← Chapters

အခန်း (၂၄၈)

Vol. 17 Ch. 248

အခန်း (၂၄၈)

Vol. 17 Ch. 248

“ဟုတ်မှာပါ”

ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။

“ကျွန်တော်ကြားတာတော့ ငါးပျံကျွန်းကို သွားတုန်းက ဂိုဏ်းသခင်ငယ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ လက်ထောက်ဂိုဏ်းချုပ်နဲ့ အခြားလူတွေနဲ့ ကွဲသွားတယ်ဆို”

ကောင်းပိုင်ကျယ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

“ဟုတ်ပါတယ်”

ဟန်ကျောက်က အသာခေါင်းညှိတ်သည်။

“ဒါပေမယ့် ကျွန်တော်တို့ရဲ့ စုံစမ်းမှုအရဆို ငါးပျံကျွန်းပေါ်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်တဲ့။ မြင်ကွင်းကိုလည်း ပြာဖြစ်အောင် မီးရှို့ထားတယ်။ ပြီးတော့ မင်းတို့ရဲ့ လက်ထောက်ခေါင်းဆောင် ဘယ်မှာလဲ ဆိုတာလည်း မသိရဘူး။ ကြည့်ရတာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုခုကို ကြုံတွေ့ခဲ့ပုံပဲ။ အဲ့ဒီအပြင်.. ငရဲကိုးခု စံအိမ်ရဲ့ သံတမန်ကျုလည်း သေဆုံးသွားလောက်ပြီ။ မဟုတ်ရင် ဒီဗိုင်းလက်နက် ပူဇော်ခြင်း အခမ်းအနားကို သူမလာပဲ နေမှာမဟုတ်ဘူး”

ကောင်းပိုင်ကျယ်က ဆက်လက်ပြောသည်။

“မင်းက ဘာကို ပြောချင်တာလဲ”

ဟန်ကျောက်က သူ့ကို တည်ငြိမ်စွာ ကြည့်သည်။

“ပိုပြီး သန်မာသူအားလုံးက ပျောက်ကွယ်သွားပြီး ဂိုဏ်းသခင်ငယ်ပဲ အထိအခိုက်မရှိပဲ ကျန်ခဲ့တယ်။ မဟုတ်ဘူး.. မင်းရဲ့ အစေခံတောင် ကျန်ရစ်ခဲ့တယ်။ သူမက သိုင်းသမားတစ်ယောက်တောင် မဟုတ်ဘူး။ ဒါက အရမ်းကို အဓိပ္ပာယ်မရှိဘူးလို့ မထင်ဘူးလား”

ကောင်းပိုင်ကျယ်၏ အသံက ရုတ်တရက် နိမ့်ဆင်းသွားသည်။

“မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား”

ဟန်ကျောက်၏ ပုံစံက အများကြီး ပြောင်းလဲသွားခြင်း မရှိပေ။ သို့ပေမယ့် သူ၏မျက်လုံးများက စူးရှလာ၏။

ဘယ်ဘက်လက်က ခါးရှိ ကံကြမ္မာဖြတ်တောက်ခြင်း ဓါး၏ ဓါးအိမ်အဖျားဆီသို့ သဘာဝအတိုင်း ရွေ့လျားသွားသည်။ ကြည့်ရတာ သူ၏ ဆေဘာကို စမ်းသပ်ကြည့်ရန် လူအား တွေ့လိုက်သည့်ပုံပါ။

“ထုတ်တော့ ဘာဖြစ်လဲ”

ကောင်းပိုင်ကျယ်၏ အရှိန်အဝါက မြင့်တက်လာ၏။

“ငရဲကိုးခု စံအိမ်က သံတမန်တစ်ယောက် သေဆုံးပြီးတဲ့နောက်မှာ ငါတို့ မင်းကို အလွယ်တကူ အလွတ်ပေးမယ်လို့ ထင်လား”

ရှန့်ကွမ်းလီဟာ နဂါးသွေးကို သန့်စင်ကာ များစွာ ပိုမိုသန်မာလာပုံ ပေါ်ပေမယ့် လူကြားထဲတွင် ထွက်ပေါ်လာခြင်း မရှိသေးပါ။

ကောင်းပိုင်ကျယ်ဟာ ဂိုဏ်းချုပ်ဆီမှ အမိန့်ကို လက်ခံရရှိပြီး ဖြစ်၏။ အခြေအနေကို တတ်နိုင်သမျှ စုံစမ်းမည် ဖြစ်သည်။ ထို့ကြောင့် ဟန်ကျောက်မှာ ကောင်းမွန်သည့် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

ဘာပဲဖြစ်ဖြစ် ရှန့်ကွမ်းလီဟာ မည်မျှပင် သန်မာစေကာမူ ငရဲကိုးခုစံအိမ်၏ သံတမန် သေဆုံးပြီးနောက် သက်ရှည်ဂိုဏ်းကို ထပ်မံထိပါးဖို့ မဖြစ်နိုင်ပေ။ ဒေါသရေနဂါးဂိုဏ်းဟာ ငရဲကိုးခု စံအိမ်နှင့် ရန်သူများ ဖြစ်လာလောက်မှာပါ။ သူ့တွင် မှီခိုရန် အခြားနောက်ခံတို့ မရှိပါက လှုပ်ရှားရဲမည် မဟုတ်ပါ။

ကောင်းပိုင်ကျီ၏ စကားဆုံးသည်နှင့် လေထုဟာ တင်းမာလာခဲ့သည်။

“ဂိုဏ်းသခင်ငယ်.. တကယ်တော့ ညီလေးကောင်းက..”

ထိုပုံကို‌ တွေ့ရပြီးနောက် ဟယ်ရွှမ်က ကြားဝင် ဖြန်ဖြေစွာ ပြောသည်။ သူ၏နောက်ရှိ ဟယ်မိသားစုဟာလည်းပဲ ဒေါသရေနဂါးဂိုဏ်း၏ အခြေအနေကို သိချင်နေပါသည်။ ထို့ကြောင့် ဟန်ကျောက်ကို ဖိအားပေးရန် စီစဉ်ထား၏။

“ကလန်”

ဟန်ကျောက်က ဘယ်ဘက်လက်၏ လက်မကို ဆန့်ကာ ဆေဘာကို မြှောက်လိုက်သည်။ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဟာ ဓါးအိမ်မှ တစ်လက်မလောက် ထွက်လာခဲ့၏။ ရှင်းလင်းသည့် ဓါးငိုကြွေးသံတစ်ခု ပေါ်လာခဲ့သည်။

ရှိနေကြသည့် လူတိုင်းဟာ သူတို့၏ နားများထဲ၌ တုန်ခါစွာ ခံစားလိုက်ရသည်။

“ဘုန်း”

ကောင်းပိုင်ကျယ်မှာ နံပါတ်တစ် ပစ်မှတ်ထားခြင်း ခံရသူ ဖြစ်သည်။ သူ၏ရှေ့တွင် မနှိုင်းယှဉ်သာသည့် သွေးနီရောင်နှင့် အလင်းတစ်ခု ပေါ်လာသကဲ့သို့ ရှိ၏။

သူထိုင်နေသည့် လက်တင်ကုလားထိုင်ဟာ အစစ်အမှန်အင်အား၏ သက်ရောက်မှုကြောင့် တုန်ခါလာပြီး ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပေါ်ကွဲထွက်သွားသည်။

သူဟာ ဖြူရော်နေသည့် မျက်နှာဖြင့် မတ်တပ်ရပ်ကာ ဟန်ကျောက်နှင့် သူ၏ ဘယ်ဘက်ခါးဘေးရှိ အနည်းငယ် ဓါးသွားထွက်နေသည့် ဆေဘာဓါးရှည်ကို မယုံကြည်နိုင်စွာ ကြည့်၏။

ထိုအချိန်က အနှိုင်းမဲ့သည့် ရတနာဆေဘာဟာ ဓါးအိမ်မှ

ထွက်လာပြီး သူ့ကို နှစ်ပိုင်းပိုင်းတော့မည့်နှယ် ရှိနေခဲ့သည်။ မည်သည်မှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းကို သူမြင်ရပေမယ့် ခုနက စိတ်ကူးယဉ်မြင်ကွင်း ခံစားချက်ဟာ အလွန် ပီပြင်လှ၏။ ခန္ဓာကိုယ်အတွင်းမှာ နာကျင်မှုတစ်ခုကိုပင် ရေးတေးတေး ခံစားရသည်။

“ခရက်”

ဟယ်ရွှမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူ၏ညာလက်ဟာ အလိုလို အားစိုက်ထုတ်မိပြီး ကုလားထိုင်၏ လက်ရန်းဟာ ကျိုးထွက်သွားခဲ့၏။

“ဘယ်လောက် ကြောက်စရာကောင်းတဲ့ ဆေဘာဆန္ဒလဲ”

သူ၏ ရှုထောင့်မှ မြင်ရသည်မှာ ဟန်ကျောက်ဟာ ခါးရှိ ဆေဘာဓါးရှည်နှင့် ပေါင်းစပ်သွားသည့် ပုံပါ။

ချီငါးဆင့် စစ်ဘုရင်အဆင့်ရှိ သူ့ကို အန္တရာယ်အား ခံစားရစေ၏။ တစ်ဖက်လူဟာ ဆေဘာဆန္ဒကို နားလည်သဘောပေါက်ကာ ဆန်းကြယ်သည့် ဆေဘာအတတ်တစ်ခုကို တတ်မြောက်ထားပေလိမ့်မည်။

ထိုအခါမှသာ ဆေဘာကို အကုန် မထုတ်ရသေးခင်တွင် ယခုကဲ့သို့ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ထုတ်ဖော်နိုင်ပေလိမ်မည်။

မုရွှမ်လင်း၊ ရွှေကျင်ဖုန်းနှင့် အခြားလူများဟာတော့ စွမ်းအားကြီးမားသည့် ဆေဘာချီတစ်ခုကိုသာ ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းဟာ မည်သည့်အစအနမှ မရှိပဲ ပျောက်ကွယ်သွားသည်။

“ဆေဘာချီလား”

“သူ့ကို ဒီလိုဖုံးကွယ်ထားမယ်လို့ ထင်မထားခဲ့ဘူး”

သူတို့ဟာ ဟန်ကျောက်၏ ဆေဘာအတတ်တွင် ပေါက်မြောက်မှုအား သက်ပြင်းသာ ချမိကြသည်။ အခြား တုံ့ပြန်မှုများတော့ မရှိပေ။

ဘာပဲဖြစ်ဖြစ် ခုနက ဟန်ကျောက် ထုတ်လွှတ်လိုက်သည့် ဆေဘာဆန္ဒဟာ သူတို့ကို ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ပါ။

ဘယ်ညာနှစ်ဖက်တွင် ရပ်နေကြသည့် အခြားလူများကတော့ သူတို့ဟာ ဆေဘာသံတစ်ခုကိုသာ ကြားလိုက်ရသည်။

ကောင်းပိုင်ကျယ်၏ ဖြူရော်သည့် မျက်နှာနှင့် တိတ်ဆိတ်သွားသည့် အသွင်ကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ အနည်းငယ် ပျင်းရိစွာ ခံစားလိုက်ရသည်။

သူက လက်မကို ညင်သာစွာ ဖိကာ ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာဓါးကကို ပြန်သိမ်းလိုက်သည်။

ယခုကဲ့သို့သော လူတစ်ယောက်ဟာ သူ၏ နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသုံးချက်ကို အသုံးပြုရန် ထိုက်တန်ခြင်း မရှိပေ။

“မင်းတို့မှာ သံသယတွေ ရှိတာက ပုံမှန်ပါပဲ။ ဒါပေမယ့် မင်းရဲ့ အပြုအမူကို ငါသဘောမကျဘူး”

ဟန်ကျောက်က ကောင်းပိုင်ကျယ်ကို ကြည့်သည်။

ထို့နောက် ဟယ်ရွှမ်ကို ကြည့်၏။

“အကြီးအကဲဟယ်ရော ဘယ်လိုထင်လဲ မသိဘူး”

ဟန်ကျောက်၏ အကြည့်နှင့် အလွန်ညင်သာသည့် လေသံကို သတိထားမိပြီးနောက် ဟယ်ရွှမ်ဟာ အရိုးထဲမှ အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူက ချက်ချင်းပင် ပြုံးကာ ပြော၏။

“ဂိုဏ်းသခင်ငယ်ပြောတာ မှန်ပါတယ်။ ညီလေးကောင်းက ခုနက တကယ့်ကို မယဉ်မကျေး ဖြစ်သွားခဲ့တယ်”

“အကြီးအကဲဟယ်က တကယ့်ကို ဖြောင့်မှန်တဲ့လူပဲ’

ဟန်ကျောက်က ပြုံးသည်။ သူ၏ နှလုံးသားထဲတွင် မကြုံဖူး ပျော်သွား၏။

“မင်း”

ကောင်းပိုင်ကျယ်၏ မျက်နှာက တင်းမာသွားသည်။

“ဘာလဲ”

ဟန်ကျောက်က သူ့ကိုကြည့်သည်။ ကောင်းပိုင်ကျယ်ဟာ ဖိအားပြင်းစွာ ခံစားလိုက်ရ၏။ သည်းခံကာ နေလေသည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကာ အသံနိမ့်စွာ ပြောသည်။

“ခုနက ကျွန်တော်ပြောတာ မှားသွားပါတယ်”

ကြည့်ရတာ ဟန်ကျောက်တွင် သူခန့်မှန်းထားသည်ထက် အားကိုးအားထား ပြုစရာများ ရှိသည့်ပုံပါ။ အဓိကအချက်ဟာ ဟန်ကျောက်ကိုယ်တိုင်မှာလည်း သူ့အတွက် မသေးငယ်သည့် အန္တရာယ်တစ်ခု ဖြစ်လာခဲ့ခြင်းကြောင့် ဖြစ်၏။

သူ့အနေနှင့် အစွမ်းကုန် တိုက်ခိုက်လျှင်တောင် နှစ်ယောက်အတူတူ သေဆုံးနိုင်ချေဟာ အလွန်မြင့်မားပါသည်။ တကယ်တော့ တွေးကြည့်ပြီးနောက် ထိုကိစ္စအပေါ် သူဟာ အလွန်မယုံကြည်နိုင်စွာ ခံစားရသည်။

ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုက လူငယ်လေးတစ်ယောက်ဟာ သူ့ကို ယခုကဲ့သို့ ခံစားချက်အား ပေးစွမ်းနိုင်လေသည်။ တစ်ခုခု မှားယွင်းနေပါပြီ။

“ကောင်းပါပြီ”

ဟန်ကျောက်က ပြုံးကာ စကားပြောင်းသွားသည်။

“တကယ်တော့ စီကျူးနဲ့ကျွန်တော် ဘာထိခိုက်မှုမှ မရှိခဲ့တာက ကံကောင်းသွားလို့ပါ။ တစ်ဖက်လူက ကျွန်တော်တို့ကို အရမ်းအားနည်းတယ်ဆိုပြီး အလေးအနက်မထားတာ ဖြစ်လိမ့်မယ်”

ဟန်ကျောက်က ပြောရင်းနှင့် အနည်းငယ်ခေါင်းလှည့်ကာ ဘေးရှိ စီကျူးကို ကြည့်သည်။

“ဟုတ်တယ်မလား စီကျူး”

“သခင်လေးပြောတာ မှန်ပါတယ်”

စီကျူးက လေးလံစွာ ခေါင်းညှိတ်ပြီး ဟန်ကျောက်ကို လေးစားစွာ ကြည့်သည်။

ဟယ်ရွှမ်၏ မျက်နှာက တွန့်ကွေးသွားပြီး သူ၏ပြုံးက တောင့်တင်းသွား၏။ မည်သူက ယုံမည်နည်း။ သို့ရာတွင် သူ့အနေနှင့် ငြင်းဆန်နိုင်ခြင်း မရှိပေ။ ဟန်ကျောက်ဟာ အားသာချက် ရနေပါသည်။

ရွှယ်ဟန်မှာတော့ စကားတစ်လုံးကိုမှ မဆိုပေ။ သူမဟာ ဟန်ကျောက်ကို သံသယဖြင့် အထက်အောက် စုန်ဆန် ကြည့်နေ၏။ အကြောင်းပြချက် အချို့ကြောင့် တူညီသည့် ရုပ်ရည်နှင့် ယုံကြည်မှုအပြည့် ဖြစ်လာသည့် သူ၏အသွင်ဟာ အရောင်အဝါများ ထွန်းလင်းနေသည်နှင့် တူညီပါသည်။

အနည်းငယ် ပိုမိုချောလာကာ သူမကို ပိုမိုကာ သဘောကျလာစေ၏။

ဒေါသရေနဂါးဂိုဏ်းရှိ ဂိုဏ်းသားများဟာလည်း အနည်းငယ် ကြောင်တောင်သွာားကြသည်။ သူတို့ဟာ တစ်လနှစ်လ အတွင်းတွင် ဟန်ကျောက်၏ ပြောင်းလဲမှုအပေါ် နားမလည်နိုင်စွာ ရှိနေကြသည်။ သို့ရာတွင် ဒီအချိန်၌ သူတို့ဟာ အလွန် ကျေနပ်မှု ရှိစွာ ခံစားကြရသည်။

ဒေါသရေနဂါးဂိုဏ်းတွင် အမြဲတမ်း မောက်မာနေခဲ့ပြီး သူတို့ကို လူမထင်သည့် ဒီခွေးမသားများဟာ ယခုအချိန်၌ အကြောက်တရားကို သိလာခဲ့ရလေပြီ။

ဂိုဏ်းသခင်ငယ်ဟာ အလွန် ရဲရင့်လှ၏။ ဤသည်မှာ သူတို့လိုချင်သည့် ပုံစံမျိုးဖြစ်သည်။

All Chapters