွန့်အလွန် များပြားစွာ တိုးတက်လာခဲ့ည်။ ယခုအချိန်၌ သူ၏ အကန့်အသတ်ကိုပင် မသိနိုင်တော့ပေ။

“ငါ့အနေနဲ့ ချီငါးဆင့် စစ်ဘုရင်တစ်ယောက်ကို တစ်ခါတည်း စိန်ခေါ်ဖို့ မတည်ငြိမ်သေးဘူး။ အနည်းငယ် ပိုနိမ့်တဲ့ လူကို ရှာပြီး စမ်းကြည့်ရမယ်။ ဒါမှမဟုတ်.. အခုဆိုရင် စီနီယာအစ်မကို ငါကူပေးလို့ ရနေပြီလေ”

ဟန်ကျောက်ဟာ လုယင်ရွှမ်း၏ ရန်သူဖြစ်သူ ယန်ရှယ်ကို တွေးမိလိုက်သည်။ လုယင်ရွှမ်းဟာ လွန်ခဲ့သည့် အချိန်တစ်ခုက ချီသုံးဆင့် စစ်ဘုရင်အဆင့်ကို ချိုးဖျက်ခဲ့၏။

ပါရမီရှင်တစ်ယောက် ဖြစ်ကာ ကျင့်စဉ်နှင့် ချီငါးဆင့် စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူရန် ပြဿနာမရှိလောက်ပါ။

“နည်းနည်းလောက်ထပ်ပြီး စောင့်တာပေါ့”

ဟန်ကျောက်ဟာ မတ်တပ်ရပ်ကာ ခြံဝန်းအတွင်းသို့ လျှောက်သွားသည်။ ကြည်လင်နေသည့် ကောင်းကင်ကို ကြည့်၏။

“သခင်လေး”

ခဏအကြာ၌ စီကျူးဟာ ပြာပြာသလဲ ရောက်လာခဲ့သည်။

“ဟိုမကောင်းဆိုးရွား… အရှက်ကျုရဲ့လူ ရောက်လာပြန်ပြီ။ သူက သခင်လေးကို သူနဲ့ အထူးတွေ့ဆုံဖို့ ပြောနေပါတယ်။ ကျွန်မကြားတာတော့ အရှင်ကျုက သခင်လေးရဲ့ တိုက်ပွဲမှာ နှောင့်နှေးမှုကြောင့် ကိုယ်တိုင် ဆုံးမချင်တယ်လို့ ဆိုပါတယ်”

စီကျူးက စိုးရိမ်စွာ ရှင်းပြသည်။

“ငါသိပြီ”

ဟန်ကျောက်က‌ ခေါင်းညှိတ်ကာ ပြုံးသည်။

ကြည့်ပါလား.. စမ်းသပ်ရန် အဖော်ဟာ တံခါးခေါက်လာခဲ့လေပြီ မဟုတ်ပါလား။

“သခင်လေး.. ဂရုစိုက်ပါ.. အဲ့လူက..”

စီကျူးဟာ အလွန် စိုးရိမ်နေပြီး ငိုကြွေးတော့မှာပါ။ သို့ပေမယ့် ဟန်ကျောက်၏ မျက်နှာပေါ်ရှိ ဝမ်းသာနေသည့် အပြုံးကို ကြည့်ကာ မှင်သက်သွား၏။

“စိတ်မပူနဲ့”

ဟန်ကျောက်က သူမ၏ ဦးခေါင်းကို ပုတ်ကာ ခြံဝန်းမှ လျှောက်ထွက်သွားသည်။

“သွားပြီ.. သခင်လေး ရူးသွားပြီ”

စီကျူးဟာ ငိုကြွေးတော့၏။

ဒေါသရေနဂါးဂိုဏ်း၏ အရံ‌ ဘေးခန်းမအတွင်းတွင်..

ဟန်ကျောက်ဟာ ခန်းမအတွင်းသို့ လျှောက်လာပြီးနောက် စားပွဲတွင် ဆံဖြူနှင့် ကုန်းကွနေသည့် အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။

ချန်လော့ရှန်ဟာ မျက်နှာတစ်ခုလုံး ပြုးရွှင်ကာ ထိုလူကို ဝိုင်ငှဲ့ပေးနေ၏။

ထိုလူမှာတော့ ကျုကန်ရီ၏ အစေခံဖြစ်သူ ကျုချန်းဖြစ်သည်။ သူဟာ သွေးကြောနှစ်ခု အဆင့်၌ ရှိ၏။

မည်မျှ ခက်ခဲလိုက်သနည်း။ ချီတစ်ဆင့် ပြီးပြည့်စုံခြင်း အဆင့်ရှိ စစ်ဘုရင်တစ်ယောက်ဟာ ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်နှင့် တူညီသည့် နတ်ဆိုးတစ်ကောင်ကို ဦးညွှတ်နေရလေသည်။

သို့ရာတွင် ထိုကဲ့သို့သော လူမျိုးအတွက်မူ သူဟာ ဒူးထောက်ရတာ အသားကျနေလောက်ပါပြီ။ မည်သူဖြစ်ဖြစ် မထူးတော့ပေ။

“ဂိုဏ်းသခင်ငယ်က တကယ့်ကို မောက်မာတာပဲ”

ဟန်ကျောက်၏ ရောက်ရှိလာမှုကို တွေ့ရပြီးနောက် ချန်လော့ရှန်က ချက်ချင်းပင် ခါးဆန့်ကာ ပြောသည်။

“မင်္ဂလာပါက”

ဟန်ကျောက်က သူ့ကို လစ်လျူရှုထားသည်။

“ဂိုဏ်းသခင်ငယ်က ဒေါသရေနဂါးဂိုဏ်းရဲ့ ခေါင်းဆောင်တောင် မဟုတ်သေးဘူး။ မင်းသာ ခေါင်းဆောင်ဖြစ်လာရင် ငါတို့သခင်တောင် မင်းကို စောင့်နေရလောက်တယ်မလား”

ကျုချန်းက မပျော်ရွှင်စွာ‌ ပြောသည်။

“အဖိုးကြီးကျုက အရမ်းကြီး လေးနက်လွန်းနေပါပြီ”

ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။

“သခင်က မင်းဆီကို အကြောင်းကြားခိုင်းလိုက်တယ်။ မနက်ဖြန် မတိုင်ခင်မှာ ဒေါသရေနဂါးဂိုဏ်းရဲ့ စစ်သင်္ဘော မြစ်ထဲကိုဝင်တာကို တွေ့ချင်တယ်တဲ့”

ကျုချန်းက နှာခေါင်းရှုံ့သည်။

“အဲ့ဒီအပြင် ငါးပျံကျွန်းကို ဖြတ်သန်းတဲ့အခါ မင်းရ့ အစေခံကို ခေါ်လာပြီး သခင့်ကို တောင်းပန်ရမယ်။ ဂိုဏ်းသခင်ငယ်အနေနဲ့ ဒီနောက်ဆုံးအခွင့်အရေးကို ဖမ်းဆုပ်နိုင်မယ်လို့ မျှော်လင့်တယ်”

All Chapters