← Chapters

ဓါးသွားကျင့်ကြံခြင်းပညာ။ ဓားချီစွမ်းအင်စုဆောင်းခြင်း။

Vol. 5 Ch. 75

ဓါးသွားကျင့်ကြံခြင်းပညာ။ ဓားချီစွမ်းအင်စုဆောင်းခြင်း။

Vol. 5 Ch. 75

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို စိုက်ကြည့်ရင်း စူးချန်ခုန်းသည် အတော်လေး ပြောစရာစကားမဲ့နေသည်။ နှစ်ဖက်စလုံးက သူ့ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆွဲခေါ်ခဲ့တော့ အားလုံး သေကုန်ကြပြီ။

"ငါ လုံလောက်အောင် မသန်သေးဘူး... ချောင်ဟုန် တစ်ယောက်တည်း ရင်ဆိုင်ရတာတောင် သူ့ကို သတ်ဖို့ ဓား ၃ ချက်လောက် ခုတ်ယူရတယ်။ ဒီကလူအများစုကသာ ချောင်ဟုန်လို အရည်အချင်းရှိရင် ငါ တကယ်ကို ဒုက္ခရောက်မှာ။"

လက်သီးတွေကို ဆုပ်ထားရင်း စူးချန်ခုန်းဟာ ​​သူ့ရဲ့ ခွန်အားက မလုံလောက်မှုကို ခံစားမိနေတုန်းပင်။ “အလောင်းတွေကို ရှင်းပြီး မြန်မြန်ထွက်သွားမှပဲ။”

အသက်ပြင်းပြင်းရှူရင်း စူးချန်ခုန်းသည် အချိန်ဆွဲမနေဘဲ အလောင်းများကို စတင်ရှာဖွေလိုက်သည်။

ပထမဆုံး ရှာရမှာက ချောင်ဟုန် အပါအဝင် အနက်ရောင် မြင်းတပ်ဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်သည်။ စူးချန်ခုန်းက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ရှာဖွေခဲ့ပေမယ့် လုယက်မှုတွေဟာ အရေးမပါတော့ဘဲ အားလုံးပေါင်း ငွေတစ်ရာကျော်လောက်သာ ရသည်။

တကယ်တော့ သူတို့သည် ယွီကျောင်းကို လိုက်လံရှာဖွေရန် ထွက်လာခဲ့ကြပြီး ပိုက်ဆံများများစားစား ယူဆောင်လာနိုင်ခြင်း မရှိပေ။

သို့သော် ယွီကျောင်း၏ ခန္ဓာကိုယ်တွင် စူးချန်ခုန်းသည် မမျှော်လင့်ထားသော ရတနာတစ်ခုကို တွေ့ရှိခဲ့သည်။

"ငွေနှစ်ထောင်!"

စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်လာသည်။ ယွီကျောင်းထံတွင် ငွေစက္ကူ အရွက်နှစ်ထောင်တိတိကို သူတွေ့ရှိခဲ့သည်။ တကယ်ကို မနည်းလှသည့် ပမာဏပင်။

ဒါတင်မကဘဲ အိတ်ထဲမှာ ထုပ်ထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း တွေ့ခဲ့သည်။ စူးချန်ခုန်းက ၎င်းကို ထုတ်လိုက်ရာ ဟောင်းနွမ်းနေသော အဖုံးပေါ်တွင် စကားလုံးသုံးလုံးဖြစ်သော “ဓားသွား ကျင့်ကြံခြင်း အတတ်” ဟူ၍ တွေ့လိုက်ရသည်။

"ဓားသွားကျင့်ကြံခြင်းအတတ်တဲ့လား။ ချောင်ဟုန်နဲ့ ယွီကျောင်းတို့ ပြောနေခဲ့တဲ့ သွားကျင့်ကြံခြင်းအတတ်!"

ယွီကျောင်းနှင့် ချောင်ဟုန်တို့အကြား မကြာသေးမီက ပြောခဲ့သော စကားများက စူးချန်ခုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ယွီကျောင်းသည် သူမ၏ အသက်နှင့် သွားကျင့်ကြံခြင်းအတတ်စာအုပ်ကို လှဲလယ်ခဲ့လိုသော်လည်း ချောင်ဟုန်က ငြင်းဆိုခဲ့သည်။ ထို့အပြင် ချောင်ဟုန်၏စကားအရ ဓားသွားကျင့်ကြံခြင်းအတတ်သည် ချင်းရွှေမြို့၏ သိုင်းပညာလောကတွင် ကျော်ကြားသော သွမ့်ရမ်ခယ့်၏ ထူးခြားသော အနှိုင်းမဲ့နည်းပညာဖြစ်သည်ဟု ထင်ရသည်။

ဤဓားသွားကျင့်ကြံခြင်းအတတ်အတွက် ယွီကျောင်းသည် သွမ့်ရမ်ခယ့်၏ မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့သည်။

မူလက ယွီကျောင်းသည် ဤစာအုပ်ကို ဝယ်ယူရန် မျှော်လင့်ချက်ဖြင့် ငွေနှစ်ထောင်နှင့် သွမ့်ရမ်ခယ့်ထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ သို့သော် သွမ့်ရမ်ခယ့်သည် သူ၏ထူးခြားသော ပြိုင်ဘက်ကင်းနည်းပညာကို မည်သို့ ရောင်းချနိုင်မည်နည်း။ နည်းနည်းမှပင် မတုံ့ဆိုင်းဘဲ ငြင်းဆန်ခဲ့သည်။

အပေါ်ယံတွင် ယွီကျောင်းသည် ဝမ်းနည်းစွာ စွန့်လွှတ်လိုက်ပုံပေါ်သော်လည်း သူမသည် လွန်လွန်ကျူးကျူးလုပ်ကာ သွမ့်ရမ်ခယ့်၏ ဇနီးနှင့် ကလေးအား ပြန်ပေးဆွဲပြီး ဓားသွားကျင့်ကြံခြင်းအတတ်စာမူကို လွှဲပြောင်းပေးခိုင်းခဲ့သည်။ အဲဒီနောက်မှာတော့ သူမဟာ သွမ့်ရမ်ခယ့်ကို သူ့မိန်းမနဲ့ ကလေးနဲ့အတူ သတ်ပစ်ခဲ့သည်။

ယွီကျောင်း သေဆုံးသွားပြီးနောက် သူမသယ်ဆောင်လာတဲ့ ငွေနဲ့ ဓားသွားကျင့်ကြံခြင်းအတတ်ဟာ စူးချန်ခုန်းရဲ့လက်ထဲကို ရောက်လာခဲ့သည်။

"အခွင့်အရေးရရင် ငါလေ့လာလိုက်မယ်" စူးချန်ခုန်းက ဒီဓားသွားကျင့်ကြံခြင်းအတတ်လို့ ခေါ်တဲ့ စာအုပ်ကို တော်တော်လေး သိချင်နေပေမယ့် အခုက ဒါကို လေ့လာဖို့ နေရာ မဟုတ်ပါ။ သူသည် ငွေစက္ကူများနှင့် လက်ရေးမူကို သူ့ရင်ခွင်ထဲသို့ ထည့်ပြီး အမြန်ထွက်ခွာသွားတော့သည်။

အလောင်းတွေပြည့်နေတဲ့ မြေပြင်ကို နောက်မှာ ချန်ထားခဲ့ပြီး ချောင်ဟုန်နဲ့ ယွီကျောင်းတို့ရဲ့ သေဆုံးမှုက အနက်ရောင် မြင်းတပ်ဂိုဏ်းနဲ့ ကျောက်စိမ်းဖြူဂိုဏ်းနှစ်ခုလုံးကို တုန်လှုပ်သွားစေမှာ သေချာပေမယ့် ဒါက စူးချန်ခုန်းနဲ့တော့ မသက်ဆိုင်ပါ။

ပထမဆုံး စူးချန်ခုန်းသည် ချင်းရွှေမြို့သို့ ခရီးထွက်ပြီး တစ်ညတာ တည်းခိုခဲ့သည်။ နောက်တစ်နေ့မနက် တရားရုံးဖွင့်သည်နှင့် စူးချန်ခုန်းသည် ဝမ့်ယွင်နှင့် သွားရောက်တွေ့ဆုံသည်။ သူသည် အစ်ကိုကုန်းစွင်း၏ တုံကင်ပြားကို လွှဲပြောင်းပေးအပ်ပြီး ငွေနှစ်ထောင် ဆုကြေးငွေကို လက်ခံရရှိကာ ကျေနပ်အားရနေခဲ့သည်။

အဲဒီနောက်မှာတော့ စူးချန်ခုန်းက သံနက်အိမ်တော်ကို အမြန်ပြန်လာပြီး အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်စေခဲ့သည်။

မနေ့က အလုပ်နားတဲ့နေ့မှာ စူးချန်ခုန်းဟာ ​​မေပယ်မြို့ကို ခရီးထွက်ခဲ့ပြီး ကြာနက်ဂိုဏ်းရဲ့ တပည့်နှစ်ယောက်ကို သတ်ခဲ့သည့် အပြန်လမ်းမှာ ယွီကျောင်း၊ ချောင်ဟုန်နဲ့ တခြားသူတွေကိုတောင် သတ်ပစ်ခဲ့မယ်လို့ ဘယ်သူမှ မှန်းဆနိုင်မှာမဟုတ်။ အလုပ်များသော တစ်နေ့တာ ကုန်ဆုံးပြီးနောက် စူးချန်ခုန်းသည် ဝူချင်းရှီကို လေ့ကျင့်ခဲ့သည်။ မီးရောင်က မှုန်ပျပျနှင့် သူ့အခန်းထဲတွင် ဖယောင်းတိုင်မီးဖြင့် ထွန်းညှိထားသည်။ ဖယောင်းတိုင်ဘေးမှာ ထိုင်နေတဲ့ စူးချန်ခုန်းဟာ ​​မီးအလင်းရောင်နှင့် စာအုပ်တစ်အုပ်ကို လှန်လှော‌နေလေ၏။ မှန်ပါသည်။ ထိုစာအုပ်က ယွီကျောင်းရဲ့ ခန္ဓာကိုယ်မှာ သူတွေ့ခဲ့ရတဲ့ ဓားသွားကျင့်ကြံခြင်းအတတ် လက်ရေးမူပင်။

“ဒီဓားသွားကျင့်ကြံခြင်းအတတ်က..ထူးခြားဆန်းပြားတာပဲ!”

သူများများဖတ်လေ ဓားသွားကျင့်ကြံခြင်းအတတ်၏ နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုကို အံ့အားသင့်မိလေလေပင်။ ၎င်းသည် သူမျှော်လင့်ထားတာထက် ကျော်လွန်နေလေ၏။

"ဓားသွားကျင့်ကြံခြင်းအတတ်၊ သာမန်နေ့တွေမှာ လူတစ်ယောက်က သူတို့ရဲ့ ဓါးကို ကျင့်ကြံဖို့ ချီစွမ်းအင် အနှစ်သာရကို အသုံးပြုပြီး လုပ်ဆောင်နေစဉ်အတွင်းမှာ မထိုးဖောက်နိုင်တဲ့ ချီစွမ်းအားကို စုဆောင်းထားစေတယ်။ တစ်ချက်တည်းနဲ့ ဓါးကိုဆွဲလိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်တယ်။ ဘယ်သူမှ အနိုင်ယူလို့မရဘူး။"

ဓားသွားကျင့်ကြံခြင်းအတတ်၏ နိဒါန်းကို ဖတ်ရင်း စူးချန်ခုန်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။

ဤဓားသွားကျင့်ကြံခြင်းအတတ်သည် အမှန်တကယ်ပင် လေးနက်ပါ၏။ ဓားအိမ်ထဲထည့်ထားပါက အထင်ကြီးလောက်စရာ မကောင်းသော်လည်း ဆွဲထုတ်လိုက်သည်နှင့် ဓါးသည် ထိတ်လန့်စရာကောင်းသော ရန်သူများကို ဖြတ်ထုတ်ပစ်နိုင်သည်။

ဓားသွားကျင့်ကြံခြင်းအတတ်ကို ပိုမိုအနီးကပ် ဆန်းစစ်ကြည့်ရာ စူးချန်ခုန်းသည် ဤအတတ်က အစွမ်းထက်သော်လည်း ၎င်းတွင် ကန့်သတ်ချက်များရှိသည်ကို နားလည်လာသည်။

ပထမဦးစွာ ဓါးကို နေ့စဉ် ကျင့်ကြံရန် လိုအပ်သည်။ ထို့အပြင် လှုပ်ရှားမှုတွင် ပထမတစ်ချက်သည် ပြင်းထန်သည်။ ဒုတိယ တစ်ချက်က ပိုအားလျော့လာပြီး တတိယအချက်တွင် အားကုန်သွားသည်—အများဆုံးခုတ်နိုင်မှ အချက်အနည်းငယ်မျှသာ။

ထို့အပြင် လူတိုင်းသည် ဓားသွားကျင့်ကြံခြင်းအတတ်ကို မကျင့်နိုင်ပါ။ အနှီလူသည် သာမန်လူထက် ပိုမိုအားကောင်းသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားရမည်ဖြစ်ပြီး ၎င်းကို လေ့ကျင့်ရန်အတွက် ဓားသွားနည်းပညာတွင် ကျွမ်းကျင်မှုအချို့ရှိရမည်။

ဓားသွားကျင့်ကြံခြင်းအတတ်ကို သွမ့်ရမ်ခယ့်က အထင်မှတ်ဘဲ ရခဲ့တာဖြစ်သည်။

ဓားသွားကျင့်ကြံခြင်းအတတ်ကို မရမီတွင် သွမ့်ရမ်ခယ့်သည် သာမန် သိုင်းပညာရှင် တစ်ဦးမျှသာ။ သို့သော် ဤအတတ်ဖြင့် သူသည် အံ့အားသင့်စွာ အောင်မြင်လာခဲ့သည်။ ဘာလှုပ်ရှားမှုမှ မရှိရင် သူ ငြိမ်နေတတ်ပေမယ့် သူ လုပ်ရှားလိုက်တဲ့အခါ အစွမ်းထက်တဲ့ ရန်သူကို ခုတ်ထစ်ပစ်နိုင်သည်။ ဒုတိယတစ်ချက် ခုတ်ရတယ်ဆိုတာ ရှားပါသည်။

အခြေခံအကြောင်းရင်းမှာ သွမ့်ရမ်ခယ့်သည် တစ်ချက်ခုန်ရန်အတွက်သာ ခွန်အားသာရှိပြီး နောက်တစ်ကြိမ် ထပ်မခုတ်နိုင်ခြင်းကြောင့်ဖြစ်သည်။

"ဒီဓားသွားကျင့်ကြံခြင်းအတတ်က ငါ့အတွက် ကွက်တိပဲ။ ငါ အဲဒါကို ကျွမ်းကျင်ရင် လက်ထဲမှာ ဝှက်ဖဲကို ပိုင်နိုင်လိမ့်မယ်။"

စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်လာသည်။ ဓားသွားကျင့်ကြံခြင်းအတတ်သည် သူ့အတွက် ပြီးပြည့်စုံသော လက်ရာတစ်ခုဖြစ်သည်။

သူ၏ သံဖြတ်ဓားနည်းပညာသည် ရိုးရှင်းလှ၏။ အကြိမ်ပေါင်းများစွာ ခုတ်ပြီးနောက်တွင် သူ၏ပြိုင်ဘက်ကို မသတ်နိုင်သေးပါက သူ၏ လုပ်ဆောင်ချက်များကို ကြိုတင်မှန်းဆနိုင်မည်ဖြစ်ပြီး သူ၏ ရန်သူများက ၎င်းကို အသုံးချနိုင်မည်ဖြစ်သည်။

သို့သော် ဤဓားသွားကျင့်ကြံခြင်းအတတ်ကို ဓားသွားချီစွမ်းအင်နှင့်အတူ နေ့စဉ် ကျင့်ကြံပေးကာ အားလုံးကို တစ်ခါတည်းနှင့် လွှတ်ထုတ်ရမည်။ ဒုတိယကြိုးပမ်းမှုမှာ အားနည်းသွားပြီး တတိယအကြိမ်တွင် သူ၏ ဓားသွားနည်းပညာနှင့် ကောင်းစွာလိုက်ဖက်သော စွမ်းအားများ ကုန်ဆုံးသွားမည်ဖြစ်သည်။

အကယ်၍ သူသည် သူ၏ပြိုင်ဘက်ကို ဤအတတ်ဖြင့် မသတ်နိုင်သေးပါက သူတို့ကြားရှိ ကွာဟချက်မှာ ကျော်လွှားရန် ကျယ်ပြန့်လွန်းပြီး သေခြင်းတရားကို စောင့်မျှော်နေခြင်းကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။

"ကောင်းပြီ။ ဒီ ဓားသွားကျင့်ကြံခြင်းအတတ်ကို စမ်းကျင့်ကြည့်ရအောင်။"

စူးချန်ခုန်းသည် သူ၏စိတ်ကို ငြိမ်သက်စေပြီး ဓားသွားကျင့်ကြံခြင်းအတတ်၏ အဓိကအချက်များကို အလွတ်ကျက်ခဲ့သည်။ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ဓားကို ဒူးပေါ်တင်ကာ စိတ်ကို အာရုံစူးစိုက်လျက် ချီစွမ်းအင်နှင့် စိတ်ဝိညဉ်ကို ပေါင်းစည်းရန် ကြိုးစားခဲ့သည်။

ဤတရားထိုင်ခြင်းအခြေအနေကို ဝင်ရောက်ရန် ခက်ခဲသော်လည်း လိပ်အသက်ရှူနည်းပညာကို နှစ်အတော်ကြာ လေ့ကျင့်ခဲ့သော စူးချန်ခုန်းသည် တရားထိုင်ခြင်းတွင် သိပ်အခက်အခဲမရှိသည်ကို တွေ့ရှိခဲ့သည်။

All Chapters