အခန်း (၂၄၅)
Vol. 17 Ch. 245
နဂါးဟိန်းသံနှင့် ရေထိန်းချုပ်ခြင်း ဒီဗိုင်းစွမ်းအားက ရေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်သည်။ ပင်လယ်ထဲတွင် ဟန်ကျောက်ဟာ နတ်ဘုရားတစ်ပါး ဖြစ်၏။
“ဒီရေနဂါးက ဘယ်ကနေ လာတာလဲ”
“ဘာလို့ ဒေါသရေနဂါးဂိုဏ်းသားတွေကို မတိုက်ခိုက်ရတာလဲ”
“ဒမ်း”
အမှောင်ဖီးနစ်ကျွန်း၏ အရှေ့ဘက် တိုက်ပွဲပြင်တွင် ဒေါသရေနဂါးဂိုဏ်း၏ သိုင်းသမားများဟာ ရွှေကျင်ဖုန်း၏ ဦးဆောင်မှုအောက်၌ မနည်း ရုန်းကန်နေရ၏။ မှင်နက်ရောင် ရေနဂါး၏ ပေါ်လာမှုက လူတိုင်းကို ထိတ်လန့်သွားစေသည်။
သို့ရာတွင် ထိုရေနဂါးဟာ အဘယ်ကြောင့် ဓါးပြတွေချည်းသာ တိုက်ခိုက်သည်ကို သူတို့ နားလည်နိုင်ခြင်း မရှိပေ။
“ဒီရေနဂါးက.. ငါတို့ကို လာကူတာလား”
ရွှေကျင်ဖုန်း၏ စိတ်ဟာ သံသယတို့ဖြင့် ပြည့်နှက်နေ၏။
အခြား တိုက်ခိုက်နေကြသည့် ဒေါသရေနဂါး ဂိုဏ်းသားများဟာလည်း မှင်သက်ကုန်ကြသည်။ သူတို့ ဘာမှလုပ်စရာ မလိုပဲ ဒီမှင်နက်ရောင် နဂါးက ဓါးပြအုပ်စုကို ကြက်ကလေးငှက်ကလေး သတ်သကဲ့သို့ သတ်ဖြတ်ခဲ့၏။
ဝမ်းသာမိသလို နက်ရှိုင်းသည့် ကြောင်တောင်မှုတို့ကိုလည်း ခံစားရသည်။
လူသားများနှင့် စိတ်ဝိညာဉ်သားရဲများအကြား ကွာခြားချက်ဟာ အမှန်တကယ်ကို ဒီလောက် ကြီးမားလှသည်လား။ မည်မျှ မျှော်လင့်ချက်မဲ့စရာ ကောင်းလှသည့် ကွာဟမှုနည်း။
“၂။ မှင်နက်ရောင်ရနဂါး (ပြောင်းလဲချိန် ကျန်ရှိမှု- ၁.၅မိနစ်”
ကောင်းကင်တွင် တိမ်နှင့်ရေကို ထိန်းချုပ်နေသည့် ဟန်ကျောက်ဟာ ဓါးပြများကို ခြောက်သွေ့အောင် စုပ်ယူလိုက်သည်။ သူဟာ စနစ်မျက်နှာပြင်ပေါ်တွင် ပြသထားသည့် အချိန်ကို ကြည့်ကာ အောက်ရှိ တစ်ယောက်တစ်ပေါက် ကျန်ခဲ့သည့် ဓါးပြအချို့ကို လက်လျှော့လိုက်သည်။ အနောက်ဘက်သို့ ပျံသန်းရန် ဆုံးဖြတ်လိုက်၏။
စစ်ဘုရင်အဆင့်နှင့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများသာလျှင် တကယ့် အရေးကြီးသူများ ဖြစ်ကြသည်။
ဟန်ကျောက် အမှောင်ဖီးနစ်ကျွန်းဆီသို့ အပြေးအလွှား ရောက်ရှိချိန်၌ ဒေါသရေနဂါး ဂိုဏ်းသားများဟာ အသတ်ခံခဲ့ရပြီး ဖြစ်သည်။ သူက ရေထိန်းချုပ်ခြင်း ဒီဗိုင်းစွမ်းအားကို အသုံးပြုကာ အောက်ရှိ ရန်သူများကို ခွဲခြားမှုမရှိပဲ အားကုန် တိုက်ခိုက်သည်။
ပြောင်းလဲမှု ပြီးဆုံးရန် ၂၀စက္ကန့်သာ လိုပါတော့သည်။ သူက ဒီဗိုင်းစွမ်းအား၏ သက်ရောက်မှုအတွင်းရှိ ရန်သူအားလုံးတို့ကို ခြောက်သွေ့အောင် စုပ်ယူလိုက်၏။
“အဆုတ်သတ္တု(၁၈%)၊ နှလုံးသစ်သား(၁၈%)၊ ကျောက်ကပ်ရေ(၁၈%)၊ အသည်းမီး(၁၈%)၊ သရက်ရွက်မြေ(၁၈%)၊ အသည်းနဂါးသွေးအိတ်(သွေးချီ၁၀၀%)၊ နှလုံးနဂါးသွေးအိတ်၃၅%”
ပြောင်းလဲမှု မပြီးဆုံးခင်တွင် ဟန်ကျောက်ဟာ ပင်လယ်အတွင်းသို့ ငုပ်ဝင်သွား၏။ သူဟာ ပြောင်းလဲမှုကို ပယ်ဖျက်ကာ သူ၏ အချက်အလက်များကို စတင်စစ်ဆေးသည်။
ဒီတစ်ကြိမ်တွင် တစ်ခါတည်းနှင့် သိုင်းသမား တစ်ထောင်ကျော်တို့၏ သွေးချီများကို ရရှိရုံမက သူ၏ ပထမ နဂါးသွေးအိတ်ကိုလည်း ဖြည့်နိုင်ခဲ့သည်။ ထို့အပြင် ဒုတိယ နဂါးသွေးအိတ်ကိုပင် စုစည်းနိုင်ခဲ့၏။
“ငါ့ရဲ့ သွေးချီကို အသုံးပြုပြီး သိုင်းပညာတွေကို မြှင့်တင်လို့ရပြီ”
“သက်ရှည်ကျမ်း(စတုတ္ထအဆင့် အကြီးစားကျွမ်းကျင်မှု ၃၈%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ်သန်စွမ်းမှု အဆင့်၁၂၊ သန့်စင်သောယန် အဆင့်၇၊ ချီမျိုးစေ့ အဆင့်၅၊ သက်တမ်း ၅၀၀နှစ်)”
အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့သည့် သက်ရှည်ကျမ်းကို ကြည့်ကာ ဟန်ကျောက်ဟာ ခဏတာ စဉ်းစားသည်။ ပြီးနောက် သွေးချီများကို သက်ရှည်အစစ်အမှန်ချီအား စုစည်းရန် ဆုံးဖြတ်လိုက်၏။
အစစ်အမှန်ချီ၏ တိုးတက်မှုအောက်တွင် စိတ်ထဲတွင် မရေမတွက်နိုင်သည့် အကြိမ်များစွာ ကောက်နုတ်ခဲ့သည့် သက်ရှည်ကျမ်းဟာ လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။
“သက်ရှည်ကျမ်း(ပဥ္စမအဆင့် စတင်ခြင်းအဆင့် ၂၂%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ်သန်စွမ်းခြင်း အဆင့်၁၅၊ သန့်စင်သောယန် အဆင့်၉၊ ချိမျိုးစေ့ အဆင့်၇၊ သက်တမ်း၁၀၀၀နှစ်)”
“မူလ သက်ရှည်ကျမ်း၏ လမ်းကြောင်းမှ ပိုမိုဝေးကွာစွာ ခွဲထွက်သွားပြန်၏။ မူလကျင့်စဉ်၏ အားသာချက်အချို့ကို အမွေဆက်ခံကာ သက်တမ်း၏ အကန့်အသတ်ကို ကြီးစွာ မြှင့်တင်ပေးသည်။ ပိုက်ဆံသာ ဆက်လက်အသုံးပြုပါက ထာဝရရှင်သန်ခြင်းဟာ အိပ်မက်မဟုတ်ပေ”
“အခြေခံဆရာသခင် ပါရမီဟာ မြင့်တက်လာခဲ့သည်”
“အခြေခံဆရာသခင်၏ အရည်အသွေး မြင့်တက်လာခဲ့သည်”
“အခြေခံဆရာသခင်- အပြာရောင်ပါရမီ- အခြေခံ၊ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် သိုင်းပညာများ၏ ကျင့်ကြံမှု အမြန်နှုန်းဟာ သုံးဆ တိုးလာသည်။ အကန့်အသတ်ကို ချိုးဖျက်နိုင်သည့် ဖြစ်နိုင်ချေဟာ သုံးဆ တိုးလာခဲ့သည်။(ပါရမီဟာ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိပြီးပါပြီ)”
“အဆင့်မြင့်ပြီ”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားည်။ အခြေခံဆရာသခင် ပါရမီ၏ သက်ရောက်မှုများဟာ တိုးတက်လာပြန်၏။ အရည်အသွေးဟာ ပါရမီ၏ အမြင့်ဆုံးအကန့်အသတ်သို့ တစ်ခါတည်း ရောက်ရှိသွားသည်”
“နှလုံး- နဂါးသွေးအိတ်(သွေးချီ၀%)”
“အသဲ- နဂါးသွေးအိတ်(သွေးချီ၀%)”
သူဟာ သက်ရှည်ကျမ်းကို အဆင့်ကြီးတစ်ဆင့် မြင့်တက်စေရန်အတွက် သိုင်းသမား တစ်ထောင်ကျော်တို့၏ ခန္ဓာကိုယ်များမှ သန့်စင်လိုက်သည့် သွေးချီတို့ကို သုံးခဲ့၏။ နောင်တွင် ယခုကဲ့သို့ အခွင့်အရေးကောင်းမျိုး ကြုံတွေ့လာရန် အလွန် ခက်ခဲလောက်မှာပါ။
အရေးအကြီးဆုံးမှာ သက်ရှည်ကျမ်း၏ အဆင့်ဟာ အလွန်နိမ့်ပါးခြင်း ဖြစ်သည်။ ထို့ကြောင့် မြှင့်တင်ရန် အလွန်လွယ်ကူ၏။ သူ၏အဆင့်နှင့် တူညီသည့် အဆင့်သို့ ရောက်ရှိလျှင်တော့ ကိုယ်တိုင် ကျင့်ကြံခြင်း(သို့) စွမ်းရည်မှတ်များကို မှီခိုကာ ထပ်ပေါင်းခြင်းတို့သာ ပြုလုပ်နိုင်တော့မှာပါ။
ဒေါသရေနဂါးဂိုဏ်းဟာ ကြီးမားသည့် အောင်မြင်မှုကို ရရှိခဲ့၏။ တိုက်ပွဲအဆုံးသတ်ပြီးနောက် ဟန်ကျောက်ဟာ တိုက်ပွဲပြင်တွင် ပေါ်လာခဲ့၏။
မေးမြန်းမှုများ ပြုလုပ်ပြီးနောက် သူနှင့် ချန်လော့ရှန်တို့ ငါးပျံကျွန်းသို့ ရောက်ရှိပြီးနောက် လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အရပ်မျက်နှာ အားလုံးတို့ဆီသို့ ထွက်ပြေးခဲ့ရခြင်း ဖြစ်ကြောင်းကို လူတိုင်း နားလည်သွားကြသည်။
ဟန်ကျောက်က စီကျူးကို ခေါ်ကာ အဓိကတိုက်ပွဲပြင်သို့ သွားရောက်ကာ ထောက်ပံ့ပေးသည်။ ဒေါသရေနဂါးဂိုဏ်းရှိ လူအားလုံးတို့ဟာ အနိုင်ရမှု၏ ပျော်ရွှင်မှုတွင် နစ်မျောနေကြပြီး ဂရုတစိုက် စဉ်းစားရန် အချိန်မရှိကြပေ။
ဒီတိုက်ပွဲဟာ ဂျမ်ဘူကျွန်းများရှိ ဓါးပြများကို ကြီးစွာ ထိခိုက်စေခဲ့သည်။ အမှောင်ဖီးနစ်ကျွန်းဟာ ဒေါသရေနဂါးဂိုဏ်း၏ အပိုင် ဖြစ်လာ၏။
နောင်တွင် ဒေါသရေနဂါးဂိုဏ်းဟာ နဂါးတောမြစ်၏ အုပ်စိုးသူ ဖြစ်ရုံမက ပင်လယ်ကမ်းရိုးတန်း တစ်ခုလုံးအား လွှမ်းမိုးသည်အထိ ကျယ်ပြန့်လာရန် မျှော်လင့်ချက် ရှိပါသည်။
ဤသည်မှာ ဟန်ကျောက်အတွက်လည်း အရေးကြီးသည့် ကိစ္စဖြစ်၏။ အစမ်းရှင်သန်ခြင်းဟာ ယင်စွမ်းအင်ကို လိုအပ်ရုံမက ပိုက်ဆံကိုလည်း လိုအပ်ပါသည်။ အထူးသဖြင့် ကိုယ်ပိုင်ကျင့်ကြံရာတွင် ပိုက်ဆံကို ပိုမိုလိုအပ်၏။
သူသာ ဒေါသရေနဂါးဂိုဏ်းသို့ ရောက်ရှိခဲ့ခြင်း မရှိပါက ချီတစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် အချိန်ဟာ အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် ကျန့်ကြာနေဦးမှာပါ။
ဒေါသရေနဂါးဂိုဏ်းဟာ စစ်ပွဲမှ ရရှိမှုများကို သယ်ဆောင်ကာ ပြန်သည့်အချိန် သူတို့၏ ဓါးပြများအပေါ် အနိုင်ရမှုဟာ စီရင်စုမြို့တော် တစ်ခုလုံးတွင် ပျံ့နှံ့နေပြီး ဖြစ်သည်။
“မင်းကြားသေးလာ.. ဒေါသရေနဂါးဂိုဏ်းက အပြင်ဘက်ပင်လယ်က ဟိုဓါးပြဆိုးတွေ အားလုံးကို သတ်လိုက်ပြီတဲ့”
“တကယ်ပဲလား”
“လုံးဝပဲ.. ငါ့ရဲ့ ဝမ်းကွဲဆီကနေ ကြားထားတာ”
“ဒါဆိုရင်တော့ တကယ့်ကို အားရစရာပဲ”
“မင်းသိမှာ မဟုတ်ဘူး။ ဓါးပြတွေထဲမှာ စစ်ဘုရင် စုစုပေါင်း ဆယ်ယောက်ပါတယ်တဲ့။ အစက ဒေါသရေနဂါးဂိုဏ်းက အရေးနိမ့်နေတာ။
ဒါပေမယ့် ဂိုဏ်းချုပ်ဟောင်း ရှန့်ကွမ်းလီက အစစ်အမှန် နဂါးတစ်ကောင်လို အသွင်ပြောင်းပြီး ပေါ်လာခဲ့တယ်။ ပြီးတော့ စစ်ဘုရင် ဆယ်ယောက်ကို တစ်ချက်တည်း ညှစ်သတ်ပစ်လိုက်တယ်”
“အစစ်အမှန်နဂါးတစ်ကောင်လား.. မယုံနိုင်စရာပဲ”
“ဒါဆိုရင်.. ဒီနောက်ပိုင်းမှာ ဒေါသရေနဂါးဂိုဏ်းက ယွမ်ကန်းကောင်တီကို အုပ်စိုးနိုင်တော့မှာပေါ့”
ပြောစကားများဟာ ပလိပ်ရောဂါကဲ့သို့ ပျံ့နှံ့သွား၏။ စိတ်ဝိညာဉ်သားရဲများဟာ ဒဏ္ဍာရီဆန်သည့် တည်ရှိမှုများ ဖစ်ကြသည။ ရှန့်ကွမ်းလီမှာ ရေနဂါးသွေးကို ရခဲ့ခြင်း ဖြစ်ရာ ပိုတောင်ဆိုးသေးသည်။
ကောလဟာလများဟာ ပိုမို၊ ပိုမိုကာ လွန်ကျူးလာပေမယ့် လူတိုင်းဟာ ဒေါသရေနဂါးဂိုဏ်း၏ မြင့်တက်မှုမှာ ရပ်တန့်နိုင်ခြင်း မရှိသည့် အခြေအနေသို့ ရောက်လာကြောင်းအား သိလိုက်ကြသည်။
ဒေါသရေနဂါးဂိုဏ်းမှ သိုင်းသမားများဟာ အနိုင်ရရှိပြီး ဆယ်ရက်ကြာပြီးနောက် ငါးပျံကျွန်းကို ဖြတ်သန်းချိန်တွင် တစ်ခုလုံး အပျက်အစီးများ ဖြစ်နေကြောင်းကို နားလည်လိုက်သည်။
ထို့ကြောင့် လူတိုင်းဟာ ဒေါသရေနဂါးကျွန်းဆီသို့သာ ပြန်ပြီး ရိက္ခာများကို ဖြည့်တင်းရန် ဆုံးဖြတ်လိုက်၏။
ဟန်ကျောက်ဟာ ခြံဝန်းဆီသို့ ပြန်ပြီးနောက် တံခါးကို ချက်ချင်း ပိတ်သည်။
“စနစ်”
“အချက်ပေးအပိုင်းအစ ၁၈၀ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား”
“တစ်ကြိမ် ပေါင်းစပ်ခြင်းအတွက် အချက်ပေးအပိုင်းအစ ၁၀၀နှင့် ရွှေ၆၀၀လျန်တို့ကို ကုန်ကျမည်”
“လက်ရှိကျန်ငွေ- ရွှေ၂၄၀၀လျန်”
“ချီရွှမ်းမင် လာမှာလားနဲ့ ချီမိသားစုရဲ့ သဘောထားက ဘယ်လိုရှိလဲ ဆိုတာကို ကြည့်တာပေါ့.. ပြီးတော့ အခြား အဖွဲ့အစည်းတွေကရော ဘယ်လိုတုံ့ပြန်လာမလဲ မသိဘူး”
ဟန်ကျောက်ဟာ စဉ်းစားသည်။ ပြီးခဲ့သည့် နှစ်များအတွင်းတွင် သူဟာ ဒေါသရေနဂါးဂိုဏ်းမှ အရင်းအမြစ် များစွာတို့ကို ရရှိက သူ၏ ခွန်အားအဆင့်ဟာ ကြီးစွာ မြင့်တက်လာခဲ့သည်။
သို့ရာတွင် ဒီအတောအတွင်းတွင် စိတ်တိုစရာ ကိစ္စများစွာတို့ကို ကြုံတွေ့ခဲ့၏။ သူဟာ ကျုကန်ရီနှင့် ချန်လော့ရှန်တို့၏ စော်ကားခြင်းကို အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်။
တစ်ဖက်လူဟာ သူတို့၏ သေဆုံးခြင်းဖြင့် တောင်းပန်သွားခဲ့ပေမယ့် ယခုကဲ့သို့သော ဘဝမျိုးတွင် သူနေထိုင်လိုခြင်း မရှိပါ။ ဖြစ်နိုင်တာက သူ၏ ရှင်သန်မှု နည်းလမ်းကို ပြောင်းလဲနိုင်၏။
ထိုကဲ့သို့ တွေးမိပြီးနောက် ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”