← Chapters

အခန်း (၂၄၂)

Vol. 17 Ch. 242

အခန်း (၂၄၂)

Vol. 17 Ch. 242

ကမ်းခြေပေါ်သို့ သက်ဆင်းသည့် တိုက်ပွဲဟာ ၁၅မိနစ်ပင် မကြာသေးပဲ ကုန်းမြေပေါ်တွင် အလောင်း၂၀၀ကျော်တို့ ကျန်ရစ်စေခဲ့သည်။ သိုင်းသမားတစ်ယောက်၏ သွေးချီဟာ သာမန်လူများထက် များစွာ သာလွန်ပါသည်။ မကြာခင် ကမ်းခြေတစ်ခုလုံးဟာ အနီရောင် သွေများဖြင့် နီရဲကုန်၏။

အလောင်းများထဲမှ တစ်ဝက်ကျော်ဟာ ဒေါသရေနဂါးဂိုဏ်းမှ သိုင်းသမားများ ဖြစ်ကြသည်။ မြောက်ပိုင်းတိုက်ပွဲပြင်ဟာ လုံးဝ ရှုံးနိမ့်ခဲ့၏။

ဒီအချိန်၌ လီယွင်နှင့် ပုဝူရွှမ်းတို့က ဓါးပြတစ်ရာကျော်ကို ဦးဆောင်ကာ ဝန်းရံထားသည့် ခွန်အားသန့်စင်ခြင်းအဆင့် ဆယ်ယောက်ကျော်တို့သာ ကျန်ရစ်ခဲ့သည်။

“ယန်ရှိန်.. မုရွှမ်းလင်.. မင်းတို့တွေ အညံ့ခံရင် ငါမင်းတို့အသက်ကို ချမ်းသာပေးမယ်”

လီယွင်က အော်လိုက်၏။ ယနေ့တိုက်ပွဲတွင် ဒေါသရေနဂါးဂိုဏ်း၏ ရှုံးနိမ့်မှုဟာ ကြိုတင်သိမြင်နိုင်သည့် ရလဒ်တစ်ခု ဖြစ်နေပြီး ဖြစ်၏။ သူတို့သာ စစ်ဘုရင်အဆင့် နှစ်ယောက်ကို နဂါးပျံဓါးပြ အဖွဲ့သို့ ဝင်ရောက်ရန် ခေါ်ယူနိုင်ပါက နောင်တွင် အပြင်ဘက်ပင်လယ်၌ ပြိုင်ဘက်ကင်းပါပြီ။

အနှေးနှင့်အပြင် ဒေါသရေနဂါးဂိုဏ်း၏ အင်အားလောက်ကို ကြီးထွားနိုင်မှာ ဖြစ်၏။

ယန်ရှိန်၏ အကြည့်က အနည်းငယ် ရှုပ်ထွေးသွားသည်။ ဒီနေရာတွင် သေဆုံးမည့်အစား အညံ့ခံလိုက်တာ ပိုကောင်း၏။ ဘာပဲဖြစ်ဖြစ် သူ၏အသက်ဟာ အရေးအကြီးဆုံး ဖြစ်သည်။

“ငါမင်းနဲ့ သူသေကိုယ်သေ တိုက်မယ်”

ချူအန်းဖင်၏ ဘယ်ဘက်လက်ထဲရှိ ဆေဘာဟာ အားနည်းစွာ ကိုင်းကျနေပြီ ဖြစ်၏။ သို့ရာတွင် သူဟာ လီယွင်နှင့် ပုဝူရွှမ်းတို့ကို ထိပ်ဆုံးမှ ပြေးဝင်တိုက်ခိုက်သည်။ ဘယ်တော့မှ အညံ့မခံဟု ကြွေးကြော်၏။

“ဦးနှောက်မရှိတဲ့ကောင်.. မင်းက သေချင်နေတာပဲ”

လီယွင်၏ ပုံစံက မဲမှောင်သွားသည်။

“ဘုန်း၊ ဘုန်း၊ ဘုန်း”

သူက နဂါးပျံလက်သည်းကို အသုံးပြုကာ အခြားလူများကို ခြောက်လှန့်ရန် သတ်ပြတော့မည့် အချိန်၌ သူ၏နောက်ရှိ ပင်လယ်မှ ကမ္ဘာပြိုမတတ် ပေါက်ကွဲမှုတစ်ခု ပေါ်လာ၏။ လူတိုင်းဟာ အသံလာရာဆီသို့ လှည့်ကြည့်ပြီးနောက် မမေ့ပျောက်နိုင်မည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ပင်လယ်ပြင်ပေါ်တွင် ဆယ်မီတာကျော်သည့် အဖြူရောင် ရေတန်းကြီး ငါးခုတို့ ပေါက်ကွဲထွက်လာ၏။ မီတာ၂၀ကျော်သည့် အနက်ရောင် ရေနဂါးတစ်ကောင်ဟာ ကောင်းကင်သို့ ထိုးတက်လာခဲ့၏။

“ဒါက… ရေနဂါးလား”

လီယွင်ဟာ ရေခဲဂူအတွင်းသို့ ကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ ဒဏ္ဍာရီလာ သတ္တဝါဟာ သူ၏ရှေ့တွင် ပေါ်လာခဲ့၏။

“ရေနဂါးက ငါတို့လားရာဆီကို လာနေတာ။ အားအနည်းဆုံး ရေနဂါးတစ်ကောင်က လူသား သိုင်းသူတော်စင်တစ်ပါးနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒီအရွယ်အစားရှိတဲ့ မှက်နက်ရောင် ရေနဂါးဆိုရင် ပိုဆိုး”

“ပြေးကြ”

ပုဝူရွှမ်းဟာ ထိတ်လန့်တကြား ဖြစ်သွားသ်။ ခုခံရန် မည်သည့် စိတ်ကူးမှပင် မရှိပေ။

“ရိုးဝါး”

လူတိုင်း၏ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပြေးလွှားသွားပုံကို တွေ့ရပြီးနောက် ရေနဂါးဟာ ကောင်းကင်သို့ ထိုးတက်သွားပြီး နားကွဲမတတ် အော်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။ လူတိုင်း၏ နားစည်များကို မနှိုင်းယှဉ်သာအောင် နာကျင်မှုတစ်ခု ခံစားရစေသည်။

သူတို့၏ ဦးနှောက်များဟာ အသံများမြည်နေပြီး ပေါက်ကွဲထွက်တော့မည်ဟု ခံစားရ၏။ အားလုံးဟာ မူးဝေကုန်ကြသည်။

“အားး”

“ငါ့ကိုလွှတ်.. သားရဲကောင်”

လူတိုင်း၏ နားထဲသို့ ထိတ်လန့်စွာ နာကျင်နေသည့် အော်သံနှစ်ခု ပေါ်လာခဲ့သည်။ လူတိုင်းဟာ သတိပြန်လည်လာချိန်၌ ရေနဂါး၏ လက်သည်းများက ပုဝူရွှမ်းနှင့် လီယွင်တို့ကို ဖမ်းဆုပ်ထားကြောင်းအား တွေ့လိုက်ရသည်။

သူတို့အားလုံး ခေါင်းမော့ကြည့်ရုံသာ တတ်နိုင်ခဲ့သည့် ကောင်းကင်ထက်ရှိ စစ်ဘုရင်နှစ်ယောက်တို့ ဖြစ်၏။

“ခရက်၊ ခရက်”

လီယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများဟာ ကြီးထွားလာပြီး သွေးနီရောင် လွှမ်းလာခဲ့သည်။ သူဟာ နဂါးပျံလက်သည်း အတတ်ကို အားကုန် လှည့်လည်လိုက်ပြီး နဂါးလက်သည်းရှိ ကြေးခွံများကို အစွမ်းကုန် ကုတ်ဖဲ့သည်။

သို့ရာတွင် မီးပွင့်များ ထွက်လာသည်မှ လွဲ၍ ၎င်း၏ အကာအကွယ်ကို လုံးဝ ချိုးဖျက်နိုင်ခြင်း မရှိပေ။ သို့ရာတွင် သူ့ကို ပဟေဋိ ဖြစ်စေသည်ကား နဂါးလက်သည်းများမှ အစစ်အမှန်ချီကဲ့သို့ အရာမျိုးကို ခံစားရခြင်း ဖြစ်သည်။

ထို့အပြင် အနီးကပ် ကြည့်ရှုရာတွင် ဒီမှင်နက်ရောင် ရေနဂါးဟာ ကြီးမားပေမယ့် အရှိန်အဝါက သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိခြင်း မရှိကြောင်းကို တွေ့လိုက်ရသည်။

နဂါးက ကြီးမား၏။ သို့ပေမယ့် အရှိန်အဝါက သိုင်းသူတော်စင်တစ်ယောက်ကဲ့သို့ လွန်ကျူးခြင်းမရှိပေ။ လက်သည်းများမှ လာသည့် ကြီးမားသည့် ခွန်အားက ကြောက်စရာကောင်းပေမယ့် သူတို့၏ အတွင်းအားအကာအကွယ်ကို ချက်ချင်း ဖျက်ဆီးသွားခြင်း မရှိပေ။

ဤသည်မှာ အရွယ်ရောင်ပြီးသည့် ရေနဂါးတစ်ကောင်သာ အမှန်ဖြစ်ပါက သူတို့ကို ခုခံရန် မည်သည့်အခွင့်အရေးမှ ရစေမည်မဟုတ်ပါ။

တစ်ဖက်ရှိ ပုဝူရွှမ်းကလည်း ဆေဘာကို မြင့်မားစွာ မြှောက်ကာ တစ်ဘဝလုံး ကျင့်ကြံခဲ့သည့် လေနတ်ဘုရား ဆေဘာအတတ်၏ ၈၁ကွက်လုံးကို အသုံးပြုသည်။ ရေနဂါးလက်သည်းများကို တိုက်ခိုက်၏။ နဂါးကြေးခွံ တစ်ခု၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

“အစ်ကိုပု.. ဒီနေရဂါးက တစ်ခုခုမှားနေတယ်”

လီယွင်က အော်၏။

“ငါလည်းတွေ့တယ်…”

ပုဝူရွှမ်းက ချက်ချင်းပင် ပြန်ကြား၏။ နှစ်ယောက်သားဟာ အတူတူ ကြိုးစားရုန်းကန်ကာ လွတ်မြောက်အောင် လုပ်တော့မည့်အချိန်၌ မှင်နက်ရောင် ရေနဂါးက လက်သည်းများကို တိမ်ထဲသို့ မြှောက်ကာ သူတို့ကို အစိမ်းရောင် ထောင်လိုက် မျက်လုံးများရှေ့သို့ သယ်ဆောင်လာကြောင်းအား တွေ့လိုက်ရသည်။

“ရိုးဝါး”

ရေနဂါးက သွေးဆာသည့် ပါးစပ်ကိုဖွင့်ကာ သူတို့နှစ်ယောက်အား အကွာအဝေး မရှိလုနီးပါးရှိသည့် နေရာမှ အော်လိုက်သည်။ ကြောက်စရာကောင်းသည့် အသံလှိုင်းတစ်ခု စိတ်ထဲတွင် ပေါက်ကွဲထွက်လာ၏။

ခန္ဓာကိုယ်ပေါ်ရှိ အတွင်းအား အကာအကွယ်နှင့် လေပြင်းဟာ တွေ့ဆုံပြီး လှိုင်းများကို တစ်ပြိုင်နက် ထုတ်လွှတ်လာခဲ့သည်။ အရပ်မျက်နှာ အားလုံးတို့ဆီသို့ လျှင်မြန်စွာ ပျံ့နှံ့သွား၏။

“အား”

“ငါ့ရဲ့ခေါင်း”

လီယွင်နှင့် ပူဝူရွှမ်းတို့၏ နားစည်များဟာ ပျက်စီးကုန်ပြီး ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျလာခဲ့သည်။ သူတို့၏ မျက်နှာများက အကျည်းတန်ကာ အလွန်နာကျင်သည့် အခြေအနေတွင် ရှိနေ၏။

တစ်ချိန်တည်းတွင် နှစ်ယောက်သားဟာ ခန္ဓာကိုယ်အတွင်းမှ အတွင်းအားနှင့် သွေးချီတို့ လျှင်မြန်စွာ ကုန်ခမ်းလာကြောင်းကိုလည်း ခံစားလိုက်ရသည်။

“ဘာဖြစ်တာလဲ”

“ရေနဂါးက ငါ့ရဲ့ အတွင်းအားကို စုပ်ယူနေတာလား။ အား..”

“ခရက်၊ ခရက်..”

အရိုးကွဲသံများဟာ ဆက်တိုက် ပေါ်လာခဲ့၏။ ဟန်ကျောက်က ပြောင်းလဲထားသည့် ရေနဂါးဟာ လက်သည်းများကို ဆုပ်လိုက်ကာ နှစ်ယောက်သားကို ကြွက်သားနှင့် အရိုးများ ပျက်စီးသည်အထိ ဖြစ်ညှစ်လိုက်သည်။ သူတို့ဟာ လုံးဝ သေဆုံးကုန်ရ၏။

“အဆုတ်သတ္တု(၁၀%)၊ အသဲသစ်သား(၁၀%)၊ ကျောက်ကပ်ရေ(၁၀%)၊ နှလုံးမီး(၁၀%)၊ သရက်ရွက်မြေ(၁၀%)၊ နဂါးသွေးအိတ်(သွေးချီ၂၁%)”

များပြားလှသည့် အတွင်းအား၊ သွေးချီနှင့် ဒြပ်စင်ငါးပါး ချီတို့ဟာ သူ၏ ခန္ဓာကိုယ်အတွင်းတွင် မြင့်တက်လာခဲ့သည်။

“အား.. ခေါင်းဆောင်လီ အသတ်ခံလိုက်ရပြီ”

“ခေါင်းဆောင်ပုလည်း သေပြီ။ ဘုရားရေ”

“ပြေးကြ”

အောက်ရှိ ဓါးပြများဟာ ရေနဂါးအော်သံမှ သတိလည်လာပြီးနောက် ဝိညာဉ်လွင့်မတတ် ကြောက်လန့်သွားကြသည်။ ဒီရေနဂါးဟာ မည်သည့်နေရာမှမသိ ထွက်ပေါ်လာပြီး သူတို့ ဓါးပြအဖွဲ့နှစ်ခုရှိ အသန်မာဆုံး စစ်ဘုရင်နှစ်ယောက်ကို သတ်ဖြတ်လိုက်လေသည်။ ထွက်မပြေးပါက သေဖို့ စောင့်စားနေရမည်လား။

“အုမ်း”

ဓါးပြများဟာ ထွက်ပြေးတော့မည့် အချိန်၌ သူတို့ဟာ ရေနဂါး၏ ပါးစပ်ကိုဖွင့်ကာ ရုတ်တရက် သူတို့ကို စုပ်ယူလာပုံအား တွေ့လိုက်ရသည်။ ၁၀မီတာကျော်သည့် ကြီးမားသည့် လှိုင်းတစ်ခုဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ချက်ချင်း မြင့်တက်လာခဲ့၏။

နဂါးတစ်ကောင်၏ ရေစုပ်သည့်နှယ် ရှိနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဆက်သွယ်ထားသည့် ရေဝဲဂယက်ကြီးတစ်ခု ပေါ်လာခဲ့သည်။ သူတို့ဘက်သို့ ရွေ့လျားလာခဲ့၏။

အားလုံးဟာ ကမ်းပေါ်သို့ ပြေးကြသည်။ သူတို့၏ မိဘများက အပိုခြေထောက်များဖြင့် မွေးပေးထားရန် မျှော်လင့်မိ၏။ သို့ရာတွင် လူသားများ၏ ခွန်အားဟာ ကောင်းကင်ဖြစ်စဉ်ကို ကျော်လွှားနိုင်ခြင်း မရှိပေ။

သူတိုဟာ ရေဝဲနှင့်အတူ ကောင်းကင်သို့ ပါသွားကြပြီး ကြီးမားသည့် ရေဖိအားက ခန္ဓာကိုယ်ပေါ်ရှိ အတွင်းအားအကာအကွယ်ကို ဖြစ်ညှစ်လာခဲ့သည်။ ပိုမို ကြောကဖို့ကောင်းသည်မှာ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားနှင့် သွေးချီတို့ဟာ လျှင်မြန်စွာ စီးထွက်သွားနေခြင်း ဖြစ်သည်။

လူတိုင်းဟာ ထိုရေနဂါး ဒီဗိုင်းစွမ်းအားအောက်တွင် အချိန်ကြာရှည်စွာ မခံနိုင်ပဲ သေဆုံးကုန်ကြ၏။ ဒေါသရေနဂါးဂိုဏ်းရှိ လူများမှာတော့ နေရာမှာတင် ရပ်နေဆဲ ရှိကာ မှင်သက်နေကြသည်။

“ဒါက ဂိုဏ်းချုပ်ဟောင်းရဲ့ ဒေါသရေနဂါး အစစ်အမှန်အတတ်- ရေနဂါးပြောင်းလဲခြင်းလား”

မုရွှမ်းလင်က အသံပြုသည်။ သူဟာ ရှန့်ကွမ်းလီထံမှ လူတစ်ယောက်ဟာ ဒေါသရေနဂါး အစစ်အမှန် အတတ်ကို အဆင့်မြင့်မားစွာ ကျင့်ကြံပြီးပါက ဒေါသရေနဂါးသွေးကို ရရှိနိုင်လျှင် သူတို့၏ သွေးတွင်းသို့ သန့်စင်နိုင်သည်ဟု ကြားဖူးပါသည်။

ထိုအခါ စိတ်ဝိညာဉ်သားးရဲ တစ်ကောင်အဖြစ် အချိန်တိုအတွင်း ပြောင်းလဲနိုင်သည့် အခွင့်အရေး ရှိသည်ဟု ဆို၏။

ရေနဂါး၏ တိုက်ခိုက်မှုများဟာ သူတို့ကို တမင် ရှောင်ကွင်းထားပုံ ပေါ်ခြင်းကြောင့် မတ်တပ်ရပ်နေပါက မည်သည်မှ မဖြစ်မှာကို အားနည်း နားလည်ကြပါသည်။ ထိုအတွက် ဖြစ်နိုင်ချေ တစ်ခုသာလျှင် ရှိ၏။

ဂိုဏ်းချုပ်ဟောင်းဟာ ရေနဂါးသွေးကို သန့်စင်ပြီးဖြစ်ကာ ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး လာရောက်ကူညီခြင်း ဖြစ်ပေလိမ့်မည်။

“ဘာ.. ဒါက ဂိုဏ်းချုပ်ဟောင်းလား”

ယန်ရှိန်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ရှန့်ကွမ်းလီဟာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သေဆုံးတော့မည် မဟုတ်ပါလား။

ရေနဂါး၏ နတ်ဘုရားစွမ်းအားအလား ကြောက်ဖို့ကောင်းပုံကို ကြည့်ကာ ဒီအတောအတွင်းရှိ သူ၏ လုပ်ဆောင်ချ်များကို စဉ်းစားမိပြီး ချက်ချင်းပင် ခြေထောက်များ ပျော့ခွေသွားသည်။

‘ချန်လော့ရှန်.. မင်းက အသေဆိုးနဲ့ သေရမှာ.. ငါ့ကိုများ လိမ်ရဲတယ်’

All Chapters