← Chapters

အခန်း (၂၃၆)

Vol. 16 Ch. 236

အခန်း (၂၃၆)

Vol. 16 Ch. 236

“ငါပြောလို့တောင် မပြီးသေးဘူးလေ.. မင်းက တကယ့်ကို စိတ်မရှည်တတ်တာပဲ။ ဒါပေမယ့် ခွေးဆိုတော့ မင်းတို့သခင်အပေါ် သစ္စာရှိကြောင်း ပြရတာကို နားလည်ပါတယ်”

ဟန်ကျောက်က ကျုချနး၏ ခွေးခေါင်းကို လက်ညှိုးထိုးကာ ရယ်၏။ သူက ပြောရင်းနှင့် ဘေးရှိ ထိတ်လန့်နေသည့် ချန်လော့ရှန်ကို ကြည့်သည်။

“မင်းကရော.. မင်းရဲ့ အစစ်အမှန်အသွင်ကို ဘာလို့ မထုတ်တာလဲ”

“အီး.. ယီး..”

ချန်လော့ရှန်ဟာ အလွန် ထိတ်လန့်နေပါသည်။ သူ၏လက်ဝါးအတွင်းတွင် ကြောက်စရာကောင်းလှသည့် ဆွဲငင်အားတစ်ခု၊ အတွင်းအားနှင့် အစစ်အမှန်ချီတို့ လှည့်လည်နေ၏။ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်ပင် ခွန်အားအားလုံးတို့ကို အသုံးပြုနေရရာ စကားပြောရန် အားပင်မရှိပေ။

ကိုယ်တိုင် ထိတွေ့ပြီးမှသာလျှင် သူဟာ ဟန်ကျောက်၏ ခန္ဓာကိုယ်ပေါ်ရှိ ချီလွှာတွင် ပါဝင်သည့် အစစ်အမှန်ချီဟာ မည်မျှ ကြောက်ဖို့ကောင်းသည်ကို သိလာခဲ့သည်။ လက်စသတ်တော့ ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် မှီခိုခြင်း ဖြစ်၏။

သို့ရာတွင် အရာအားလုံးဟာ နောက်ကျသွားပြီး ဖြစ်သည့်ပုံပါ။

ချန်လော့ရှန်နှင့် ကျုချန်းတို့ဟာ ဟန်ကျောက်၏ တစ်ဖက်ရှိ ကျုကန်ရီအား တစ်ပြိုင်နက် လှည့်ကြည့်ကြသည်။

“ဒါဆို.. ဒါက မင်းရဲ့ ယုံကြည်ချက်ပေါ့”

ကျုကန်ရီ၏ မျက်လုံးများက ကျဉ်းမြောင်းသွာား၏။ သူ၏မျက်နှာပေါ်ရှိ အပြုံးက လုံးဝ ပျောက်ကွယ်သွားသည်။ ညာဘက်လက်ကို ခါးဆီသို့ တိတ်ဆိတ်စွာ လှမ်းလိုက်၏။

“ဟုတ်တယ်။ သေလူတွေကို ဘာလျှို့ဝှက်ချက်မှ ထားစရာမလိုဘူးလေ”

ဟန်ကျောက်က ပြုံးသည်။ သူ၏ အဖြူရောင် သွားများဟာ ပေါ်လာပြီး မူလနေကြယ်ချီအား အကန့်အသတ်အထိ အသုံးပြုလိုက်သည်။

“သေလိုက်တော့”

ကျုကန်ရီက ရုတ်တရက် ပေဝက်လောက်ရှိသည့် ထွန်ခြစ်တစ်ခုကို ထုတ်သည်။ ယင်စွမ်းအင်တို့ ထိုးသွင်းလိုက်သည်နှင့် ထွန်ခြစ်ဟာ လေထဲတွင် ကြီးထွားလာပြီး ချက်ချင်းပင် ၂မီတာနီးပါး ရှည်သည့် အသွားခြောက်ခု ထွန်ခြစ်တစ်ခု ဖြစ်လာခဲ့သည်။ အလေးချိန် ၂၀၀ကတ်တီကျော်၏။

“ကလန်”

အသွားခြောက်ခု ထွန်ခြစ်ဟာ တောင်နှင့် ကျောက်ဆောင်များကို ကွဲကြေစေနိုင်သည့် ကြောက်စရာကောင်းသည့် ခွန်အားနှင့် ကျဆင်းလာခဲ့သည်။

ဟန်ကျောက်၏ မူလနေကြယ်ချီအား ထိမှန်၏။ သတ္တုချင်း ထိရိုက်မသိည့် အသံတစ်ခု ထွက်လာခဲသည်။ ထွန်ခြစ်နှင့် ချီလွှာတို့ တွေ့ဆုံသည့် နေရာတွင် မီးပွင့်များ လွင့်စင်ထွက်လာပြီး ပိန်ချိုင့်သွားမည့် အရိပ်အယောင်တို့ ပြလာခဲ့၏။

“ဟန့်”

ကျုကန်ရီက နှာခေါင်းရှုံ့သည်။ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးတို့ဟာ လျှင်မြန်စွာ ကြီးထွားလာပြီး ယောင်ကိုင်းလာသကဲ့သို့ ရှိသည်။ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် အမွှေးများဟာ ထောင်ထလာပြီး သံမဏိအပ်များသဖွယ် ဖြစ်လာာခဲ့၏။

သူ၏ မူလက လူသားသဏ္ဍာန်ရှိသည့် မျက်နှာမှာလည်း ကြောက်စရာကောင်းသည့် အနက်ရောင် ဝက်ခေါင်းတစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။

“သေမျိုးနဲ့ ကြီးမြတ်တဲ့ နတ်ဆိုးတွေရဲ့ အကြားက အကြီးမားဆုံး ခြားနားချက်ကို ငါမင်းကိုပြမယ်”

“ဘုန်း”

ဟန်ကျောက်ဟာ ညာဘက်လက်ကို ဖြည်းညှင်းစွာ ဖြန့်ကာ ပြန်ဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ မူလနေကြယ်ချီဟာ နှလုံးခုန်သကဲ့သို့ ကျုံ့သွား၏။ ထို့နောက် လျှင်မြန်စွာ ကျယ်ပြန့်လာကာ ပေါက်ကွဲထွက်သွားသည်။

ချက်ချင်းပင် ချန်လော့ရှန်ဟာ ချီလွှာအတွင်းသို့ ထည်ဝါသည့် အတွင်းအားတစ်ခုဟာ ကျွဲတစ်ကောင် ပင်လယ်အတွင်းသို့ ခုန်ဆင်းသည့်နှယ် ဝင်ရောက်လာမှုကို ခံစားလိုက်ရသည်။

“ဘုန်း”

သူ၏ခန္ဓာကိုယ်ဟာ အမြှောက်ဆံတစ်ခုကဲ့သို့ လွင့်စင်ထွက်သွားပြီး အခန်း၏ ကျောက်နံရံနှင့် ကြမ်းကြုတ်စွာ ဝင်ဆောင့်သည်။ မြေပြင်ပေါ်တွင် ဆယ်ပတ်လောက် လိမ့်သွားပြီးနောက် သွေးတစ်လုတ်ကို ပါးစပ်အပြည့်အန်ကာ သတိလစ်သွား၏။

သုံးယောက်ထဲတွင် အားအနည်းဆုံး ဖြစ်သည့် ကျုချန်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းဟာ ထိုပြင်းထန်ကာ ကြီးစိုးသည့် နေကြယ်ချီကြောင့် ပျက်စီးသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ဝက်သာလျှင် ကျန်ခဲ့ပြီး ထောင့်တစ်ခုသို့ လွင့်စင်ထွက်သွား၏။

ကျန်းရုရှန်ဟာလည်း ထွက်ပြေးနိုင်ခြင်း မရှိခင်တွင် လွင့်စင်ထွက်သွားသည်။ သူဟာ မူလနေကြယ်ချီ၏ အားလှိုင်းကြောင့် မရီဒျန်ရှစ်ခုလုံး ပျက်စီးသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးဟာ အပိုင်းပိုင်း အဖြတ်ခံရသကဲ့သို့ နာကျင်လှ၏။

ကျုကန်ရီ၏ လက်များဟာလည်း တန်ပြန်အားကြောင့် ပျက်စီးလာခဲ့သည်။ နေကြယ်ချီက သူ၏ ရင်ဘတ်နှင့် မျက်နှာတို့တွင် ဒဏ်ရာများ ချန်ရစ်ခဲ့၏။ အထူးသဖြင့် ရင်ဘတ်ပေါ်တွင် ဖြစ်သည်။ သံမဏိကဲ့သို့ အနက်ရောင် အမွှေးများဟာ ပျောက်ကွယ်သွားခဲ့၏။

သူဟာ အမွှေးများ ဆုံးရှုံးလိုက်ရသည့် ဖြူကောင်တစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။ ကန့်လန့်ဖြတ် ဒဏ်ရာများဟာ အလွန်နက်ရှိုင်းပြီး အရိုးများကိုပင် မြင်နိုင်နေပါပြီ။ မည်သည့် ထိခိုက်မှုမှ မရှိသည့် လူများဟူ၍ ဟန်ကျောက်နှင့် သူ၏နောက်တွင် ကပ်နေသည့် စီကျူးတို့သာ ရှိ၏။

“ကောင်းတယ်.. ငါ့ကို ရန်လိုဖို့လောက်အထိ မင်းမှာ ယုံကြည်ချက်ရှိတာ အံ့ဩစရာ မရှိဘူး”

ကျုကန်ရီက နှာခေါင်းရှုံ့သည်။ စွမ်းအားကြီးမားသည့် ချည်နှောင်အား၏ သက်ရောက်မှုအောက်တွင် ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြောက်စရာကောင်းသည့် ဒဏ်ရာများဟာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းနှင့် စတင်ပြန်ကောင်းလာခဲ့သည်။

မကြာခင် အစွန်းရောက်ယန် နေကြယ်ချီက ဖျက်ဆီးခဲ့သည့် ရင်ဘတ်ရှိ အမွှေးနက်များပင် ပြန်လည်ရှည်လာခဲ့၏။

“ဝေးတဲ့နေရာတစ်ခုကို သွားနေနှင့်”

ဟန်ကျောက်က သူ၏နောက်တွင် ပုန်းနေသည့် စီကျူးကို ပုတ်ကာ ပြောသည်။

“ဟုတ်”

စီကျူးက လေးလံစွာ ခေါင်းညှိတ်ပြီးနောက် ပြေးထွက်သွား၏။

“ခုနက အကွက်ကို မင်းဘယ်နှစ်ကြိမ် သုံးနိုင်လဲ။ မင်းရဲ့ ခွန်အားလေးနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်လား”

ကျုကန်ရီက မနှစ်မြို့စွာ ပြောသည်။

“တော်စမ်းပါ”

ဟန်ကျောက်က ရှေ့သို့ ခုန်တက်ကာ လက်ဝါးကို ရိုက်ထုတ်လိုက်သည်။

“မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”

ကျုကန်ရီက ရှေ့သို့ ခြေတစ်လှမ်းတက်သည်။ သူ၏ ဘေးတွင် ကြီးမားသည့် မြေစများ ပေါက်ကွဲထွက်ကုန်ပြီး ဟန်ကျောက်ဆီသို့ ပြေးဝင်သွား၏။

ဟန်ကျောက်က ကျုကန်ရီ၏ အသွားခြောက်ခု ထွန်ခြစ်ဖြင့် လွှဲယမ်းမှုကို ရှောင်လိုက်သည်။ ညာဘက်လက်ဝါးဟာ မြွေတစ်ကောင်ကဲ့သို့ လှည့်ပတ်ကာ အနက်ရောင် အမွှေးများနှင့် ဖုံးလွှမ်းနေသည့် ရင်ဘတ်ကို တံဆိပ်ရိုက်ပေးလိုက်သည်။

“ဘုန်း”

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုပေါက်ကွဲမှု စွမ်းအားနှင့်အတူ သုံးပါးသော အနှစ်သာရအားလည်း ပါလာခဲ့သည်။ ၎င်းဟာ အားပြင်းကာ တင့်တယ်၏။

လိုက်ဖက်ခြင်းမရှိသည့် ထူးဆန်းသည့် အထူးသက်ရောက်မှု သုံးခုတို့ဟာ ပြီးပြည့်စုံစွာ ပေါင်းစပ်ထားပြီး ကျုကန်ရီ၏ ရင်ဘတ်ပေါ်တွင် ပေါက်ကွဲထွက်လာခဲ့သည်။

“ဒါပဲလား”

ကျုကန်ရီက ရုတ်တရက် ရင်ဘတ်ကိုကော့တာ တွန်းလိုက်သည်။ ကြီးမားသည့် အားက ဟန်ကျောက်ကို နောက်သို့ ကန်ထွက်သွားစေ၏။

သူဟာ ရင်ဘတ်ရှိ မဲတူးနေသည့် လက်ဝါးရာကိုပင် ကြည့်မနေပေ။ ချည်နှောင်ခြင်းအား၏ လှည့်လည်မှုအောက်တွင် သူ၏ရင်ဘတ်ဟာ လျှင်မြန်စွာ ပြန်ကောင်းလာ၏။

ဟန်ကျောက်ဟာ အသက်ရှူလိုက်ရင်းက ခန္ဓာကိုယ်အတွင်းရှိ သွေးချီနှင့် အစစ်အမှန်ချီတို့ စတင်ဟာ လျှင်မြန်စွာ လှည့်ပတ်လာခဲ့သည်။ ကြွက်သားများ၌ သွေးများ ပြည့်နှက်လာပြီး အနည်းငယ် ကြီးထွားလာ၏။

သူဟာ စီရင်စုမြို့တော်သို့ လာခဲ့စဉ်ကတည်းက သည်းခံမှုပြုကာ နှိမ့်ချစွာ ဖွံ့ဖြိုးခဲ့သည်။ ယနေ့အထိပင် ဖြစ်၏။ ဒီတစ်ကြိမ် ဒီနေရာတွင်တော့ နောက်ဆုံးတွင် သူ၏ ခွန်အားအပြည့်ကို ထိန်းချုပ်မှု တစ်စုံတစ်ရာ မလိုပြ အသုံးပြုနိုင်ပေတော့မည်။

ဟန်ကျောက်ဟာ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီးနောက် ဆေဘာနှင့် ဓါး တစ်ချောင်းစီဟာ ပေါ်လာခဲ့သည်။ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဓါးဟာ ဘယ်ဘက်လက်ထဲတွင် အနီရောင်အလင်း လက်နေပြီး သွေးဆာသည့် စိတ်လှုပ်ရှားမှု တစ်ခုကို ထုတ်လွှတ်နေ၏။

သက်ခြွေဓါးဟာ ညာဘက်လက်ထဲတွင် ငွေရေခဲတစ်ခုသဖွယ် ထွန်းပြောင်းနေပါသည်။

“ဆေဘာတစ်ချောင်းနဲ့ ဓါးတစ်ချောင်းလား.. မင်းက တော်တော်တတ်နေတာပဲ”

ကျုကန်ရီက ခွန်အားအားလုံးတို့ကို လက်ထဲရှိ ထွန်ခြစ်အတွင်းသို့ စုစည်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများဟာ ကျယ်ပြန့်လာပြီး အရွယ်အစားက ကြီးလာခဲ့ပြန်၏။

အနက်ရောင် မြူကဲ့သို့ လေလှိုင်းအလွှာများက ခန္ဓာကိုယ်ကို ရစ်ပတ်ကာ အေးစက်သည့် အသံတစ်ခုကို ထုတ်လွှတ်နေပါသည်။

သူ၏ ခန္ဓာကိုယ်ဟာ မြောက်တက်သွားပြီး ထွန်ခြစ်၏ အသွားများ၌ ထူးဆန်းသည့် ခရမ်းနက်ရောင် အလင်းတစ်ခု ထုတ်လွှတ်လာ၏။

မျက်စိတစ်မှိတ် အတွင်းတွင် ၁၀မီတာကျော်ကို ဖြတ်သန်းကာ ကြမ်းကြုတ်စွာ သက်ဆင်းလာခဲ့သည်။

“သေခြင်း ဆယ်ကွက်.. တတိယအကွက်”

“ဘုန်း”

ခရမ်းနက်ရောင် လေလုံးတစ်ခုဟာ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ လေလှိုင်းဟာ အရပ်မျက်နှာ အားလုံးတို့ကို ဖြတ်သန်းသွားပြီး နေရာတစ်ခုလုံးတွင် အဖျက်စွမ်းအားကြီးသည့် လေကြမ်းတစ်ခုဟာ ဗြောင်းဆန်သွား၏။

အချင်း ငါးမိတာကျော်သည့် ကြီးမားသည့် ချိုင့်ကြီးတစ်ခုဟာ ကြမ်းပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ ဟန်ကျောက်က ပေါက်ကွဲမှု၏ အလယ်တွင် ခရမ်းနက်ရောင် လေလှိုင်းများကို ရှောင်နေရုံရှိသေး ကျုကန်ရီက ပျံသန်းလာကာ ထွန်ခြစ်ကို လွှဲယမ်းလိုက်ပြန်၏။

“ကလန်”

ဟန်ကျောက်က ဆေဘာနှင့် ဓါးကို ကြက်ခြေခတ်လုပ်သည်။ သုံးပါးသော အနှစ်သာရအားဟာ နှစ်ဆဖြစ်သွားပြီး ထွန်ခြစ်မှ လာသည့် ထည်ဝါသည့် အားကို တွန်းလှန်၏။ သူဟာ လက်နှစ်ဖက်နှင့် ခုတ်ပိုင်းလိုက်သည်။

“ဘဇ်၊ ဘဇ်..”

သက်‌ေခြွဓါး၏ တုန်ခါသံနှင့်အတူ ဓါးငိုကြွေးမှု လှိုင်းများဟာ စူးရှစွာဖြင့် လေကို ထိုးခွင်းသည့်အသံများ ပေါ်လာခဲ့သည်။

ထူထဲသည့် မိုးပြန်အားက ဓါးကို ဖြတ်သန်းကာ ကျုကန်ရီ၏ ခန္ဓာကိုယ်ပေါ်ရှိ ထူထဲသည့် အနက်ရောင်အမွှေးများကို ဆက်တိုက် တိုက်ခိုက်၏။ မိုးပြန်အားဟာ နွားမွှေးသဖွယ် သေးငယ်သည့် အပ်ထိပ်များအဖြစ် ပြောင်းလဲသွား၏။

မြန်ဆန်သည့် လည်ပတ်မှုအောက်တွင် ၎င်းဟာ အနက်ရောင်အကာအကွယ် အလွှာကို ထိုးဖောက်ကာ ရင်ဘတ်အတွင်းသို့ ဆန်ကာပေါက်ဖြစ်အောင် ထိုးစိုက်သွားသည်။

All Chapters