← Chapters

အခန်း (၂၃၄)

Vol. 16 Ch. 234

အခန်း (၂၃၄)

Vol. 16 Ch. 234

ဟန်ကျောက်ဟာ ခဏတာ တိတ်ဆိတ်သွား၏။

“ဘာလဲ.. လက်မခံနိုင် ဖြစ်နေတာလား”

ကျုချန်းက နှာခေါင်းရှုံ့သည်။

“ကျွန်တော်နားလည်ပါပြီ”

ဟန်ကျောက်က ပြော၏။

“သံတမန်ရွှယ်နဲ့ အခြားလူတွေကရော…”

“ရွှယ်ဟန်၊ ဟယ်ရွှမ်နဲ့ ကောင်းပိုင်ကျယ်တို့က အခြားကျွန်းတွေမှာပေါ့။ ဂိုဏ်းသခင်ငယ်ရဲ့ ဓါးပြအဖွဲ့ ငါးခုကို တစ်ခါတည်း ဖျက်ဆီးခဲ့တာကို ကျေးဇူးတင်ရမယ်”

ကျုချန်းက သူ့ကို အသာပြုံးကာ ကြည့်သည်။

“ကျွန်တော်သိပြီ။ ဂိုဏ်းသားတွေကို အခုချက်ချင်းပဲ စုစည်းပြီး ပြင်ဆင်လိုက်ပါမယ်။ မနက်ဖြန် အာရုံကျရင် စပြီးထွက်လာမယ်”

ဟန်ကျောက်က တည်ငြိမ်စွာသာ ပြောသည်။

“အဲ့လိုဆိုရင် မနက်ဖြန်ကျရင် ငါလည်း မင်းတို့သင်္ဘောနဲ့ လိုက်ခဲ့မယ်။ ပြီးရင် သခင်ကို တွေ့ရအောင် ခေါ်သွားပေးမယ်”

ကျုချန်းက လက်ကို ဝှေ့ယမ်းကာ ပြော၏။

“ဂိုဏ်းသခင်ငယ်”

ချန်လော့ရှန်က ရုပ်တရက် ဟန်ကျောက်ကို တား၏။

“လက်ထောက်ခေါင်းဆောင်.. ဘာကိစ္စရှိလို့လဲ မသိဘူး”

ဟန်ကျောက်က ယဉ်ကျေးစွာ မေးသည်။

“မင်းရဲ့ ဂိုဏ်းသခင်ကျန်းကို အကြောင်းပြချက် မရှိပဲ ဖြုတ််ချတဲ့ ကိစ္စ…”

ချန်တော့ရှန်က တုံ့ဆိုင်းသွားဟန် ဆောင်၏။

“သူ့ရဲ့ မူလရာထူးကို ကျွန်တော် ပြန်ပေးလိုက်ပါမယ်”

ဟန်ကျောက်က ပြော၏။

“ကြည့်ရတာ ဂိုဏ်းသခင်ငယ်လည်း အရင်ကလို မမောက်မာတော့ဘူးပဲ”

ချန်လော့ရှန်က ပြော၏။

“လူငယ်တွေဆိုတာ အရမ်းကြီး‌ မောက်မာလို့ မရဘူး။ ကျွန်တော့မှာ လက်ထောက်ဂိုဏ်းခေါင်းဆောင်ဆီက သင်ယူဆရာတွေ အများကြီး ရှိပါသေးတယ်”

ဟန်ကျောက်က နောင်တရစွာ ကြည့်သည်။ သူဟာ တစ်ဖက်လူဆီမှ သေခြင်းအမျိုးအစား ပုံစံ မည်မျှရှိသနည်းဟု သင်ယူချင်ပါသည်။

“ကောင်းပါပြီ။ သခင်ကျုကို ကျွန်တော်ကူပြီး အသနားခံပေးမယ်”

ချန်လော့ရှန်က အလွန် ပျော်သွား၏။

“ကျေးဇူးပါ လက်ထောက်ဂိုဏ်းခေါင်းဆာာင်”

တစ်ဖက်လူ၏ အတူလိုက်ပါမည် ဟူသည့် စကားကို ကြားရပြီးနောက် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဒါနဲ့.. မနက်ဖြန် ပင်လယ်ကို ထွက်တဲ့အခါ လန်ဖန်းယွင်ကို အတူခေါ်မလာနဲ့”

ချန်လော့ရှန်က စကားပြောင်းကာ ပြောသည်။

“ကောင်းပါပြီ”

ဟန်ကျောက်က ခေါင်းညှိတ်၏။

“သွားတော့လေ”

ချန်လော့ရှန်က ပြုံးသည်။

“နှုတ်ဆက်ပါတယ်..”

နောက်တစ်နေ့နံနက်တွင်..

ဒေါသရေနဂါးဂိုဏ်းရှိ ကျွမ်းကျင်သူ ၄၀၀ကျော်တို့ဟာ ဒေါသရေနဂါးကျွန်း၏ ဆိပ်ကမ်းသို့ သွားရောက်ကာ စုစည်းကြသည်။ ဆိပ်ကမ်းတွင် မီတာ၃၀၀ ရှည်လျားသည့် ဒေါသရေနဂါး သင်္ဘောများကို ဆိုက်ကပ်ထားသည်။

၎င်းတို့၏ အနောက်တွင် သွေးရေနဂါးသင်္ဘော ၆စီး ရှိ၏။ ဒီတစ်ကြိမ်ဟာ ဒီဗိုင်းလက်နက် ယစ်ပူဇော်ခြင်းအတွက် ဖြစ်ပေမယ့် ဒီတိုက်ပွဲဟာ ဒေါသရေနဂါးဂိုဏ်း၏ ရှင်သန်ရေးနှင့် သက်ဆိုင်နေပါသည်။

ထို့ကြောင့် ဒေသသံတမန်များ ဖြစ်ကြသည့် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ ငါးယောက်နှင့် လက်ထောက်ဂိုဏ်းခေါင်းဆောင် ချန်လော့ရှန်တို့ စစ်ဘုရင်အဆင့် ခြောက်ယောက်လုံး တစ်ပြိုင်နက် ထွက်ခွာကြသည်။

ထို့အပြင် ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုရှိ ခန်းမသခင်နှင့် လက်ထောက်ခန်းမသခင် ဆယ်ဘောက်တို့လည်း ပါဝင်ကြသည်။

“အစ်ကိုဟန်.. ကျွန်တော့ကို တကယ်ပဲ အတူတူ မခေါ်ဘူးလား”

အရပ်ရှည်သည့် လန်ဖန်းယွင်က လူအုပ်ဆီသို့ စိုးရိမ်စွာ လျှောက်လာခဲ့သည်။

“ဒီအချိန်မှာ ဒေါသရေနဂါးကျွန်းရဲ့ လုံခြုံရေးက ဗလာကျင်းလင်း ဖြစ်နေမှာ။ စောင့်ကြပ်နေဖို့ ကျွမ်းကျင်သူတွေကို လိုအပ်တယ်။ ပြီးတော့ ဒေသသံတမန်တွေနဲ့ လက်ထောက်ခေါင်းဆောင်တို့ ကျွန်တော်နဲ့အတူ လိုက်ပါကြမှာ။ ဘာမှဖြစ်မှာ မဟုတ်ပါဘူး”

ဟန်ကျောက်က ပြုံးသည်။

“သူ့ကို ငါတို့တွေ စောင့်ရှောက်ထားလိုက်မယ်။ မင်းကျွန်းမှာပဲ နေခဲ့လိုက်”

ချန်လော့ရှန်က ကောက်ကျစ်သည့် အပြုံးတစ်ခုဖြင့် ပြော၏။

“ဒါက.. ကောင်းပါပြီ”

လန်ဖန်းယွင်၏ ပုံက တုံ့ဆိုင်းနေ၏။

“အစ်ကိုဟန်.. ဂရုစိုက်ပါ”

“စိတ်မပူပါနဲ့ အစ်ကိုလန်”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။ ထို့နောက် နောက်ရှိ လူများကို လှည့်အော်လိုက်၏။

“လူတိုင်းပဲ.. သွားကြစို့”

ဟန်ကျောက်ဟာ အလယ်ရှိ ဒေါသရေနဂါး သင်္ဘောပေါ်သို့ ပထမဆုံး တက်သွားသည်။ ကျုချန်းနှင့် ချန်လော့ရှန်တို့က သူနှင့်အတူ လိုက်တက်၏။

အခြား စစ်ဘုရင်အဆင့် ငါးယောက်ဟာတော့ ကျန်ရှိသည့် ဒေါသရေနဂါး သင်္ဘော နှစ်စီးတို့အပေါ်သို့ သွားရောက်ကြသည်။

စစ်သင်္ဘောကြီး ကိုးခုတို့ ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် ဟန်ကျောက်၏ ကိုယ်ပွားဟာ ခြံဝန်းဆီသို့ ပြန်ကာ တံခါးကိုပိတ်သည်။ ထို့နောက် ပုံရိပ်ယောင် ပြောင်းလဲခြင်း စွမ်းရည်နှင့် လျှင်မြန်စွာ နောက်မှလိုက်၏။

တစ်ချိန်တည်းတွင် ဒေါသရေနဂါး သင်္ဘော၏ ကုန်းပတ်ပေါ်တွင် သိန်းငှက်ပျံခန်းမ၏ ခန်းမသခင် ရာထူးကို ပြန်လည်ရရှိသည့် ကျန်းရုရှန်ဟာ ချန်လော့ရှန်၏ နောက်တွင် အောင်မြင်သည့် အသွင်ဖြင့် ရှိနေ၏။

ထိုအချိန်၌ ချန်လော့ရှန်က ဟန်ကျောက်၏နောက်ရှိ စီကျူးကို ကြည့်ကာ နှာခေါင်းရှုံ့သည်။

“သူမကို ကောင်းကောင်းစားပြီး အိပ်ခိုင်းထား။ မဟုတ်ရင် အသားကို ထိခိုက်လိမ့်မယ်။ သခင် စားရတာ ကျေနပ်မှုမရှိပဲ နေမယ်”

ကျုချန်းက တည်ငြိမ်စွာ ပြောပြီးနောက် အခန်းဆီသို့ လျှောက်သွားသည်။

ချန်လော့ရှန်နှင့် ကျန်းရုရှန်က သူ၏နောက်မှ နီးကပ်စွာ လိုက်ကြသည်။

စီကျူးက ဟန်ကျောက်၏ အင်္ကျီလက်များကို တင်းကြပ်စွာ ဆုပ်ထားသည်။ ခေါင်းငုံ့ကာ ခန္ဓာကိုယ်က တုန်ယင်နေ၏။

“သွားရအောင်”

ဟန်ကျောက်ဟာ မြူများအတွင်းတွင် ရေးတေးစွာ ရှိနေသည့် ပင်လယ်ပြင်ကို ကြည့်သည်။ သူ၏အကြည့်ဟာ တဖြည်းဖြည်း နက်ရှိုင်းလာ၏။

ရက်များကို ရေတွက်ပါက ချီရွှမ်းမင်ဟာ သင်တင်းရပြီး ဖြစ်လောက်မှာပါ။ သူ့အနေနှင့် ရှန့်ကွမ်းယွင်ဖေးနှင့် ရှန့်ကွမ်းလီကို သတ်လိုက်လျှင်တောင် လက်ရှိ ဒေါသရေနဂါးဂိုဏ်းကို အခြားအဖွဲ့အစည်းကြီးများက လုယူဦးမှာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သိုင်းသူတော်စင်အဆင့် ပုဂ္ဂိုလ်အား နောက်ခံမရှိသောကြောင့် ဖြစ်သည်။

ရွှယ်ဟန်၊ ကျုကန်ရီ၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ ဦးဆောင်သည့် အဖွဲ့ကြီးလေးခု၏ ဖိနှိပ်ခြင်းကို ခံမည့်အစား ဟန်ကျောက်ဟာ ကြီးမားသည့် နောက်ခံတစ်ခုကို သူ့ဘာသာ ရှာရပေမည်။

ကြီးမြတ်သော မျိုးရိုးနာမည် ငါးခုမှ တစ်ခုဖြစ်သည့် ချီမိသားစုဟာ သေချာပေါက် လုံလောက်အောင် စွမ်းအားကြီးမားပါသည်။ ချီယွင်ထန်တော့ လာမည်မဟုတ်ပေ။ သို့ပေမယ့် ချီရွှမ်းမင်တော့ သေချာပေါက် လာမည်ဖြစ်၏။

ဟန်ကျောက်ဟာ ယုနျန်ကို လုယင်ရွမ်းဆီသို့ စာပို့ကာ စိတ်ဝိညာဉ်စောင့်ရှောက်သူများ၏ ဌာနခွဲသို့ ချီရွှမ်းမင် သူ့ကိုပေးခဲ့သည့် လျှို့ဝှက်အစောင့် တံဆိပ်ပြားအား ယူသွားခိုင်းလိုက်၏။

တစ်ချိန်တည်းတွင် ချီရွှမ်းမင်နှင့် ပထမဆုံး ကြုံတွေ့ခဲ့သည့် သူ၏ ရဲရှောင်ချိုင်ဟူသည့် အမည်ကို သုံးမည်ဖြစ်သည်။

သူဟာ တိတ်ဆိတ်စွာဖြင့် နေထိုင်ကျင့်ကြံလို၏။ သို့ပေမယ့် လူများရှိပါက ပဋိပက္ခများ ရှိပါသည်။ သူသာ အဆင့်တက်လိုပါက ရှောင်လွှဲလို့မရပေ။

ထိုသို့ဆိုပါက ဟန်ဆောင်ခြင်းအား ရပ်တန့်လိုက်မည် ဖြစ်သည်။ သူ၏ ကတ်များကို စားပွဲပေါ်တွင် ခင်းကျင်းမည် ဖြစ်၏။

ဟန်ကျောက်ဟာ စီကျူးကို ခေါ်ကာ အခန်းဆီသို့ ပြန်ပြီး အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်သည်။ အမည်မသိ အချိန်တစ်ခု အပြီးတွင် သူဟာ ရုတ်တရက် တုန်ခါသွား၏။

သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပုံရိပ်တစ်ခု ဝင်ရောက်သွားခဲ့သည်။ သူ၏ကိုယ်ပွား ပြန်လာပြီးနောက် ခွန်အားတို့ မြင့်တက်လာမှုကို ခံစားရ၏။ ဟန်ကျောက်ဟာ သက်ခြွေဓါးနှင့် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာတို့ကို ဆန်မာရုအိတ်အတွင်းမှ ထုတ်သည်။ ဓါးသွားမှ ဓါးအိမ်အထိ ဂရုတစိုက် သန့်ရှင်းရေးလုပ်၏။

စီကျူးဟာ ခေါင်းငုံ့စွာနှင့် တိတ်ဆိတ်စွာ ဟန်ကျောက်ကို ကူညီကာ စားသောက်ဖို့ ပြင်ဆင်ပေးသည်။ အရာအားလုံးတို့ကို လုပ်ဆောင်ပြီးနောက် ဘေးတွင်ရပ်ကာ ဟန်ကျောက်၏ ညွှန်ကြားချက်အား စောင့်နေလိုက်၏။

“ဘာဖြစ်လို့လဲ စီကျူး”

သူမ၏ နီရဲနေသည့် မျက်လုံးများကို သတိထားမိပြီးနောက် ဟန်ကျောက်က မေးသည်။

“ဒုတ်”

စီကျူးက ဒူးထောက်ကာ မျက်လုံးများကို ပွတ်သည်။ ညင်သာစွာ ငို၏။

“သခင်လေး.. စီကျူးအစားခံရတော့မယ်။ နောင်မှ သခင်လေးကို မစောင့်ရှောက်ပေးနိုင်တော့ဘူး။ စီကျူး…. အခု အရမ်းကြောက်နေတယ်။ ဝက်ခေါင်းနဲ့ နတ်ဆိုးစားတာကို မခံချင်ဘူး”

“ထင်”

ဟန်ကျောက်ဟာ ဆေဘာနှင့် ဓါးကို တစ်ပြိုင်နက် ပြန်ထည့်လိုက်သည်။ သူမ၏ ဦးခေါင်းလေးကို ညင်သာစွာ သပ်၏။

“နင်ငါ့ကိုယုံလား”

“ကျွန်မ… ကျွန်မ သခင်လေးကို ယုံပါတယ်”

စီကျူးက ရှိုက်ငယ်စွာဖြင့် ဟန်ကျောက်ကို မဝံ့ရဲစွာ ကြည့်သည်။

နောက်ဆုံးအကြိမ် သူမအတွက် ဟန်ကျောက်နှင့် ဝက်ခေါင်းမိစ္ဆာတို့ ပြဿနာဖြစ်ခဲ့ပုံကို ပြန်လည် စဉ်းစးမိ၏။ သို့ရာတွင် ဒီတစ်ကြိမ်တွင်တော့ သူမတွင် မျှော်လင့်ချက် မရှိတော့သည့် ပုံပါ။

“ကောင်းပြီ”

ဟန်ကျောက်က အနည်းငယ် ခေါင်းညှိတ်သည်။

“ငါပြောတာကို မှတ်ထားပါ။ နင်ငါ့ကို ယုံနေသ၍ သေမှာမဟုတ်ဘူး”

“ဟုတ်ကဲ့”

စီကျူးက လေးလံစွာ‌ ခေါင်းညှိတ်သည်။

ငါးပျံကျွန်းဟာ ဒေါသရေနဂါးဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီး ဖြစ်၏။ ယခုအချိန်၌ ၎င်းကို ကျုကန်ရီက စောင့်ကြပ်နေပါသည်။ လူတိုင်းဟာ ငါးပျံကျန်းရှိသည့် ပင်လယ်ဒေသဆီသို့ တစ်ရက်နှင့်တစ်ပိုင်း အကြာနှင့် ရောက်ရှိသွား၏။

နေဟာ ဝင်လုနီးပါး ရှိနေပါသည်။ ညနေခင်း၏ နေမင်းဟာ သွေးကဲ့သို့ နီမြန်းလှ၏။ ပင်လယ်ဟာ နွေဦးအခါတွင် အေးစက်နေဆဲ ရှိသည်။ ပင်လယ်လေညှင်း လှိုင်းများ တိုက်ခတ်ဖြတ်ကျော်သွားချိန်၌ လူတိုင်းဟာ အဝတ်များကို တင်းကြပ်စွာ ဆုပ်မိကြသည်။

“လူတိုင်းပဲ… ငါသခင်လေးကို အဖော်လုပ်ပြီး ငါးပျံကျွန်းမှာ သံတမန်ကျုကို သွားတွေ့လိုက်ဦးမယ်။ မင်းတို့နဲ့ ဒီမှာ လူခွဲပြီးရင် အမှောင်ဖီးနစ်ကျွန်းမှာ ဆယ်ရက်ကြာရင် ပြန်တွေ့ကြမယ်”

ချန်လော့ရှန်က ကျယ်လောင်စွာ ပြော၏။

ထိုစကားနှင့်အတူ သူက ဟန်ကျောက်ကို လှောင်ရယ်စွာ ကြည့်သည်။

“ဂိုဏ်းသခင်ငယ်.. ကြွပါ”

All Chapters