← Chapters

အခန်း (၂၄၉)

Vol. 17 Ch. 249

အခန်း (၂၄၉)

Vol. 17 Ch. 249

"ဖြစ်နိုင်တာက ငါမသိတဲ့ လျှို့အပ်ချက်တစ်ခုခုကို သူသိနေတာလား။ ဂိုဏ်းချုပ်ဟောင်းက တကယ်ပဲ သူ့ရဲ့ဒီဗိုင်းအတက်ကို အကြီးစားကျွမ်းကျင်မှု အဆင့်အထိ တတ်မြောက်သွားတာလား"

ရွှေကျင်ဖုန်းက အနည်းငယ် ကြောင်တောင်သွားသည်။

သူဟာ ဒေါသရေနဂါး ကျွန်းဆီသို့ ပြန်ပြီးနောက် ရှန့်ကွမ်းယွင်ဖေးကို တိတ်တဆိတ် သွားရှာခဲ့သည်။ သို့ရာတွင် ရှန့်ကွန်းယွင်ဖေးဟာ အလွန်လျှို့ဝှက်ပုံပေါ်ပြီး သူ့ကို ဒီအချိန်အတွင်း စိုးရိမ်မနေရန် ပြောသည်။ သူ၏ တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာပြီးနောက် အရာအားလုံးကို ရှင်းပြမည်ဟု ဆို၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဟန်ကျောက်ဟာ ဂို‌ဏ်းချုပ်မျိုးဆက်နှစ်ခုတို့၏ အသိအမှတ်ပြုခြင်းကို ရရှိထားသည့် ပုံပါ။ ထို့ကြောင့် လျှို့ဝှက်ချက်များကို ပိုမိုသိရှိတာ ဖြစ်ပေလိမ့်မည်။

"အဲဒီလိုဆိုရင် ငါတို့တွေ မင်းကို ဆက်ပြီးမနှောက်ယှက်တော့ဘူး။ အရင်ဆုံး သွားပါဦးမယ်"

ဟယ်ရွှမ်က မတ်တပ်ရပ်ကာ အပြုံးတစ်ခုဖြင့် ပြော၏။

"ဓမ္မပူဇော်ခြင်းက ပြီးမြောက်ခဲ့ပြီးပြီ။ သက်ရှည်ဂိုဏ်းက ဒီတစ်ကြိမ်မှာ ဒေါသရေနဂါးဂိုဏ်းရဲ့ ကျေးဇူးကို အမှတ်ရနေမှာပါ"

ကောင်းပိုင်ကျယ်က ခဏတာ စဉ်းစားပြီးနောက် လက်သီးနှစ်ဖက်ကို မိုးကာ ယဉ်ကျေးစွာပြောသည်။

သူ၏ ပုဂ္ဂိုလ်ရေးရာ ဂုဏ်သိက္ခာနှင့် အ‌ေစာ်ကားခံရမှုများနှင့် နှိုင်းယှဉ်ပါက ဂိုဏ်း၏ အဓိက အရေးကိစ္စများဟာ ပိုမိုကာ အရေးကြီးပါသည်။

ဒီတစ်ကြိမ် ဓမ္မပူဇော်ခြင်းကို ပြုလုပ်အပြီးတွင် နေခွင်းမြား ဒီဗိုင်းလက်နက်ဟာ သက်ရှည်ဂိုဏ်း၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာလာ၊ မဖြစ်လာလာ သူဟာ ကြီးစွာ အကျိုးပြုခဲ့သည်ဟု ယူဆနိုင်၏။

အတိတ်ရှိ သူ၏ စွမ်းဆောင်မှုများဖြင့် ပေါင်းလိုက်ပါက သွေးမျိုးဆက်ကို မြှင့်တင်ရန်အတွက် သွေးစိတ်ဝိညည်ကန်အတွင်း၌ တစ်ကြိမ် ဝင်ရောက်စိမ်ခွင့် ရလုနီးပါး ရှိနေပါသည်။

အနာဂတ်ဟာ ခရီးအရှည်ကြီး ရှိသေး၏။ အနှေးနှင့်အမြန် အခွင့်အရေး တစ်ခုကို ရှာပြီး ယနေ့၏ ရန်ကြွေးကို ပြန်ဆပ်နိုင်မှာဖြစ်သည်။

"ကောင်ချောလေး.. နင်တကယ့်ကို ပထမအကြိမ်နဲ့ ခြားနားသွားတယ်။ ငါနင့်ကို အရမ်းသဘောကျသွားပြီ။ အခုငါ နဂါးတောမြစ်ရဲ့ အရှေ့ဘက်က ဇိမ်ခံသင်္ဘောတစ်စီးပေါ်မှာ ယာယီနေနေတယ်။ အားတဲ့အချိန်ကျရင် ငါ့ဆီကိုလာပြီး လကြည့်တာတွေ၊ ပုလွေမှုတ်တာတွေ လုပ်လို့ရတယ်"

ရွှယ်ဟန်က ဟန်ကျောက်ကို ဆွဲဆောင်မှုရှိစွာ ကြည့်သည်။

"လူတိုင်းပဲ ဂရုစိုက်ကြပါ။ လိုက်မပို့နိုင်တဲ့အတွက် တောင်းပန်ပါတယ်"

ဟန်ကျောက်က ကုလားထိုင်တွင် ထိုင်နေရင်းက လက်သီးနှစ်ဖက်ကို မိုးကာပြောသည်။

"နှုတ်ဆက်ပါတယ်"

ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့က အရင်ဆုံး ထုတ်ခွာသွား၏။

ဟန်ကျောက်၏ သူမ၏ ဖိတ်ခေါ်မှုအပေါ် လျစ်လျူရှုထားပုံကို တွေ့ရပြီးနောက် ရွှယ်ဟန်ဟာ ဒေါသထွက်ခြင်း မရှိပါ။ နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ ပြုံးရယ်ရင်းက သွယ်လျသည့် ခါးကိုလိမ်ကာ ခန်းမအတွင်းမှ လျှောက်ထွက်သွားသည်။

"နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသုံးကွက်- ငရဲဓါးချက်(အကြီးစားကျွမ်းကျင်မှု ၈၅%)"

သူတို့သုံးယောက် ထွက်ခွာသွားပြီးနောက် ဟန်ကျောက်၏ အကြည့်က အာရုံစူးစိုက်သွားသည်။ စနစ်မျက်နှာပြင်ပေါ်ရှိ သိုင်းပညာကော်လံတွင် ငရဲဓားချက်၏ ကြီးစွာ တိုးတက်လာမှုကို တွေ့လိုက်ရသည်။

'အလိုလိုနေရင်း ၃၅% တိုးသွားတာလား'

'ဖြစ်နိုင်တာက ခုနက စိတ်လွတ်ကိုယ်လွတ် လုပ်လိုက်ရပြီး အရမ်းကြီး စိတ်ကို ဖိနှိပ်မထားတော့လို့လား'

ဟန်ကျောက်ဟာ ငရဲဓါးချက်၏ လျို့ဝှက်ချက်ကို ရှာတွေ့လိုက်သည်ဟု ခံစားရ၏။

'ဒါပေမဲ့ လူဘယ်နှစ်ယောက်က သူတို့လုပ်ချင်တာကို အမှန်တကယ် လုပ်နိုင်လို့လဲ'

ဟန်ကျောက်ဟာ နှလုံးသားထဲတွင် သက်ပြင်းချမ်သည်။ သို့ပေမဲ့ လျင်မြန်စွာ တုံ့ပြန်လာခဲ့၏။

"ဒါပေမယ့် ငါ့လက်ထဲက ဓားနဲ့ဆေဘာနဲ့ ငါ့ရဲ့စိတ်ကူးတွေကို ပြီးမြောက်နိုင်ဖို့ မျှော်လင့်တယ်"

“ကောင်းပြီ၊ အပြင်လူတွေ အားလုံး ထွက်သွားပြီ။ မူလအကြောင်းအရာကို ပြန်သွားရအောင်”

ဟန်ကျောက်က စကားလမ်းကြောင်းပြောင်းကာ ညာဘက်တွင် ထိုင်နေသော ရွှေကျင်ဖုန်းကို ကြည့်လိုက်သည်။

“ရေသံတမန်။”

“ရှိပါတယ်.. ဂိုဏ်းချုပ်ငယ်”

ရွှေကျင်ဖုန်းသည် မတ်တပ်ရပ်ကာ ပြန်ဖြေ၏။

“အမှောင်ဖီးနစ်ကျွန်းက တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေ အားလုံးကို ရေတွက်ပြီးပြီလား”

“ဟုတ်ကဲ့၊ စစ်ပွဲမှာ စုစုပေါင်း အဖွဲ့ဝင် ၂၃၇ ဦး ကျဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ခန်းမသခင်နဲ့ လက်ထောက်ခန်းမသခင် လေးဦး၊ ဝတ်ပြုဆရာ ၂၇ ဦး ကျဆုံးခဲ့ပါတယ်” ရွှေကျင်ဖုန်းက အသံနိမ့်စွာ ပြောသည်။

ခနမအတွင်းရှိ လေထုက ချက်ချင်းပင် ပိုမိုလေးလံလာခဲ့သည်။

“စစ်ပွဲမှာ ကျဆုံးသွားတဲ့သူတွေ အားလုံးအတွက် လျော်ကြေးကို ဂိုဏ်းစည်းကမ်းအရ နှစ်ဆပေးချေလိုက်။ သူတို့ရဲ့ မိသားစုတွေကို အပြည့်အဝ ပေးရမယ်။ မိဘမဲ့ကလေးနဲ့ မုဆိုးမတွေ ကျန်ခဲ့ရင် ဂိုဏ်းရဲ့ အလယ်အလတ်ပိုင်းကလူတွေက သူတို့ကို စောင့်ရှောက်ရမယ်။ သူတို့ရဲ့မိသားစုတွေကို အနိုင်ကျင့်ရင် ဘယ်သူဖြစ်ဖြစ် လုံးဝ သည်းခံမှာ မဟုတ်ဘူး”

ဟန်ကျောက်က အသံနိမ့်စွာ ပြော၏။

သူသည် ဒေါသရေနဂါးဂိုဏ်း၏ စည်းကမ်းများကို စစ်ဆေးခဲ့ပြီး ယန်ကျင်းနှင့် ရွှေကျင်ဖုန်းတို့မှတစ်ဆင့် ရှန့်ကွမ်းယွင်ဖေး၏ လုပ်ပုံကိုင်ပုံကို နားလည်ခဲ့သည်။

ဒီလူဟာ တွန့်တိုခြင်း မရှိပေမယ့် အလွန်ကြီးစိုးကာ ကြီးကျယ်ခမ်းနားသည့် ဘဝနှင့် နေထိုင်ရခြင်းအား ကြိုက်နှစ်သက်၏။ ဂိုဏ်းမှရသည့် ငွေအများစုကို သူ ဖြုန်းတီးပစ်ခဲ့ခြင်း ဖြစ်သည်။

အခြားလူများ ဒေါသရေနဂါးဂိုဏ်းကို ပြောသည့်အခါ အားလုံးက ရှန့်ကွမ်းမိသားစု၏ ဒေါသရေနဂါးဂိုဏ်းဟု ပြောကြ၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ငယ်”

“ကျွန်တော်တို့ မိသားစုတွေ ကိုယ်စား ဂိုဏ်းချုပ်ငယ်ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”

ခန်းမအတွင်းရှိ ဂိုဏ်းသားများက အော်ဟစ်ကြွေးကြော်ကြသည်။

သူတို့အနေနှင့် ရက်စက်ကြမ်းကြုတ်သည့် ဒီလောကတွင် နေရာတစ်နေရာ ရရှိရန်နှင့် စွန့်စားခဲ့ခြင်းမှာ သူတို့၏ မိသားစုများ ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် ဖြစ်သည်။ ဟန်ကျောက်၏ စကားများက အဓိကအချက်ကို ထိမိသည်။

သူတို့အားလုံးဟာ အဓိပ္ပာယ်မရှိသည့် ကြေကွဲမှု စကားများကို နားထောင်လိုခြင်း မရှိပေ။ ငွေသည်သာ အလက်တွေ့အကျဆုံး ဖြစ်၏။

“ဂိုဏ်းချုပ်ငယ်.. ဒါက…”

ရွှေကျင်ဖုန်း၏ ပုံက ခက်ခဲသွားသည်။

“ဘာဖြစ်လို့လဲ”

ဟန်ကျောက်က သူ့ကို ကြည့်၏။

“ဂိုဏ်းချုပ်ငယ်ရဲ့ အကြံပြုချက်က အဖွဲ့သားတွေကို အကျိုးပြုဖို့ဖြစ်လို့ သဘာဝကျပါတယ်။ ကျွန်တော်လည်း သဘောတူပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ငယ်ရဲ့ ဆေးလုံးသန့်စင်တာကို ထောက်ပံ့ဖို့အတွက် ဂိုဏ်းက ငွေအများကြီး သုံးစွဲခဲ့ရပြီး စာရင်းထဲမှာ ငွေသိပ်မကျန်တော့ပါဘူး”

ရွှေကျင်ဖုန်းက ရှင်းပြသည်။

လူတိုင်း၏ မျက်နှာများင ညှိုးနွမ်းသွားကြ၏။

မလုပ်ပေးနိုင်သော ကတိများအား ပေးခြင်းသည် အဓိပ္ပာယ်မရှိပေ။

“ဒါက လွယ်ပါတယ်”

ဟန်ကျောက်က ယုံကြည်မှုရှိစွာ ပြုံးသည်။

“ကျွန်တော့်ရဲ့ ဆေးသန့်စင်ခြင်း စွမ်းရည်တွေ မကြာသေးခင်က အများကြီး တိုးတက်လာတယ်။ ပိုက်ဆံရှာဖို့ နည်းလမ်းမရှိမှာကို စိတ်ပူစရာ မလိုဘူး။”

သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရှေ့ရှိ ကြမ်းပြင်ပေါ်တွင် ကြွေပုလင်း ဒါဇင်ပေါင်းများစွာ ချက်ချင်း ပေါ်လာခဲ့သည်။

“ဒါတွေက ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ ကျွန်တော် လေ့ကျင့်ခဲ့တဲ့ ဆေးလုံးတွေပါ။ အများစုက အဆင့်နိမ့်ဆေးလုံးတွေ ဖြစ်ပေမယ့် အခြေခံအားဖြင့် အလယ်အလတ်အဆင့် အရည်အသွေးရှိတယ်။ ရောင်းအားကို စိတ်ပူစရာ မလိုဘူး။”

“အများစုက အလယ်အလတ်အဆင့် အရည်အသွေးလား”

“ဂိုဏ်းချုပ်ငယ်က ဒီနှစ်မှ ၂၃ နှစ်ပဲ ရှိသေးတယ် မဟုတ်ဘူးလား”

ခန်းမအတွင်းရှိ လူတိုင်းဟာ အံ့အားသင့်သွားကြသည်။ သူတို့ဟာ ဆေးသန့်စင်သူများ မဟုတ်ကြပေမယ့် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဆေးလုံးများအကြား ကွာခြားချက် ကြီးမားပုံကို သိကြပါသည်။

အလယ်အလတ်အဆင့် အရည်အသွေးနှင့် ဆေးလုံးတစ်လုံး၏ ဆေးစွမ်းသည် အဆင့်နိမ့်ဆေးလုံးထက် နှစ်ဆဖြစ်၏။ ဆေးလုံးသန့်စင်ရာတွင် လူတိုင်း၏ စွမ်းဆောင်ရည်ဟာ ကွာခြားသည်။ အလယ်အလတ်အဆင့် ဆေးလုံးများသည် ပိုမိုကောင်းမွန်သော အာနိသင်ရှိပြီး စုပ်ယူရ ပိုလွယ်ကူ၏။

“ဒါ့အပြင်.. ဒီသွေးချီဆေးလုံး ပုလင်းလည်း ရှိသေးတယ်။ ကျွန်တော ခုနကမှ ဆေးပေါင်းအိုးတစ်အိုးမှာ ဆေးလုံးလေးလုံး သန့်စင်ခဲ့တယ်။ အဲဒီထဲက တစ်လုံးက အလယ်အလတ်အဆင့် အရည်အသွေးရှိတယ်”

ဟန်ကျောက်က နောက်ထပ် ကြွေပုလင်းတစ်လုံး ထုတ်လိုက်သည်။

“အလယ်အလတ်အဆင့် သွေးချီဆေးလုံး”

ဒီတစ်ကြိမ်ွငါတော့ ရွှေကျင်ဖုန်းပင် ထိုင်မနေနိုင်တော့ပေ။

အလယ်အလတ်အဆင့် သွေးချီဆေးလုံးကို သန့်စင်နိုင်သည် ဟူသည်မှာ ဟန်ကျောက်၏ ဆေးသန့်စင်ခြင်း စွမ်းရည်ဟာ ယန်ကျင်းကို ကျော်လွန်သွားပြီဟု ဆိုလို၏။

သူ့အသက်က ဘယ်လောက် ရှိသေးလို့လဲ...

အရေးအကြီးဆုံးက ဂိုဏ်းချုပ်ရဲ့ ပြန်လည်ကောင်းမွန်ဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် တော့မယ်...

“ကျွန်တော့်ရဲ့ သွေးချီဆေးလုံး သန့်စင်ခြင်း အောင်မြင်မှုနှုန်းက အခု ၄၀% လောက်ရှိတယ်။ ဒြပ်စင်ငါးခုဆေးလုံး သန့်စင်ခြင်း အောင်မြင်မှုနှုန်းက ၃၅% ရှိတယ်။ လျော်ကြေးမလုံလောက်တာကို လျှင်လျှင်မြန်မြန် ဖြည့်ဆည်းပေးနိုင်မှာပါ”

ဟန်ကျောက်က ထပ်ပြောသည်။

လူတိုင်း၏ မျက်လုံးများက တောက်ပလာ၏။ အစောပိုင်းအဆင့် သိုင်းသမားတစ်ဦးအတွက် ငွေသည် အရည်အချင်းနှင့် ပါရမီထက် ပိုမိုအရေးကြီးပါသည်။

All Chapters