← Chapters

အခန်း (၂၅၄)

Vol. 17 Ch. 254

အခန်း (၂၅၄)

Vol. 17 Ch. 254

ဟန်ကျောက်ဟာ ဆက်လက် စစ်ဆေးခဲ့ပြီး လိပ်ထားသော စာလိပ်နှစ်ခုနှင့် အရွယ်အစားမျိုးစုံရှိသော သေတ္တာ ဆယ်ခုကျော်ကို ထုတ်ယူ၏။ အချို့မှာ သစ်သားဖြင့် ပြုလုပ်ထားပြီး အချို့မှာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်။

စာလိပ်နှစ်ခုမှာ ဒေါသရေနဂါး အစစ်အမှန်အတတ်၏ တတိယနှင့် စတုတ္ထမြောက် ပုံကြမ်းများ ဖြစ်သည်။

၎င်းတို့ဟာ အလွန် မှော်ဆန်သော်လည်း ဟန်ကျောက်မှာ ယခုအချိန်တွင် ဂရုတစိုက် လေ့လာရန် အချိန်မရှိသေးသဖြင့် ပြန်လည် သိမ်းဆည်းလိုက်သည်။

ထို့နောက် သူသည် သူ၏ ရှေ့ရှိ ကျောက်စိမ်းသေတ္တာကို ဖွင့်၏။ အတွင်း၌ အညိုရောင် ပတ်သိုင်းမွှေး ပုံစံ စိတ်ဝိဉာဉ်ဆေးပင်တစ်ပင် ရှိနေသည်။

၎င်းဟာ သစ်ပင်ကြီးတစ်ပင်၏ အမြစ်နှင့် အနည်းငယ် တူညီပြီး ထူးဆန်းသော ရနံ့တစ်ခုကို ထုတ်လွှတ်နေ၏။

ဟန်ကျောက်ဟာ အသက်ကို နက်ရှိုင်းစွာ ရှူလိုက်ပြီးနောက် သူ၏ သွေးချီတို့ များစွာ ပိုမို တက်ကြွလာသည်ကို ခံစားရသည်။

“ဒါ နဂါးသွေးဂျင်ဆင်းများလား”

ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။

သာမန် ဂျင်ဆင်းကို အဓိကအားဖြင့် အသက်ဓာတ် ပြန်ပြည့်ရန် အသုံးပြုသည်။ ပို၍ တန်ဖိုးရှိသည်မှာ သွေးဂျင်ဆင်း ဖြစ်သည်။

၎င်းဟာ သွေးချီကို အာဟာရဖြည့်ရန်အတွက် သန္ဓေပြောင်း သားရဲသွေးဖြင့် လောင်းထားသည့် ဆေးပင်တစ်မျိုး ဖြစ်သည်။

သက်တမ်းသာ လုံလောက်ပါက စစ်ဘုရင်အဆင့် သိုင်းသမားများအတွက်ပင် အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ ၎င်ဟာ သွေးချီဆေးလုံး၏ အဓိက ပါဝင်ပစ္စည်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

နဂါးသွေးဂျင်ဆင်းမှာ‌တော့ ၎င်းဟာ နဂါးသွေးဖြင့် စွန်းထင်းသွားပြီး ကံကောင်းစွာ အသက်ရှင်ကျန်ရစ်သော ဂျင်ဆင်းတစ်မျိုး ဖြစ်သည်။

အစစ်အမှန်နဂါး၏ အတူပေါလာတတ်သည့် စိတ်ဝိဉာဥ်ဆေးပင်များထဲမှ တစ်ခု ဖြစ်သည်။ ပေါ်လာသည်နှင့် နိုင်ငံများစွာကို လှုပ်ခတ်စေရန် လုံလောက်၏။

သူ၏ ရှေ့မှ စိတ်ဝိညာဉ်ဆေးပင်မှာ ရေနဂါးသွေးကို စုပ်ယူထားသော ဂျင်ဆင်းပင် ဖြစ်နိုင်ဖွယ် ရှိသည်။ စစ်မှန်သော နဂါးသွေးဂျင်ဆင်းနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ၎င်းသည် အလွန်တန်ဖိုးရှိသော ရတနာတစ်ပါး ဖြစ်နေသေး၏။

"ဒါကငါ့ကို ကြိုးစားရတာ အများကြီး သက်သာစေမှာ”

ဟန်ကျောက်သည် ရှန်ကွမ်းယွင်ဖေးက ပေးခဲ့သည် နဂါးသွေးဆေးလုံး ဖော်စပ်နည်းကို ကြည့်ရင်း သက်ပြင်းချမိသည်။

ထို့နောက် ကျောက်စိမ်းသေတ္တာများကို တစ်လုံးပြီးတစ်လုံး ဖွင့်သည်။ အမှန်တကယ်ပင်။ ရှန်ကွမ်းယွင်ဖေးဟာ နဂါးသွေးဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သည့် စိတ်ဝိညာဉ်ဆေးပင်များ အားလုံးကို စုဆောင်းထားခဲ့သည်။

ထိုစိတ်ဝိညာဥ်ဆေးပင်များ၏ အရေအတွက်ဟာ အနည်းဆုံး နဂါးသွေးဆေးလုံး ဆယ်လုံးအား ဖော်စပ်ရန် လုံလောက်၏။

သစ်သားသေတ္တာတွင် ဒေါသရေနဂါး အစစ်အမှန်အတတ်၏ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုနည်းလမ်း၊ သူ စုဆောင်းထားသော ကိုယ်ခံပညာ လျှို့ဝှက်ကျမ်းများအပြင် ၂၀၀၀၀၀လျန် တန်ဖိုးရှိသော ငွေတံုးများလည်း ပါဝင်သည်။

“ငါ့အတွက် ဒီလောက် အရင်းအမြစ်တွေ အများကြီး ရင်းနှီးခဲ့ပြီး ငွေ ၂၀၀၀၀၀လျန်တောင် ပါသေးတယ်။ တကယ်ပဲ ချမ်းသာတာပဲ”

ဒီလောကကြီးတွင် လုယက်ခြင်းဟာ စည်းစိမ်ဥစ္စာများ ရရှိရန်အတွက် အကောင်းဆုံး နည်းလမ် ဖြစ်သည်။

“နဂါးသွေးဆေးလုံးက အရမ်းတန်ဖိုးကြီးတယ်။ ဒါက နဂါးသွေးကို သန့်စင်ဖို့ အဓိက ပစ္စည်းပဲ.. နဂါးအသွင်ပြောင်းခြင်း လျှို့ဝှက်အတတ်ကို ကျင့်ကြံရာမှာ တိုက်ရိုက် သက်ရောက်မှု ရှိတယ်။ ငါ့အနေနဲ့ ဆေးဖော်ရုံတင်မကပဲ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နဲ့ ထိပ်တန်းအဆင့် အရည်အသွေးရှိတဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်ဖို့ နည်းလမ်းရှာရဦးမယ်”

ဟန်ကျောက်က စဉ်းစားသည်။

ဒီနဂါးသွေးဆေးလုံးမှာ သူသန့်စင်ခဲ့ဖူးသည့် ဆေးလုံးများထဲတွင် အခက်ခဲဆုံး ဖြစ်သည်။

ရှန်ကွမ်းယွင်ဖေးဟာ ဒီဆေးပင်များအတွက် အလွန် အားထုတ်ခဲ့ရဟန် ရှိ၏။ ထိုအထဲမှ အများစုကို သိုင်းသူတော်စင် ရှန်ကွမ်းလီက စုဆောင်းထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“အရင်ဆုံး ငါ့ရဲ့ ဆေးပညာကို အသေးစားအဆင့်တစ်ခုအထိ မြှင့်တင်ရမယ်”

သူ၏ စုစုပေါင်း ဒြပ်စင်ငါးပါးချီသည် ၁၁၀% သို့ ရောက်ရှိပြီးဖြစ်ကာ ၁၀၀% ကို ကျော်လွန်သွားပြီ ဖြစ်၏။ ဤသည်မှာ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ရုံရှိသည့် သာမန်သိုင်းသမားတစ်ဦးနှင့် ညီမျှသည်။

သူဟာ ဒြပ်စင်ငါးမျိုး ဆေးလုံးများကို ပိုမို ဖော်စပ်ရပေဦးမည်။ အနည်းဆုံး ချီနှစ်ဆင့် ပြည့်စုံခြင်းအဆင့်အထိ စောင့်ဆိုင်းပြီးမှသာ နဂါးသွေးဆေးလုံးကို သန့်စင်ရန် ကြိုးစားသင့်သည်။ ဤသည်က ပိုမို စိတ်ချမည် ဖြစ်၏။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်၏အာရုံဟာ ခေါင်းတလားအတွင်းရှိ ရှန်ကွမ်းလီဆီသို့ စူးစိုက်သွားသည်။ သူက ခေါင်းတလားကို လှမ်းကိုင်လိုက်၏။

"ခရက်"

ခေါင်းတလားပေါ်တွင် တစ်ပေခန့်ရှည်သော ခရမ်းရွှေရောင် လျှပ်စစ်တန်းတစ်ခု ပေါ်လာပြီး ဟန်ကျောက်၏ လက်ဖဝါးပေါ်ရှိ မူလနေကြယ်ချီကို ရိုက်ခတ်ကာ ပြင်းထန်စွာ ဝင်ဆောင့်သည်။

လျှပ်စစ်၏ စွမ်းအား ကုန်ဆုံးသွားချိန်တွင် သူ၏ လက်ဖဝါးပေါ်ရှိ မူလနေကြယ်ချီ တစ်ဝက်ကျော်ဟာ ကုန်ဆုံးသွားခဲ့သည်။ ညာဘက်လက်မောင်းမှာ ထုံကျင်ပြီး အနည်းငယ် နာကျင်နေ၏။

ထိုခံစားချက်မှာ မီးခြစ်ထဲရှိ ဖီဇိုလျှပ်စစ်ပစ္စည်းကို ကိုင်ကာ သူ၏ လက်မောင်းကို အဆက်မပြတ် ဖိနှိပ်ပြီး လျှပ်စစ်ရှော့ခ်များ ထုတ်လွှတ်နေသကဲ့သို့ ဖြစ်သည်။ အလွန် မသက်မသာ ရှိလှ၏။

“ဘယ်လောက်တောင် မယုံကြည်နိုင်စရာ ကောင်းလိုက်လဲ.. မေ့မြောနေစဉ်မှာ အသိစိတ်မရှိဘဲ ထုတ်လွှတ်လာတဲ့ လျှပ်စီးတောင် ဒီလောက်စွမ်းအား ရှိတယ်”

ဟန်ကျောက်ဟာ ပါးစပ်အား မစေ့နိုင်အောင် ဖြစ်နေ၏။ ရှန်ကွမ်းလီသာ မိုးကြိုးရေနဂါးသွေးကို သန့်စင်ခဲ့ပါက သူသာ ဗာဂျရာကာကွယ်မှုကို အသုံးပြုထားလျှင်တောင် သူ၏ ကာကွယ်မှုအား တစ်ဖက်လူက တစ်ချက်တည်းဖြင့် ဖျကိဆီးသွားနိုင်ဖွယ် ရှိသည်။

ရှန်ကွမ်းလီဟာ သိုင်းသူတော်စင်အဆင့် များစွာတို့ ရှိနေသည့်တိုင် မိုးကြိုးရေနဂါးသွေး တစ်စိတ်တစ်ပိုင်းကို ရရှိနိုင်ခဲ့ခြင်းမှာ သာမန် သိုင်းသူတော်စင်တစ်ဦး မဟုတ်ကြောင်း သေချာပါသည်။

“ငါအစမ်းရှင်သန်ခြင်းထဲမှာ မိုးကြိုးရေနဂါးသွေး အများအပြားကို သန့်စင်ခဲ့တယ်။ ချီသုံးဆင့် စစ်ဘုရင်အဆင့်နဲ့ ငရဲကိုးခုအိမ်တော်ရဲ့ မြွေအဆင့် ကျွမ်းကျင်သူကို ငရဲဓားချက်ကို အစွမ်းကုန်သုံးပြီး သတ်နိုင်ခဲ့တာက ငရဲဓားချက်ရဲ့ စွမ်းအားကြောင့်ချည်း မဟုတ်နိုင်ဘူး။ မိုးကြိုးရေနဂါးသွေးထဲမှာ ပါဝင်တဲ့ လျှပ်စီးစွမ်းအားကလည်း အဓိက အချက်ပဲ”

ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ် (ဒုတိယအဆင့် ပြည့်စုံခြင်း ၉၅%၊ အဆင့်မြှင့်တင်နိုင်သည်။ အထူးသက်ရောက်မှု- ထိုးဖောက်ခြင်း အဆင့် ၂)

“အိုး… ဒါက…”

ခန္ဓာကိုယ်က လျှပ်စီးအနည်းငယ်ကို စုပ်ယူပြီးနောက် သိုင်းပညာကော်လံရှိ ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ်၏ တိုးတက်မှုနှုန်း မြင့်မားလာကြောင်းကို ဟန်ကျောက် နားလည်လိုက်သည်။

ထိုပုံကို တွေ့ရပြီးနောက် သူ၏ လက်မောင်းကို ခေါင်းတလားဆီသို့ ထပ်မံဆန့်တန်းလိုက်၏။

"ခရက်"

ခရမ်းရွှေရောင် လျှပ်စီးဟာ ထပ်မံ ပေါ်လာခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ဟန်ကျောက်ဟာ သူ၏ လက်ဖဝါးပေါ်ရှိ မူလနေကြယ်ချီကို လျော့ချလိုက်သည်။

"ဟစ်"

လျှပ်စစ်တန်းနှင့် နေကြယ်ချီတို့ နှစ်ခုလုံး ၉၉% စီ ကုန်ဆုံးပြီးနောက် ကျန်ရှိသော လျှပ်စစ်များဟယ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဟန်ကျောက်ဟာ သူ၏ ညာဘက်လက်မောင်းတစ်ခုလုံး ထုံကျင်သွားသည်ဟု ခံစားရပြီး ရုတ်တရက် လက်ကို ပြန်ရုပ်လိုက်၏။

သူက ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ်ကို လျင်မြန်စွာ လှည့်ပတ်ပြီး ခန္ဓာကိုယ်ထဲရှိ လျှပ်စီးစွမ်းအားကို သန့်စင်လိုက်သည်။

ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ် (တတိယအဆင့် စတင်ခြင်းအဆင့် ၁၁%၊ အဆင့်မြှင့်တင်နိုင်သည်။ အထူးသက်ရောက်မှု- ထိုးဖောက်ခြင်း အဆင့် ၄၊ ထုံထိုင်းခြင်း အဆင့် ၁)

မကြာခင် ကျင့်ကြံခြင်းအတတ်ဟာ တတိယအဆင့်သို့ ချိုးဖျက်သွားသည်။ နောက်ဆုံးတွင် ထုံထိုင်းခြင်း အကျိုးသက်ရောက်မှု အပိုတစ်ခုလည်း ရှိလာ၏။

ဤအချက်ကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ သူ၏ လက်မောင်း၌ အာရုံခံမှု ပြန်ရသည်အထိ စောင့်ဆိုင်းကာ ခေါင်းတလားကို ဆက်လက်ထိခြင်း မပြုတော့ပေ။

ကျင့်ကြံခြင်း၏ တိုးတက်မှု အများအပြား ရရှိခြင်းက ကောင်းသော်လည်း လျှပ်စစ်‌ဓာတ်အား ထိရခြင်းက အမှန်တကယ် မသက်မသာ ဖြစ်လှ၏။

ဒီခရီးမှ သူဟာ လုံလောက်စွာ ရရှိခဲ့ပြီး ဖြစ်သည်။ ၂ရက်လောက် စောင့်ပြီးမှ ဆက်လက်လုပ်ဆောင်ရပေမည်။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“စနစ်.. ငါရှန်ကွမ်းလီရဲ့ အစစ်အမှန်ချီကို အဝေးကနေ ကျင့်ကြံမှု စုပ်ယူခြင်းအတတ်နဲ့ တိုက်ရိုက် စုပ်ယူမယ်ဆိုရင် လျှပ်စီးမိုးကြိုးရေနဂါးရဲ့ သွေးထဲမှာပါဝင်တဲ့ လျှပ်စီးစွမ်းအားကြောင့် ဒဏ်ရာရနိုင်မလား”

[ထိုသတိပေးချက်အတွက် ရွှေ ၈၀၀လျန်နှင့် သာမန် သတိပေးချက်၏ ၁၀ဆရှိသည့် ယင်စွမ်းအင်အား လိုအပ်သည်။]

“ဒါဆို သူ့ခန္ဓာကိုယ်ထဲက လျှပ်စီးရေနဂါးသွေးကို ကုန်အောင်ထုတ်ပြီးမှ အစစ်အမှန်သောချီကို စုပ်ယူမယ်ဆိုရင်ရော ဘယ်လိုလဲ”

ဟန်ကျောက်က သူ၏ မေးခွန်းကို ပြောင်းလဲလိုက်သည်။

[ထိုသတိပေးချက်အတွက် ရွှေ ၂၀၀လျန်နှင့် သာမန် သတိပေးချက်၏ ၄ဆရှိသည့် ယင်စွမ်းအင်အား လိုအပ်ပါသည်။]

“ဟားဟား…”

ဟန်ကျောက်က ရယ်ချင်စိတ်ကို ထိန်းကာ မေးသည်။

“တကယ်လို့ ငါချီငါးဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရင်ရော”

[ထိုမေးခွန်းအတွက် ရွှေ ၁၀လျန်အား ပေးချေရန် လိုအပ်သည်။]

“ရပြီ.. ထပ်မေးတော့ဘူး”

ဟန်ကျောက်က ပြုံးသည်။

သူသည် စနစ်ကို အသုံးချရန် နည်းလမ်းသစ်တစ်ခုအား ရှာတွေ့လာခဲ့၏။

ထိုကဲ့သို့ တွေးမိပြီးနောက် သူဟာ လည်ပင်းရှိ ဆန်မာရုအိတ်ကို ချွတ်ကာ အတွင်းထဲရှိ အရာအားလုံးကို ရှန်ကွမ်းယွင်ဖေး၏ ဆန်မာရုအိတ်အတွင်းသို့ ထည့်သည်။

ရှန်ကွမ်းယွင်ဖေး၏ အလောင်းခြောက်ကို ကြည့်ကာ တုံ့ပြန်လာပြီး နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစကို ထုတ်ယူလိုက်သည်။

“လာခဲ့.. သူ့မှာ သွေးချီအများကြီး မကျန်တော့ပေမယ့် သူက ချီငါးဆင့် စစ်ဘုရင်တစ်ယောက်ပဲ။ အလဟဿ ဖြုန်းတီးလို့မဖြစ်ဘူး”

ဟန်ကျောက်ဟယ နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစကို ရှန်ကွမ်းယွင်ဖေး၏ အလောင်းထဲသို့ ထိုးစိုက်လိုက်သည်။

ဒီဗိုင်းလက်နက်၏ စိတ်ဝိညာဉ်က ချက်ချင်း ပျော်ရွှင်သည့် အသွင်ကို ထုတ်လွှတ်၏။

“မင်းက အကောင်းဆုံးပဲ”

ဟန်ကျောက်ဟာ နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစများက ရှန်ကွမ်းယွင်ဖေးအား စုပ်ယူနေခြင်းကို ကြည့်ကာ ပြုံးသည်။

“ငါ့နောက်လိုက်ပြီး.. ယင်စွမ်းအင်ကို အချိန်မှန် ထောက်ပံ့ပေး။ မကြာမီ ငါ မင်းကို ပြန်ပေါင်းစည်းပေးမယ်။ အဆင့်မြင့် ဒီဗိုင်းလက်နက်အဖြစ်တောင် မြှင့်တင်ပေးဦးမယ်”

ဟန်ကျောက်ဟာ အလကား ကတိများကို စတင်ပေးလာခဲ့သည်။ ကျီပိုင်ဝေ၏ အဆိုအရ ဒီဗိုင်းလက်နက်များဟာ ပိုမိုမြင့်မားသော အဆင့်မြင့် ဒီဗိုင်းလက်နက်များ ဖြစ်လာရန် အချင်းချင်း စားသုံးနိုင်သည်ဟု ဆို၏။

အတုအယောင် ဒီဗိုင်းလက်နက်များအတွက် အဆင့်၁ ဒီဗိုင်းလက်နက်တစ်ခု ဖြစ်လာခြင်းမှာ သူတို့၏ အကြီးမားဆုံး ရည်မှန်းချက် ဖြစ်သည်။

"ဘဇ် ဘဇ် ဘဇ်"

ဟန်ကျောက်၏ လှပသည့် အနာဂတ်အကြောင်း စကားအား ကြားရပြီးနောက် နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစမှ စိတ်လှုပ်ရှားမှုနှင့် တပ်မက်မှုများ ထွက်ပေါ်လာသည်။

“ဒီဗိုင်းလက်နက်တွေက လူတွေနဲ့ အတူတူပဲ ထင်တယ်။ အချို့က ရင့်ကျက်ပြီး အချို့က ကလေးဆန်တယ်”

ဟန်ကျောက်က စိတ်ထဲမှ ရယ်မော၏။

မည်သို့ပင် ဆိုစေကာမူ သူဟာ ဒီဗိုင်းလက်နက်ကို သူ၏ ထိန်းချုပ်မှုထက် ကျော်လွန်ခွင့် မပြုနိုင်ပေ။ အဆင့်မြှင့်တင်ရန် အခွင့်အရေး တကယ်ရှိခဲ့လျှင်တောင် သူဟာ သက်ခြွေဓားနှင့် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာအတွက် ဦးစားပေးမှာ သေချာ၏။

“ပြီးရင် ဒေါသရေနဂါးဂိုဏ်းကို လုံးဝ ထိန်းချုပ်ဖို့ပဲ ကျန်တယ်။ ချီရွှမ်မင်.. ဒီနေ့ ဒေါသရေနဂါးဂိုဏ်းကို ရောက်လာသင့်တယ်။ ချီမိသားစုရဲ့ ကျောထောက်နောက်ခံ ရှိနေသရွေ့ ငရဲကိုးခုအိမ်တော်နဲ့ သက်ရှည်ဂိုဏ်းတွေကြောင့် ခဏတာအတွင်းမှာ ပြဿနာ မရှိလောက်ဘူး”

ဟန်ကျောက်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။

သူဟာ ဒေါသရေနဂါးဂိုဏ်းသို့ ရောက်ရှိလာစဥ်ကတည်းက ပါးပါးနပ်နပ်နှင့် ဂရုတစိုက် လှုပ်ရှားခဲ့ရသည်။ ပါးလွှာသည် ရေခဲပြင်ပေါ်တွင် လျှောက်လှမ်းရသကဲ့သို့ ရှိ၏။

သူ၏ အစွမ်းအစနှင့် ဆေးသန့်စင်မှု တိုးတက်ခြင်းတို့ ပေါ်သွားကာ မလိုအပ်သော အန္တရာယ်များအား ဖိတ်ခေါ်မိမည်ကို စိုးရိမ်ခဲ့သည်။ ဘဝက တည်ငြိမ်သော်လည်း အလွန်ပင် စိတ်ပျက်စရာ ကောင်းခဲ့၏။

“ဒီနေ့ကစပြီး.. ငါဟန်ဆောင်တော့မှာ မဟုတ်ဘူး”

သူဟယ လျှို့ဝှက်ခန်းမှ ထွက်လာပြီး အပေါ်ထပ်ရှိ လျှို့ဝှက်ခန်းသို့ ပြန်လာ၏။ နံရံတွင် ချိတ်ဆွဲထားသော ဒေါသရေနဂါး ပုံကြမ်း၏ ဒုတိယပိုင်းကို သူ၏ ဆန်မာရုအိတ်အတွင်းသို့ ထည့်ကာ ဝင်ပေါက်ဘက်သို့ လျှောက်သွား၏။

သူဟာ ရွှေကျင်ဖုန်း၏ ပြဿနာကိုလည်း ဖြေရှင်းရပေဦးမည်။

All Chapters