← Chapters

အခန်း (၂၅၃)

Vol. 17 Ch. 253

အခန်း (၂၅၃)

Vol. 17 Ch. 253

“ကောင်းပြီ”

ရှန့်ကွမ်းယွင်ဖေးက သူ၏ခါးရှိ ဆန်မာရုအိတ်ကို ထိလိုက်သည်။ ဆေးဖော်မြူလာတစ်ခုကို ထုတ်ကာ ဟန်ကျောက်ကို ပေး၏။

ထိုအချိန်၌ ဟန်ကျောက်က ဦးညွှတ်ကာ မေးသည်။

“ဆရာ.. ကျွန်တော် ဒုတိယမြောက် ဒေါသရေနဂါးပုံကြမ်းရဲ့ အချက်အလက်တွေကို လေ့လာပြီးရင် နောက်ဆက်တွဲ ကျင့်စဉ်ကရော ဘယ်လိုလုပ်မလဲဗျ..”

“အဲ့ကိစ္စအတွက် စိတ်မပူနဲ့။ မင်းသာ နဂါးသွေးဆေးလုံးကို သန့်စင်နိုင်ရင် ငါမင်းကို အကုန်သင်ပေးမယ်။ တစ်နေ့မှာ မင်းလည်း ရေနဂါးအသွင်ပြောင်းခြင်းကို တတ်မြောက်လာလိမ့်မယ်”

ရှန့်ကွမ်းယွင်ဖေးက သူ၏ ဆန်မာရုအိတ်ကို ပုတ်ပြသည်။

“ကျေးဇူးတင်ပါတယ်ဆရာ”

ဟန်ကျောက်က ဆေးဖော်မြူလာကို လက်နှစ်ဖက်နှင့် ဦးညွှတ်ကာ ယူသည်။ ခေါင်းပြန်မော့သည့် အချိန်၌ သူ၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွား၏။ ရှန့်ကွမ်းယွင်ဖေး၏ နောက်ရှိ အခေါင်းကို ရုတ်တရက် လက်ညှိုးထိုးသည်။

“ဆရာ.. ဂိုဏ်းချုပ်ဟောင်း”

“ဘာလဲ”

ရှန့်ကွမ်းယွင်ဖေးက အလန့်တကြား ဖြစ်သွား၏။ ခေါင်းကို ကပြာကယာ လှည့်ကြည့်ပြီးနောက် အခေါင်းအတွင်းတွင် ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့် ရှန့်ကွမ်းလီကို တွေ့ရသည်။ မည်သည့် နိုးထလာမည့် လက္ခဏာမှ ပြသခြင်းမရှိပေ။

“ဘုန်း”

ရှန့်ကွမ်းယွင်ဖေး၏ နောက်မှ ကြမ်းကြုတ်သည့် အစစ်အမှန်ချီနှင့် အတွင်းအားတို့ ထွက်ပေါ်လာ၏။

“အိုး.. မဟုတ်ဘူး”

ရှန့်ကွမ်းယွင်ဖေး၏ ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစစ်အမှန်ချီ အကာအကွယ်လွှာဟာ ချက်ချင်းပင် ပျက်စီးသွားပြီး ထက်မြသည့် နာကျင်မှုကို ခံစားလိုက်ရသည်။

“ဇွက်”

ကြီးမားသည့် ရွှေရောင်လက်ကြီးတစ်ဖက်ဟာ သူ၏ နောက်ကျောမှ ထိုးဖောက်လာပြီး နှလုံးသားကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် ဘယ်ဘက်ရင်ဘတ်ကို ဖောက်ထွက်လာခဲ့သည်။

“ဟန်ကျောက်.. မင်းဘယ်လိုလုပ်ပြီး”

ရှန့်ကွမ်းယွင်ဖေး၏ မျက်နှာက နာကျင်မှုဖြင့် ရှုံ့တွနေ၏။ အံ့ဩစွာ၊ ဒေါသထွက်စွာဖြင့်

သူ၏ဘေးတွင် အပြုံးတစ်ခုနှင့် ရှိနေသည့် ဟန်ကျောက်ကို မယုံကြည်နိုင်စွာ ကြည့်မိသည်။

“ခင်ဗျားမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတာပဲ။ အခု အားလုံးကို ကျွန်တော်ပိုင်ပြီ”

ဟန်ကျောက်က အသာပြုံးသည်။ ကျင့်ကြံမှု စုပ်ယူခြင်း အတတ်ကို လှည့်လည်ကာ အားကုန် စုပ်ယူလိုက်၏။

“အား..”

ရှန့်ကွမ်းယွင်ဖေးဟာ ယခုကဲ့သို့ ကြောက်စရာကောင်းသည့် ဒဏ်ရာကြီးကို ရထားပေမယ့် နေရာတွင် တစ်ခါတည်း သေဆုံးခြင်းမရှိပါ။ သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ ရုန်းကန်နေ၏။ သို့ပေမယ့် အရာအားလုံးဟာ အချည်းအနှီးပင်။

ခဏအကြာ၌ ခုခံမှုတို့ ပိုမို၊ ပိုမိုကာ အားနည်းလာခဲ့သည်။ နောက်ဆုံးတွင် လှုပ်ရှားမှုတို့ လုံးဝ ရပ်တန့်သွား၏။

“ဒြပ်စင်ငါးပါးချီ- အဆုပ်သတ္တု(၂၃%)၊ နှလုံးသစ်သား(၂၃%)၊ ကျောက်ကပ်ရေ(၂၃%)၊ အသည်းမီး(၂၃%)၊ သရက်ရွက်မြေ(၂၃%)၊ အသည်း- နဂါးသွေးအိတ်(သွေးချီ၁၀၀%)၊ နှလုံး- နဂါးသွေးအိတ်(သွေးချီ၁၅%)”

“ဘုတ်”

ရှန့်ကွမ်းယွင်ဖေး၏ မံမီကဲ့သို့ ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ခင်ဗျားရဲ့ ဧည့်ဝတ်ကြေပြွန်ခဲ့မှုအတွက် ကျေးဇူးပဲ”

ဟန်ကျောက်ဟာ နှုတ်ခမ်းများကို သပ်ကာ ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ များပြားလှသည့် ဒြပ်စင်ငါးခု ချီများကို သန့်စင်ပြီးနောက် ၎င်းတို့ဟာ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသည်။ အတွင်းအားနှင့် အစစ်အမှန်ချီတို့လည်း တူညီစွာ ဖြစ်၏။

“ရေနတ်ဘုရားလက်ချောာင်း(ပြီးပြည့်စုံခြင်း ၁၀၀%၊ အထူးသက်ရောက်မှု- စုစည်းမှုအဆင့် ၁၅၊ ချီချိုးဖျက်ခြင်း အဆင့်၁၂)”

“ဒေါသရေနဂါး အစစ်အမှန်အတတ်(တတိယအဆင့် အကြီးစားကျွမ်းကျင််မှုအဆင့် ၉၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ရေနဂါးအား အဆင့်၂၀၊ စိတ်ဝိညာဉ်စုစည်းခြင်း အဆင့်၁၇၊ နဂါးသွေး နှီးနွယ်မှု)”

“ရေနဂါးပြောင်းလဲခြင်း(စတင်ခြင်းအဆင့်သို့ မဝင်ရောက်ခင်တွင် အဆင့်မြှင့်တင်နိုင်ခြင်း မရှိပါ။ ကျင့်ကြံရန် လိုအပ်ချက်များ- ဒေါသရေနဂါး အစစ်အမှန်အတတ် ပြီးပြည့်စုံခြင်း၊ ဒြပ်စင်ငါးခုချီ ပြီးပြည့်စုံခြင်း၊ မရီတန်တစ်ရာ သန့်စင်ခြင်း၊ သိုင်းသူတော်စင်ခန္ဓာ၊ ရေနဂါး သွေးအဆီအနှစ် ၃၀%)”

အပိုထပ်ပေါင်းလာသည့် ကျင့်စဉ်နှင့် လျှို့ဝှက်အတတ် နှစ်ခုတို့ကို ကြည့်ကာ ဟနကျောက်ဟာ ဝမ်းသာသွား၏။

“ရေနတ်ဘုရားလက်ချောင်းက တစ်ခါတည်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားတယ်။ ဘယ်လောက်မိုက်လိုက်လဲ”

သူက စဉ်းစား၏။

ညာဘက်လက်ညှိုးကို ဆန့်ကာ ရှေ့သို့ ညွှန်လိုက်သည်။ ရေနတ်ဘုရားလက်ချောင်းကို အသုံးပြုလိုက်၏။

နက်ပြာရောင် အတွင်းအားနှင့် အစစ်အမှန်ချီတို့ဟာ လက်ချောင်းထိပ်တွင် စုစည်းလာပြီး ဆေးလုံးတစ်လုံးအရွယ်သို့ သိပ်သည်းကာ စုစည်းလာခဲ့သည်။

“ဘုန်း”

သေနတ်မှ ကျည်ဆန်တစ်ခု ထွက်ခွာသွားသကဲ့သို့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ လျှို့ဝှက်ခန်းမ၏ နံရံတွင် အစစ်အမှန်အား၏ ထိမှန်မှုကြောင့် လက်သီးအရွယ် အပေါက်တစ်ခု ပေါ်လာခဲ့သည်။

“ကံဆိုးစွာပဲ ကျင့်ကြံမှု စုပ်ယူခြင်းအတတ်က လူတစ်ယောက်ရဲ့ ၂၀ပုံ ၁ပုံရှိတဲ့ အဆီအနှစ်တွေကိုပဲ ထိန်းသိမ်းနိုင်တယ်။ ငါ့ရဲ့ ဒေါသရေနဂါး အစစ်အမှန်ချီက အားနည်းနေသေးပြီး ရေနတ်ဘုရားလက်ချောင်းက အသန်မာဆုံး စွမ်းအားကို မထုတ်လွှတ်နိုင်သေးဘူး”

“ဒီအချိန်အတွင်း သက်ရှဉ်အစစ်အမှန်ချီ(သို့) ဗာဂျရာအစစ်အမှန်ချီကို သုံးပြီးပဲ ဒေါသရေနဂါး အစစ်အမှန်ချီနေရာမှာ အစားထိုးရမယ်..”

ဟန်ကျောက်ဟာ အချက်အလက်ပြ ဇယားကို ကြည့်သည်။

“အသည်း- နဂါးသွေးအိတ်(သွေးချီ ၁၀၀%)၊ နှလုံး- နဂါးသွေးအိတ်(သွေးချီ ၁၅%)”

“စိတ်ဝိညာဉ်သားရဲ သွေးအဆီအနှစ်- မိုးကြိုးရေနဂါး ၁%)”

“ရှန့်ကွမ်းယွင်ဖေးရဲ့ သန့်စင်သောသွေးချီ နှစ်ဆယ်ပုံ တစ်ပုံပဲ ဆိုပေမယ့် နဂါးသွေးအိတ်ကို လုံးဝ ပြည့်သွားပြီး လျှံတောင် ထွက်လာစေခဲ့တယ်။ ဒါက သူ့ခန္ဓာကိုယ်ထဲက မိုးကြိုးရေနဂါးသွေး နည်းနည်းကိုလည်း စုယူခဲ့လို့ ဖြစ်မယ်”

“စိတ်ဝိညာဉ်သားရဲလို့ မပြောရဘူး။ လူသားတွေ ထင်ထားတာထက် ပိုသန်မာတာပဲ”

ဟန်ကျောက်ဟာ လူတစ်ယောက် ပြောင်းလဲခြင်းတစ်ထောင် စွမ်းရည်နှင့် မှင််နက်ရောင် ရေနဂါးအဖြစ် ပြောင်းလဲစဉ်က ခံစားချက်ကို ပြန်လည်စဉ်းစားမိသည်။

ထိုအချိန်၌ သူဟာ အသက်မပြည့်သေးသည့် မှင်နက်ရောင် ရေနဂါးတစ်ကောင်၏ ခန္ဓာကိုယ်နှင့် ဒီဗိုင်းစွမ်းအားတို့အား ပိုင်ဆိုင်ထားသည်နှင့် ညီမျှခဲ့၏။

ထို့နောက် ချီတစ်ဆင့် စစ်ဘုရင်အဆင့်နှင့် အစစ်အမှန်ချီ၊ အတွင်းအားတို့ကို အသုံးပြုကာ ၎င်းကို ထိန်းချုပ်ခဲ့သည်။

ဤသည်မှာ သေချာပေါက် စစ်မှန်သည့် မှင်နက်ရောင် ရေနဂါးထက် များစွာ နိမ့်ကျမှာပါ။ သို့ရာတွင် နဂါးဟိန်းသံနှင့် ရေထိန်းချုပ်ခြင်း ဒီဗိုင်းစွမ်းအား၊ အလွန်မာကြောသန်မာသည့် ခန္ဓာနှင့် စွမ်းအားကြီးမားသည့် စစ်ဘုရင်နှစ်ယောက်တို့ကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်။

ဤသည်က ရေနဂါးများ၏ မည်မျှ ကြောက်ဖို့ကောင်းပုံကို တွေ့မြင်နိုင်သည်။ ယခု ရှန့်ကွမ်းသားအဖေ နှစ်ယောက်တို့၏ ခန္ဓာကိုယ်များအတွင်းရှိ မိုးကြိုးရေနဂါးသွေးဟာ ဖင်းခုနစ်ဆင့် အကြီးစား ကျွမ်းကျင်မှုရှိ ထိပ်တန်းသို င်းသူတော်စင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ ဤသည်မှာ လုံးဝ အရွယ်ရောက်ပြီးသည့် ရေနဂါးဖြစ်၏။

ဟန်ကျောက်ဟာ ခဏတာ စဉ်းစားပြီးနောက် သူ၏အကြည့်က ရှေ့ရှိ အခေါင်းပေါ်သို့ ကျရောက်သွားသည်။ အတွင်းထဲတွင် ရှန့်ကွမ်းလီဟာ အေးချမ်းစွာ လဲလျောင်းနေ၏။

သို့ပေမယ့် ဟန်ကျောက်ဟာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းနေသည့် လျှပ်စီးကြောင်းများကို ဘေး၌ ရပ်နေရင်းနှင့်ပင် ခံစားနိုင်ပါသည်။ ထုံထိုင်းစွာနှင့် သက်တောင့်သက်သာ မရှိစွာ ခံစားရ၏။ အစစ်အမှန်ချီကို လှည့်လည်ကာသာ ခုခံရသည်။

သူဟာ ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်နှင့် မထိရသေးပေ။ သို့ပေမယ့် တုံ့ပြန်မှုဟာ အလွန်သန်မာနေပြီး ဖြစ်၏။ တစ်ခါတည်းသာ ထိရပါက ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးရေနဂါးသွေးကြောင့် ဒဏ်ရာရသွားလောက်ပါသည်။

“မိုးကြိုးနဲ့ရေက ဆန့်ကျင်ဘက်ပဲ။ ဒါ့ကြောင့် ရှန့်ကွမ်းယွင်ဖေးနဲ့ ရှန့်ကွမ်းလီတို့ရဲ့ ဒဏ်ရာတွေ ပိုဆိုးသွားတာ။ ဒါပေမယ့်..”

ဟန်ကျောက်၏ အာရုံက သူ၏ စွမ်းရည်ပြဇယားပေါ်သို့ ကျရောက်သွားသည်။ သူ့တွင် အံ့ဖွယ်သုံးပါးအား တစ်ပါးတည်းအဖြစ် ပါရမီ ရှိပါသည်။ ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်အတွင်းတွင် မိုးကြိုးရေနဂါးသွေး ၁% ရှိ၏။

သို့ပေမယ် မည်သည့် ဆိုးရွားသည့် ခံစားချက်ကိုမှ ခံစားရခြင်း မရှိပေ။ ဤသည်မှာ ထိုပါရမီ၏ အကျိုးကျေးဇူးကြောင့် ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ‌ မြေပြင်ပေါ်တွင် ထိုင်ကာ စွမ်းရည်အမျိုးအစားကို ပြောင်းလဲသည့် ပါရမီအား စတင် အသုံးပြုလိုက်၏။

“အဆုတ်သတ္တု(၂၂%)၊ နှလုံးသစ်သား(၂၂%)၊ ကျောက်ကပ်ရေ(၂၂%)၊ အသည်းမီး(၂၂%)၊ သရက်ရွက်(၂၂%)၊ အပေါ်ပိုင်းဒန်တျန် မိုးကြိုး(၅%)”

သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ ဒြပ်စင်ချီ ငါးခုတို့ဟာ တစ်ခုလျှင် ၁%စီ လျော့သွားပြီး မိုးကြိုးအဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန်၌ ဟန်ကျောက်ဟာ သူ၏ မျက်ခုံးနှစ်ခုအကြား၌ ခရမ်းရွှေရောင် ချတစ်ခု စီးဆင်းလာမှုကို တွေ့ရသည်။ သူ၏ ခန္ဓာကိုယ်ဟာ အနည်းငယ် ထုံထိုင်းသွား၏။

မကြာခင် သူ၏ ခန္ဓာကိုယ်ဟာ လျှို့ဝှက်ခန်းအတွင်းရှိ မိုးကြိုးချီ စီးဆင်းမှုနှင့် လုံးဝ သဟဇာတ ဖြစ်လာကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

“ရှန့်ကွမ်းယွင်ဖေးမှာ ပြင်ဆင်ထားတာတွေ ရှိမှာပဲ”

သူက ဒြပ်စင်ငါးမျိုးချီကို ဆက်လက်ပြောင်းလဲခြင်း မပြုပါ။ အဲ့ဒီအစား ရှန့်ကွမ်းယွင်ဖေး၏ အလောင်းခြောက်ကို ကြည့်၏။ သူမစစ်ဆေးကြည့်ရသေးသည့် ဆန်မာရုအိတ်တစ်ခု ရှိနေပါသည်။

“ဆွစ်”

ဟန်ကျောက်ဟာ လက်ချောင်းများကို လက်သည်းတစ်ခုအဖြစ် ကွေးညွှတ်ကာ စုပ်ယူလိုက်သည်။ ခရမ်းရောင်အိတ်ဟာ သူ၏ လက်ဝါးအတွင်းသို့ ပျံတက်လာခဲ့၏။

သူဟာ ထိုအထဲသို့ အစစ်အမှန်ချီကို ထိုးသွင်းကာ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ ဒီဆန်မာရုအိတ် အတွင်းရှိ အကျယ်အဝန်းဟာ အနည်းဆုံး ၈ကုဗမီတာလောက် ရှိပါသည်။

အလျား၊ အကျယ်၊ အမြင့်တို့ဟာ ၂မီတာကော် ရှိကြသည်။ ဒါတင်မကသေး တင့်တယ်သည့် အဝတ်အစားများ၊ ကျောက်စိမ်းအသုံးအဆောင်များ၊ ခါးပတ်များ၊ ဖိနပ်များနှင် အစရှိသဖြင့် များစွာ ရှိနေပါသည်။ ရွှေ၊ သစ်သားနှင့် ကျောက်စိမ်းတို့ဖြင့် ပြုလုပ်ထားသည့် သရဖူပင်လျှင် ရှိ၏။

“တကယ့်ကို ဇိမ်ခံတတ်တဲ့လူပဲ”

All Chapters