← Chapters

အခန်း (၂၅၅)

Vol. 17 Ch. 255

အခန်း (၂၅၅)

Vol. 17 Ch. 255

ဟန်ကျောက်ဟာ လျှို့ဝှက်ခန်းကို စောင့်ကြည့်ရန်အတွက် သူ၏ကိုယ်ပွားကို ချန်ထားခဲ့ပြီး ဒေါသရေနဂါး ခန်းမဆီသို့ ပြန်ခဲ့သည်။ ထိုအချိန်၌ ရွှေကျင်ဖုန်းဟာ ခန်းမအတွင်းတွင် စောင့်နေဆဲ ရှိသည်။

ဟန်ကျောက်၏ လျှောက်ထွက်လာမှုကို တွေ့ရပြီးနောက် သူက ရှေ့သို့တက်ကာ လက်သီးနှစ်ဖက်ကို မိုးသည်။

“ဂိုဏ်းသခင်ငယ်.. ကျွန်တော့ကို ဘာညွှန်ကြားစရာရှိလဲ မသိဘူး”

ဟန်ကျောက်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ထူးမခြားနားစွာ ပြောသည်။

“ဆရာပြောတာတော့.. သူ့ကို ဘယ်သူမှ ရှာလို့မတွေ့မယ့် နေရာတစ်ခုမှာ တံခါးပိတ်ကျင့်ကြံမှု သွားလုပ်မလို့တဲ့။ သိုင်းသူတော်စင်အဆင့်ကို မရောက်မချင်း ပြန်မလာဘူး ပြောတယ်”

“ဒီနေ့ကစပြီး ဒေါသရေနဂါးဂိုဏ်းရဲ့ အရေးကိစ္စ အားလုံးကို ကျွန်တော်တာဝန်ယူမယ်”

“ဂိုဏ်းချုပ်က ဘယ်လိုကြောင့် ရုတ်တရက် တံခါးပိတ်ကျင့်ကြံတာလဲ”

ရွှေကျင်ဖုံး၏ ပုံစံက အံ့ဩသွားသည်။

ထိုရှင်းပြချက်အရ ရှန့်ကွမ်းယွင်ဖေးဟာ ဂိုဏ်းချုပ်ရာထူးအား ဟန်ကျောက်ကို တစ်ခါတည်း လွှဲပေးခဲ့သည်ဟု မဆိုလိုပေဘူးလား။

ရှန့်ကွမ်းယွင်ဖေးဟာ ဒဏ်ရာအပြင်းအထန် ရရှိထားပါသည်။ သူ့အတွက် ဒဏ်ရာများကို ပြန်မကောင်းမချင်း သိုင်းသူတော်စင်အဆင့်သို့ ချိုးဖျက်ရန် ဖြစ်နိုင်ခြင်းမရှိပါ။ ဤသည်က သေချင်နေသည်ပင်။

“ဉာဏ်ကောင်းတဲ့လူတွေက အခြေအနေကို လက်ခံတတ်ကြတယ်။ ရေသံတမန်.. ခင်ဗျားက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ”

ဟန်ကျောက်က ရွှေကျင်ဖုန်းကို တည်ငြိမ်စွာ ကြည့်သည်။

“ကျွန်တော်…”

ဟန်ကျောက်၏ အကြည့်ကို တွေ့ရပြီးနောက် ရွှေကျင်ဖုန်း၏ နှလုံးသားက ရုတ်တရက် တုန်ခါသွားသည်။ ထိုအချိန်၌ ဟန်ကျောက်ဟာ သူ့ကို ရှန့်ကွမ်းယွင်ဖေး၏ အထွတ်အထိပ် အခြေအနေက ခံစားချက်အား ပေးစွမ်းနေ၏။

သူက အလျှင်အမြန် စကားပြောင်းကာ ပြောသည်။

“ဟုတ်ကဲ့ပါ.. ကျွန်တော်နားလည်ပါပြီ”

“အရမ်းကောင်းတယ်”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ ဖြစ်နိုင်ပါက သူဟာ ရွှေကျင်ဖုန်း၏ အသက်ကို ချမ်းသာပေးလိုသေး၏။ ဘာပဲဖြစ်ဖြစ် ချီနှစ်ဆင့် စစ်ဘုရင်တစ်ယောက်ဟာ သာမန်ကိစ္စများကို ထိန်းချုပ်နိုင်စွမ်း ရှိပါသည်။

ထို့အပြင် ရွှေကျင်ဖုန်းဟာ အလွန် ထူးချွန်ပြီး စွမ်းဆောင်ရည်ရှိသူတစ်ဦး ဖြစ်၏။ ဤသည်မှာ အဓိကအချက် ဖြစ်သည်။

“ကျွန်တော့မှာ ခိုင်းစရာတစ်ခု ရှိတယ်”

ဟန်ကျောက်က စကားပြောင်းကာ ပြောသည်။

“ဂိုဏ်းချုပ်ငယ်.. ကျေးဇူးပြုပြီး ပြောပါ”

ရွှေကျင်ဖုန်း၏ အသွင်က လေးစားစွာ ရှိနေပါသည်။

“မကြာခင် ဒေါသရေနဂါးကျွန်းကို ချီမိသားစုရဲ့ သံတမန် ရောက်လာလိမ့်မယ်။ ဒေါသရေနဂါးသင်္ဘောကို စီးပြီး ကိုယ်တိုင် ကျွန်းပေါ်ကို သွားကြိုခဲ့”

ဟန်ကျောက်က လေးနက်စွာ ပြော၏။

“ချီမိသားစုရဲ့ သံတမန်”

ရွှေကျင်ဖုန်းဟာ အနည်းငယ် ပဟေဋိဖြစ်သွားသည်။ ယွမ်ကန်းကောင်တီတွင် ချီမျိုးရိုးနာမည်နှင့် မည်သည့် မိသားစုကြီးမှ မရှိသည့်ပုံပါ။

“ချန်မြို့တော်ရဲ့ ချီမိသားစုက ချီရွှမ်မင်က ကျွန်တော့ရဲ့ မိတ်ဆွေတစ်ယောက်ပဲ”

ဟန်ကျောက်က ထပ်ပေါင်းပြောသည်။

“လျန်မြို့တော်ရဲ့ ချီမိသားစု။ ဂိုဏ်းချုပ်ငယ် ပြောတာက ဝေနိုင်ငံရဲ့ ကြီးမြတ်တဲ့ မျိုးရိုးနာမည် ငါးခုထဲက တစ်ခုဖြစ်တဲ့ ချီမိသားစုလား”

ရွှေကျင်ဖုန်း၏ အသံက ချက်ချင်းပင် မြင့်တက်သွားသည်။ ချီမိသားစုကို သူသိပါသည်။ သို့ပေမယ့် ပထမတွင် တွေးမိခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် ခြားနားချက်ဟာ ကြီးမားလှ၏။

စစ်ဘုရင်အဆင့် ကျွမ်းကျင်သူများကို တိမ်စီရင်စု တစ်ခုလုံးတွင်ပင် ထိပ်တန်းအဆင့် တိုက်ခိုက်ရေး သမားများဟု ယူဆနိုင်၏။

သို့ပေမယ့် ကောင်းကင်စီရင်စုဟာ ဝေနိုင်ငံ၏ ဗဟိုတွင် တည်ရှိသည်။ လျန်မြို့ဟာ ကောင်းကင်စီရင်စု၏ ဗဟိုရှိ မြို့တော်ဖြစ်၏။

ထိုနေရာတွင် ထိပ်တန်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ပင်လျှင် အကြောက်တရားကင်းမဲ့စွာ နေနိုင်ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် ဝေနိုင်ငံ၏ အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်ကြသည့် အစစ်အမှန် လက်နက်သခင်များ ထိုနေရာတွင် စုစည်းနေသောကြောင့် ဖြစ်သည်။

ကြီးမြတ်သော မျိုးရိုးနာမည် ငါးခုနှင့် မိသားစုကြီး ဆယ်ခုတို့ အားလုံးဟာ ကောင်းကင်စီရင်စုတွင် ရှိကြပါသည်။ ချီမိသားစုက ဝေနိုင်ငံ လျန်မြို့တော်၏ ထိပ်တန်းအင်အားစု အားလုံးတို့အကြားတွင် နံပါတ်သုံးချိတ်၏။

ရွှေကျင်ဖုန်းဟာ ဟန်ကျောက်ကို ထိုအဆင့်ရှိသည့် ပုဂ္ဂိုလ်တစ်ယောက်နှင့် သိနေမည်ဟု ဘယ်တုန်းကမှ ဆက်စပ်ကြည့်နိုင်ခြင်း မရှိပေ။ ချီရွှမ်မင်၏ အမည်မှာလည်း မိုးကြိုးကဲ့သို့ ကျယ်လောင်လှပါသည်။

ချီရွှမ်မင်ဟာ ယခုနှစ်တွင် အသက်၂၄နှစ်ရှိပြီဖြစ်ကာ ချီလေးဆင့် စစ်ဘုရင်အဆင့်၌ ရှိ၏။ ပြီးခဲ့သည့် အချိန်တစ်ခုက သူဟာ အုပ်စိုးသူ မိသားစုတစ်ခုရှိ သွေးကြောခြောက်ခု အဆင့်နှင့် မျိုးဆက်တစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့လေသည်။ ယခုအချိန်၌ သူဟာ ချီလင်အဆင့်၏ နံပါတ်၃၂တွင် ရှိ၏။

သူဟာ တိမ်စီရင်စု တစ်ခုလုံးတွင် လွှမ်းမိုးမှုကြီးမားသူ ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးဟာ ဟန်ကျောက်၏ မိတ်ဆွေ ဖြစ်နေသည်လား။

“ဟုတ်တယ်”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ ချီရွှမ်မင်ဟာ အလွန်စွမ်းအားကြီးပါသည်။ သို့ပေမယ့် သူ၏ နည်းလမ်းအားလုံးတို့ကို အသုံးပြုလျှင် ခွန်အားချင်း အများကြီး ခြားနားမည်မဟုတ်ပါ။

“ဂိုဏ်းချုပ်ငယ်.. သခင်လေးချီက ကျွန်တော်တို့ရဲ့ ဒေါသရေနဂါးဂိုဏ်းကို ဘာလို့လာတာလဲ မသိဘူး”

ရွှေကျင်ဖုန်းက မေးသည်။ ချီရွှမ်မင်၏ နောက်ခံနှင့် အဆင့်အတန်းကြောင့် ရေသံတမန်ဖြစ်သည့် သူ့အနေနှင့် ယခုကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်ကို ကြိုဆိုရခြင်းက အဆင်ပြေပေမယ့် ဒေါသရေနဂါးသင်္ဘောနှင့် သွားခေါ်ရမည်မှာတော့ ခြားနားသွားပါပြီ။

မသိသည့်လူသာ ဆိုပါက သူတို့ ဒေါသရေနဂါးဂိုဏ်းတွင် တစ်ခုခု ဖြစ်ပွားနေသည်ဟု ထင်သွားမှာပါ။

‘နပေါဦး’

ရွှေကျင်ဖုန်းဟာ ရုတ်တရက် တုံ့ပြန်လာခဲ့သည်။

“ဒေါသရေနဂါးဂိုဏ်းက တိမ်စီရင်စုရဲ့ စိတ်ဝိညာဉ်စောင့်ရှောက်သူ အဖွဲ့ကို တရားဝင် ချည်းကပ်ပြီး ချီမိသားစုရဲ့ အကာအကွယ်ကို ရရှိလာမှာ။ ချီရွှမ်မင်က အဲ့ကိစ္စအတွက် သံတမန်လုပ်ပြီး ကျွန်တော်နဲ့ လာဆွေးနွေးတာ”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။

“ဒါက..”

ရွှေကျင်ဖုန်းဟာ အံ့ဩဝမ်းသာသွား၏။ သို့ပေမယ့် အနည်းငယ် ယုတ္တိမရှိစွာ ခံစားရသည်။

သူက အမြန်ပြော၏။

“ဂိုဏ်းချုပ်ငယ်.. ဒီကိစ္စကို ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ဟောင်းတို့နဲ့ ဆွေးနွေးဖို မလိုဘူးလား။ ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စလေးတစ်ခု မဟုတ်ဘူး”

ဒေါသရေနဂါးဂိုဏ်းဟာ နဂါးတောမြစ်၏ ဘယ်ညာနှစ်ဖက်ရှိ ကောင်တီများစွာတို့ကို အုပ်စိုးသည်မှာ မှန်ကန်သော်လည်း သူတို့ဟာ ရှန့်ကွမ်းမိသားစု၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများကိုသာ အဓိကထားကာ အမှီပြုနေကြခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ဤသည်မှာ ယွမ်ကန်းစီရင်စု၏ ဒေသခံ လူဆိုးဂိုဏ်းကြီးတစ်ခုသာ ဖြစ်၏။ တိမ်စီရင်စု၏ စိတ်ဝိညာဉ်စောင့်ရှောက်သူများနှင့်ပင် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။ ချီမိသားစုကဲ့သို့ တံတိုင်းကြီးနှင့်ဆို ပို၍ပင် အလှမ်းကွာသေးသည်။

ဒေါသရေနဂါးဂိုဏ်းသာ ချီမိသားစုအပေါ် မှီခိုနိုင်ပါက သူတို့ဟာ ယွမ်ကန်းကောင်တီကို သေချာပေါက် အုပ်စိုးလာနိုင်ကာ တိမ်စီရင်စု တစ်ခုလုံးတွင် ထိပ်တန်းအင်အားစုတစ်ခုပင် ဖြစ်လာနိုင်ပါသည်။

သို့ရာတွင် အဖွဲ့နှစ်ခု အကြားရှိ ခြားနားချက်ဟာ အလွန်ကြီးမားနေပါက ဒေါသရေနဂါးဂိုဏ်းဟာ တစ်ခါတည်း ဝါးမြိုခံရနိုင်ပါသည်။ မည်သည်မှပင် ကျန်မည်မဟုတ်ပေ။

ဒေါသရေနဂါးဂိုဏ်းဟာာ အခုမှ ပြန်လည်ဦးမော့လာရုံ ရှိသေး၏။ ဤသည်က စွန့်စားလွန်းရာ ကျပါသည်။

“ရေသံတမန်.. ဂိုဏ်းချုပ်ဟောင်းကို တံခါးပိတ်နေတာကနေ ပြန်ထွက်လာနိုင်ဦးမယ်လို့ ခင်ဗျား တကယ်ထင်နေတာလား”

ဟန်ကျောက်က မေးသည်။

“ဖြစ်နိုင်တာက ဂိုဏ်းချုပ်ဟောင်း..”

ဟန်ကျောက်၏ ရှန့်ကွမ်းလီအကြောင်းကို ပြောကြားမှုအား တွေ့ရပြီးနောက် ရွှေကျင်ဖုန်းဟာ ရုတ်တရက် အံ့ဩသွားပြီး အဆိုးရွားဆုံး ဖြစ်နိုင်ချေကို တွေးမိလိုက်သည်။

“ဒေါသရေနဂါးဂိုဏ်းကို ဆက်လက်တည်ရှိနိုင်စေဖို့အတွက် ဂိုဏ်းချုပ်ဟောင်းက ရေနဂါးအသွင်ပြောင်းခြင်းကို အတင်းအသုံးပြုခဲ့တယ်။ အခု သူ့ရဲ့ ဒဏ်ရာတွေ ပိုဆိုးသွားပြီး ပြန်ကောင်းလာနိုင်ဖို့ နှစ်တွေ ဘယ်လောက်ကြာမှာလဲ ဆိုတာကိုတောင် မပြောနိုင်ဘူး”

ဟန်ကျောက်က ဆက်လက်ပြောသည်။

“ဟုတ်ကဲ့.. ကျွန်တော်နားလည်ပါပြီ”

ရွှေကျင်ဖုန်းဟာ နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။ လက်စသတ်တော့ ဒေါသရေနဂါးဂိုဏ်းဟာ သေခြင်းရှင်ခြင်း အခြေအနေအတွင်းသို့ ကျရောက်နေပြီး ဖြစ်၏။

အခြားအဖွဲ့အစည်းများသာ သူတို့ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ဟောင်းတို့၏ ဒဏ်ရာရရှိကာ ထွက်မလာနိုင်ပုံကို ကြားရပါက သွေးရနံ့ရသည့် ငါးမန်းများကဲ့သို့ ဒေါသရေနဂါးဂိုဏ်းကို သေချာပေါက် ဝိုင်းဝန်းဆွဲဖြဲ စားသောက်ကြမှာပါ။

ဟန်ကျောက်ကို ဂိုဏ်းချုပ်ဟောင်းက ညွှန်ကြားပြီး ဖြစ်လို့သာလျှင် ထိုကဲ့သို့သော ဆုံးဖြတ်ချက်ကြီးကို ချနိုင်စွမ်းရှိခြင်း ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဘာပဲဖြစ်ဖြစ် ဟန်ကျောက်၏ အဆက်အသွယ်ဖြင့်သာ ဒေါသရေနဂါးဂိုဏ်းဟာ ချီမိသားစု၏ အကာအကွယ်ကို ရရှိနိုင်မှာ ဖြစ်သည်။

မဟုတ်ပါက သူတို့အနေနှင့် မှီခိုချင်လျှင်တောင် ချီမိသားစုက လက်ခံလောက်မည် မဟုတ်ပေ။

“ဟုတ်တယ်။ ခင်ဗျားကို သွားခိုင်းမှပဲ ကျွန်တော်စိတ်ချနိုင်မှာ”

ဟန်ကျောက်က အသာပြုံးကာ ပြောသည်။

“ယုံကြည်မှုအတွက်‌ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ငယ်”

ရွှေကျင်ဖုန်းက လေးစားစွာ ပြောသည်။

“ရေသံတမန်.. ချီနှစ်ဆင့် စစ်ဘုရင်အဆင့်ကို ရောက်တာ ဘယ်လောက်ကြာပြီလဲ”

ဟန်ကျောက်က စကားပြောင်းလိုက်သည်။

“ဆေးပင်တွေ ပြင်ထား။ ကျွန်တော် နောက်ထပ် အဆင့်မြင့်အဆင့် သွေးချီဆေးလုံးကို သန့်စင်နိုင်ရင် ခင်ဗျားကို အရင်ထောက်ပံ့ပေးမယ်”

ဟန်ကျောက်က ပြောသည်။

“ဘာ.. အဆင့်မြင့်အဆင့်..”

ရွှေကျင်ဖုန်း၏ လေသံက မြင့်တက်သွား၏။

သူဟာ မနေနိုင်ပဲ စိတ်လှုပ်ရှားနေမိသည်။ ထိုဆေးလုံးနှင့်သာ ဆိုပါက သူ၏ ချီသုံးဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ချေဟာ အနည်းဆုံး ၂၀%လောက် တိုးလာမှာ ဖြစ်သည်။ ထို့အပြင် ကျရှုံးလျှင်တောင် ချီနှင့်သွေးဟာ သိသိသာသာ ထိခိုက်သွားမည် မဟုတ်ပေ။

All Chapters