← Chapters

အခန်း (၂၃၅)

Vol. 16 Ch. 235

အခန်း (၂၃၅)

Vol. 16 Ch. 235

“သင်္ဘောချမယ်”

ဟန်ကျောက်က အမိန့်ပေးလိုက်သည်။

ရှစ်မီတာလောက် ရှည်သည့် အမြန်သင်္ဘောကို သင်္ဘောသားများက ချပေး၏။ ကျုချန်းနှင့် ချန်လော့ရှနတို့က အရင်ဆုံး တက်သည်။ သူတို့နောက်မှ ဟန်ကျောက်နှင့် စီကျူးတို့ လိုက်၏။ နောက်ုံးတွင် ကျန်းရုရှန် တက်သည်။

“ခန်းမသခင်ကျန်း.. ခင်ဗျားလည်း သွားမှာလား”

ဟန်ကျောက်က မှင်သက်သွား၏။

“ဘာဖြစ်လို့လဲ… ဂိုဏ်းသခင်ငယ်.. မင်းရဲ့ သူရဲကောင်းဆန်တဲ့ တစ်ဖက်ခြမ်းကို နောက်ထပ်လူတစ်ယောက် ထပ်တွေ့ရမှာကို စိတ်မရှိဘူးမလား”

ချန်လော့ရှန်က သူရဲကောင်းဆန်သည် ဟူသည့် စကားလုံးကို အလေးပေးကာ ပြော၏။

“မရှိပါဘူး”

ဟန်ကျောက်က ပြုံး၏။ ဤသည်က ကောင်းပါသည်။

ချန်လော့ရှန်ကက သင်္ဘောမောင်းရန် လက်အောက်ခံ လေးယောက်ကို ပိုမိုခေါ်လိုက်သည်။ သူတို့ဟာ ငါးပျံကျွန်းနှင့် နီးကပ်နေပြီ ဖြစ်၏။ ထို့ကြောင့် ဆယ့်ငါးမိနစ်ပင် မကြာပဲ ရေတိမ်ပိုင်းသို့ ရောက်လာခဲ့သည်။

မြင်ကွင်းအတွင်းမှ လျှင်မြန်စွာ ဝေးကွာသွားသည့် ဒေါသရေနဂါး သင်္ဘောများနှင့် သွေးရေနဂါး‌ သင်္ဗဘာများကို ဟန်ကျောက်ဟာ မျက်လုံးများကျဉ်းကာ ကြည့်နေ၏။

“ကြည့်မနေနဲ့တော့ ဂိုဏ်းသခင်ငယ်.. ကျေးဇူးပြုပြီး”

ချန်လော့ရှန်က ကမ်းဆီသို့ ရောက်ရှိပြီးနောက် ဟန်ကျောက်၏ အချိန်အတော်ကြာအောင် သင်္ဘောပေါ်မှ ဆင်းမလာမှုကို‌ တွေ့ရပြီး အပြုံးတစ်ခုနှင့် ပြောသည်။

“ကောင်းပါ‌ေလ”

ဟန်ကျောက်က စီကျူး၏ သွယ်လျသည့် ခါးကို ဖက်ကာ သူမကို ကြမ်းပေါ်ရှိ သဲမြေနုပေါ်သို့ သယ်ဆောင်သွား၏။

“ဂိုဏ်းသခင်ငယ်က တကယ့်ကို အမျိုးသမီးတွေကို ကာကွယ်တတ်တာပဲ”

ကျန်းရုရှန်က သက်ပြင်းချသည်။

“မင်းက တော်တော်စကားများတာပဲ။ သံတမန်ကျုကို သွားတွေ့မှာမဟုတ်ဘူးလား။ မြန်မြန်လေးသွား”

ဟန်ကျောက်က သူ့ကို ခံစားချက်မဲ့စွာ ကြည့်သည်။

“ဟုတ်”

ကျန်းရုရှန်က အံကိုကြိတ်၏။

ဟန်ကျောက်၏ ရုတ်တရက် သဘောထား ပြောင်းလဲသွားမှုက ချန်လော့ရှန်ကို တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားရစေသည်။ ။

သို့ရာတွင် ဒီဝေးကွာသည့် တစ်သီးတစ်ခြား ကျွန်းပေါ်တွင် မည်သည့် သန်မာသည့် စစ်ကူမှ ရနိုင်မည်မဟုတ်ပါ။ တစ်ဖက်လူဟာ မည်ည့်နေရာမှ ယုံကြည်ချက်တို့ ရလာသနည်း။

သူဟာ ကြောက်ရွံ့လွန်းသဖြင့် တုံးအသွားပြီး တည်ငြိမ်ချင်ယောင်ဆောင်တာ ဖြစ်ပေလိမ့်မည်။

“သွားကြမယ်”

ကျုချန်းက အသံနိမ့်စွာ ပြောသည်။ သူဟာ ရှေ့ဆုံးမှ ဦးဆောင်ပြီး ငါးပျံကျွန်း၏ ဗဟိုရှိ ရွယ်ငယ်ဆီသို့ လျှောက်သွား၏။ ချန်လော့ရှန်၏ လက်အောက်ခံ လေးယောက်တို့သာ သင်္ဘောဆီ၌ နေခဲ့သည်။

“ဘဇ်၊ ဘဇ်၊ ဘဇ်...”

သူတို့ငါးယောက် ထွက်ခွာသွားပြီးနောက် ထက်မြသည့် လေခွင်းသံတစ်ခုဟာ ရုတ်တရက် ကမ်းခြေဘက်၌ ပေါ်လာခဲ့သည်။

“ဘာသံလဲဟ”

“ဘာဖြစ်တာလဲ”

လေးယောက်သားဟာ လန့်သွားကြ၏။ သူတို့ဟာ ပင်လယ်ရေများ၏ လေထဲတွင် မျောလွင့်လာပြီး ရေအပ်များအဖြစ် လျှင်မြန်စွာ စုစည်းလာပုံကို ရုတ်တရက် တွေ့လိုက်ရသည်။

အော်နိုင်ချိန်ပင် မရလိုက်ပဲ လည်ပင်းများဆီသို့ ဝင်ရောက်လာသည့် အပ်များအောက်တွင် သေဆုံးခဲ့ရ၏။ သွေးနီများဟာ ကမ်းခြေကို အ‌ရောင်ဆိုးသွားသည်။

မကြာခင် စီးလာခဲ့သည့် သင်္ဘောဟာလည်း တိုက်ခိုက်ခြင်းကို ခံရသည်။ ၎င်းဟာ ရေအပ်များ၏ တိုက်ခိုက်မှုနှင့် သစ်သားစများအဖြစ် ပြောင်းလဲသွား၏။

တစ်ဖက်တွင် ဟန်ကျောက်ဟာ ကျုချန်း၏ နောက်မှလိုက်ကာ ငါးပျံကျွန်း၏ အလယ်ရှိ အကြီးဆုံးအိမ်တစ်ခု၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

ငါးယောက်သားဟာ အိမ်ထဲသို့ လျှောက်ဝင်ကာ ဧည့်ခန်းအတွင်းသို့ ရောက်ရှိသွား၏။ ကျုကန်ရီဟာ ဧည့်ခန်းဆောင်၏ အလယ်ရှိ စားပွဲတွင်ထိုင်ကာ သူ၏နံဘေးတွင် လက်သုတ်ပဝါတစ်ခု ရှိ၏။ စားပွဲပေါ်တွင် ဗလာကျင်းလင်း ရှိနေသည့် ပန်းကန်ပြားနှစ်ချပ်တို့ ရှိသည်။

“အိုး.. ငါ့ရဲ့ စားစရာလေး နောက်ဆုံးတော့ ရောက်လာပြီလား”

ဟန်ကျောက်နှင့် စီကျူးတို့၏ ခန်းမအတွင်းသို့ လျှောက်ဝင်လာမှုကို‌ တွေ့ရပြီးနောက် ကျုကန်ရီက မနေနိုင်ပဲ ပြုံးသည်။

စီကျူးဟာ ကမ်းခြေသို့ ရောက်ရှိသည်နှင့် သူမ၏ ခြေထောက်များအား အားပျော့နေပြီး ဖြစ်သည်။ ကျုကန်ရီ၏ စိုက်ကြည့်လာမှုကို တွေ့ရပြီးနောက် အကြောက်တရားဖြင့် တုန်ယင်သွား၏။ ခန္ဓာကိုယ်တစ်ဝက်ဟာ ဟန်ကျောက်ဆီသို့ ဖိကပ်ထားပါသည်။

ဟန်ကျောက်က သူမ၏ နောက်ကျောကို ပုတ်ကာ ကြောက်စရာမလိုကြောင်း လက်ဟန်ပြသည်။

“ကောင်လေး.. နောက်ဆုံးအကြိမ်တုန်းက မင်းရဲ့ မောက်မာမှုတွေ ဘယ်ရောက်ကုန်တာလဲ”

ကျုကန်ရီက ပြုံးကာ သူ၏ ထက်မြသည့် သွားများ ပေါ်လာ၏။

“သံတမန်ကျု.. သံတမန်ဟယ်နဲ့ သံတမန်ကောင်းတို့ရော ဘယ်မှာလဲ မသိဘူး..”

ဟန်ကျောက်က ရုတ်တရက် မေး၏။

“သူတို့တွေ ဒီမှာတော့ ဘယ်ရှိမလဲ။ ဒါပေမယ့် သူတို့ရှိနေရင်တောင် မင်းကို ကူညီမယ်လို့ ထင်လို့လား”

ကျုကန်ရီက ရယ်၏။

“ငါသိပြီ။ စောစောတည်းက ပြောရောပေါ့”

ဟန်ကျောက်၏ မျက်နှာပေါ်ရှိ အပြုံးက ပိုမို၊ ပိုမိုကာ တောက်ပလာ၏။ သူက ချက်ချင်းပင် ကျုကန်ရီ၏ ဆန့်ကျင်ဘက်ထိုင်ခုံသို့ လျှောက်သွားကာ စားပွဲဝိုင်းတွင် ထိုင်လိုက်သည်။

“ရဲတင်းလိုက်တာ”

“မောက်မာတဲ့ကောင်”

ဟန်ကျောက်၏ လေးစားမှုမရှိသည့် ပုံကို တွေ့ရပြီးနောက် ကျုချန်းနှင့် ချန်လော့ရှန်တော့က တင်းမာစွာ အော်လိုက်ကြ၏။

ကျုကန်ရီက လက်ကိုမြှောက်ကာ သူတို့နှစ်ယောက်၏ ရှေ့သို့တက်လာမှုကို တားသည်။ ဟန်ကျောက်ကို စိတ်ဝင်စားစွာ ကြည့်၏။

“စီကျူး.. ဒီကိုလာပြီး ငါ့ကို ပုခုံးနှိပ်ပေးဦး”

ဟန်ကျောက်က စီကျူးကို လက်ယက်ကာ ခေါ်၏။

“ဟုတ်..”

စီကျူးဟာ ကြောက်ရွံ့ပေမယ့် ဟန်ကျောက်၏ နောက်သို့ နာခံစွာ‌ လျှောက်သွားပြီး သူ၏ပုခုံးကို လက်သီးလေးနှစ်ဖက်ဖြင့် ထုပေးဆဲ ရှိသည်။

“ဖြစ်နိုင်တာက ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ဟောင်းတို့ ပြန်လာလို့များလား”

ဟန်ကျောက်၏ ကြီးမားသည့် ပြောင်းလဲမှုကို‌ တွေ့ရပြီးနောက် ချန်လော့ရှန်ဟာ အံ့ဩသွားသည်။

ကြည့်ရတာ ထိုဖြစ်နိုင်ချေ တစ်ခုသာ ရှိပုံပါ။ မဟုတ်ပါက သူ၏ ယုံကြည်ချက်တို့ မည်သည့်နေရာမှ လာမည်နည်း။

“ကြည့်ရတာ.. မင်းက ဟန်ဆောင်နေတာ မဟုတ်ဘူးပဲ။ ဖြစ်နိုင်တာက ရှန့်ကွမ်းယွင်ဖေးရဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားလို့လား။ ဒါမှမဟုတ်.. မင်းတို့ ဂိုဏ်းချုပ်ဟောင်း ပြန်လာလို့လား”

ကျုကန်ရီဟာလည်း အနည်း မရေရာစွာ ဖြစ်သွား၏။ သူက စူးစမ်းစွာ မေးသည်။

“တစ်ခုမှ မဟုတ်ဘူး။ ရှန့်ကွမ်းယွင်ဖေးက ဘာဒဏ်ရာမှ မကောင်းသေးဘူး။ အခုအချိန်မှာ ချီသုံးဆင့် စစ်ဘုရင်အဆင့် ခွန်အားကို ထုတ်နိုင်ရင်တောင် တော်တော်ကောင်းနေပြီ။ ထွက်တောင် ထွက်မလာရဲဘူး။ ရှန့်ကွမ်းလီကတော့.. သူက ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်နေလောက်တယ်”

ဟန်ကျောက်က အပြုံးတစ်ခုနှင့် ပြောသည်။

“အိုး.. မင်းပြောတာ တကယ်ပဲလား”

ကျုကန်ရီက အံ့ဩသွားပြီး သူ၏ပုံစံက ဝမ်းသာသွားသည့် ပုံပါ။

“မင်းပြောတာ အမှန်တကယ်ဆိုရင် ပြီးခဲ့တုန်းက ငါ့ကို စော်ကားခဲ့တာတွေအတွက် ခွင့်လွှတ်ပေးလို့ ရတယ်။ မဟုတ်ရင်တော့ ရှန့်ကွမ်းယွင်ဖေးဆီမှာ ဘာဒဏ်ရာမှ မရှိရင်တောင် မင်းကို ကယ်နိုင်မယ် မထင်နဲ့”

“အရှင်ကျု.. ဒီကောင် မဟုတ်တာတွေ ပြောတာကို နားမထောင်နဲ့။ အဲ့ဒါသာ အမှန်ဆိုရင် သူက ဘယ်လို ပြောရဲမှာလဲ”

ချန်လော့ရှန်က အမြန်ပြောသည်။ ယခုအချိန်၌ သူဟာ ငရဲကိုးခု စံအိမ်နောက်သို့သာ လိုက်နိုင်ပါတော့သည်။

ထိုအချိန်၌ ဟန်ကျောက်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွား၏။ သူ၏ကိုယ်ပွားဟာ ကျွန်းပေါ်ရှိ သင်္ဘောအားလုံးကို ဖျက်ဆီးပြီး ခန္ဓာကိုယ်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

“ငါအမှန်ပြောတော့လည်း မင်းတို့က မယုံဘူး။ ဒါပေမယ့် ဒါကလည်း မင်းရဲ့အမှား မဟုတ်ပါဘူး။ မင်းရဲ့ ဝက်ဦးနှောက်နဲ့သာ နားလည်နိုင်မှာလား..”

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားပြီး နှာခေါင်းရှုံ့သည်။

“သေချင်နေတာ”

ဟန်ကျောက်၏ သူတို့သခင်ကို ယခုကဲ့သို့ စော်ကာားပုံကို တွေ့ရပြီးနောက် ကျုချန်းက ဒေါသထွက်သွားသည်။

သူ၏ ကိုင်းညွှတ်နေသည့် ခန္ဓာကိုယ်က ရုတ်တရက် တည့်မတ်သွားပြီး ဆံပင်ဖြူများဟာ‌ လေမတိုက်ပဲ လူးလွန့်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ အဖြူရောင်အမွှေးလွှာတစ်ခု ရေးတေးတေး ကြီးထွားလာ၏။

မူလက လူသားအိုကြီး တစ်ယောက်၏ အသွင်ဟာ ကြီးစွာ ပြောင်းလဲသွားသ်ည။

သူ၏ ဦးခေါင်းကာ ရှည်လျားကျဉ်းမြောင်းလာပြီး ခွေးနှင့်တူသည့် အစွယ်များ ရှည်လာခဲ့သည်။ ပါးစပ်ကိုဖွင့်ကာ ဟန်ကျောက်၏ လည်ပင်းကို ခုန်ကိုက်၏။

ထိုပုံကို တွေ့ရပြီးနောက် ဘေးရှိ ချန်လော့ရှန်လည်း သူ၏ လက်ဝါးနှစ်ဖက်ကို ရှေ့သို့တွန်းကာ သစ္စာရှိမှုကို ပြသရန် ရုတ်တရက် တိုက်ခိုက်သည်။

“အား..”

စီကျူးက အော်၏။ သူမဟာ ဟန်ကျောက်၏ ပုခုံးများကို လက်နှစ်ဖက်နှင့် တင်းကြပ်စွာ ကိုင်ထားပြီး ကျယ်ပြောသည့် ကျောပြင်အတွင်းသို့ မျက်နှာနှစ်ထားသည်။

“ဒါက ဘာလဲ”

“ဘာဖြစ်တာလဲ”

ကျုချန်းနှင့် ချန်လော့ရှန်တို့၏ အံ့ဩသံများ ပေါ်လာခဲ့၏။

စီကျူးက ခေါင်းကိုမော့ကာ တိတ်တဆိတ် ကြည့်သည်။ လေထဲတွင် အကြည်ရောင်ရှိသည့် ချီလွှာတစ်ခုဟာ ပေါ်လာပြီး သူမနှင့် ဟန်ကျောက်တို့ကို လွှမ်းခြုံထား၏။

ချန်လော့ရှန်၏ လက်ဝါးအတွင်းရှိ အတိုင်းအဆမဲ့သည့် အတွင်းအားဟာ ချီလွှာကို ဆန့်ကျင်နေပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်နေပါသည်။ သူဟာ လက်ဝါးကို အတင်း တွန်းထုတ်ကာ ခန္ဓာကိုယ်ရှိ အတွင်းအားတို့ မြင့်တက်လာခဲ့သည်။

သို့ရာတွင် ရေစက်ကျသကဲ့သို့ လှိုင်းအနည်းငယ် ဖြစ်ပေါ်သည်မှ လွဲ၍ လက်မဝက်ပင်လျှင် ရှေ့သို့ တိုးနိုင်ခြင်း မရှိပါ။ ကြောက်စရာအကောင်းဆုံးမှာ သူ၏လက်များဟာ ထိုချီလွှာ၏ ခိုင်မြဲစွာ စုပ်ယူထားခြင်းကို ခံရသည့်ပုံပေါ်ခြင်း ဖြစ်သည်။

ဘေးရှိ ကျုချန်းလည်း တူညီစွာ ဖြစ်၏။ ဒီအချိန်၌ သူဟာ ခွေးတစ်ပိုင်းလူတစ်ပိုင်း အဖြစ် ပြောင်းလဲပြီးဖစ်သည်။ သူ၏ လက်သည်းများနှင့် အစွယ်များက ချီလွာကို ခိုက်ဖြတ်နေပြီး သူလည်းပဲ တင်းကြပ်စွာ စုပ်ယူခံထားရသည်။

All Chapters