အခန်း (၂၅၁)
Vol. 17 Ch. 251
ဒီဗိုင်းလက်နက် ပျက်စီးသွားပြီးနောက် အပိုင်းအစများ အားလုံးကို စုစည်းကာ ပြန်လည်တပ်ဆင်လျှင်တောင် သူ့၏ စွမ်းအားဟာ မူရင်း၏ လေးပုံတစ်ပုံလောက်သာ ကျန်ရှိပေလိမ့်မယ်။
တစ်နည်းအားဖြင့် ပြန်လည်စုစည်းထားသည့် နေခွင်းမြား ဒီဗိုင်းလက်နက်၏ စွမ်းအားဟာ လက်နက်ပိုင်ရှင်က ထိန်းချုပ်ထားသည့် ပြီးပြည့်စုံသည့် ဒီဗိုင်းလက်နက်၏ ဆယ့်နှစ်ပုံတစ်ပုံပင် မရှိပေ။
ထိုကဲ့သို့ ဖြစ်နေလျှင်တောင် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်၏။
အလွန် မယုံကြည်နိုင်ဖွယ် ကောင်းလှပါသည်။
“ဖြစ်နိုင်တာက နဂါးနီလှံ ဒီဗိုင်းလက်နက်အပိုင်းအစမှာလည်း ဒီလိုအတွေးမျိုး ရှိနိုင်တယ်။ ဒါပေမဲ့ အဲ့ဒါက အဆင့်နိမ့် အတုအယောင် ဒီဗိုင်းလက်နက်ပဲ ဖြစ်လို့ စိတ်ဝိညာဉ်စွမ်းအင် မလုံလောက်တာ ဖြစ်မယ်” ဟန်ကျောက်က စဉ်းစားရင်း ပြောလိုက်သည်။
နဂါးနီလှံ ဒီဗိုင်းလက်နက်၏ ကြောက်ရွံ့မှုက သူ့ကို ဒီဗိုင်းလက်နက်များဟာ ဘာမှမဟုတ်ဟု မသိစိတ်မှ ထင်သွားစေခဲ့၏။
အခုတော့ သူဟာ ပြဿနာ၏ ရှုပ်ထွေးမှုကို အထင်သေးခဲ့မိသည် ထင်၏။ ဤသည်မှာ သင်ယူရမယ့် သင်ခန်းစာတစ်ခု ဖြစ်သည်။
[အစမ်းရှင်သန်ခြင်း ပြီးဆုံးပါပြီ။ အောက်ပါတို့မှ တစ်ခုကို ရွေးချယ်နိုင်သည်။]
[၁- ပါရမီကို ရယူပါ (ရွေးချယ်နိုင်သည်)]
[၂- စွမ်းရည်မှတ်ကို ရယူပါ]
[၃- ဘဝအတွေ့အကြုံ၏ မည်သည့်အပိုင်းကိုမဆို ရယူပါ။]
[လက်ရှိလက်ကျန်ေငွ- ရွှေ ၁,၂၀၀ ကျပ်သား]
“စွမ်းရည်က ဒီမှာလား”
အစမ်းရှင်သန်ခြင်း၏ နောက်ဆုံးရွေးချယ်မှုကို ကြည့်ကာ ဟန်ကျောက်ဟာ တက်ကြွလာခဲ့သည်။
“ငါက မလောဘကြီးပါဘူး။ ရွှေရောင်ပဲပေး”
“အနိမ့်ဆုံး အနီရောင်လား”
စနစ်၏ တွန့်တိုသည့် သဘောထားကို မြင်ရပြီးနောက် ဟန်ကျောက်က ဒေါသတကြီး ပြောသည်။
“ငါ့ရဲ့ ယင်စွမ်းအင်တွေကို မဖြုန်းတီးလို့ မရဘူးလား”
ဟန်ကျောက်က ကျိန်ဆဲသည်။
“ပိုမြင့်တဲ့အဆင့်နဲ့ ပါရမီကို ဘယ်လိုရနိုင်လဲသာပြော”
[ယခု ရွှေမသွင်းပါက ပြီးလျှင် နောင်တရလိမ့်မည်]
[ပိုက်ဆံသုံးမှသာ အဆင်ပြေလိမ့်မည်]
“ကောင်းပြီ၊ ကောင်းပါပြီ”
ဟန်ကျောက်က အထင်သေးစွာ ပြုံးသည်။ သူ့ကို သတိပေးဖို့ လိုသေးသည်လား။
ရံဖန်ရံခါ ညဘက် အိပ်မက်ထဲတွင်တောင် ပိုက်ဆံနှင့်ယင်စွမ်းအင် ရရှိရန် အိပ်မက်မက်လေ့ ရှိပါသည်။
“တစ်။”
[ပါရမီအား ရရှိသည်- အံ့ဖွယ်သုံးပါး မူလပြန်ခြင်း]
[အံ့ဖွယ်သုံးပါး မူလပြန်ခြင်း]- အနီရောင်ပါရမီ။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဒြပ်စင်ငါးပါးတို့ဟာ လေ၊ ရေခဲ၊ မိုးကြိုး အံ့ဖွယ်သုံးပါး စွမ်းအားကို ထုတ်လုပ်ကြသည်။ အံ့ဖွယ်သုံးပါး မူလပြန်ခြင်းသည် လေ၊ ရေခဲ၊ မိုးကြိုးစွမ်းအားတို့ကို မျှတစေပြီး ပြောင်းလဲပေးနိုင်သည်။ ၎င်းတို့ကို သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ စွမ်းအားအဖြစ်လည်း ပြန်လည်ခွဲခြား နိုင်သည်။ (ကျင့်ကြံမှုမှတစ်ဆင့် ရွှေရောင်ပါရမီသို့ အဆင့်မြှင့်တင်နိုင်သည်။ အမြင့်ဆုံးအဆင့်မှာ ပလက်တီနမ်အတင့် ဖြစ်သည်။)
“အမြင့်ဆုံးအဆင့်က ပလက်တီနမ်လား”
ဟန်ကျောက်ဟာ ပါရမီ၏ သက်ရောက်မှုများကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။
“စနစ်၊ မင်းက တကယ့်ကို ပါရမီရှင်ပဲ.. လိုချင်တာ အကုန်ရနိုင်တယ်”
အစမ်းရှင်သန်ခြင်းတွင် သူသည် ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်ထဲရှိ မိုးကြိုးရေနဂါးသွေးကို ထုတ်ယူပြီး နဂါးသွေးဆေးလုံးကို သန့်စင်ခဲ့ကြောင်းအား ပြသခဲ့သည်။ ၎င်းကို စား သုံးပြီးနောက် သူ၏ ခွန်အားဟာ များစွာ တိုးတက်လာသော်လည်း ခန္ဓာကိုယ်မှာတော့ လျှပ်စီးရေနဂါးစွမ်းအား အများအပြားကို ခံနိုင်ရည် မရှိခဲ့ပေ။
[အံ့ဖွယ်သုံးပါး မူလပြန်ခြင်း] ဖြင့် သူသည် မိုးကြိုးရေနဂါး၏ ခန္ဓာကိုယ်ထဲရှိ မိုးကြိုးဓာတ်စွမ်းအားကို သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ၊ လေနှင့် ရေခဲစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။
ဤနည်းအားဖြင့် သူ၏ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အရှိန်အဟုန်ကို များစွာ တိုးမြှင့်စေနိုင်ရုံသာမက လေနှင့် ရေခဲစွမ်းအားကိုလည်း ရရှိနိုင်သည်။
ဒီဗိုင်းကောင်းကင်တံဆိပ်အပြင် နတ်ဆိုးရေခဲလက်သည်းသည်လည်း ၎င်း၏ အပြင်းထန်ဆုံး စွမ်းအားကို ထုတ်လွှတ်နိုင်လာမှာပါ။
ထို့အပြင် သူ၏ လေဟုန်စီးခြေထောက်ဟာလည်း လေဓာတ်စွမ်းအားနှင့် ပေါင်းစပ်နိုင်ပါက ၎င်း၏အမည်ကို လေနတ်ဘုရားခြေထောက်ဟု ပြောင်းနိုင်ပေလိမ့်မည်။
[ငွေပေးချေကာ အစမ်းရှင်သန်ပြီးနောက် ထုတ်ယူရရှိသော ပါရမီ၏ အရည်အသွေးနှင့် သက်ရောက်မှုသည် သင်၏ ကံအပေါ်တွင်သာ မူတည်ပါသည်။]
“ဟုတ်တာပေါ့.. အားလုံးက ငါ့ကြောင့်ပဲလေ”
ဟန်ကျောက်ဟာ စိတ်ကောင်းဝင်နေ၏။
“ငရဲကိုးခုစံအိမ်.. မင်းစောင့်နေလိုက်”
နောက်တစ်နေ့တွင်..
ဟန်ကျောက်သည် နံနက်စောစော ထကာ နံနက်ခင်း လေ့ကျင့်ခန်းအတွက် ခြံဝင်းထဲသို့ လျှောက်သွား၏။
သူ ဒီကမ္ဘာသို့ ရောက်ရှိလာသည်မှာ ခုနစ်နှစ်တာ ရှိပြီ ဖြစ်သည်။ အလုပ်လုပ်ရန် သို့မဟုတ် ခရီးသွားရန် အပြင်ထွက်ခြင်းမှလွဲ၍ အခြားမည်သည့်အရာမှ သူ၏ အချိန်ဇယားကို နှောင့်ယှက်နိုင်ခြင်း မရှိပေ။
သူသည် ခြံဝင်းအလယ်တွင် ရပ်နေပြီး ခါးတွင် ဓားနှင့် ဆေဘာကို ချိတ်ဆွဲထားကာ ညာဘက်လက်ဖြင့် ဓား၏ လက်ကိုင်ကို ကိုင်ထားသည်။
အစစ်အမှန် ချီကို သက်ခြွေဓားထဲသို့ ထိုးသွင်းလိုက်သည်နှင့် သူ၏ တစ်ကိုယ်လုံး၏ အရှိန်အဝါက ထက်မြက်လာသည်။
လေတိုက်သံနှင့် အသစ်စိုက်ထားသော သစ်ပင်၏ အကိုင်းအခက်များနှင့် အရွက်များ တရှဲရှဲမြည်သံကို နားထောင်ရင်း သူဟာ မျက်လုံးများကို သဘာဝအတိုင်း မှိတ်လိုက်ပြီး အရှိန်အဝါကို တဖြည်းဖြည်း ထိန်းချုပ်လိုက်သည်။
ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ မျက်လုံးများထဲ၌ ရတနာဓားတစ်ချောင်း ဓားအိမ်မှ ထွက်လာသကဲ့သို့ ရှိ၏။
"ဝှစ်"
ဓားသည် နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး ငွေရောင်နှင်းခဲကဲ့သို့သော ဓားရောင်ခြည်က ခြံဝင်းတစ်လျှောက် လင်းလက်သွားသည်။
“ကလန်”
ဟန်ကျောက်ဟာ သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
"ဘဇ် ဘဇ် ဘဇ်"
သက်ခြွေဓားက တုန်ခါကာဖြင့် ပျော်ရွှင်မှုကို ထုတ်လွှတ်၏။
"ဆွစ်"
ဟန်ကျောက်ဟာ သူ၏ ဓားကို ထပ်မံ ထုတ်လိုက်သည်။ ဓားမှ ပြင်းထန်ပြီး ကြိမ်နှုန်းမြင့်သော တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။
"ဘဇ်"
ရှင်းလင်းကာ နားကို ထိုးဖောက်သွားသော ဓားငိုကြွေးသံက လေဟာနယ်ကို ပျက်စီးစေတော့မည့်အလား ဆက်တိုက် ထွက်ပေါ်လာသည်။
မိုးရေစက်များကဲ့သို့ ဓားစွမ်းအားသည် ဓားကိုယ်ထည်ကို ကပ်တွယ်နေပြီး ဓားထုတ်သော်လည်း ထွက်ခွာသွားခြင်း မရှိပေ။
“မင်းလည်း အထီးကျန်တာကို မလိုချင်ဘူးလား။ အနာဂတ်မှာ ငါ အစွမ်းထက်တဲ့ ဓားပညာတစ်ခုကို သင်ယူမယ်။ မင်းကို ဟန်ထုတ်ပြဖို့ အခွင့်အရေးပေးမယ်”
ဟန်ကျောက်က သက်ခြွေဓားပေါ်ရှိ မိုးပြန်အားကို ဖယ်ရှားပြီး ညင်သာစွာ နှစ်သိမ့်သည်။
"ဘဇ် ဘဇ်"
သက်ခြွေဓားမှ ပျော်ရွှင်မှုတစ်ခု ထွက်ပေါ်လာ၏။
ထိုအချိန်၌ ဟန်ကျောက်ဟာ သက်ခြွေဓားနှင့် သူ၏ ဆက်သွယ်မှုတို့ ပိုမိုအားကောင်းလာသည်ဟု ခံစားရသည်။
သူက စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။ အမှန်တကယ်ကို ဖြစ်၏။
"သက်ခြွေဓား— စိတ်ဝိညာဉ်လက်နက်"
"စိတ်ဝိညာဉ်အဆင့်- အဆင့်မရှိ - ၆% (အဆင့်မြှင့်တင်နိုင်သည်)"
"ဓားဆန္ဒ- ၅%"
"အထူးသက်ေရာက်မှု- ချီစုဆောင်းခြင်း အဆင့် ၂"
ကံကြမ္မာဖြတ်တောက်ခြင်းဓားနောက်တွင် ကျန်ရစ်လိုခြင်း မရှိသကဲ့သို့ သက်ခြွေဓား၏ စိတ်ဝိညာဉ်စွမ်းရည်နှင့် ဓားဆန္ဒတို့ တစ်ချိန်တည်း တိုးတက်လာခဲ့သည်။
ကံကြမ္မာဖြတ်တောက်ခြင်းဓားကဲ့သို့ အလွန်အကျူး မဟုတ်သော်လည်း သိသိသာသာ တိုးတက်မှုတစ်ခု ဖြစ်သည်ဟု ယူဆနိုင်ပါသည်။
“ထင်ထားတဲ့အတိုင်းပဲ.. တြိဂံတွေက တည်ငြိမ်မှုရှိတယ်။ ဒီစာကြောင်းက စိတ်ဝိညာဉ်လက်နက်တွေအတွက်လည်း အတူတူပဲ”
ဟန်ကျောက်က ပြုံးသည်။ စနစ်မျက်နှာပြင်ပေါ်တွင် အသိပေးစာသားတစ်ခု ထပ်မံ ပေါ်လာ၏။
“ငါ့ရဲ့ ဓားတာအို ပါရမီလည်း တိုးတက်လာခဲ့တယ်”
[အစွန်းရောက်ခုနစ်ပါး သိုင်းသူတော်စင် ပါရမီဟာ တိုးတက်လာခဲ့သည်]
[အစွန်းရောက်ခုနစ်ပါးသိုင်းသူတော်စင်]- အစိမ်းရောင်ပါရမီ။ ဓားတာအိုနှင့် ဆေဘာတာအို ကျင့်ကြံမှု ပါရမီဟာ ရှစ်ဆ တိုးတက်လာခဲ့သည်။ လက်သီး၊ လက်ဖဝါး၊ ခြေထောက်၊ လက်ချောင်းနှင့် လက်သည်း ကျင့်ကြံမှု ပါရမီဟာ ခုနစ်ဆ တိုးတက်လာခဲ့သည်…
ဟန်ကျောက် စဉ်းစားသည်။
သိုင်းပညာများစွာကို တစ်ခုတည်း ပေါင်းစပ်ပြီး သိုင်းပညာအားလုံး၏ ကျွမ်းကျင်မှုကို တစ်ချိန်တည်း တိုးမြင့်စေနိုင်သော ဒီဗိုင်းပညာနည်းတစ်ခုအား ဖန်တီးနိုင်လျှင် ကောင်းပေလိမ့်မည်။
“ဖြစ်နိုင်တာက ငါ့ရဲ့ မျှော်လင့်ချက်တွေကို အစမ်းရှင်သန်မှုအပေါ်တွင် ထားရှိနိင်ပါသည်။ အစမ်းရှင်သန်မှုမှာ ဖင်းခုနစ်ဆင့် သိုင်းသူတော်စင်အဆင့် သို့မဟုတ် ဒီဗိုင်းစွမ်းအား သိုင်းနတ်ဘုရား အဆင့်ကိုတောင် ရောက်နိုင်ရင် အဲဒီလို ကျင့်စဥ်တစ်ခုကို ဖန်တီးဖို့ အခွင့်အရေးရနိုင်ျလာက်တယ် မလား”
“အနာဂတ်က ‘ကျွန်တော်’ရေ ကျေးဇူးပြုပြီး”
ဟန်ကျောက်က စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
ထိုအချိန်၌ မြန်ဆန်သည့် ခြေသံများ ထွက်ပေါ်လာ၏။ အသံအရ စီကျူး မဟုတ်ပေ။
ရွှေကျင်ဖုန်းဟာ ခြံဝင်းထဲသို့ လျှောက်ဝင်လာပြီး ဟန်ကျောက်အား လက်သီးဆုပ်ကာ အရိုအသေပြုသည်။
“ဂိုဏ်းချုပ်ငယ်”
“ရေသံတမန်။”
ဟန်ကျောက်က ပြန်လည်နှုတ်ဆက်သည်။
“ဘာလို့ ဒီလောက်အစောကြီး ကျွန်တော့်ကို ရှာတာလဲ မသိဘူး”
ရွှေကျင်ဖုန်းက လျှောက်လာပြီး ညင်သာစွာ ပြောသည်။
“ဂိုဏ်းခေါင်းဆောင်က မင်းကို လျှို့ဝှက်အခန်းထဲ ခဏလာဖို့ အမိန့်ပေးလို့”
“ဪ.. ဂိုဏ်းချုပ်က ကျွန်တော့်ကို ရှာတာလား”
ဟန်ကျောက်ဟယ အံ့အားသင့်သွားပြီး ချက်ချင်းပင် တုံ့ပြန်လာ၏။
မနေ့က သူ၏ ဆေးသန့်စင်ခြင်း တိုးတက်မှုကို စတင်ကာ ထုတ်ဖော်ပြသခဲ့ခြင်းက ရှန့်ကွမ်းယွင်ဖေးကို မျှော်လင့်ချက်အား မြင်စေခဲ့သည့် ပုံပါ။
ဒီအချိန်တွင် တစ်ဖက်လူဟာ နောက်ထပ် မစောင့်နိုင်တော့ပေ။ ကြည့်ရတာ ဒဏ်ရာများဟာ သူမျှော်မှန်းထားသည်ထက် များစွာ ပိုမိုဆိုးရွားပုံရပါသည်။
“ဟုတ်ပါတယ်”
ရွှေကျင်ဖုန်းက ခေါင်းညိတ်သည်။
“ရေသံတမန်၊ ကျေးဇူးပြုပြီး”
ဟန်ကျောက်က ပြုံးကာ လက်ကိုဆန့်သည်။
“ဂိုဏ်းချုပ်ငယ်.. ကျွန်တော် နောက်ကပဲ လိုက်ပါမယ်”
“ကောင်းပြီေလ”
ဟန်ကျောက်ဟာ နှိမ့်ချမနေတော့ပါ။ သူဟာ ရှေ့မှ ဦးဆောင်ကာ ခြံဝင်းထဲမှ ထွက်လာပြီး ဒေါသရေနဂါးခန်းမသို့ တန်းမတ်စွာ သွားရောက်၏။
“ဂိုဏ်းချုပ်ငယ်”
“ဂိုဏ်းချုပ်ငယ်ကို နှုတ်ဆက်ပါတယ်”
“ဂိုဏ်းချုပ်ငယ် မင်္ဂလာနံနက်ခင်းပါ”
“ရေသံတမန်ကို နှုတ်ဆက်ပါတယ်”
လမ်းတစ်လျှောက်တွင် ဖြတ်သွားသော ဂိုဏ်းသားများက ဟန်ကျောက်ကို မြင်ရပြီးနောက် အားလုံးဟာ လေးစားစွာ ဦးညွှတ်ပြီးနွေးထွေးစွာ နှုတ်ဆက်ကြသည်။
ရှင်းလင်းစွာပင် လူများ၏ စိတ်နှလုံးသားကို ရယူသည့် သူ၏နည်းလမ်းဟာ သာမန်ပုံရှိပေမယ့် အလွန်အသုံးဝင်ပါသည်။
ဟန်ကျောက်က လူတိုင်းကို ပြန်ပြုံးပြသည်။
ရွှေကျင်ဖုန်းဟာ ဟန်ကျောက်၏နောက်မှ တစ်လျှောက်လုံး လိုက်ပါလာပြီး စိတ်ထဲတွင် သက်ပြင်းချမိသည်။
တကယ်တော့ သူတို့ကဲ့သို့ သိုင်းသမားများဟာ အလွန်ရိုးရှင်းပါသည်။ သူတို့ လိုချင်သည်မှာ ပိုက်ဆံ၊ ကျင့်ကြံမှုအရင်းအမြစ်များနှင့် မိန်းမများ ဖြစ်၏။
ဟန်ကျောက်ဟာ ၎င်းတို့၏ ပထမဆုံး လိုအပ်ချက်နှစ်ခုကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဒေါသရေနဂါးဂိုဏ်း၏ ဆုံးရှုံးခဲ့သော ဂုဏ်သိက္ခာကိုလည်း ကိုယ်တိုင် ပြန်လည်ရယူပေးနိုင်ခဲ့သည်။ လူတိုင်း၏ စိတ်ဓာတ်ဟာ အရင်ကနှင့် လုံးဝ ကွဲပြားနေ၏။
ဒီဂိုဏ်းသားများကို ပြောစရာမလိုပေ။ သူနှင့် မုရွှမ်းလင်ပင်လျှင် နောက်ထပ် မိသားစုကြီး တစ်ခုကို ရှာရန် ပြင်ဆင်ထား၏။
ဂိုဏ်းချုပ်ဟောင်းဟာ နဂါးသွေးကို အမှန်တကယ် သန့်စင်ခဲ့လား ဟူသည်မှာ မသေချာပေမယ့် ဟန်ကျောက်ရှိနေခြင်းက သူတို့တွင် ကျောရိုးတစ်ခု ရှိနေသကဲ့သို့ ခံစားရစေသည်။
ဒေါသရေနဂါးဂိုဏ်းကို တစ်ဝက်တစ်ပျက်တွင် အတင်းအကြပ် ခေါ်ဆောင်ခြင်းကြောင့် ဝင်ရောက်ခဲ့ရသည့် လူငယ်တစ်ယောက်တွင် ယခုကဲ့သို့ ဉာဏ်ရည်နှင့် စိတ်နေစိတ်ထားမျိုး ရှိနိုင်သည်ဟူသည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။
ရိုးရိုးသားသားပြောလျှင် ဟန်ကျောက်သာ ခေါင်းဆောင်ဖြစ်လာပါက သူ၏ ပြီးခဲ့သည့် လုပ်ပုံကိုင်ပုံများနှင့် ရွှေကျင်ဖုန်းဟာ ယုံကြည်လက်ခံမိမှာပါ။
နှစ်ဦးသားဟာ ဒေါသရေနဂါး ခန်းမသို့ ရောက်ရှိလာ၏။ ခန်းမကို သန့်ရှင်းရေးလုပ်နေသည့် အစေခံများကို ထွက်သွားရန် ညွှန်ကြားပြီးနောက် ဟန်ကျောက်ဟာ လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်ရန် ပြင်ဆင်သည်။
ရွှေကျင်ဖုန်းက လျှို့ဝှက်ခန်း၏ ဝင်ပေါက်ကို ဖွင့်၏။ ဟန်ကျောက်က ဝင်တော့မည့်အချိန်၌ သူက ရုတ်တရက် “ဂိုဏ်းချုပ်ငယ်” ဟု ခေါ်သည်။
ဟန်ကျောက် ရပ်တန့်ပြီး သူ့ကို လှည့်ကြည့်၏။
“ဟမ်.. ဘာဖြစ်လို့လဲ ရေသံတမန်”
ရွှေကျင်ဖုန်းဟာ တစ်စုံတစ်ခုအား ပြောချင်ပေမယ့် တုံ့ဆိုင်းနေ၏။
“ရေသံတမန်.. ပြောစရာရှိရင် ပြောေလ”
ဟန်ကျောက်က ညင်သာစွာ ပြုံးသည်။
ရွှေကျင်ဖုန်းက စိတ်ပိုင်းဖြတ်လိုက်ပုံ ပေါ်ပြီး သူ့ကို သတိပေး၏။
“ဂရုစိုက်ပါ”
ရှန့်ကွမ်းယွင်ဖေးမှာ အပြင်ပန်းတွင် ပွင့်လင်းပုံရသော်လည်း အတွင်းစိတ်တွင် လျှို့ဝှက်ချက်များ ရှိသူဖြစ်သည်။ ရွှေကျင်ဖုန်းဟာ သူ၏ လက်အောက်ခံ ဖြစ်နေလျှင်တောင် သတိထားနေတတ်၏။
ရိုးရိုးသားသား ပြောရလျှင် ရွှေကျင်ဖုန်း၏ စိတ်ထဲတွင် ဟန်ကျောက်ကို ခေါင်းဆောင်ဖြစ်ရန် ပိုမိုသင့်တော်သည်ဟု ခံစားရ၏။
ဂိုဏ်းချုပ်ဟောင်း ရှန့်ကွမ်းလီသာ ဟန်ကျောက်ကို ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခြင်း မရှိပါက ဟန်ကျောက်ဟာ ရှန့်ကွမ်းယွင်ဖေးကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
“ရေသံတမန်က တကယ် ဉာဏ်ကောင်းတဲ့သူပဲ။ ကျွန်တော် လေးစားပါတယ်”
ဟန်ကျောက်က ပြုံးကာ ရွှေကျင်ဖုန်း၏ ပခုံးကို ညင်သာစွာ ပုတ်သည်။ ထို့နောက် သူဟာ ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်သွား၏။
“ကျွန်တော်…”
ရွှေကျင်ဖုန်းဟာ ဟန်ကျောက်၏ တည်ငြိမ်နေသည့် ပုံစံကို ကြည့်ကာ သူ၏ ယုံကြည်မှုတို့ မည်သည့်နေရာက လာသနည်းဟု နားမလည်နိုင်အောင် ရှိနေပါသည်။