← Chapters

အခန်း (၂၄၄)

Vol. 17 Ch. 244

အခန်း (၂၄၄)

Vol. 17 Ch. 244

ကောင်းကင်ထောက်တိုင်တောင်ပေါ်ရှိ မိုးကြိုးရေနဂါးမှ ယူဆောင်လာသည့် အကြောက်တရားဟာ သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ခိုအောင်းနေပါသည်။ ယခုအချိန်၌ ၎င်းကို တွေးမိလိုက်သည်နှင့် စိတ်ဒဏ်ရာတစ်ခုအဖြစ် အမြစ်တွယ်နေပြီး ဖြစ်၏။

မှင်နက်ရောင် ရေနဂါးကို အနီးကပ် တွေ့လိုက်ရရာ သူမဟာ ထွက်သာ ထွက်ပြေးလိုက်ချင်မိသည်။

“ရေနဂါးက ဘယ်လိုလုပ်ပြီး ဘယ်ကမှန်းမသိ ပေါ်လာတာလဲ”

ဟယ်ရွှမ်လည်း မယုံကြည်နိုင်စွာ ခံစားရသည်။

လနှစ်စင်းးမြို့နှင့် ယွမ်ကန်းကောင်တီတို့ဟာ တိမ်စီရင်စု၌ ထိပ်တန်းဆယ်ခုတွင် ပါဝင်သည့် မြို့ကြီးများ ဖြစ်ကြသည်။ ထို့အပြင် လနှစ်စင်းမြို့၏ ခွန်အားဟာ တိမ်စီရင်စုမြို့တော်၏ ခွန်အားနောက် ဒုတိယ လိုက်၏။

၎င်းဟာ အဆင့်နှစ်ချိတ်သည်။

မိုးကြိုးရေနဂါးကို ရှင်းလင်းရန်အတွက်က လနှစ်စင်းကောင်တီရှိ ဒေသခံ သိုင်းသူတော်စင် ဆယ်ယောက်ကျော်တို့ဟာ ယွမ်ကန်းကောင်တီရှိ သိုင်းသူတော်စင် ခုနစ်ယောက်၊ ရှစ်ယောက်တို့နှင့် ပူးပေါင်းခဲ့ကြသည်။

ထို့အပြင် အုပ်စိုးသူ မိသားစုများမှ မြွေအဆင့် ကျွမ်းကျင်သူများလည်း ပါဝင်ကာ အတူတူ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြ၏။

နောက်ဆုံးတွင် လူတစ်ဝက်လောက် သေဆုံးခဲ့ကြပြီး အခြားလူများ အားလုံးဟာလည်း ဒဏ်ရာများ ရကုန်ကြသည်။ ထိုသို့ဆိုလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားသည့် မိုးကြိုးရေနဂါးဟာ ဝန်းရံမှုကို ချိုးဖျက်သွားဆဲ ရှိသည်။

မှင်နက်ရောင် ရေနဂါး၏ ခွန်အားဟာ မိုးကြိုးရေနဂါးထက် နိမ့်ကျပေမယ့် ယခုနေရာဟာ ပင်လယ်ပြင်ပေါ်မှာ ဖြစ်သည်။ ရေဒြပ်စင်ဖြစ်သည့် မှင်နက်ရောင် ရေနဂါး၏ ပျော်စံရာဖြစ်၏။

ထို့ကြောင့် ထုတ်လွှတ်နိုင်သည့် ခွန်အားဟာ မိုးကြိုးရေနဂါးထက် နိမ့်ကျမည် မဟုတ်ပါ။ ရေနဂါးတစ်ကောင်၏ ပေါ်လာမှုဟာ ပိုင်ရှင်မဲ့ ဒီဗိုင်းလက်နက်တစ်ခုကဲ့သို့ ရှိ၏။ သိုင်းသမားများနှင့် အုပ်စိုးသူ မိသားစုများကို ရူးသွပ်စေပါသည်။

သုံးယောက်သားက ထွက်ပြေးရမည်လားဟု စဉ်းစားနေစဉ် ရေနဂါးဟာ ကမ်းပေါ်ရှိ လူနှစ်ယောက်တို့ကို ဖမ်းဆုပ်ကာ ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။

“အဲ့ဒါက အနက်ရောင်ဇယားက စတုတ္ထအဆင့် လေနတ်ဘုရားဆေဘာ ပုဝူရွှမ်းနဲ့ ပဥ္စမအဆင့် နဂါးပျံလက် လီယွင်တို့ပဲ”

စွမ်းအားကြီးမားသည့် ချီငါးဆင့် စစ်ဘုရင်တစ်ယောက်၏ အကြည့်အားနှင့် ဟယ်ရွှမ်ဟာ ရေနဂါးက ဖမ်းဆုပ်လိုက်သည့် လူနှစ်ယောက်တို့ကို ကောင်းကောင်း မှတ်မိပါသည်။

နှစ်ယောက်လုံးဟာ ဓါးပြများအကြားတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး အနက်ရောင်အဆင့် ဝင်သူများ ဖြစ်ကြ၏။

သူတို့ဟာ ရေနဂါး၏ အလွယ်တကူ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ကလေးငယ်များကဲ့သို့ ခုခံနိုင်စွမ်း လုံးဝမရှိပေ။

“ရိုးဝါး”

နောက်ထပ် နဂါးဟိန်းသံတစ်ခု ပေါ်လာ၏။ ဒီတစ်ကြိမ်တွင် သုံးယောက်သားဟာ ပြင်ဆင်ပြီး ဖြစ်ကြသည်။ လေထဲတွင် လှိုင်းများ ပေါ်လာချိန်၌ အားလုံးဟာ အစစ်အမှန်ချီ(သို့) ချည်နှောင်အားတို့ကို အသုံးပြုကာ ခုခံကြ၏။

နဂါးဟိန်းသံ ရပ်ဆဲသွားပြီးနောက် လောကကြီးအား ဆက်သွယ်နေသည့် ရေဝဲဂယက်တစ်ခု ပေါ်လာခဲ့သည်။

“ရေနဂါးက အရှေ့ဘက်ကို ထွက်သွားတာပဲ”

“ဟူး.. မဟုတ်ဘူး”

သုံးယောက်သားဟာ ရေနဂါး၏ အရှေ့ဘက်သို့ ပျံသန်းသွားပုံကို တွေ့ရပြီးနောက် စိတ်သက်သာရာ ရသွားသည်။ ဓါးပြအုပ်ကို သယ်ဆောင်ထားသည့် ကြီးမားသည့် ရေဆင်နှာမောင်းကြီးဟာ ချက်ချင်း ပျောက်ပျက်သွားခြင်း မရှိပါ။

အဲ့ဒီအစား ပင်လယ်ပြင်ပေါ်တွင် မြင့်မားသည့် အမြန်နှုန်းနှင့် ရွေ့လျားနေပြီး သူတို့၏ ဇိမ်ခံသင်္ဘောအား ဖြတ်သန်းသွား၏။

“ဘုန်း”

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဇိမ်ခံသင်္ဘောကို ရေဝဲဂယက်က လျှင်မြန်စွာ ဝါးမြိုသွားသည်။ မြင့်မားသည့် ဖိအားအောက်တွင် ၎င်းဟာ သစ်သားစများအဖြစ် ချက်ချင်းပင် ကွဲကြေသွားသည်။

သုံးယောက်သားဟာ ကြိုတင်ရှောင်ထွက်သွားပြီး ထိတ်လန့်စွာဖြင့် ပင်လယ်ပေါ်တွင် ရပ်နေကြသည်။ သူတို့ဟာ အမြင်မှားသည်လား မသိပေ။ သို့ပေမယ့် မှင်နက်ရောင် ရေနဂါးဟာ အဝေးသို့ ပျံသန်းသွားခြင်း မပြုခင်တွင် အစိမ်းရောင် မျက်လုံးများဖြင့် သူတို့ကို လှောင်ပြောင်စွာ ကြည့်သွားသည်ဟု သတိထားမိ၏။

“အခု ငါတို့တွေ ဘာလုပ်ကြမလဲ။ ဓမ္မ ယစ်ပူဇော်မှုအတွက် ဆက်ပြီး ပြင်သင့်လား”

ရှိနေသည့်အထဲတွင် အသန်မာဆုံး ဖြစ်စ်သည့် ရွှယ်ဟန်ဟာ ဝိညာဉ်လွင့်မတတ် ကြောက်သွားပြီး မေးသည်။

“ကမ်းခြေပေါ်မှာ အသက်ရှင်နေတဲ့ ဒေါသရေနဂါးဂိုဏ်းသားတွေ ရှိသေးတယ်။ အရင်ဆုံး သွားပြီး မေးကြည့်ရအောင်”

ကောင်းပိုင်ကျယ်က မိုင်ပေါင်းအနည်းငယ် ဝေးကွာသည့် ကမ်းခြေသို့ ကြည့်သည်။ သူဟာ လက်ဗလာဖြင့် ပြန်လိုခြင်း မရှိပါ။

ဟယ်ရွှမ်က ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု လုပ်၏။ သုံးယောက်သားဟာ ကမ်းခြေဆီသို့ လျှင်မြန်စွာ ရွေ့လျားသွားကြသည်။

“မုရွှမ်းလင်.. ယန်ရှိန်.. ခုနက ဘာဖြစ်ခ့တာလဲ။ ရေနဂါးတစ်ကောင် ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာတာလဲ”

ကောင်းပိုင်ကျယ်က မဲမှောင်သော မျက်နှာနှင့် မေး၏။ သူဟာ အထက်စီးဆန်သော အသွင်နှင့် ရှိနေဆဲ ဖြစ်သည်။ ခုနက ကြောက်ရွံ့မှုဟာ မြင့်မားထည်ဝါသည့် ရေနဂါးကိုသာ ဖြစ်၏။

“အဲ့ဒါက ငါတို့ရဲ့ ခေါင်းဆောင်ဟောင်းပဲ”

မုရွှမ်းလင်နှင့် ယန်ရှိန်တို့က ဖြေကြားခြင်း မပြုခင်တွင် ဒေါသရေနဂါးဂိုဏ်း၏ အဖွဲ့သားတစ်ယောက်က ဂုဏ်ယူစွာ ပြောသည်။

“ဘာ.. ရှန့်ကွမ်းလီလား”

“ရှန့်ကွမ်းလီက ဒဏ်ရာအပြင်းအထန်ရပြီး သေတော့မှာမလား..”

ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ဟာ အံ့ဩသွားကြသည်။

“ရဲတင်းလိုက်တာ။ ငါတို့ ဂိုဏ်းချုပ်ဟောင်းကို ဘယ်လိုလုပ်ပြီး နာမည်ခေါ်ရဲတာလဲ”

ချူအန်းဖင်က ကျယ်လောင်စွာ ပြောဆို၏။ အခြား ဂိုဏ်းသားများလည်း သဘောတူစွာ သံယောင်လိုက်ကြသည်။

ဒီအချိန်အတွင်းတွင် သူတို့ဟာ အဖွဲ့လေးခုကို ဒေါသထွက်နေပြီး ဖြစ်၏။ ယခုအချိန်၌ ဂိုဏ်းချုပ်ဟောင်း ပြန်ပေါ်လာရာ နောက်ဆုံးတွင် ဒီလူများကို ဒီပင်လယ်၏ သခင်ဟာ မည်သူဖြစ်သနည်းဟု ပြသနိုင်ပါပြီ။

“မင်း”

သိုင်းသခင်လေး တစ်ယောက်က သူ့ကို အော်ဟစ်ရဲခြင်းအား တွေ့ရပြီးနောက် ကောင်းပိုင်ကျယ်ဟာ ချက်ချင်းပင် ဒေါသထွက်သွားသည်။

သူ၏ မျက်လုံးများထဲ၌ လူသတ်ငွေ့တို့ ဖြတ်သန်းသွားပြီး ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့အသက်တို့ မြင့်တက်လာခဲ့သည်။

သို့ရာတွင် သူ၏ အငွေ့အသက်တို့ အကန့်အသတ်သို့ ရောက်ရှိပြီးနောက် အချိန်အတော် ကြာသည့်တိုင်အောင် တိုက်ခိုက်မှု မပြုခဲ့ပါ။

ချူအန်းဖင်ဟာ ဘာမဟုတ်သည့် လူလေးတစ်ယောက် ဖြစ်ရာ သူ့အနေနှင့် မှတ်မိခြင်း မရှိပေ။ သို့ပေမယ့် တစ်ဖက်လူ ဝတ်ဆင်ထားသည့် ဝတ်စုံဟာ ဒေါသရေနဂါးဂိုဏ်း၏ ခန်းမသခင်နှင့် လက်ထောက်ခန််းမသခင်တို့ ဝတ်ဆင်ကြသည့် သွေးရေနဂါး ယူနီဖောင်းဖြစ်၏။

ရှန့်ကွမ်းယွင်ဖေး ဒီနေရာတွင် ရှိနေလျှင်တောင် သိုင်းသခင်တစ်ယောက်က သူ့ကို ပြောဆိုရဲပါက တစ်ဖက်လူကို တန်ကြေးတစ်ခု ပေးရအောင် လုပ်မှာပါ။ သို့ရာတွင် သိုင်းသူတော်စင်ဟောင်းကြီး တစ်ယောက်ဖြစ်သည့် ရှန့်ကွမ်းလီကတော့ ခြားနားသည်။

အထူးသဖြင့် တစ်ဖက်လူဟာ ရေနဂါးသွေးကို ရရှိပြီး ဒဏ်ရာအပြင်းအထန် ရသွားသည်ဟု ကြားထားခဲ့၏။

ယခုအချိန်၌ ရုတ်တရက် ပေါ်လာခြင်းမှာ မိုးကြိုးရေနဂါး သွေးကို သန့်စင်ပြီး ဖြစ်ပေလိမ့်မည်။

သူ၏ ခွန်အားဟာ နောက်ထပ်တစ်ဆင့်သို့ မြင့်တက်သွားမှာ ဖြစ်၏။ ပြီးခဲ့တုန်းက ဒေါသရေနဂါးဂိုဏ်းတွင် သူတို့လုပ်ခဲ့သည့် အရာများကို တွေးမိပြီးနောက် သူတို့တွင် နောက်ခံများ ရှိလျှင်တောင် ဒေါသရေနဂါးဂိုဏ်း၏ အထက်ပိုင်းပုဂ္ဂိုလ် တစ်ယောက်ကို သတ်ဖြတ်ခြင်းက ရှန့်ကွမ်းလီ၏ မျက်နှာကို ဖြတ်ရိုက်ခြင်းနှင့် တူညီမှာပါ။

သိုင်းသူတော်စင် တစ်ယောက်၏ မုန်းတီးခြင်းကို ခံရတာ ကိစ္စကောင်းမဟုတ်ပေ။

“လူတိုင်းပဲ.. စိတ်အေးအေးထားကြပါ။ ငါတို့ စိတ်လှုပ်ရှားနေတုန်း ရှိသေးလို့ ပြောမိတာ။ စီနီယာရှန့်ကွမ်းကိုတော့ အရမ်းလေးစားပါတယ်”

လူအုပ်၏ ဒေါသကို ရင်ဆိုင်ရချိန်၌ ဟယ်ရွမ်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ အမြန်ရှင်းပြသည်။

သန်မာသည့်လူက အားနည်းသူကို သာားကောင်လိုမြင်သည့် ဒီလောကကြီးတွင် မောက်မာခြင်းနှင့် အောက်ကျို့ခြင်းတို့ ပြုရသည်မှာ ရှက်စရာမရှိပေ။ သူဟာ အသားကျနေပြီး ဖြစ်၏။

“ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ ဒီဗိုင်းအတတ်ကို အကြီးစားကျွမ်းကျင်မှုအဆင့်အထိ အောင်မြင်မှုရထားပြီး ပြိုင်ဘက်ကင်းတယ်”

ဒေါသရေနဂါး ဂိုဏ်းသားများက ထိုစကားကို ကြားရပြီးနောက် ကျယ်လောင်စွာ အောင်ပွဲခံကြ၏။ ဒီအချိန်၌ သူတို့ဟာ အလွန်ဝမ်းသာနေပြီး ဒေါသရေနဂါးဂိုဏ်းအပေါ် ပိုမိုကာ ခင်တွယ်သည့် ခံစားချက်အား ခံစားလာရသည်။

“အစ်ကိုတို့.. အစ်ကိုမု၊ အစ်ကိုယန်.. ခုနက တကယ်ပဲ ရှန့်ကွမ်းစီနီယာဟောင်းလား မသိဘူး..။ သူတကယ်ပဲ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတာလား”

ကောင်းပိုင်ကျယ်က သူ၏ စကားလုံးများကို ထိန်းသိမ်းကာ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး မေးသည်။

“ငါလည်း မသေချာဘူး။ ဒါပေမယ့် ခုနက ရေနဂါး ပေါ်လာပြီးနောက်မှာ ငါတို့ကို ကူညီပေးခဲ့တာတော့ အမှန်ပဲ။ အဲ့ဒီအပြင် ဝန်းရံထားတဲ့ ဓါးပြအားလုံးကိုလည်း သတ်ဖြတ်ခဲ့တယ်။ ငါတို့တွေကတော့ ဘာထိခိုက်မှုမှ မရှိဘူး။ ရေနဂါးအသွင်ပြောင်းခြင်းကို တတ်မြောက်ထားတဲ့ ဒေါသရေနဂါး အစစ်အမှန်အတတ် အကြီးစားကျွမ်းကျင်မှုအဆင့်က ဂိုဏ်းချုပ်ဟောင်းကလွဲပြီး အခြားဖြစ်နိုင်ချေကို စဉ်းစားလို့မရဘူး”

မုရွှမ်းလင်က စဉ်းစားကာ ပြောသည်။

“ဒီလို ဒီဗိုင်းကြီးမြတ်မှုမျိုးနဲ့.. ဂိုဏ်းချုပ်ဟောင်းပဲ ဖြစ်မယ်ဆိုတာ လုံးဝသေချာတယ်”

ယန်ရှိန်၏ လေသံက ခိုင်မာကာ ပြတ်သားသည်။

ဤသည်မှာ သူ၏ သစ္စာရှိမှုကို ပြသရမည့် အချိန်ဖြစ်၏။ ဘယ်လိုလုပ်ပြီး ဒီအပြင်လူများကို မောက်မာခံမည်လဲ။

“တိမ်စီရင်စုတော့ ပြောင်းလဲတော့မယ် ထင်တယ်”

ဟယ်ရွှမ်က မှင်နက်ရောင် ရေနဂါး၏ လားရာဆီသို့ ကြည့်ကာ မှင်သက်သွား၏။

ရေနဂါး သွေးမျိုးဆက်ကို သန့်စင်ခဲ့သည့် ပထမမျိုးဆက် သိုင်းသူတော်စင်တစ်ယောက်ဟာ အထွတ်အထိပ်အခြေအနေ၌ ရှိနေသေးသည်။ ဤသည်မှာ စိတ်ဝိညာဉ်သားရဲ အုပ်စိုးသူ မိသားစုသစ်တစ်ခု လျှင်မြန်စွာ မြင့်တက်လာတော့မည့် လက္ခဏာဖြစ်၏။

“ရိုးဝါး”

“အုန်း”

All Chapters