← Chapters

အခန်း (၂၄၆)

Vol. 17 Ch. 246

အခန်း (၂၄၆)

Vol. 17 Ch. 246

“အသက်၂၃နှစ်တွင် ဒေါသရေနဂါးဂိုဏ်းနှင့် ဓါးပြအဖွဲ့များဟာ အမှောင်ဖီးနစ်ကျွန်းပေါ်တွင် တိုက်ခိုက်ကြသည်။ သင်သည် မှင်နက်ရောင် ရေနဂါးအဖြစ် ပြောင်းလဲကာ လူတိုင်းကို သတ်ဖြတ်ခဲ့၏”

“အဖွဲ့အစည်း အားလုံးတို့က ရှန့်ကွမ်းလီ၏ မိုးကြိုးရေနဂါးသွေးအား သန့်စင်မှု အောင်မြင်ကာ ပြန်လာခဲ့သည်ဟု ထင်ကြသည်။ ထို့ကြောင့် စတင် မေးမြန်းစုံစမ်းလာကြ၏”

“ခဏတာအတွင်း ဒေါသရေနဂါးဂိုဏ်း၏ ဂုဏ်သတင်းဟာ မရောက်စဖူး အမြင့်သို့ ရောက်ရှိသွား၏”

“သင်သည် သင်၏ ဆေးသန့်စင်မှု အဆင့်ကို တမင်ဖော်ပြလိုက်၏။ ရှန့်ကွမ်းယွင်ဖေးက သင့်ကို နဂါးသွေးဆေးလုံး၏ ဖော်မြူလာအား ပေးကာ သတိလစ်နေသည့် ရှန့်ကွမ်းလီဆီသို့ ခေါ်သွားသည်”

“နဂါးသွေဆေးလုံးကို သန့်စင်နိုင်သည်နှင့် သူဟာ ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးနဂါးသွေးကို သင်နှင့် ညီမျှစွာ ခွဲဝေပေးမည်ဟု ဆို၏”

“သင်လည်း လှိုက်လဲစွာ သဘောတူခဲ့သည်။ ထို့နောက် ရှန့်ကွမ်းယွင်ဖေးကို အနောက်မှ အလစ်အငိုက် တိုက်ခိုက်ကာ ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ကို အသုံးပြုပြီး ခြောက်သွေ့အောင် စုပ်ယူလိုက်၏”

“သို့ရာတွင် သင်နှင့် ရှန့်ကွမ်းလီတို့၏ အဆင့်မှာတော့ အလွန် ကွာခြားလှပါသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးရေနဂါး သွေးမျိုးဆက်စွမ်းအားကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ကို အသုံးပြုရာတွင် ကျရှုံးခဲ့၏”

“ထို့ကြောင့် သင်သည် နဂါးသွေးဆေးလုံးကို စတင်သန့်စင်ကာ ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးသွေးကို အသုတ်လိုက် စုပ်ယူကာ နဂါးသွေးဆေးလုံးနှင့် စတင်ရန်သာ တတ်နိုင်သည်”

“ငါးရက်ကြာပြီးနောက် ချီရွှမ်းမင်ဟာ ဒေါသရေနဂါးဂိုဏ်းသို့ အပြေး ရောက်လာခဲ့သည်။ သင်တို့ဟာ တစ်ညလုံး လျှို့ဝှက်သည့် ဆွေးနွေးမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး သဘောတူညီမှုတစ်ခု ရလာခဲ့၏”

“သင်သည် စိတ်ဝိညာဉ်စောင့်ရှောက်သူ အဖွဲ့အား တရားဝင် ဝင်ရောက်ကာ ချီရွှမ်းမင်နှင့် အဆင့်တူသည့် ငွေအစောင့်တစ်ဦး ဖြစ်လာခဲ့သည်။ ချီယွင်ထန်နှင့် ချီချင်းချန်တို့၏ မျိုးဆက်ရှိ ချီမိသားစုဝင်များ၏ အကာအကွယ်ကို ရရှိ၏”

“မပြန်ခင်တွင် ချီရွှမ်းမင်က သင့်ကို အလွန် အနုစိပ်သည့် ဆေဘာအတတ် လျှို့ဝှက်ကျမ်းတစ်ခုအား ပေးခဲ့သည်။ သင့်ကို ကြိုးစားလေ့ကျင့်စေလို၏”

“ထိုဆေဘာအတတ်ဟာ ကောင်းကင်သူတော်စင် ဂိုဏ်း၏ ကျမ်းသုံးကျမ်းထဲရှိ တစ်ကျမ်းဖြစ်သည့် ကောင်းကင်ဆေဘာ သတ်ဖြတ်ခြင်းဒီဗိုင်းကျမ်းမှ လာ၏။ ဤသည်မှာ နတ်ဘုရားသတ်ဖြတ်ခြင်း သုံးကွက်မှ ပထမအကွက် ဖြစ်သည်”

“ထိုဆေဘာအတတ်ဟာ နားလည်သဘောပေါက်မှု အပေါ်တွင် သန့်စင်စွာ မှီခိုနေရာ သူက သင့်ကို အတင်းသင်ယူခိုင်းခြင်း မပြုပါ”

“လဝက်ကြာပြီးနောက် ကျုကန်ရီ၏ အချိန်အတော်ကြာအောင် ပျောက်ဆုံးနေမှုကြောင့် ငရဲကိုးခုစံအိမ်ဟာ သံသယဖြစ်လာပြီး သွေးကြောကိုးခု အဆင့်ရှိ နတ်ဆိုးတစ်ကောင်အား ဒေါသရေနဂါးဂိုဏ်းသို့ စေလွှတ်ကာ စစ်ဆေးခိုင်းလိုက်သည်”

“သင်သည် မည်သည့်စကားမှ မဆိုပဲ တစ်ဖက်လူနှင့် တိုက်ခိုက်ခဲ့၏”

“အရေးကြီးသည့် အခြေအနေတွင် ချီရွှမ်းမင် ပေါ်လာပြီး သင်နှင့်ပူးပေါင်းကာ တစ်ဖက်လူကို တွန်းလှန်ခဲ့သည်”

“တစ်လကြာပြီးနောက် နေခွင်းမြား ဒီဗိုင်းလက်နက်ဟာ ပေါ်လာ၏”

“အဖွဲ့လေးခုတို့၏ နောက်ရှိ သိုင်းသူတော်စင်များဟာ တိုက်ပွဲဖြစ်ပွားကြပြီး နောက်ဆုံးတွင် အားလုံး ဒဏ်ရာရရှိကာ ဒီဗိုင်းလက်နက်ဟာ အပိုင်းပိုင်း ကွဲသွားခဲ့သည်”

“အသက်၂၄နှစ်တွင် သင်သည် နဂါးသွေးဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်”

“သင်သည် ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးသွေး တစ်စိတ်တစ်ပိုင်းကို သန့်စင်ဟာ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်”

“အသက်၂၅နှစ်တွင် သင်သည် ကောင်းကင်ဆေဘာ သတ်ဖြတ်ခြင်း ဒီဗိုင်းကျမ်း၏ ပထမဆုံးအကွက်ဖြစ်သည့် ငရဲဓါးကွက်ကို နားလည်သဘောပေါက်ခဲ့သည်။ သင်၏ ခန္ဓာကိုယ်ဟာ နဂါးသွေးများစွာကို ခံနိုင်ရည်မရှိသဖြင့် သင်ဟာ နဂါးသွေးဆေးလုံး သန့်စင်ခြင်းကို ရပ်တန့်လိုက်သည်”

“ချီမိသားစု၏ တောင်းဆိုမှုနှင့် သင်သည် အဆင့်ပြဇယားသို့ အမြန်တက်လှမ်းကာ အချိန်တိုအတွင်းတွင် ချီလင်အဆင့် ထိပ်တန်း၁၀၀သို့ ဝင်ရောက်ခဲ့၏”

“တူညီသည့် နှစ်တွင်ပင် သင်နှင့် လုယင်ရွှမ်းတို့သည် စီရင်စုမြို့တော် စမ်းသပ်ပွဲတွင် ပါဝင်ဆင်နွှဲကာ တတိယနေရာကို တစ်ခါတည်း ရရှိခဲ့သည်။ သူမဟာ ဖန်တီးခြင်းဆေးလုံးနှင့် ပြီးပြည့်စုံသည့် အဆင့်နိမ့်အဆင့် အတုအယောင် ဒီဗိုင်းလက်နက်တစ်ခုကို ရရှိခဲ့သည်”

“ထိုအဆင့်တွင် သင်၏ ဂုဏ်သတင်းဟာ ကျယ်ပြန့်စွာ ပြန့်နှံ့သွားပြီ ဖြစ်၏”

“အသက်၂၆နှစ်တွင် သင်သည် ချီသုံးဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့ပြီး ဆေးပညာမှာလည်း အဆင့်မြင့်အဆင့်သို့ ရောက်ရှိခဲ့သည်။ သင်၏ အမည်ဟာ ဝေနိုင်ငံကို လှုပ်ခါသွား၏”

“ငရဲကိုးခု စံအိမ်နှင့် သက်ရှည်ဂိုဏ်းတို့ဟာ ခြိမ်းခြောက်မှုကို ခံစားလာရသည။ သင်တာဝန်တစ်ခုကို တစ်ယောက်တည်း လုပ်ဆောင်နေသည့် အချိန်၌ သူတို့က ပထမအဆင့် မြွေအဆင့် နတ်ဆိုးတစ်ကောင်နှင့် ချီငါးဆင့် စစ်ဘုရင်တစ်ယောက်တို့ကို စေလွှတ်ကာ သင့်ကို သတ်ခိုင်းလိုက်သည်”

“အရေးကြီးသည့် သေခြင်းရှင်ခြင်း အခြေအနေတွင် သင်သည် ငရဲဓါးကွက်၏ အနှစ်သာရကို နားလည်သဘောပေါက်မှု ရသွားသည်။ အစစ်အမှန်ချီနှင့် အတွင်းအား အားလုံးတို့ကို ပေါင်းစပ်ကာ ထိုဓါးချက်တစ်ချက်နှင့် ရန်သူနှစ်ယောက်လုံးကို သတ်ဖြတ်ခဲ့သည်”

“သို့ရာတွင် သင်၏ ခန်အားအားလုံးတို့ ခမ်းခြောက်ကာ ဆေဘာချီကို ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် ဆေဘာအတတ်၏ တန်ပြန်ထိခိုက်မှုကို ခံရကာ သေဆုံးခဲ့သည”

“ချီသုံးဆင့် စစ်ဘုရင်အဆင့်နဲ့ မြွေအဆင့်တစ်ယောက်နဲ့ ချီငါးဆင့် စစ်ဘုရင်တစ်ယောက်ကို တစ်ချက်တည်း သတ်လိုက်တာလား”

ဟန်ကျေက်၏ မျက်လုံးများက ပြူးကျယ်သွားသ်ည။ ကောင်းကင်သူတော်စင်ဂိုဏ်း၏ အစွန်းရောက် ဒီဗိုင်းအတတ်များဟာ အမှန်တကယ်ကို ပုံမှန်မဟုတ်ပေ။ တကယ်တော့ ကောင်းကင်ဆေဘာ သတ်ဖြတ်ခြင်း ဒီဗိုင်းကျမ်းတွင် နောက်ထပ်နှစ်ကွက် ရှိပါသေးသည်။

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီအား ရရှိသည်(မရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိသည်”

“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၁၈၀၀လျန်”

ဟန်ကျောက်ဟာ ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“နံပါတ်၃ကို ရွေးတယ်”

ရွေးချယ်မှု အဆုံးတွင် ဟန်ကျောက်၏ ရှေ့၌ ဇာတ်ကားတစ်ခုကဲ့သို့ ပုံရိပ်များ ပေါ်လာ၏။ မကြာခင် ရှန့်ကွမ်းယွင်ဖေးနှင့် စကားပြောသည့် အခန်းသို့ ရောက်ရှိသွားသည်။

သူ၏ စိတ်ခွန်အားကို ထိန်းသိမ်းထားနိုင်ရန် သေသေချာချာ စူးစမ်းခြင်း မပြုသေးပါ။ နဂါးသွေးဆေးလုံးကို သန့်စင်ရမည့် နည်းလမ်းကိုသာ မှတ်သားထား၏။

ထို့နောက် နဂါးသွေးဆေးလုံးအား သန့်စင်သည့် နေရာသို့ ရောက်ရှိသွားသ်ည။ များပြားလှသည့် ဆေးသန့်စင်ခြင်း မှတ်ဉာဏ်များဟာ သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ တံဆိပ်ခတ်လာ၏။

မြင်ကွင်းဟာ လျှင်မြန်စွာ ဆက်လက်ရွေ့လျားနေပြီး သူနှင့် မြွေအဆင့်နတ်ဆိုးနှင့် ချီငါးဆင့် စစ်ဘုရင်တို့၏ တိုက်ပွဲတွင် ရပ်တန့်သွားသည်။ ရန်သူနှစ်ယောက်၏ ဝန်းရံတိုက်ခိုက်မှုအောက်တွင် သင်သည် လျှင်မြန်စွာ အရေးနိမ့်လာခဲ့သည်။

ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး၌ ထူးဆန်းသည့် ခံစားချက်တစ်ခု ပျံ့နှံ့လာ၏။ ဟန်ကျောက်ဟာ လက်ထဲတွင် သွေးနီရောင် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ကိုင်လိုက်သည်။ လူတစ်ကိုယ်လုံးဟာ လက်ထဲရှိ ဆေဘာနှင့် ပေါင်းစပ်သွားပုံ ပေါ်၏။

ဓါးတစ်ချက်နှင့် သူဟာ ငရဲဓါးချက်၏ အကြီးစား ကျွမ်းကျင်မှုတို့ ရောက်ရှိနေလေသည်။ ရှေ့ရှိ မြင်ကွင်းဟာ ပြောင်းလဲသွား၏။

လောကကြီးဟာ အနီနှင့် အနက်ရောင်တို့ဖြင့် ပြည့်နှက်နေပါသည်။ သူဟာ ငရဲအတွင်းသို့ ကျဆင်းသွားသကဲ့သို့ ရှိပြီး အမြင်၊ အကြား၊ အနံ့၊ အထိနှင့် အရသာတို့ ပျောက်ဆုံးသွားသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ မကောင်းမှုစွမ်းအားတို့ဟာ ဆေဘာပေါ်၌ ပေါင်းစပ်လာသည့် ပုံပါ။ သူဟာ ဆေဘာများ၏ တောင်တစ်ခုအတွင်းသို့ ကျရောက်သွားသည့်နှယ် ရှိပြီး ဓါးတစ်ချောက်ကို ခုတ်ပိုင်းလိုက်သည်။

ရှေ့ရှိ မြွေအဆင့် နတ်ဆိုးနှင့် ချီငါးဆင့် စစ်ဘုရင်တို့ဟာ သေဆုံးကုန်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် မည်သည့်ဒဏ်ရာမှ ရှိမနေပါ။

ထို့နောက် ချက်ချင်းပင် အထိန်းအချုပ် ကင်းမဲ့သည့် ဆေဘာချီဟာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။

“အား” ဟန်ကျောက်ဟာ အော်ဟစ်ရင်းက မှတ်ဉာဏ်ရှိ မြင်ကွင်းများအတွင်းမှ နိုးထလာခဲ့သည််။ နောက်ဆုံး အချိန်အခါတွင် ခံစားရသည်မှာ မရေမတွက်နိုင်သည့် လက်များက ငရဲအောက်မှ ထွက်လာပြီး သူ့ကို အဆုံးမသတ်နိုင်သည့် အမှောင်ထုအတွင်းသို့ ဆွဲခေါ်သွားနှယ် ရှိသ်ည။

“ဘယ်လောက် မကောင်းဆိုးရွားဆန်တဲ့ ဆေဘာအတတ်လဲ”

ဟန်ကျောက်၏ နဖူးမှ ချွေးများ စီးကျလာ၏။ သူဟာ စနစ်မျက်နှာပြင်ကို အမြန်ကြည့်လိုက်သည်။

“နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသုံးချက်- ငရဲဓါးချက်(အကြီးစားကျွမ်းကျင်မှု ၅၀%၊ အသုံးပြုရန် အနိမ့်ဆုံး လိုအပ်ချက်- အတွင်းနှင့်အပြင် နှစ်မျိုးလုံး ကျင့်ကြံသည့် ချီတစ်ဆင့် စစ်ဘုရင်အဆင့်)”

“ငရဲဓါးချက်၏ စွမ်းအားသည့် ဆေဘာဆန္ဒ၏ နားလည်သဘောပေါက်မှုနှင့်အတူ တိုးမြင့်လာလိမ့်မည်”

“အစွန်းရောက် ခုနစ်ပါး သိုင်းသူတော်စင် ပါရမီဟာ အဆင့်မြင့်တက်လာခဲ့သည်”

“အစွန်းရောက်ခုနစ်ပါး သိုင်းသူတော်စင်- အစိမ်းရောင်ပါရမီ- ဆေဘာတာအို ကျင့်ကြံမှု ပါရမီဟာ ရှစ်ဆ တိုးလာသည်။ ဓါးတာအို၊၊ လက်သီး၊ လက်ဝါး၊ ခြေထောက်၊ လက်ချောင်း၊ လက်သည်း ကျင့်ကြံမှုအတွက် ပါရမီဟာ ခုနစ်ဆ တိုးလာသည်…”

“အကြီးစားကျွမ်းကျင်မှုအဆင့်ကို တစ်ခါတည်း ရောက်သွားတာလား”

ဟန်ကျောက်ဟာ မနေနိုင်ပဲ မျက်လုံးများ ပြူးကျယ်သွားသည်။ သွေးချီ၊ အတွင်းအားနှင့် အစစ်အမှန်ချီတို့ကို လိုအပ်သည့် ကျင့်စဉ်နှင့် အထူးလျှို့ဝှက်အတတ်များဟာ သူ့တွင် မှတ်ဉာဏ်များ ရှိနေပြီးဖြစ်လျှင်တောင် အစကနေ လေ့ကျင့်ဖို့ လိုအပ်ပါသည်။

ယခုကဲ့သို့ ခန္ဓာကိုယ်အပေါ်တွင် လိုအပ်ချက်မရှိပဲ နားလည်သဘောပေါက်မှုအပေါ်တွင်သာ တစ်ခါတည်း မှီခိုသည့် ဆေဘာအတတ်ဟာ အလွန် ထူးဆန်းလှပါသည်။

ထိုသို့ဆိုပါက ချီရွှမ်းမင်က သူ့ကို နတ်ဘုရားသတ်ဖြတ်ခြင်း သုံးကွက်မှ ပထမအကွက်ကို ပေးလိုက်သည်နှင့် သူဟာ ပွင့်ပွင့်လင်းလင်း တစ်ခါတည်း အသုံးပြုနိုင်ပါပြီ။

“ဒီဆေဘာအတတ်က ငါ့ရဲ့ နားလည်သဘောပေါက်မှုအပေါ်မှာ လုံးဝ မှီခိုတယ်။ ဆေဘာပါရမီရှင်တစ်ယောက် အနေနဲ့ ချက်ချင်း သင်ယူနိုင်တာက ငါ့အတွက် ကျိုးကြောင်းဆီလျော်မှု အရမ်းရှိပါသေးတယ်”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားကာ ဆန်မာရုအိတ်အတွင်းမှ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ထုတ်ယူလိုက်သည်။ လက်ထဲတွင်ကိုင်ကာ အသာ ဝှေ့ယမ်း၏။

All Chapters