← Chapters

အခန်း (၂၅၀)

Vol. 17 Ch. 250

အခန်း (၂၅၀)

Vol. 17 Ch. 250

ဝက်တစ်ကောင်ကို ငွေနှင့် ဝဖြိုးအောင် လုပ်လို့ရပါသည်။ သို့သော် အဆင့်မြင့်လာသည်နှင့်အမျှ ငွေရှိရင်တောင်မှ အရင်းအမြစ်များစွာကို တန်းစီပြီးသာ ဝယ်နိုင်ကြသည်။ ဝယ်လို့တောင် မရနိုင်တော့သည်များ ရှိ၏။

သွေးချီဆေးလုံးသည် ခွန်အားသန့်စင်ခြင်း၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိရန် အံ့ဖွယ် အာနိသင် ရှိသည်။ ၎င်းသည် သွေးချီစုဆောင်းခြင်း လုပ်ငန်းစဉ်ကို အများကြီး တိုတောင်းစေနိုင်သည်။

ထို့အပြင် ဟန်ကျောက်ဟာ အလယ်အလတ်အဆင့် သွေးချီဆေးလုံးတွေကို သန့်စင်နိုင်၏။

“ဂိုဏ်းချုပ်ငယ်…”

တစ်ယောက်ယောက်က ဆက်လက် ငြိမ်မနေနိုငါတော့ပေ။

ဟန်ကျောက်က လက်ကိုမြှောက်ပြီး သူ့ကို ကြားဖြတ်ကာ ပြော၏။

“မင်း ဘာပြောချင်လဲ ဆိုတာကို ငါသိတယ်။ တကယ်လို့ ကုန်ကြမတွေ အလုံအလောက် စုဆောင်းနိုင်ရင် ငါ မင်းတို့ကို ဆေးလုံးတွေ အခမဲ့ သန့်စင်ပေးနိုင်တယ်။”

“ဒါပေမယ့် အလယ်အလတ်အဆင့် ဆေးလုံးတွေအတွက်ပဲ ကန့်သတ်ထားတယ်။ အဆင့်နိမ့်ဆေးလုံးတွေက ငါ့ရဲ့ ဆေးသန့်စင်ခြင်း စွမ်းရည်တွေကို တိုးတက်အောင် မလုပ်နိုင်တော့ဘူး။”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ငယ်”

ခန်းမအတွင်းရှိ ဂိုဏ်းသားအားလုံးဟာ ပျော်ရွှင်သွားကြသည်။ လူများစွာက သူ့ကို ဦးညွှတ်ကြ၏။

ငွေနှင့်ယှဉ်ပါက ဆေးလုံးများဟာ လူအများစုတို့ အိပ်မက်မက်သည့် အရာဖြစ်သည်။

ဂိုဏ်းတွင် အလယ်အလတ်အဆင့် ဆေးသန့်စင်သူ နှစ်ဦးရှိပေမယ့် ယန်ကျင်းဟာ အလွန်လေးစားခံရပြီး သာမန်လူတွေ နှောင့်ယှက်လို့ မရပါ။

နောက်ထပ် ဆေးသန့်စင်သူ တစ်ဦးဖြစ်သည့် ကျန်းဟွမ်ကတော့ စိတ်နေစိတ်ထား ထူးဆန်းသူ ဖြစ်သည်။ အလယ်အလတ်အဆင့် ဆေးလုံးများ၏ အောင်မြင်မှုနှုန်းမှာလည်း ၂၀% သာ ရှိ၏။

အချိန်အများစုတို့တွင် အချိန်နှင့် ငွေ အများအပြားကို သုံးစွဲပြီး ဆေးပင် သုံးလေးစုံလောက် စုဆောင်းဖို့ ကြိုးစားကြရသည်။ နောက်ဆုံးတွင် အားလုံး ကျရှုံးသွားနိုင်သေး၏။ ထို့ကြောင့် ပိုက်ဆံထပ်ပေါင်းကာ ဝယ်ခြင်းက ပိုကောင်းပါသည်။

“လူတိုင်းပဲ.. ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး”

ဟန်ကျောက်က လူတိုင်းကို လက်ဝှေ့ယမ်းကာ ရွှေကျင်ဖုန်းကို ကြည့်လိုက်သည်။

“ဒီကိစ္စအတွက် ရေသံတမန်ကို စည်းမျဉ်းတစ်ခု ရေးဆွဲခိုင်းလိုက်ပါမယ်”

ဟန်ကျောက်သည် သူတော်စင်တစ်ဦး ကဲ့သို့ ဖြစ်လိုခြင်း မရှိသော်လည်း ဂျမ်ဘူပင်လယ်ရှိ ပင်လယ်ဓားပြ အများအပြားကို အနိုင်ယူပြီးနောက် ဒေါသရေနဂါးဂိုဏ်း၏ သြဇာရှိနယ်ပယ်သည် အနာဂတ်တွင် လျင်မြန်စွာ ကျယ်ပြန့်လာမှာ ဖြစ်သည်။

အကယ်၍ သူ့အနေနှင့် ဒေါသရေနဂါးဂိုဏ်းအပေါ် လူတိုင်း၏ တွယ်တာခြင်းစိတ်ကို တိုးမြှင့်မပေးနိုင်ပါက အနာဂတ်တွင် ကြီးမားသော ပြဿနာတစ်ခုဟာ မကြာခင်တွင် ဖြစ်ပေါ်လာမည် ဖြစ်သည်။

သူဟာ ဒီဒီနေရာတွင် ထာဝရနေမည် မဟုတ်ပေ။ သူ့ကို စောင့်ဆိုင်းနေသည့် ပိုမိုကျယ်ပြန့်သော ကမ္ဘာတစ်ခု အပြင်ဘက်တွင် ရှိနေ၏။

သို့သော် ဒေါသရေနဂါးဂိုဏ်းဟာ ရတနာပန်းကန်တစ်ခု ဖြစ်၏။ သူ့အနေနှင့် ၎င်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရမည်မှာ သဘာဝဖြစ်သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ငယ်”

ရွှေကျင်ဖုန်းက အလေးအနက် ပြောသည်။

ဟန်ကျောက်၏ လက်ရှိ ဆေးသန့်စင်ခြင်း စွမ်းရည်သည် သူတို့ကဲ့သို့ စစ်ဘုရင်အဆင့် သိုင်းသမားများကို အဆင့်တက်ရန် ဆေးလံုးသန့်စင်ရာတွင် ကူညီပေးနိုင်နေပြီး ဖြစ်၏။

ဒီအချိန်၌ သူဟာ ဟန်ကျောက်ကို နှလုံးသားအောက်ခြေမှ တန်းတူညီမျှသော၊ သို့မဟုတ် အနည်းငယ် ပိုမြင့်သော အဆင့်အတန်းဖြင့် ဆက်ဆံလာခဲ့သည်။

ဒေါသရေနဂါးဂိုဏ်းဟာ နဂါးတောမြစ်နှင့် တောင်ပိုင်းရှုခင်း ပင်လယ်ရှိ ဒြပ်စင်ငါးပါး ဒီဗိုင်းသဲများကို ဆယ်ယူနိုင်သော နည်းပညာရှိသောကြောင့် သူတို့ကဲ့သို့ စစ်ဘုရင်အဆင့်များအတွက် ကိုယ်တွင်းအင်္ဂါသန့်စင်ရန် အရင်းအမြစ်များ ရှားပါးခြင်း မရှိပေ။

စစ်ဘုရင်အဆင့် ကျွမ်းကျင်သူများကို သေမျိုးများဟု မယူဆနိုင်တော့သော်လည်း သူတို့၏ ကိုယ်တွင်းအင်္ဂါများသည် အားနည်းနေဆဲဖြစ်သည်။

သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ.. ဒြပ်စင်ငါးချီ တစ်ခုချင်းစီတိုင်း၏ လက္ခဏာရပ်များက ကွဲပြားသည်။ မတူညီသော ကိုယ်အင်္ဂါများနှင့် ပေါင်းစပ်သောအခါ သတိထားရပေမည်။

ဒြပ်စင်ငါးပါးချီက သူတို့၏ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေပါက အဆင်ပြေလျှင် တစ်နှစ်ခွဲခန့် ပြန်လည် ပြုစုပျိုးထောင် ရမည်။ အဆင်မပြေပါက အတွင်းဒဏ်ရာများ ရရှိပြီး အဆင့်တက်ရန် မျှော်လင့်ချက် မရှိတော့ပေ။

အားလုံးတို့သည် အရင်က အဆင့်တူ ပါရမီရှင်များ ဖြစ်ကြသော်လည်း စစ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် သူတို့၏ ကျင့်ကြံမှုနှုန်းထားသည် အများကြီး လျော့ကျသွားဆဲဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လူသားခန္ဓာကိုယ်ဟာ အသွေးအသား၊ အရိုးများနှင့် ပြုလုပ်ထားပြီး ခန္ဓာကိုယ်တွင် ကန့်သတ်ချက်ရှိပါသည်။

ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ရန် စိတ်ဝိညာဉ်ဆေးပင်များ သို့မဟုတ် ဆေးလုံးအချို့ကို သောက်ခြင်းဖြင့် မဟုတ်ပါက ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း တိုးတက်မှုဟာ အများကြီး နိမ့်ပါသွားမှာပါ။

အလယ်အလတ်အဆင့် ဒြပ်စင်ငါးမျိုးချီ ဆေးလုံးတွင် ထိုအာနိသင်ရှိ၏။

“အင်း”

ဟန်ကျောက်က ခေါင်းညိတ်ပြီးနောက် ဒေါသရေနဂါးခန်းမမှ ထွက်သွားသည်။

စီကျူးက သူ့နောက်ကနေ ပြေးလိုက်၏။

“နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်ငယ်”

သူ့နောက်ရှိ ဂိုဏ်းသားများက တစ်ညီတစ်ညွတ်တည်း အော်ကြသည်။

ဟန်ကျောက်သာ နောက်ထပ်ခေါင်းဆောင် ဖြစ်လာနိုင်ပါက ရှန့်ကွမ်းယွင်ဖေး ခေါင်းဆောင်ဖြစ်တာထက် အများကြီး ပိုကောင်းပါလိမ့်မယ်။

သို့သော် လူများစွာဟာ စိုးရိမ်နေဆဲ ရှိ၏။ သူဟာ ဂိုဏ်းချုပ်၏ တပည့်သစ် ဖြစ်နေလျှင်တောင် ရာထူးကို အမှန်တကယ် အောင်မြင်စွာ တက်လှမ်းနိုင်ပါ့မလား။

ဂိုဏ်းချုပ်ရာထူးကို ရှန့်ကွမ်းမိသားစုက အမြဲတမ်း ဆက်ခံခဲ့၏။ အခြားသူများ ဝင်ရောက်နိုင်မည့် အခွင့်အရေးဟာ အလွန်ခက်ခဲသည်။

ရှန့်ကွမ်းယွင်ဖေးမှာ အပြင်ပန်းအားဖြင့် သားသမီး မရှိပေမယ့် သူ့တွင် တရားမဝင်သားသမီး ရှိမရှိ မည်သူသိမည်လဲ။

ဟန်ကျောက်သာ ဂိုဏ်းချုပ်ဟောင်း၏ အခွင့်ပေးမှုကို ရရှိနိုင်ခြင်း မရှိပါက ထိပ်ဆုံးသို့ တက်လှမ်းဖို့မှာ လွယ်ကူနေမည်မဟုတ်ပေ။

ဟန်ကျောက်ကတော့ သူတို့၏ စိုးရိမ်ပူပန်မှုများကို မသိပေ။ သူဟာ အခန်းသို့ ပြန်ရောက်ပြီးနောက် တံခါးကို တင်းတင်းပိတ်လိုက်၏။

ဆန်နာရုအိတ်ငယ် အတွင်းမှ နဂါးနီလှံ ဒီဗိုင်းလက်နက်အပိုင်းအစကို ထုတ်ယူလိုက်သည်။

အစမ်းရှင်သန်ရန် လိုအပ်သည့် ယင်စွမ်းအင်တို့ မလုံလောက်သေးသောကြောင့် သူသည် ဒီဗိုင်းလက်နက်အပိုင်းအစနှင့် ဆွေးနွေးပြီး ပုံမှန် ယင်စွမ်းအင်များအား ကြိုတင် ပေးချေစေလို၏။

ဒီဗိုင်းလက်နက်အပိုင်းအစကို နောက်တစ်ကြိမ်တွင် သိုင်းသမားတစ်ဦး၏ သွေးကို သောက်ခွင့်ပြုမည်ဟု ကတိပေးပြီးနောက် ဒီဗိုင်းလက်နက်အပိုင်းအစက သဘောတူခဲ့သည်။

“တကယ်ပဲ ကိုင်တွယ်ရလွယ်တဲ့ ဒီဗိုင်းလက်နက်ပဲ”

ဟန်ကျောက်ဟာ ဒီဗိုင်းလက်နက်အပိုင်းအစကို ဆန်မာရုအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် မနေနိုင်ပဲ ပြုံးသည်။

ယင်စွမ်းအင်ကို စုပ်ယူပြီးနောက် သူသည် အစမ်းရှင်သန်ရန် ပြင်ဆင်သည်။ မကြာမီ သူဟာ လုံလောက်စွာ စုဆောင်းရရှိသွား၏။

“စနစ်။”

[အချက်ပေး အပိုင်းအစ ၁၀၀အား စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား။]

[ပေါင်းစပ်မှု တစ်ကြိမ်စီတိုင်းအတွက် အချက်ပေး အပိုင်းအစ ၁၀၀ နှင့် ရွှေ ၆၀၀ လျန်အား ကုန်ကျမည်…]

[လက်ရှိလက်ကျန်‌ေငွ- ရွှေ ၁၈၀၀ လျန်]

“ပေါင်းစပ်မယ်.. အစမ်းရှင်သန်တာ စတင်မယ်”

[အသက်၂၃ နှစ်တွင် သင်သည် ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ကို ခြိမ်းခြောက်ခဲ့သည်။ သူတို့သုံးဦး၏ နောက်ကွယ်ရှိ အဖွဲ့အစည်းများသည် အလျှင်စလို မပြုရဲကြပါ။]

[တစ်လအကြာတွင် နေခွင်းမြား ဒီဗိုင်းလက်နက် ပေါ်လာ၏။ အဖွဲ့အစည်းလေးခု၏ နောက်ကွယ်ရှိ သိုင်းသူတော်စင်များ တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံး ဒဏ်ရာရရှိပြီး ဒီဗိုင်းလက်နက်ဟာ ပျက်စီးသွားသည်။]

[ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့သည် ငရဲကိုးခုစံအိမ်မှ နတ်ဆိုးများနှင့်အတူ နေခွင်းမြား အပိုင်းအစများကို ရှာဖွေကြသည်။]

[သင်သည် လျှို့ဝှက်စွာ လုပ်ဆောင်ကာ အပိုင်းအစ နှစ်ခုတို့ကို လုယူခဲ့သည်။ နေခွင်းမြား ဒီဗိုင်းလက်နက်အား ပုံမှန် ယင်စွမ်းအင် ထောက်ပံ့ပေးရန် ခြိမ်းခြောက်ခဲ့သည်။ မဟုတ်ပါက သင်သည် ၎င်းကို ဖျက်ဆီးပစ်မည် ဖြစ်၏]

[ဒီဗိုင်းလက်နက်သည် အသိဉာဏ်ရှိပြီး သင်၏ တောင်းဆိုချက်များကို သဘောတူခဲ့သည်။]

[အသက်၂၄ နှစ်တွင် သင်သည် နေခွင်းမြား၏ တတိယအပိုင်းအစကို ရှာတွေ့ပြီး ဒှိုင်းလက်နက်ကို ပိုမိုများပြားသည့် ယင်စွမ်းအင်များ ပေးဆောင်ရန် တောင်းဆိုခဲ့သည်။ ဒီဗိုင်းလက်နက်ဝိညာဉ်က ထပ်မံ သဘောတူခဲ့၏]

[ထို့ကြောင့် သင်သည် အပိုင်းအစ သုံးခုကို တစ်ခုတည်း ပေါင်းစပ်ပြီး နေခွင်းမြားကို စုစည်းခဲ့သည်။]

[နေခွင်းမြားဟာ ပြန်လည်စုစည်းပြီးနောက် ၎င်း၏ စွမ်းအား အများအပြား လျော့ကျသွားသော်လည်း အဆင့်မြင့် အတုအယောင်ဒီဗိုင်းလက်နက်၏ ကျန်ရှိသော စွမ်းအားများ ရှိနေဆဲဖြစ်သည်။ ၎င်းသည် ကတိကိုဖျက်ကာ သင့်ကို တိုက်ခိုက်ရန် စတင်ခဲ့သည်။]

[သင်သည် သင်၏ နည်းလမ်းများ အားလုံးကို အသုံးပြုခဲ့ပြီး နေခွင်းမြားကို ထပ်မံ အပိုင်းပိုင်းဖြတ်ရန် တန်ဖိုးအဖြစ် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။]

[သင် ပြန်လည်ကုသနေစဉ် ငရဲကိုးခုစံအိမ်မှ နတ်ဆိုးများ သင့်ကို လာရှာခဲ့သည်။]

[သင်သည် ကျန်ရှိသော ခွန်အား အားလုံးကို အသုံးပြု၍ ထိုသူများကို သတ်ပစ်ခဲ့သော်လည်း သင်၏ အသက်ကိုလည်း ပေးဆပ်ခဲ့ရသည်။]

“ဒီဗိုင်းလက်နက်ကို အရမ်းအထင်သေးမိသွားတယ် ထင်တယ်”

အစမ်းရှင်သန်ခြင်းတွင် ပြသထားသည့် အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်၏ မျက်နှာက မဲမှောင်သွားသည်။

ဤသည်မှာ မည်ကဲ့သို့ ဒီဗိုင်းလက်နက်မျိုးနည်း။ လှည့်စားတတ်သည့် မြေခွေးအိုကြီး ဖြစ်ပါသည်။

ကျီပိုင်ဝေ၏ ပြောကြားချက်အရ ပိုင်ရှင်မဲ့ ဒီဗိုင်းလက်နက်တစ်ခု၏ ထုတ်လွှတ်နိုင်သည့် စွမ်းအားဟာ လက်နက်ပိုင်ရှင်တစ်ဦးက ထိန်းချုပ်ထားသည့် ဒီဗိုငလက်နက် စွမ်းအား၏ သုံးပုံတစ်ပုံပင် မရှိပါ

All Chapters