← Chapters

အခန်း (၂၅၂)

Vol. 17 Ch. 252

အခန်း (၂၅၂)

Vol. 17 Ch. 252

သို့ရာတွင် ဟန်ကျောက်၏ ပြီးခဲ့တုန်းက လုပ်ဆောင်ချက်များအရ သူဟာ မျက်ကမ်းတစ္ဆေမကြောက်သူ ပုံစံမျိုး မဟုတ်ပေ။

ကျဉ်းမြောင်းသည့် လမ်းသယ်ကို ဖြတ်သန်းသွားပြီးနောက် ဟန်ကျောက်ဟာ လျှို့ဝှက်ခန်းဆီသို့ ထပ်မံ ရောက်ရှိလာ၏။ သူ၏ နားထဲတွင် လှိုင်းသံသဲ့သဲ့ဟာ ကြားနေရဆဲ ရှိသည်။

အရပ်ရှည်ကာ ထွားကြိုင်းသည့် လူလတ်ပိုင်း လူကြီးတစ်ဦးဟာ ဟန်ကျောက်ကို ကျော်ပေးကာ ရပ်နေ၏။ သူဟာ လျှောက်လမ်း၏အလယ်တွင် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရပ်နေပြီး လျှို့ဝှက်ခန်း၏ နံရံပေါ်တွင် ချိတ်ဆွဲထားသည့် ဒေါသရေနဂါး ပုံကို ခေါင်းမော့ကြည့်နေပါသည်။

သူ၏ ဦးခေါင်းဟာ ဆံဖြူများဖြင့် ပြည့်နှက်နေပြီး တင့်တယ်သည့် အပြာရောင် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ ဤသည်မှာတော့ ရှန့်ကွမ်းယွင်ဖေး ဖြစ်၏။

“ဆရာ”

ဟန်ကျောက်က အနည်းငယ် ဦးညွှတ်သည်။

ရှန့်ကွမ်းယွင်ဖေးက နောက်သို့လှည့်ကာ ဟန်ကျောက်ကို အထက်အောက်ကြည့်သည်။ အနည်းငယ် ခေါင်းညှိတ်ကာ ပြော၏။

“မင်းရောက်လာပြီလား”

သူက ဟန်ကျောက်ကို ကြည့်နေစဉ် ဟန်ကျောက်ကလည်း သူ့ကို စူးစမ်းနေ၏။ နောက်ဆုံးအကြိမ်တုန်းကနှင့် နှိုင်းယှဉ်ပါက ရှန့်ကွမ်းယွင်ဖေး၏ အသွင်အပြင်ဟာ ပိုမိုကောင်းမွန်လာခဲ့သည်။ သူ၏ မျက်နှာက သွေးလွှမ်းကာ အသံက စွမ်းအင်တို့ ပြည့်နေ၏။ ဒဏ်ရာရနေသည့်ပုံ လုံးဝမရှိပေ။

သို့ရာတွင် ဟန်ကျောက်ဟာ နဂါးသေးအိတ် လျှို့ဝှက်အတတ်ကို ဒေါသရေနဂါး အခြေခံ ပုံကြမ်းအတွင်းမှ တတ်မြောက်ပြီးနောက် သူ၏ သွေးချီအ‌ေပါ် အာရုံခံမှုဟာ အလွန် ထက်မြလာခဲ့သည်။

ရှန့်ကွမ်းယွင်ဖေး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီစီးဆင်းမှုဟာ အနည်းငယ် အားနည်းနေပါသည်။ ဤသည်မှာ ချီငါးဆင့် စစ်ဘုရင်တစ်ယောက်တွင် ဖြစ်သင့်သည့် အခြေအနေတစ်ခု မဟုတ်ပါ။ တစ်ဖက်လူဟာ ဟန်ဆောင်နေခြင်း ဖြစ်၏။

ဟနကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်သည်။

“စနစ်.. သူ့ရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ”

“သင့်ထက် များစွာ သာလွန်သည့် အဆင့်တူရှိ သိုင်းသမားများကို စစ်ဆေးကြည့်ရန် တောင်းဆိုပါက ရွှေ၁၀၀လျန်ကို လိုအပ်သည်”

‘ဘုရားရေ.. ပိုက်ဆံလိုချင်လို့ ရူးနေပြီလား’

“အခု သူ့ကို တစ်ခါတည်း တိုက်ခိုက်မယ်ဆို အနိုင်ရဖို့ ဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲ”

“ဒီမေးခွန်းအတွက် ရွှေ၂၀၀လျန်ကို ပေးချေဖို့ လိုအပ်သည်”

“သူ့ကို အလစ်အငိုက် တိုက်ခိုက်ရင် အနိုင်ရနိုင်ချေ ဘယ်လောက်ရှိလဲ”

ဟန်ကျောက်က မေးခွန်းကို ပြောင်းလိုက်သည်။

“ထိုမေးခွန်းအတွက် ရွှေ၅လျန်ကို လိုအပ်ပါတယ်”

“ကောင်းပြီ။ ငါနားလည်ပြီ။ ထပ်မမေးတော့ဘူး”

ဟန်ကျောက်က နှလုံးသားထဲတွင် ရယ်၏။

ဟန်ကျောက်၏ ခေါင်းငုံ့ကာ တိတ်ဆိတ်နေပုံကို တွေ့ရပြီးနောက် ရှန့်ကွမ်းယွင်ဖေးက နက်ရှိုင်းစွာ ပြောသည်။

“ဘာလို့ ဘာမှ မပြောတာလဲ။ မနေ့ကတော့ မင်းက စကားပြောကောင်းတဲ့ လူတစ်ယောက်လိုပါ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ဦးညွှတ်သည်။

“ဆရာ.. မနေ့က သူတို့တွေ အရမ်းလွန်လာမှာစိုးလို့ ကျွန်တော်က လျှောက်ပြောလိုက်မိတာပါ”

“အဲ့ဒါက ဒေါသရေနဂါးဂိုဏ်းကို ကပ်ဘေးတစ်ခု ယူဆောင်လာမယ်ဆိုတာကို မင်းမသိဘူးလား”

ရှန့်ကွမ်းယွင်ဖေး၏ မျက်နှာက မဲမှောင်သွားပြီး သူ၏ အရှိန်အဝါက မြင့်တက်လာခဲ့သည်။

“ဆရာ.. ကျွန်တော်..”

“မင်းက ဘယ်လိုလုပ်ပြီး.. ငါ့ကို ဆင်ခြေလာပေးရဲတာလဲ”

ရှန့်ကွမ်းယွင်ဖေးက မာကြောစွာ အော်လိုက်သည်။ သူက ညာဘက်လက်ညှိုးကို ညွှန်ကာ ရေနတ်ဘုရား လက်ချောင်းကို အသုံးပြုလိုက်၏။

အနက်ရောင် အတွင်းအားနှင့် အစစ်အမှန်ချီ အလုံးတစ်ခုဟာ လက်ချောင်းထိပ်တွင် စုစည်းလာပြီး ဆေးလုံးတစ်ခုအရွယ်ရှိ သိပ်သည်းသည့် အစစ်အမှန်အားတစ်ခုအဖြစ် စုစည်းသွားသည်။

“ဆွစ်”

သူ၏ ပုံရိပ်ဟာ ဟန်ကျောက်၏ရှေ့တွင် ဖြတ်ခနဲဖြစ်သွား၏။ လက်ချောင်းထပိပ်က ဟန်ကျောက်၏ မျက်ခုံးနှစ်ခုအကြားကို တည့်မတ်စွာ ချိန်ရွယ်လာခဲ့သည်။

ဟန်ကျောက်က ရှောင်တိမ်းခြင်းမပြုပါ။ ရှန့်ကွမ်းယွင်ဖေးကို တည်ငြိမ်စွာဖြင့် ကြည့်နေ၏။ လက်ညှိုးဟာ သူ၏ နဖူးနှင့် နှစ်လမအကွာတွင် ရပ်တန့်သွားခဲ့သည်။

ရှန့်ကွမ်းယွင်ဖေးသာ နောက်ထပ် လက်မဝက်လောက် ရှေ့တိုးလိုက်ပါက သူဟာ မူလနေကြယ်ချီအား ချက်ချင်း အသက်သွင်းလိုက်မှာ ဖြစ်သည်။

ထိုအကွာအဝေးတွင် ဟန်ကျောက်ဟာ တစ်ဖက်လူကို အလစ်တိုက်ခိုက်ကာ ဒဏ်ရာအပြင်းအထန် ရသွာားစေနိုင်သည်။ သို့ရာတွင် ရှန့်ကွမ်းလီ၏ တည်နေရာကို တစ်ဖက်လူဆီမှ သိရခြင်း မရှိသေးပေ။

“မင်းဘာလို့ မရှောင်တာလဲ”

ရှန့်ကွမ်းယွင်ဖေးက မေးသ်ည။

“ဘာလို့လဲဆိုတော့ ကျွန်တော် မကြောက်လို့ပါ”

“ဘာလို့လဲ”

“ကျွန်တော်က သတ္တိကောင်းတယ်။ ဒါကြောင့် မကြောက်တတ်တာ။ ပြီးတော့ ဆရာက ဒီလောက် ကြိုစားပမ်းစားနဲ့ ကျွန်တော့ကို ဆေးပညာသင်ကြားခွင့်ပေးပြီး အကုန်အကျအများကြီး ခံထားတာ ဒီအတိုင်းသက်သက်တော့ မဟုတ်လောက်ဘူးမလား”

“မင်းက ပွင့်လင်းသားပဲ”

ရှန့်ကွမ်းယွင်ဖေးက စိတ်သက်သာရာ သွားည်။ သူ၏လက်ချောင်းထိပ်တွင် စုစည်းထားသည့် အတွင်းအားနှင့် အစစ်အမှန်ချီလုံးတို့ဟာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူ၏ အရှိန်အဝါတို့လည်း ပြန်လည်ပျောက်ကွယ်သွား၏။

သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ချီးကျူးမှုအချို့လည်း ရှိ၏။

“ဒီရေနတ်ဘုရားလက်ချောင်းကို ဒုတိယ အခြေခံပုံကြမ်းကို လေ့လာမှပဲ ဖမ်းဆုပ်နိုင်တာ။ အဲ့ဒါက ဒေါသရေနဂါး အစစ်အမှန်အတတ်ရဲ့ ဒုတိယ ပုံကြမ်းပဲ”

ရှန့်ကွမ်းယွင်ဖေးက သူ၏နောက်ရှိ နံရံတွင် ချိတ်ထားသည့် ပုံကို လက်ညှိုးညွှန်ပြသည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

ဟန်ကျောက်က အနည်းငယ် ဦးညွှတ်သည်။ တစ်ဖက်လူ၏ စွမ်းအားနှင့် ကြင်နာမှု နှစ်မျိုးကို အသုံးချခြင်းဟာ မဆိုးလှပေ။ သို့ပေမယ့် ကံဆိုးစွာပင် ၎င်းတို့ဟာ ဟန်ကျောက်ကို ရင်ဆိုင်ရာ၌ အသုံးမဝင်ပေ။

ရှန့်ကွမ်းယွင်ဖေးဟာ သူ၏ တုံ့ပြန်ပုံနှင့် ပက်သက်ပြီး အလွန်ကျေနပ်သွား၏။ စကားပြောင်းကာ ပြောသည်။

“အရင်တုန်းက ငါမင်းကို ဘာပြောခဲ့လဲ ဆိုတာကို မှတ်မိသေးလား”

ဟန်ကျောက်က စဉ်းစားဟန်ဆောင်ကာ ပြောသည်။

“အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာပြီးရင် ဆရာ့မှာ ကျွန်တော်နဲ့ မျှဝေဖို့ အခွင့်အရေးကြီးတစ်ခု ရှိတယ်လို့ ဆိုပါတယ်”

“မှန်တယ်”

ရှန့်ကွမ်းယွင်ဖေးက ခေါင်းညှိတ်သည်။

“ကောလဟာလတွေအရ ဂိုဏ်းချုပ်ဟောင်းနဲ့ ငါက နဂါးသွေးကို ရခဲ့တယ်တဲ့။ အဲ့ဒါကိုရော မင်းသိလာ”

“ကျွန်တော် ကြားပါတယ်”

ဟန်ကျောက်က ပြန်ကြားသည်။

“ဒါဆိုရင် အခု ငါမင်းကို ပြောမယ်.. အဲ့ဒါတွေက အမှန်တကယ်ပဲ”

ရှန့်ကွမ်းယွင်ဖေးက လေးနက်စွာ ပြောသည်။

“ဩ.. အမှန်ကို”

ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။

“ရေနဂါးက ဒဏ္ဍာရီလာ စိတ်ဝိညာဉ်သားရဲ တစ်ကောင်ပဲ”

“ဓါးပြတွေနဲ့ တိုက်ခိုက်တုန်းက ရုတ်တရက် ထွက်ပေါ်လာပြီး ဒေါသရေနဂါးဂိုဏ်းကို ကူညီပေးခဲ့တဲ့ နဂါးက ဘယ်ကလဲဆိုတာကို မင်းသိလား”

ရှန့်ကွမ်းယွင်ဖေးက အလွန် လျှို့ဝှက်စွာ ကြည့်သည်။

“ဖြစ်နိုင်တာက ဆရာပြောချင်တာက..”

ဟန်ကျောက်က အံ့ဩသွားသည်။ ဒီတစ်ကြိမ်တွင် သူဟာ ဟန်ဆောင်နေခြင်း မဟုတ်ပါ။

“အဲ့ဒါက နဂါးသွေးကို သန့်စင်ပြီး ငါတတ်မြောက်ခဲ့တဲ့ ဒေါသရေနဂါး အစစ်အမှန်အတတ်ရဲ့ အနက်နဲဆုံး လျှို့ဝှက်ပညာဖြစ်တဲ့ နဂါးအသွင်ပြောင်းခြင်းပဲ”

ရှန့်ကွမ်းယွင်ဖေးက လက်နှစ်ဖက်ကို နောက်သို့ပစ်သည်။

ဟန်ကျောက်၏ ပုံစံက အနည်းငယ် ထူးဆန်းသွား၏။ သူ၏ နှုတ်ခမ်းထောင့်များက မြင့်တက်သွားပြီးမှ ပြန်ကျလာခဲ့သည်။

“မင်းသာ နဂါးသွေးကို သန့်စင်ပြီးရင် တစ်နေ့မှာ မင်းလည်း လုပ်နိုင်လာလိမ့်မယ်”

ရှန့်ကွမ်းယွင်ဖေးက သူ၏ ပုခုံးကို ပုတ်၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

ဟန်ကျောက်၏ လေသံက စိတ်လှုပ်ရှားနေ၏။ သူက အမြန်ဦးညွှတ်ကာ ခေါင်းငုံ့သွားသည်။ သူ၏ ပုခုံးများကို အနည်းငယ် တုန်ခါနေ၏။

“ကောင်းပြီ။ အခု ငါနဲ့လိုက်ခဲ့”

ရှန့်ကွမ်းယွင်ဖေးက အထင်သေးစွာ ပြုံးသည်။ တစ်ဖက်လူဟာ မည်မျှပင် ပါရမီကောင်းစေကာမူ၊ မည်မျှပင် ပါးနပ်စေကာမူ ရေနဂါးသွေး၏ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူက နောက်သို့လှည့်ကာ လျှို့ဝှက်ခန်း၏ နံရံဆီသို့ လျှောက်သွားသည်။ အိပ်ယာ၏ အောက်ခြေပိုင်းကို အသာကန်လိုက်၏။

“ခရက်”

အိပ်ယာတစ်ခုလုံးဟာ ပြောင်းပြန်လန်သွားပြီး အောက်ရှိ လမ်းကြောင်းတစ်ခုဟာ ပေါ်လာခဲ့သည်။ ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။ လျှို့ဝှက်ခန်းထဲတွင် လျှို့ဝှက်ခန်းတစ်ခု ထားရှိထားခြင်းက အမှန်တကယ်ကို ကျွမ်းကျင်သူတစ်ယောက်ဟု ဆိုနိုင်ပါသည်။

“သွာားကြမယ်”

“ဟုတ်”

လျှို့ဝှက်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် နှစ်ယောက်သားဟာ မြေအောက် ဂူတစ်ခုသို့ ရောက်ရှိသွားသည်။ နောက်ဆုံးတွင် ချောက်တစ်ခု ပေါ်လာ၏။ အပြင်ဘက်ဟာ အဆုံးမသတ်သည့် ပင်လယ်ကြီး ဖြစ်သည။

ဂူ၏ အဝင်ဝဟာ ခြောက်၏ အောက်ခြေ၊ ထိပ်ဆုံးတို့နှင့် ပေ၁၀၀၀လောက် ကွာဝေး၏။ ရှန့်ကွမ်းယွင်ဖေးက ဂူ၏ ကျောက်နံရံပေါ်ရှိ ဆီမီးအိမ်ကို လှည့်လိုက်သည်။ သူ၏ရှေ့ရှိ နံရံဟာ တစ်ပတ်လည်သွားပြီး နောက်ထပ် လျှို့ဝှက်ခန်းတစ်ခု ပေါ်လာ၏။

ထိုလျှို့ဝှက်ခန်းဟာ ၁၀စတုရန်းကီလိုမီတာပင် မရှိပေ။ အလယ်တွင် ရေခဲများနှင့် ထွင်းထုထားသည့်ပုံ ပေါ်သည့် အခေါင်းတစ်ခု ရှိသည်။ ဆံဖြူများနှင့် လူငယ်တစ်ယောက်ဟာ ငယ်ရွယ်သော မျက်နှာနှင့် အတွင်းထဲတွင် လဲလျောင်းနေ၏။

ဟန်ကျောက်ဟာ ရှန့်ကွမ်းယွင်ဖေး၏ နောက်မှလိုက်ကာ လျှို့ဝှက်ခန်းအတွင်းသို့ ရောက်လာခဲ့သည်။ လေထုဟာ လျှပ်စစ်ဓါတ်တို့ဖြင့် ပြည့်နှက်နေသည် ထင်ရ၏။ ခန္ဓာကိုယ်ကို အနည်းငယ် ထုံကျင်သွားစေသည်။

“ဒါက ဂိုဏ်းချုပ်ဟောင်း ရှန့်ကွမ်းလီပဲ။ သူက ငါ့ရဲ့ ဖခင်လည်း ဖြစ်တယ်”

ရှန့်ကွမ်းယွင်ဖေးက အခေါင်းဆီသို့ လျှောက်သွားရင်းက ပြောသည်။

“သူ့ရဲ့ ခန္ဓာကိုယ်ထဲကို နဂါးသွေးတွေ အလွန်အကျွံ စုပ်ယူမိပြီး အခု သတိလစ်နေတာ။ သူ့ကို နိုးထစေချင်ရင် ငါတို့တွေ သူ့ခန္ဓာကိုယ်ထဲက နဂါးသွေးအချို့ကို ပြန်ထုတ်မှရမယ်”

“ဒါပေမယ့် အဲ့လိုလုပ်တာက နဂါးသွေးရဲ့ စွမ်းအားကို ဖြုန်းတီးရာကျတယ်။ သူ့ရဲ့ ခွန်အားကိုလည်း ကြီးကြီးမားမား ကျဆင်းသွားစေမှာ”

“အဲ့ဒါကြောင့် သူ့ခန္ဓာကိုယ်ထဲက နဂါးသွေး နည်းနည်းစီကို ထုတ်ယူပြီး မင်းကို နဂါးသွေးဆေးလုံး သန့်စင်ခိုင်းမလို့။ အဲ့လိုဆိုရင် သူ့ရဲ့ခွန်အားလည်း မထိခိုက်ပဲ မင်းကိုလည်း အပို နဂါးသွေးဆေးတွေ ပေးနိုင်ပြီ”

“ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော် သေချာပေါက် အကောင်းဆုံး လုပ်ပါ့မယ်”

ဟန်ကျောက်က စိတ်ရှုပ်ရှားစွာ ပြောသည်။

All Chapters