အခန်း (၂၃၈)
Vol. 16 Ch. 238
“ငါမင်းကို စားခွင့်ပေးမယ်။ သေအောင်ကိုက်စမ်း”
“ဂျစ်၊ ဂျစ်..”
ကျုကန်ရိ၏ လက်ချောင်းများက သုံးလက်မလောက် ရှည်လျားလာပြီး အနက်ရောင် လက်သည်းရှည်များက ဟန်ကျောက်၏ ခန္ဓာကိုယ်ကို အရူးအမူး ကုပ်ခြစ်သည်။
သို့ရာတွင် နောက်ဆုံးအကြိမ်တုန်းက ကိုယ်ပွား၏ အကာအကွယ်ကို တစ်ခါတည်း ချိုးဖျက်သွားသကဲ့သို့ မဖြစ်ပေ။ ဒီတစ်ကြိမ်တွင် သူဟာ ဗာဂျရာခန္ဓာကိုယ်၏ အရေအပြားကိုပင် ထိခိုက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ မီးပွားများသာ ပေါ်လာစေ၏။
မကြာခင် သူ၏လက်သည်းများဟာ ဗာဂျရာခန္ဓာ၏ အပေါ်ရှိ နေကြယ်ချီကြောင့် ပျက်စီးကုန်ကြသည်။ သူဟာ လက်သီးများကို ဆုပ်ကာ ဟန်ကျောက်၏ ရင်ဘတ်နှင့် ဦးခေါင်းတို့ကို ကျပန်း လိုက်ထိုး၏။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း..”
သို့ရာတွင် ဟန်ကျောက်ဟာ ခုခံခြင်း လုံးဝမပြုပေ။ သူဟာ ခြေထောက်များကိုသာ အသုံးပြုပြီး ကျုကန်ရီ၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဖိနှိပ်ထား၏။ သူ့ကို မတ်တပ်ရပ်ခြင်းမှ ကာကွယ်ထားသည်။
ရွှေရော် လက်သီးနှစ်လုံးကို တစ်ဖက်လူ၏ ပါးစပ်ထဲသို့ ထိုးထည့်ပြီး လွှဲယမ်းနေကာ ဝက်ဦးခေါင်းကို ပုံပျက်သည်အထိ ညှစ်ပစ်လိုက်သည်။
ချည်နှောင်အား၏ လျှင်မြန်သည့် ကုန်ဆုံးမှုနှင့်တူ ကျုကန်ရီ၏ ဦးခေါင်းဟာ ပြန်လည်ကောင်းမွန်နိုင်ခြင်း မရှိလုနီးပါး ဖြစ်နေ၏။
ဟန်ကျောက်၏ လက်သီးဟာ သူ၏ ဦးခေါင်းအတွင်းသို့ ဝင်ရောက်သွားပြီး အရိုးကျိုးသည့် အသံများ ပေါ်လာခဲ့သည်။ ရှင်းလင်းစွာပင် ဤသည်မှာ သူ၏ အဓိကနေရာ ဖြစ်ပြီး နောက်ဆုံးအသက်လည်း ဖြစ်၏။
“ချီ၊ ချီ…”
ဒီအချိန်၌ ကျုကန်ရီ၏ ဒဏ်ရာများနှင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်ဟာ အမဲရောင် အငွေ့များ စတင်ထွက်လာခဲ့၏။ သူ၏ အရှိန်အဝါဟာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းနှင့် အားနည်းသွားခဲ့သည်။
“ဒုတ်၊ ဒုတ်..”
ကျုကန်ရီဟာ သူ၏လက်သီးများဖြင့် ဟန်ကျောက်၏ ခန္ဓာကိုယ်ကို ဆက်လက်ထိုးနေဆဲ ရှိသည်။ ဟန်ကျောက်ဟာ လှုပ်ရှားမှုတို့ ရပ်တန့်လိုက်၏။
“ငါ့.. ငါ့ကို ချမ်းသာပေးပါ။ ကျေးဇူး.. ပြုပြီး”
ကျုကန်ရီ၏ လုံးဝ ပုံပျက်နေသည့် ပါးစပ်က စကားလုံးအနည်းငယ်ကို ခက်ခဲစွာ ပြောလာခဲ့သည်။ မျက်လုံးထောင့်များမှ မျက်ရည်များနှင့် သွေးများ စီးကျလာနေ၏။ သူ၏ အက်ကွဲနေသည့် ဦးခေါင်းအတွင်းမှ ဦးနှောက်အပိုင်းအစများပင် တိုးထွက်လာခဲ့သည်။
“အစက မင်းရဲ့ မောက်မာတဲ့ အသွင်ကို ငါပိုပြီး သဘောကျတယ်”
ဟန်ကျောက်က တောက်ပစွာ ပြုံးသည်။
“ငါ…”
ကျုကန်ရီဟာ သူ၏ ဝက်ဦးနှောက်ကို အသုံးပြုကာ စဉ်းစားနိုင်သည့် စကားလုံးအားလုံးတို့ကို စဉ်းစားသည်။ သို့ပေမယ့် ထိုစကားကို မည်ကဲ့သို့ ပြန်ပြောရမည်အား မသိပဲ ရှိနေ၏။ ရုတ်တရက် လက်သီးချက်က သူ၏ တွေးတောမှုများကို ရပ်တန့်သွားစေသည်။
“ဘုန်း”
မြေပြင်၏ လှုပ်ခါမှုနှင့်အတူ ဟန်ကျောက်ဟာ လက်သီးကို ပြန်ရုတ်လိုက်သည်။ ကျုကန်ရီ၏ ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။ သို့ပေမယ့် သူ၏ ဦးခေါင်းနေရာဟာတော့ ကြီးမားသည့် ချိုင့်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
“ဘုန်း”
ဟန်ကျောက်ဟာ ထိုးလိုက်ပြန်၏။ ကျုကန်ရီ၏ ဦးခေါင်းကို ပိုမိုနက်ရှိုင်းသည့် မြေကြီးအတွင်းသို့ ကျွံဝင်သွားစေသည်။
“ဘုန်း”
တစ်ချက်ပြီးတစ်ချက် ဆက်လက်ထိုးကာ ကျုကန်ရီ၏ ခန္ဓကိုယ်တစ်ခုလုံး အသားစများအဖြစ် လုံးဝ ပြောင်းလဲသွားမှသာ ရပ်တန့်သွာားသည်။ ယင်စွမ်းအင်ဟာ ဟန်ကျောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့၏။
“ငါ့ရဲ့ ခွန်အား ၅၀%ကိုတောင် မခံနိုင်ဘူး”
ဟန်ကျောက်က မတ်တပ်ရပ်ကာ ညင်သာစွာ ရေရွတ်၏။
မြေပြင်ပေါ်ရှိ အသားစများကို ကြည့်ကာ သူဟာ နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစကို ထုတ်ကာ ထိုးလိုက်သည်။ ကျုကန်ရီ၏ နောက်ဆုံး ခွန်အားတို့ကို စုပ်ယူလိုက်၏။
တစ်ဖက်လူ၏ ခန္ဓာကိုယ် ခြောက်သွေ့ကာ ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် မြေပြင်ပေါ်တွင် လက်မအရွယ် အနက်ရောင် ပုံဆောင်ခဲတစ်ခု ကျန်ခဲ့ကြောင်းကို နားလည်လိုက်သည်။
“နတ်ဆိုးပုံဆောင်ခဲ- မြင့်မားစွာ စုစည်းထားသည့် ယင်စွမ်းအင်မှ ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးများ၏ စွမ်းအင်အရင်းအမြစ်များထဲမှ တစ်ခုဖြစ်၏။
အတွင်းထဲရှိ ယင်စွမ်းအင်ကို အများအပြား အသုံးပြုပြီးပါက အချိန်အချို့ယူကာ ဖြည်းဖြည်းချင်း ပြန်ပြည့်လာအောင် လုပ်ဖို့လိုအပ်သည်။
ဤသည်မှာ နတ််ဆိုးများနှင့် အုပ်စိုးသူ မိသားစု မျိုးဆက်များအတွက် သူတို့၏ ခွန်အားကို မြှင့်တင်ရန်နှင့် ဒီဗိုင်းလက်နက်များအား သူတို့ကိုယ်သူတို့ ပြုပြင်ရန် ထူးကဲသည့် ပစ္စည်းကောင်းတစ်ခု ဖြစ်သည်”
စနစ်၏ အချက်ပေးချက်တစ်ခု ပေါ်လာ၏။
“ဘဇ်၊ ဘဇ်၊ ဘဇ်”
ထိုအချိန်၌ လက်ထဲရှိ နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစမှ အနီရောင် အလင်းတစ်ခု တောက်ပလာခဲ့သည်။ ကြောက်စရာကောင်းသည့် အပူတစ်ခုကို ထုတ်လွှတ်လာ၏။ ဟန်ကျောက်၏ လက်ထဲရှိ နတ်ဆိုးပုံဆောင်ခဲအား လိုချင်နေသည့် ပုံပါ။
“ကလန်”
ဟန်ကျောက်ဟာ ဗာဂျရာခန္ဓာကို ရုတ်သိမ်းခြင်း မပြုသေးပဲ လက်ဝါးကို လွှဲယမ်းကာ လှံကို ပိတ်ရိုက်လိုက်သည်။
“မင်းက သေချင်လို့လား”
“ဆွစ်”
နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစ၏ အနီရောင်အလင်းဟာ ပျောက်ကွယ်သွားသည်။ အပူမှာလည်း လျှင်မြန်စွာ အေးကျသွားပြီး ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွာား၏။ ဖားယားသည့် ခံစားချက်တစ်ခု ကူးလူးလာ၏။
“မင်းကိုငါ စားခိုင်းလို့ရတယ်။ ဒါပေမယ့် လာမယ့် ယင်စွမ်းအင် ထုတ်လုပ်မှုကျ နှစ်ဆ ထောက်ပံ့ပေးရမယ်”
ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။
“ဘဇ်၊ ဘဇ်”
တုံ့ဆိုင်းမှုတစ်ခု ပေါ်လာခဲ့၏။ ပြီးနောက် လှံဟာ အနည်းငယ် အရောင်လက်သွားသည်။ သဘောတူကြောင်း ပြသခြင်း ဖြစ်၏။
“ငါအခုလိုချင်တယ်။ ချက်ချင်းပေး”
ဟန်ကျောက်က ထပ်ပေါင်းပြောသည်။
ဘာပဲဖြစ်ဖြစ် ယခုအချိန်၌ နတ်ဆိုးပုံဆောင်ခဲ အတွင်းတွင် မည်သည့် ယင်စွမ်းအင်မှ ရှိမနေပါ။ ကျုကန်ရီ၏ ခန္ဓာကိုယ်မှ ခုနက သူရရှိခဲ့သည့် ယင်စွမ်းအင်များဟာ အစမ်းရှင်သန်မှု ပြုရန် လုံလောက်ခြင်းမရှိပေ။ နဂါးနီလှံ ဒီဗိုင်းလက်နက်နှင့် ဆွေးနွေးကြည့်ရပေမည်။
ဘာပဲဖြစ်ဖြစ် လုံလောက်စွာ သန်မာလာပြီးပါက ဒီဗိုင်းလက်နက်ကို လုံးဝ ဖိနှိပ်နိုင်မှာ ဖြစ်သည်။ တစ်နေ့တွင် ၎င်းကို အခွင့်အရေးရှာကာ ကုန်စင်အောင် စုပ်ယူမည် ဖြစ်၏။ ထိုအချိန်၌ များပြားလှသည့် ယင်စွမ်းအင်များကို ရရှိမှာပါ။
နဂါးနီလှံဟာ တစ်ဖန် တုံ့ဆိုင်းသွားပြန်၏။ ပြီးနောက် နောက်ဆုံးတွင် သဘောတူလိုက်သည်။
လှံမှ အနက်ရောင် ယင်စွမ်းအင်တို့ ထုတ်လွှတ်လာပြီး ဟန်ကျောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
“ဒီလောက်ဆိုရင် အစမ်းရှင်သန်ဖို့ လုံလောက်လောက်ပြီ”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ နဂါးနီလှံ အပိုင်းအစက ခံစားချက်တို့အား ထုတ်လွှတ်လာမှုကို အာရုံခံမိပြီးနောက် လက်ထဲရှိ နတ််ဆိုးပုံဆောင်ခဲကို လှံနှင့် ကပ်လိုက်သည်။
“ဒီမှာ”
နတ်ဆိုးပုံဆောင်ခဲဟာ ဒီဗိုင်းလက်နက် အတွင်းသို့ လျှင်မြန်စွာ ပေါင်းစပ်ဝင်ရောက်သွား၏။
“လေးလှချည်လား”
မည်သည်မှ မကျန်တော့ကြောင်းကို နားလည်လိုက်ပြီးနောက် ဟန်ကျောက်ဟာ ကျုကန်ရီ၏ ထွန်ခြစ်ကို မလိုက်သည်။ သူ၏ လက်ကောက်ဝတ်ဟာ ချက်ချင်းပင် နိမ့်ဆင်းသွားခဲ့၏။
“ပြီးရင်..”
ဟန်ကျောက်ဟာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ကျုချန်းကို ကြည့်သည်။ သူဟာ ပြန်လည်ကောင်းမွန်လာပြီး လာရောက် ကူပေးတော့မည့် အချိန်၌ ဟန်ကျောက်၏ နေကြယ်ချီက သူ၏ခန္ဓကိုယ်ကို ဖျက်ဆီးသွားပြန်သည်။
“မဟုတ်ဘူး.. မင်းငါ့ကို သတ်လို့မရဘူး။ ငရဲကိုးခုစံအိမ်.. ငရဲကိုးခုစံအိမ်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ငါ့ကို ချမ်းသာပေးလိုက်… ငါဘာမှ…”
ကျုချန်း၏ ခန္ဓာကိုယ်က အကြိမ်ကြိမ် နောက်ဆုတ်သွား၏။ သူဟာ ဟန်ကျောက်၏ ကျုကန်ရီအား နှိပ်စက်ကာ သတ်ဖြတ်ခဲ့မှုကို အနီးကပ် မြင်ခဲ့ရသည်။
လူသားတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး နတ်ဆိုးတစ်ကောင်ထက် ပိုမို ကြောက်ဖို့ကောင်းနေရသနည်း။ ထိုအချိန်၌ သူဟာ အူများ အစိမ်းရောင်ပြောင်းသွားသည်အထိ နောင်တရမိသည်။
“ဘန်း”
ဟန်ကျောက်ဟာ ကျုချန်း၏ ဦးခေါင်းကို အစွန်းရောက်ယန် အစစ်အမှန်ချီနှင့် ရိုက်လိုက်၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလွှာကို ချေဖျက်ကာ ယင်စွမ်းအင်များကို စုပ်ယူသည်။
ကံဆိုးစွာပင် ဟန်ကျာက်ဟာ သူ၏အလောင်းဆီမှ နတ်ဆိုးပုံဆောင်ခဲကို ရှာတွေ့ခြင်း မရှိပေ။ သူဟာ နဂါးနီလှံ ဒီဗိုင်းလက်နက်ကိုသာ စားသုံးစေလိုက်၏။
“ကြည့်ရတာ သန်မာတဲ့ နတ်ဆိုးတွေမှာပဲ ရှိတာထင်တယ်”
ဟန်ကျောက်က အသံနိမ့်စွာ ရေရွတ်သည်။ ခုနက သေဆုံးသွာားခဲ့သည့် ကျန်းရုရှန်၏ မြေပြင်ပေါ်တွင် မျက်လုံးများပြူးကာ လဲကျနေသသည့် အလောင်းကို ကြည့်ကာ ဟန်ကျောက်ဟာ လက်ဝါးနှင့် ခြောက်သွေ့အောင် စုပ်ပေးလိုက်သည်။ သူဟာ ဖြုန်းတီးခြင်းမရှိပေ။
ထိုအချိန်၌ ရွာ၏ အလယ်ဟာ တိုက်ပွဲကြောင့် အပျက်အစီးပုံတစ်ခု ဖြစ်နေပြီး ဖြစ်၏။ မလှမ်းမကမ်းရှိ သစ်သားအိမ်များတွင်လည်း အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။
မြေပြင်ပေါ်ရှိ သွေးစများနောက်သို့ လိုက်ကာ ဟန်ကျောက်ဟာ ရွာအဝင်ဝဆီသို့ လျှောက်လာခဲ့သည်။ ကမ်းခြေသို့ ဖက်ယက်သွားနေသည့် ချန်လော့ရှန်ကို တွေ့လိုက်ရ၏။
“ငါမသေချင်ဘူး။ ငါသေလို့မရဘူး။ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ သေရမှာလဲ”
သူ၏ သန်မာသည့် အသက်ရှင်လိုစိတ်က ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် ရှေ့သို့ ဆက်လက်ရွေ့လျားသွားစေသည်။
မူလ နေကြယ်ချီ၏ တန်ပြန်အားက သူ၏ အတွင်းအား အားလုံးတို့ကို ပြန်လှည့်လာစေခဲ့သည်။ အပို နေကြယ်ချိများ၏ ပေါက်ကွဲမှုအနီးတွင်လည်း ရှိနေခဲ့ရာ သူ၏ ခြေထောက်များဟာ ပျက်စီးသွားခဲ့သည်။ နာကျင်မှုကြောင့် သတိလစ်လုမတတ်ပင် ဖြစ်သွားခဲ့၏။