← Chapters

အခန်း (၂၄၁)

Vol. 17 Ch. 241

အခန်း (၂၄၁)

Vol. 17 Ch. 241

“အဲ့ဒါက ရိုးရိုးလေးပဲ မဟုတ်ဘူးလား။ ငါကြားတာတော့ အခု ဒေါသရေနဂါးဂိုဏ်းက ဂိုဏ်းသခင်ငယ် အသစ်ရဲ့ ဦးဆောင်မှုမှာတဲ့။ သူက သောက်ကလေးသာသာပဲ ရှိတယ်။ စွမ်းအားရလာတာနဲ့ ကိုယ်ဘယ်သူလဲ ဆိုတာကို မေ့သွားမှာ”

ယွီလင်က ပြုံးကာ ပြော၏။

“ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဒီတိုက်ပွဲကို နိုင်အောင် လုပ်ရမယ်”

ပုဝူရွှမ်းက ခေါင်းညှိတ်သည်။ အခြေအနေဟာ မည်သို့ပင် ဆိုစေကာမူ ဒီတိုက်ပွဲဟာ ရှောင်လွှဲလို့ မရပေ။

လူတိုင်းဟာ ကမ်းခြေတွင် ရပ်ကာ စောင့်နေကြ၏။ ခဏအကြာ၌ ကမ်းအနီးဆီသို့ အမြန်သင်္ဘောတစ်စီး ရောက်ရှိလာခဲ့သည်။ ပိန်ပါးကာ သွက်လက်သည့် ပုံရိပ်တစ်ခု ရေပေါ်သို့ နင်းလာခဲ့၏။

“ခေါင်းဆောင်”

ထိုလူက ပုဝူရွှမ်း၏ ရှေ့သို့ ပျံသန်းလာပြီး ဦးညွှတ်သည်။ သူဟာတော့ လေပြင်းဓါးပြများ၏ ပဥ္စမခေါင်းဆောင် ဝေထန်းယိဖြစ်သည်။ သူဟာ ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့် ရှိ၏။

သို့ပေမယ့် သူ၏ လင်းနို့ခန္ဓာ လှုပ်ရှားမှုအတတ်ဟာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပါသည်။

စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက် ပင်လျှင် သူ့ကို လိုက်မှီနိုင်ခြင်း မရှိပေ။

“ဒေါသရေနဂါးဂိုဏ်းရဲ့ စစ်သင်္ဘောတွေ မိုင်တစ်ရာအကွာကို ရောက်လာကြပါပြီ။ သူတို့တွေ မြန်နှုန်းအပြည့်နဲ့ မောင်းလာနေကြတယ်။ အမှောင်ဖီးနစ်ကျွန်းကို တစ်နာရီအတွင်း ရောက်လိမ့်မယ်ထင်တယ်”

“ကောင်းပြီ. နံပါတ်တစ်ရေတပ်.. သင်္ဘောပေါ်ကို တက်ပြီး တိုက်ခိုက်ဖို့ ပြင်မယ်”

ပုဝူရွှမ်းက ချက်ချင်းပင် အမိန့်ပေးသည်။

“ဟုတ်”

သူတို့၏နောက်ရှိ သိုင်းသမားများက အမိန့်ကို လက်ခံပြီးနောက် ဆိပ်ကမ်းတွင် ရပ်တန့်ထားသည့် စစ်သင်္ဘောများဆီသို့ လျှင်မြန်စွာ ပြေးသွားကြသည်။

“လူတိုင်းပဲ။ ကျွန်တော် အရင်ဆုံး သွားနှင့်ပါမယ်”

လီယွင်က လူတိုင်းကို လက်သီးနှစ်ဖက်ဆုပ်ကာ ပြောပြီးနောက် အဖွဲ့နှင့်အတူ ထွက်ခွာသွား၏။

ထို့နောက် ချက်ချင်းပင် နောက်ထပ် စစ်ဘုရင်အဆင့် ခြောက်ယောက်တို့ သူနှင့်အတူ ထွက်ခွာသွားသည်။

“အားလုံး.. အကောင်းဆုံးလုပ်ကြမယ်”

ပုဝူရွှမ်းက လေးနက်စွာ ပြောသည်။

တကယ်တော့ ဒေါသရေနဂါး သင်္ဘောကဲ့သို့ ကြီးမားလှသည့် စစ်သင်္ဘောကြီးကို ရင်ဆိုင်ရရာတွင် သူတို့ဟာ ပင်လယ်ပြင်ပေါ်၌ တိုက်ခိုက်သည်နှင့် အရေးနိမ့်မှာဖြစ်၏။

သို့ရာတွင် နှစ်ပေါင်းများစွာ စီမံလာခဲ့သည့် အမှောင်ဖီးနစ်ကျွန်းကို လက်မလျှော့ချင်ပါက အရင်ဆုံး ဒေါသရေနဂါးဂိုဏ်း၏ သိုင်းသမား တစ်စိတ်တစ်ပိုင်းကို သတ်ဖြတ်ပြီးမှ ကျွန်းပေါ်သို့ ပြန်လည်ဆုတ်ခွာပြီး မြေပြင်ပေါ်တွင် တိုက်ခိုက်နိုင်မှာ ဖြစ်သည်။

တစ်ချိန်တည်းတွင် ဒေါသရေနဂါးဂိုဏ်း၏ ရေတပ်ဟာ အမှောင်ဖီးနစ်ကျွန်း၏ ကီလိုမီတာ၅၀ အကွာသို့ ရောက်ရှိလာခဲ့သည်။ အဖွဲ့ဟာ သုံးပိုင်းပိုင်းလိုက်၏။

ဒေါသရေနဂါးသင်္ဘော တစ်စီးချင်းစီတိုင်းဟာ သွေးရေနဂါး စစ်သင်္ဘောနှစ်စီးဆီကို ခေါ်ဆောင်သွားပြီဂ အမှောင်ဖီးနစ်ကျွန်းဆီသို့ မြှောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ မောင်းနှင်သွား၏။

စစ်ဗျူဟာမားတွင် ပြောလေ့ရှိသည်။ စစ်တပ်တစ်ခုကို ဝန်းရံပါက ထွက်ပေါက်တစ်ခုကို ချန်ထားရမည် ဖြစ်၏။ အရမ်းကြီး မျှော်လင့်ချက်မဲ့အောင် ဖိသိပ်ထားလို့ မရပေ။

မြေပြင်တိုက်ပွဲတစ်ခုသာ ဖြစ်ပါက ဂိုဏ်းသား၄၀၀နှင့် ဓါးပြ၁၀၀၀ကျော်ကို ရင်ဆိုင်ရမှာ ဖြစ်သည်။ တစ်ဖက်ရန်သူ၏ ထိပ်ပိုင်း တိုက်ခိုက်မှုခွန်အား အားသာချက်တို့နှင့် ပေါင်းလိုက်ပါက သူတို့ဟာ သေချာပေါက် ရှုံးနိမ့်မှာပါ။

သို့ရာတွင် ရေပြင်တိုက်ပွဲကတော့ ခြားနားသည်။ သူတို့ဟာ တူညီသည့် ဂိုဏ်းတစ်ခုတည်းမှ လာကြ၏။ ဓါးပြတစ်ထောင်ကျော်ဟာတော့ ဓါးပြအဖွဲ့ များစွာတို့မှ လာကြသည်. အတူတူ အလုပ်လုပ်ရန် ဖြစ်နိုင်ခြင်း မရှိပါ။

ထို့အပြင် ရန်သူဟာ ဒေါသရေနဂါးဂိုဏ်းကို အမှောင်ဖီးနစ်ကျွန်း၏ အပြင်ဘက်တွင် တားဆီးရန် လိုအပ်ပါသည်။ မဟုတ်ပါက အဝေးပစ် လက်နက်များ၏ ပထမတစ်သုတ် ပစ်ခတ်မှုအောက်တွင်ပင် အမှောင်ဖီးနစ်ကျွန်းဟာ ဖရိုဖရဲ ဖြစ်ကုန်မှာ ဖြစ်သည်။

ဒီတိုက်ပွဲကို ဓါးပြများက အနိုင်ရသွားလျှင်တောင် ဒေါသရေနဂါးဂိုဏ်းဟာ ရှိနေဦးမှာ ဖြစ်သည်။ သို့ရာတွင် ဓါးပြအဖွဲ့အချို့ဟာတော့ ဆုံးရှုံးမှု အရမ်းများပါက သူတို့ဟာ အခြား ဓါးပြအဖွဲ့များကို သေချာပေါက် လုယူရမှာ ဖြစ်သည်။

ထို့ကြောင့် တောင်ဘက်ပိုင်းကို မည်သူမှ မတိုက်ခိုက်သည့်အခါ ဓါးပြများဟာ သေချာပေါက် ရောက်နှောကာ တောင်ပိုင်းသို့ သွားရောက်စောင့်ကြပ်ကြမှာ ဖြစ်သည်။

လူများ၏ နှလုံးသားတို့ ကွဲပြားသွားသောအခါ သူတို့၏ တိုက်ပွဲအပေါ် စိတ်ဆန္ဒဟာလည်း ကြီးစွာ လျော့ကျသွားမှာ သေချာ၏။ ထို့အပြင် ယွမ်ကန်းစစ်တပ်က သူတို့ကို ဒူးလေးကြီး ၄၅ခုတို့အား ငှားယမ်းပေးခဲ့၏။

၎င်းတို့ကို ထိပ်တန်း တိုက်ခိုက်ရေးအင်အား ကွာခြားချက်အား ဖြည့်တင်းရန်အတွက် သိုင်းသခင်အဆင့် အကြီးစား ကျွမ်းကျင်မှုနှင့် စစ်ဘုရင်အဆင့် သိုင်းသမားများအား ရင်ဆိုင်ရာတွင် အထူးအသုံးပြုမှာ ဖြစ်သည်။

ဒေါသရေနဂါးဂိုဏ်း ရေတပ်၏ သုံးပိုင်းခွဲမှုကို ဓါးပြကင်းထောက်များက လျှင်မြန်စွာ တွေ့ရှိသွားသည်။ ဤသည်မှာ လှည့်ကွက်တစ်ခု ဖြစ်သည်ကို သူတို့သိပေမယ့် အတွင်းပိုင်း ကွဲလွဲမှုများ ရှိနေပါသေးသည်။

မကြာခင် နှစ်ဖွဲ့ဟာ ကျွန်းပေါ်တွင် သွေးလွှမ်းသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲကြ၏။ တာဝေးပစ်နှင့် တာလတ်ပစ် ကျောက်လေးခွကြီးများနှင့် အခြား လက်နက်များ၏ တိုက်ခိုက်မှုအောက်တွင် မြောက်ဘက်၊ အရှေ့ဘက်နှင့် နောက်ဘက်ရှိ ဓါးပြများဟာ ဒေါသရေနဂါး ဂိုဏ်းသားများ၏ ဖိနှိပ်ခြင်းကို ခံရ၏။

“ဂိုဏ်းသခင်ငယ်.. မင်းရဲ့ အစီအစဉ်ကို တကယ့်ကို ကောင်းတယ်။ သုံးဘက်ကို ဝိုင်းကို တစ်ဘက်ကို ချန်ထားလိုက်တာ.. အခုလောက်ဆို ဒီဓါးပြတွေ သူတို့အချင်းချင်း တိုက်ခိုက်နေလောက်ပြီ”

မြောက်ဘက်ရှိ ဒေါသရေနဂါး သင်္ဘောပေါ်တွင် ချူအန်းဖင်က အသတ်ခံရသည့် ပင်လယ်ဓါးပြများကို ကြည့်ကာ မနေနိုင်ပြ ကျယ်လောင်စွာ ရယ်သည်။

ဒေါသရေနဂါးဂိုဏ်းသို့ သူဝင်ရောက်ခဲ့သည့် အဓိက အကြောင်းပြချက်တစ်ခု ရှိပါသည်။ ဤသည်မှာ သူ၏ မိသားစုကို ပင်လယ်ဓါးပြများက သတ်ဖြတ်ခဲ့၍ ဖြစ်၏။

ဒေါသရေနဂါးဂိုဏ်းသို့ ဝင်ရောက်ခြင်းကသာလျှင် မိသားစုအတွက် လက်စားချေရန် အခွင့်အရေး ရလာနိုင်မှာ ဖြစ်သည။ ယနေ့တိုက်ပွဲဟာ သူ့ဘဝ၏ တစ်သက်သာ မျှော်မှန်းချက်တစ်ခု ဖြစ်၏။

“ငတုံး.. သူတို့က ငါတို့ရဲ့ လက်နက်ဆံတွေကို ကုန်အောင်လုပ်နေတာပဲ”

မြေသံတမန် ယန်ရှိန်က ပြောဆို၏။

“ဖြစ်နိုင်တာက အရှင် မြေသံတမန်မှာ ပိုကောင်းတဲ့ အစီအစဉ်ရှိလို့လား”

ချူအန်းဖင်က ပြန်လည်ပြော၏။ သူဟာ ဟန်ကျောက်၏ စွမ်းအားဆုံးရှုံးမှု အခြေအနေကို သိရှိပြီး ဖြစ်ပါသည်။ သို့ရာတွင် ယနေ့တွင် လက်စားချေနိုင်သ၍ ကျန်ရှိသည့် ကိစ္စများဟာ သူချင့်ချိန်နေမည့် အရာများ မဟုတ်ပေ။

“မင်း”

ယန်ရှိန်က ဒေါသထွက်သွားသည်။

“ကောင်းပြီ။ ရန်သူက ငါတို့ရှေ့မှာ။ အစ်ကိုယန်.. မင်းကမ်းပေါ်ကိုတက်ပြီး ရန်သူကို သတ်ဖြတ်ဖို့ ပြင်ဆင်သင့်တယ်”

မုရွှမ်လင်းက အသံနိမ့်စွာ ပြောသည်။

ဤသည်မှာ ဓါးပြများကို ဝန်းရံကာ ဖိနှိပ်မှုပြုသည့် တိုက်ပွဲတစ်ခုသာ ဆိုပါက သူတို့ဟာ ဒီတိုက်ပွဲကို အနိုင်ရပြီးပြီဟု ယူဆနိုင်ပါသည်။ မြေပြင်ပေါ်သို့ သက်ဆင်းခြင်းဟာ သူတို့အတွက် အခွင့်သာခြင်း မရှိပေ။

သိ့ရာတွင် အဖွဲ့ကြီးလေးခုတို့က လူ၈၀၀ကျော်ကို သတ်ဖြတ်ပြီးမှ တိုက်ပွဲကို ရပ်ဆိုင်းနိုင်မည်ဟု တင်းကြပ်စွာ အမိန့်ပေးပြီး ဖြစ်၏။ ထို့ကြောင့် သူတို့ဟာ မြေပြင်ပေါ်သို့ သက်ဆင်းးကာ တိုက်ခိုက်မှုပြုရန် လိုအပ်ပါသည်။

ဟန်ကျောက်၏ နေရာသုံးခုကို ဝန်းရံခြင်း အစီအစဉ်ဟာ အထူး ကောင်းမွန်နေသည် မဟုတ်ပေ။ သို့ပေမယ့် ဤသည်မှာ လုပ်ဆောင်နိုင်သည့် အကောင်းဆုံး အစီအစဉ် ဖြစ်၏။

“ဝု၊ ဝု၊ ဝု..”

အမှောင်ဖီးနစ်ကျွန်း၏ ကမ်းပေါ်တွင် မြားများ၏ လေခွင်းသံဟာ အဆုံးမသတ်နိုင်အောင် ထွက်ပေါ်နေ၏။ တစ်ချိန်တည်းတွင် ဒေါသရေနဂါး ဂိုဏ်းသားများဟာ စတင် သက်ဆင်းလာကြသည်။

အလွန် ဒေါသထွက်နေသည့် ဓါးပြများဟာ နောက်ဆုံးတွင် အခွင့်အရေးကို ရှာတွေ့သွားကြသည်။

မြားအတတ်ကို လေ့ကျင့်ထားခြင်း မရှိသည့် ဓါးပြများပင်လျှင် ဒေါသရေနဂါးဂိုဏ်းမှ သိုင်းသမားများ၏ မြေပြင်ပေါ်သို့ သက်ဆင်းရန် ပြင်ဆင်နေပုံကို တွေ့ရပြီးနောက် သူတို့၏ နှလုံးသားထဲရှိ ဒေါသကို ပုံချရန် ပစ်လွှတ်လာကြသည်။

“ပစ်၊ ပစ်”

“သူတို့ကို ပစ်ကြ”

“ဘုန်း၊ ဘုန်း”

ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်နှင့် စစ်ဘုရင်အဆင့် သိုင်းသမားများက ခွန်အားကြီးမားသည့် ရန်သူများကို ခွဲထုတ်ကာ တိုက်ခိုက်ကြည်။ သူတို့၏ အစစ်အမှန်ချီနှင့် တွင်းအားကို အသုံးပြုသည့် အကြိမ်တိုင်းတွင် လေထဲ၌ ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာပါသည်။

မြောက်ဘက်ရှိ ကမ်းခြေသို့ သက်ဆင်းကြသည့် ဒေါသရေနဂါးဂိုဏ်း၏ အဖွဲ့သားများကို ပုဝူရွှမ်း၏ အဖွဲ့က တားမြစ်သည်။ ယန်ရှိန်နှင့် မုရွှမ်လင်းတို့ အတူတူ ပူးပေါင်းတိုက်ခိုက်ကြလျှင်တောင် နောက်ဆုတ်ရဆဲ ရှိ၏။

“ငါတို့တွေ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ မြန်မြန် နောက်ဆုတ်ကြမယ်”

အချက်ပေးသံ၏ မြင့်တက်သံနှင့်အတူ လူတိုင်းဟာ နောက်ဆုတ်ရန် ပြင်ဆင်ကြသည်။

“သူတို့ကို ထွက်မပြေးစေနဲ့။ သတ်ကြ”

လီယွင်က ရုတ်တရက် နဂါးပျံဓါးပြအဖွဲ့မှ လက်ရွေးစင်များကို ဦးဆောင်ကာ ပင်လယ်ရှိ အမြန်သင်္ဘောပေါ်မှ တိုက်ခိုက်၏။ ဓါးပြများ၏ အသန်မာဆုံး ပုဂ္ဂိုလ်နှစ်ယောက်တို့ဟာ မြောက်ပိုင်းတိုက်ပွဲပြင်တွင် တစ်ပြိုင်နက် ပေါ်လာကြလေသည်။

“လီယွင်ပဲ။ မကောင်းတော့ဘူး”

ယန်ရှိန်၏ မျက်နှာက ဖြူရော်သွားသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း စစ်ဘုရင်တစ်ယောက် အနေနှင့် သူဟာ လီယွင်၏အမည်ကို သိပါသည်။

“မင်းတို့အားလုံး.. နေခဲ့ကြ”

ယန်ရှိန်နှင့် မုရွှမ်းလင်တို့၏ ထွက်ပြေးတော့မည့် ပုံကို တွေ့ရပြီးနောက် လီယွင်က ခြေထောက်အောက်ရှိ သင်္ဘောကို ခြေထောက်စောင့်သည်။

အောက်ရှိ အမြန်သင်္ဘောတွင် ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်ဟာ မြောက်တက်သွားပြီး ဆယ်မီတာကျော် အကွာသို့ ပျံသန်းသွားသည်။ ရန်သူနှစ်ယောက်ကို တားဆီးလိုက်၏။

All Chapters