အခန်း (၂၄၇)
Vol. 17 Ch. 247
လက်များက ဓါးကွက်ကို အလိုလို အမှတ်ရနေသည့်အလား အသာ ရွေ့လျားသွား၏။
“ဘဇ်၊ ဘဇ်၊ ဘဇ်”
သူ၏လက်ထဲရှိ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဟာ ရုတ်တရက် အလွန် တောက်ပသည့် အနီရောင်အလင်းကို ထုတ်လွှတ်လာခဲ့သည်။
လူယုတ်မာတစ်ယောက် အဝတ်ဗလာနှင့် ပြိုင်ဘက်ကင်း မိန်းမလှလေးအား တွေ့မြင်ရသည့်နှယ် အဆုံးစွန်သော စိတ်လှုပ်ရှားမှု တစ်ခုဟာ ဆေဘာဆီမှ ထွက်ပေါ်လာခဲ့သည်။
“ဆွစ်”
အလွန် ထူးဆန်းသည့် ဆေဘာချီတစ်ခု ဓါးတွင် စုစည်းလာခဲ့သည်။ နောက်တစ်စက္ကန့်တွင် ဟန်ကျောက်ဟာ သူ၏ မြင်ကွင်းတို့ အနီရောင် ပြောင်းလဲသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ပြီးနောက် အဆုံးမဲ့သည့် အမှောင်ထုက လိုက်ပါလာ၏။
သူဟာ အာရုံငါးပါးတို့ လျှပ်တစ်ပြတ် ပျောက်ဆုံးသွားပြီး ခန္ဓာကိုယ်ဟာ သပ်တစ်ခုနှင့် မြေပြင်အား ပူးတွဲရိုက်ထားသည့်နှယ် ရှိနေပါသည်။ ဟန်ကျောက်ဟာ ထိတ်လန့်သွား၏။ ကိုယ့်ကိုယ်ကိုယ် အတင်း တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။
ဤသည်မှာ ခုနက မှတ်ဉာဏ်များ၏ ပြန်လည်ပြသမှု ဖြစ်၏။
“ဒီဆေဘာအတတ်ကို သုံးတဲ့အချိန်မှာ အသုံးပြုသူက ဆေဘာဓါးချက်နဲ့ ထိမှန်တဲ့ ခံစားချက် ဆယ်ပုံတစ်ပုံကို ခံစားရလိမ့်မယ်”
စနစ်၏ အချက်ပေးချက်က ပေါ်လာ၏။
သူက တည်ငြိမ်လာပြီးနောက် အရာအားလုံးတို့ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ဒီခံစားချက်က သရဲတစ်ကောင် ဝင်စီးတာထက် ဆယ်ဆလောက်ပိုပြီး ကြောက်ဖို့ကောင်းတယ်။ ဆေဘာနဲ့ ခုတ်ပိုင်းခံရတဲ့ ခံစားချက် ဆယ့်ပုံတစ်ပုံတည်း ဟုတ်ရဲ့လား”
ထိုအချိန်၌ ဟန်ကျောက်ဟာ ကောင်းကင်သူတော်စင်ဂိုဏ်းအပေါ် အထင်သေးမိကြောင်းအား ခံစားလာရသည်။ အထွတ်အထိပ် အခြေအနေတွင် ကောင်းကင်သူတော်စင်ဂိုဏ်းဟာ မည်မျှ စွမ်းအားကြီးမားလိုက်မည်နည်း။
သူ၏ အခန်းကို ကြည့်ကာ ခဏတာ တုံ့ဆိုင်းသွာားသည်။ ဆေဘာအတွင်းတွင် စုစည်းထားသည့် ဆေဘာချီကို ထုတ်လွှတ်ခဲ့ခြင်း မရှိပါ။
“ဒီဆေဘာအတတ်က ပုံရိပ်ယောင်တွေအပေါ် မှီခိုပြီး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို လုပ်ဆောင်တာပဲ။ စွမ်းအားကို ခန့်မှန်းကြည့်ဖို့ မလွယ်ဘူး။ စမ်းသပ်ဖို့ လူတစ်ယောက်ယောက် လိုမှာ”
“ကံကြမ္မာဖြတ်တောက်ခြင်းဆေဘာ- စိတ်ဝိညာဉ်ကိရိယာ”
“စိတ်ဝိညာဉ်အဆင့်- အဆင့်မရှိ(၁၃%(မြှင့်တင်နိုင်))”
“ဆေဘာဆန္ဒ- ၁၆%”
“သက်ရောက်မှု- သွေးဆာခြင်း”
“ငါဆေဘာအတတ် တစ်ခုပဲ သင်ရသေးတယ်။ ဒါပေမယ့် ဆေဘာဆန္ဒက ဒီလောက်တောင် တိုးတက်လာတာလား”
ဟန်ကျောက်ဟာ စနစ်မျက်နှာပြင်ပေါ်ရှိ ဆေဘာအတတ်၏ တိုးတက်မှုကို ကြည့်ကာ အနည်းငယ် ပြောစရာစကား မဲ့သွားသည်။ ထို့အပြင် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာ၏ စိတ်ဝိညာဉ်အဆင့်ဟာလည်း ကြီးစွာ တိုးတက်လာခဲ့သည်။
ဟန်ကျောက်ဟာ ဆေဘာကို ဓါးအိမ်သို့ ပြန်သိမ်းကာ ညင်သာစွာ ပုတ်သည်.
“စိတ်မပူနဲ့.. မင်းအတွက် အစွမ်းပြဖို့ အချိန်တွေ ရှိနေတယ်”
နှစ်သိမ့်မှုအချို့ ပြုလုပ်ပြီးနောက် ဆေဘာဟာ တုန်ခါမှုတို့ ရပ်တန့်သွားသည်။ ထိုအချိန်၌ သူ၏အာရုံက စကေးကော်လံပေါ်သို့ ကျရောက်သွား၏။
“စကေး- အဆင့်မြင့်အဆင့် ဆေးပညာ(စတင်ခြင်းအဆင့် ၈၈%)”
“ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင်၏ အဆင့် မြင့်တက်လာခဲ့သည်”
“ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင်- လိမ္မော်ရောင်ပါရမီ- ဆေးပညာပါရမီဟာ အဆနှစ်ဆယ် တိုးတက်လာခဲ့သည်။ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်ရာ၌ အောင်မြင်နိုင်ခြေဟာ ၉၀%နှင့် ၇၀%တို့ အသီးသီး တိုးလာခဲ့သည်။ အဆင့်နိမ့်နှင့် အလယ်အလတ် ဆေးလုံးများ၏ သန့်စင်မှုကို လုံးဝ တတ်မြောက်သွားပါက အဆင့်မြင့်အရည်သွေးနှင့် စူပါအဆင့် အရည်အသွေးရှိ ဆေးလုံးများကို သန့်စင်နိုင်မည့် အခွင့်အရေး ၂၅%နှင့် ၁၂%တို့ ရှိသည်။(အမြင့်ဆုံး အကန့်အသတ်မှ အနီရောင်ဖြစ်သည်)”
“ဒါဆို ဆေဘာပါရမီရှင်တစ်ယောက် အနေနဲ့ ဆေးသန့်စင်ခြင်းမှာလည်း အရမ်းကို မယုံကြည်နိုင်စရာကောင်းတဲ့ ပါရမီ ရှိနေတာက ကျိုးကြောင်းဆီလျော်မှု ရှိတယ်မလား”
စနစ်မျက်နှာပြင်ပေါ်ရှိ အချက်ပေးချက်ကို ကြည့်ကာ ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။
“ထားလိုက်ပါတော့.. ဒါတွေက အလှမ်းဝေးသေးတယ်။ ဆေးပညာ ပေါက်မြောက်မှုက ဖုံးကွယ်ထားသင့်သေးတယ်..”
ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေပြီးနောက် ဆန်မာရု အိတ်ငယ်အတွင်းမှ ရွှေနီရောင် ဆေးပေါင်းအိုးတစ်ခုကို ထုတ်သည်။
ဆေးပေါင်းအိုး၏ မျက်နှာပြင်ပေါ်တွင် မီးငှက်တစ်ကောင်၏ ပုံကို ထွင်းထား၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီကို ထိုးသွင်းလိုက်သည်နှင့် မီးငှက်ဟာ အတောင်ပံများကို စတင်ဖြန့်ကျက်ကာ သက်ရှိတစ်ကောင်ကဲ့သို့ ဆေးပေါင်းအိုး၏ မျက်နှာပြင်ပေါ်တွင် ပျံသန်းလာပါသည်။
ဤသည်မှာ ရွှေကျင်ဖုန်းက သူ့အတွက် ဝယ်ပေးခဲ့သည့် ဒုတိယမြောက် ဆေးပေါင်းအိုးဖြစ်သည်။ ၎င်းဟာ ထင်ထားသည်ထက် ပိုမိုကြာရှည်စွာ စောင့်ပြီးမှ ရောက်လာခဲ့၏။ သို့ပေမယ့် အရည်အသွေးဟာ အလယ်အလတ်၏ အဆင့်မြင့်အဆင့်တွင် ရှိလောက်ပါသည်။
၎င်းတွင် မီးထိန်းချုပ်ခြင်းနှင့် ဆေးလုံး စုစည်းခြင်းအတွက် သက်ဆိုင်ရာ အထောက်အပံ့ပေးသည့် အာနိသင် ရှိ၏။
သူက သွေးချီဆေးလုံးအတွက် ဆေးပင်တစ်စုံကို ထုတ်ကာ အားကုန် အစွမ်းပြပြီး အဆင့်နိမ့်ဆေးလုံး သုံးခု၊ အလယ်အလတ်အဆင့် ဆေးလုံး လေးခုနှင့် အဆင့်မြင့်အဆင့်ဆေးလုံး တစ်ခုတို့ကို သန်စင်လိုက်သည။
“အဆင့်နိမ့်ဆေးလုံးကို ဖော်စပ်ရတာ တကယ့်ကို ခက်ခဲတာပဲ”
ဟန်ကျောက်ဟာ နဖူးရှိ ချွေးများကို သုပ်ကာ သက်ပြင်းချသည်။
ကြွေပုလင်းတစ်ခုကို ထုတ်ယူပြီး ဆေးပေါင်းအိုးအတွင်းရှ ဆေးလုံးများကို နှစ်ပုံခွဲလိုက်သည်။ အဆင့်နိမ့်ဆေးလုံး သုံးခုနှင့် အလယ်အလတ်အဆင့် ဆေးလုံး တစ်လုံးတို့ကို ကြွေပုလင်းအတွင်းသို့ ထည့်သည်။ ၎င်းတို့ကို ပြီးလျှင် ယန်ကျင်းအား ပေးမည်ဖြစ်၏။
သွေးချီဆေးလုံးကို သန့်စင်သည့် ခက်ခဲမှုဟာ အလယ်အလတ်အဆင့် ဆေးလုံးများအကြားတွင် အနည်းငယ် ရိုးရှင်းပေမယ့် အလယ်အလတ်အဆင့် အရည်အသွေးကို ရရှိရန်မှာ ဆေးပညာအပေါ် ကျွမ်းကျင်မှုနှင့် ကံတရားအချို့အား လိုအပ်နေပါသည်။
ဒီအဆင့်တွင် သူ့အနေနှင့် ခက်ခဲသည့် အလယ်အလတ်အဆင့် ဆေးလုံးတစ်မျိုးကို သန့်စင်ရန် စမ်းသပ်ကြည့်နိုင်ပါပြီ။
ထိုကဲ့သို့ လုပ်ဆောင်ပြီးနောက် ဟန်ကျောက်ဟာ ဆေးပေါင်းအိုးကို ကျွမ်းကျင်စွာ ဆေးကြောကာ ဒြပ်စင်ငါးမျိုး ဆေးလုံးကို စတင်သန့်စင်သည်။
အောင်မြင်သည့် အတွေ့အကြုံ တစ်ရာကျော်အပြီးတွင် သူဟာ လုံးဝ ကျွမ်းကျင်ပိုင်နိုင်နေပါပြီ။ ၏ မျက်လုံးများကို မှိတ်ထားပင်လျှင် ဆေးပင်များကို မည်သည့်အချိန်တွင် ထည့်ရမည်နှင့် မည်သည့်အဆင့်ရှိ အပူကို သုံးရမည်အား သိ၏။
မကြာခင် ဆေးပေါင်းအိုးအတွင်းမှ ဆေးရနံ့တစ်ခု ထွက်ပေါ်လာပြီး ဆေးလုံးသန့်စင်ခြင်းဟာ ပြီးမြောက်သွားခဲ့သည်။ ထိပ်တန်းအဆင့် နှစ်လုံး၊ အဆင့်မြင့်အဆင့် ငါးလုံးနှင့် အလယ်အလတ်အဆင့် သုံးလုံးတို့ကို ရရှိသည်။
“ထိပ်တန်းအရည်အသွေးနဲ့ ဆေးလုံးကို ထုတ်လုပ်ဖို့က ခက်ခဲေသေးတယ်။ အဆင့်မြင့်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ရင်တောင် နှစ်လုံးပဲ ရတယ်”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ဆေးပညာတွင် မြှင့်တင်ရန်အတွက် အခန်းကဏ္ဍများစွာ ရှိနေပါသေးသည်။ သူဟာ ပိုမို ကြိုးစားမှုပြုကာ နဂါးသွေးဆေးလုံးကို အမြန်ဆုံး သန့်စင်ရပေမည်။
စီကျူး၏ ရင်းနှီးသည့် ခြေသံများ ခြံထဲမှ ထွက်ပေါ်လာ၏။
“သခင်လေး”
“ဘာကိစ်စလဲ”
ဟန်ကျောက်က မေးသည်။ ဆေးလုံးများနှင့် ဆေးပေါင်းအိုးကို သိမ်းဆည်းကာ ညာဘက်လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
သူ၏ အစစ်အမှန်ချီဟာ သန်မာသည့် လေကို ဖြစ်ပေါ်စေပြီး အခန်းထဲရှိ ကြယ်ဝသည့် ဆေးရနံ့ကို လေက ပြတင်းပေါက်အပြင်ဘက်သို့ သယ်ဆောင်သွား၏။
“ဟိုတစ်ခါက သံတမန်သုံးယောက် ရောက်လာပါတယ်။ ရေသံတမန်က သခင်ေလးကို ဖိတ်ခိုင်းလိုက်ပါတယ်”
စီကျူး၏ အသံဟာ စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
ဟန်ကျောက်က တံခါးဖွင့်ကာ တည်ငြိမ်စွာ ပြောသည်။
“နင်ကြောက်ရင် ဒီမှာပဲ နေခဲ့လေ”
ထိုစကားကို ကြားရပြီးနောက် စီကျူးဟာ ခေါင်းကိုမော့ကာ သူမ၏ပုံစံက ခိုင်မာသွာသည်။
“သခင်လေးနဲ့ဆိုရင် စီကျူး မကြောက်ဘူး”
“ကောင်းတယ်။ ငါပြောထားတာကိုပဲ မှတ်ထား”
ဟန်ကျောက်က ပြုံးသည်။ သူ၏ လူယုံဟာ အရမ်းကြီး သန်မာနေစရာ မလိုအပ်ပါ။ သိုပေမယ့် တစ်ခုခု ဖြစ်ပွားပါက သေချာပေါက် ကြောက်ရွံ့မှုအား ပြသနေလို့ မရပေ။
သူက ပြောရင်းက ခြံဝန်းအတွင်းမှ လျှောက်ထွက်သွား၏။ စီကျူးက နောက်မှလိုက်သည်။
ဒေါသရေနဂါး နန်းတော်တွင် ဟန်ကျောက် ရောက်ရှိလာပြီးနောက် လူတိုင်း ရောက်နှင့်နေကြပြီး ဖြစ်သည်။ သို့ရာတွင် ဂိုဏ်း၏ အထက်ပိုင်းပုဂ္ဂိုလ် သုံးပုံတစ်ပုံဟာ မရှိတော့ပါ။
ဒေါသရေနဂါးဂိုဏ်းဟာ သူ၏ အကူအညီနှင့် လုံးဝ အနိုင်ရခဲ့သည်ဟု ဆိုနိုင်ပေမယ့် လူပေါင်းများစွာတို့ သေဆုံးခဲ့ပါသည်။ အားလုံးဟာ သေခြင်းကို မကြောက်ကြသည့် ယောက်ျားသားများ ဖြစ်ကြ၏။ ဆိုးလိုက်သည်ပင်။
ဒီတိုက်ပွဲ၏ ကြီးမားသည့် အနိုင်ရမှုရှိ အကျိုးအမြတ်များကို အစာချေပြီးလျှင်တော့ ဒေါသရေနဂါးဂိုဏ်းမှာ မူလခွန်အားကို လျှင်မြန်စွာ ပြန်လည်ရရှိလာမှာဖြစ်သည်။ နောက်တစ်ဆင့်သို့ တက်လှမ်းရန်ပင် ခက်ခဲခြင်း မရှိပါ။
“လူတိုင်းကို စောင့်ခိုင်းမိသလို ဖြစ်သွားလို့ ဝမ်းနည်းပါတယ်”
ဟန်ကျောက်က အလယ်ရှိ ခေါင်းဆောင်၏ သင်္ကေတကို ပြသသည့် ရွှေရောင်ကုလားထိုင်ပေါ်သို့ သွားကာ ထိုင်လိုက်သည်။ ခုံတန်းနှစ်ဖက်တွင် ထိုင်နေသည့် ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ဆီသို့ လက်သီးနှစ်ဖက်ကို မိုးကာ ပုံမှန်အတိုင်းသာ ပြောသည်.
ဟန်ကျောက်၏ အသွင်အပြင်ကို တွေ့ရပြီးနောက် သုံးယောက်သားဟာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြ၏။
“ဂိုဏ်းသခင်ငယ်က အရမ်းကြီး ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်တို့က အခုမှ ရောက်တာပါ”
ဟယ်ရွှမ်က လက်သီးနှစ်ဖက်ကို မိုးကာ ပြန်လည်နှုတ်ဆက်သည်။ သူတို့ဟာ ပြီးခဲ့တုန်းက အကြိမ်ကဲ့သို့ပင် အပြုံးတစ်ခုကို ထိန်းသိမ်းထားကြပေမယ့် ဒီတစ်ကြိမ်၏ သဘောထားများမှာတော့ အခြေခံအားဖြင့် ခြားနားသွားပါပြီ။
သူတို့ဟာ အရင်ကကဲ့သို့ အထင်အမြင်သေးသည့် သဘောထားများကို ပြသခြင်း မရှိတော့ပေ။
ရိုးရိုးသားသား ပြောရလျှင် ဟန်ကျောက်ဟာ အနည်းငယ် စိတ်ပျက်စွာ ခံစားသွားရ၏။ သူဟာ ဒီလူများ၏ အရင်က အထိန်းအကွပ်ကင်းမဲ့သည့် အသွင်ကို သဘောကျပါသေးသည်။
“နင်အရင်ကထက် အများကြီးပိုပြီး ယုံကြည်မှုရှိလာတယ်။ နည်းနည်းလည်း ပိုချောလာတယ်”
ရွှယ်ဟန်က ပြုံးသည်။ သူမဟာ သူ့ကို ကျီစယ်နေဆဲ ရှိ၏။ သို့ပေမယ့် စမ်းသပ်လိုသည့် ရည်ရွယ်ချက်ဟာ သိသာလှပါသည်။