လူသတ်သမား သရဲမျက်နှာ။ အနက်ရောင် မြင်းတပ်ဂိုဏ်း၏ စတုတ္ထမြောက် အကြီးအကဲ။(၂)
Vol. 5 Ch. 63
ဒီနောက်မှာတော့ စူးချန်ခုန်းရဲ့ မျက်ခုံးဟာ ချက်ချင်း တွန့်ချိုးသွားလေ၏။ အစပိုင်းတွင် ချီသွေးဆေးပြားအတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများမှာ ဆောင်းရာသီတွင် မြုံနေသော အင်းဆက်ပိုးမွှားအဖြစ်သို့ ပြောင်းလဲသွားသော သွေးအင်းဆက်မြက်များကဲ့သို့ သူ တစ်ခါမျှ မကြားဖူးသော ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။ နာမည်နှင့်ပင်လျှင် ၎င်းသည် အလွန်အဖိုးတန်သည်ဟု ဆိုနိုင်ပြီး ချင်းရွှေမြို့တွင် မဆိုထားနှင့် ဂျင်ဆင်းအိမ်တော်တွင်ပင် မတွေ့နိုင်။
ဒါတင်မကပါ။ ဆေးဖက်ဝင်ပစ္စည်းတွေ လုံလုံလောက်လောက်ရှိရင်တောင် သူတို့ကို ဆေးပြားအဖြစ် သန့်စင်ဖို့ အဂ္ဂိရတ်ပညာမှာ တော်တော်လေး ကျွမ်းကျင်တဲ့ အဂ္ဂိရတ်ပညာရှင် လိုအပ်ပါလိမ့်မည်။
"ငါ့မှာ ပိုက်ဆံရှိမှ စဉ်းစားတော့မယ်။" လို့ စူးချန်ခုန်းက ချီသွေးဆေးပြားအတွက် ဖော်မြူလာကို အလွတ်ကျက်ပြီး ပြောလိုက်သည်။ လောလောဆယ်တွင် သူသည် လေ့ကျင့်ရေးနှင့် ငွေရှာခြင်းတို့ကို အာရုံစိုက်ရမည်။ သူ၏ ကြံ့ခိုင်မှု တိုးတက်ရန် အလားအလာ ရှိပါသေးသည်။
သူ၏ ကိုယ်လုံးကိုယ်ပေါက်သည် ပိုမိုအားကောင်းလာရန် ခက်ခဲသော်လည်း သူ၏ အတွင်းအားနှင့် ဓါးနည်းပညာကို တဖြည်းဖြည်း စုဆောင်းကာ တိုးတက်အောင်လုပ်နိုင်ဆဲဖြစ်သည်။
တစ်ပတ်တာ ကုန်ဆုံးသွားပြီး အလုပ်နားသည့်နေ့တွင် စူးချန်ခုန်းသည် ပုံမှန်အတိုင်း စောစောထကာ ဝူချင်းရှီကို လေ့ကျင့်ပြီးနောက် ချင်းရွှေမြို့သို့ ထွက်ခွာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူသည် အရပ်ရှည်သော လူငယ်တစ်ဦးမှ သီးသန့်နေတတ်သော လူငယ်လေး “ဝမ်ထိုက်” အဖြစ် အသွင်ပြောင်းရန် လိပ်အသက်ရှူနည်းမှ အရိုးကျုံ့ခြင်းနည်းပညာကို အသုံးပြုလိုက်သည်။
ချင်းရွှေမြို့ အစိုးရရုံးထဲတွင် ဝမ့်ယွင်၏ ကြိုတင်အကြံပေးမှုဖြင့် စူးချန်ခုန်းသည် အောင်မြင်စွာ ဝင်ရောက်၍ ဝမ့်ယွင်နှင့် တွေ့ဆုံခဲ့သည်။
"ခရိုင်မှူးဝမ့်ခင်ဗျ အချက်အလက်စုဆောင်းတာ ဘယ်လိုလဲ။" စူးချန်ခုန်းက လိုရင်းကိုသာ တည့်မေးလိုက်သည်။ ဝမ့်ယွင်သည် ချင်းရွှေမြို့တွင် ကြာနက်ဂိုဏ်း ပြန့်နှံ့လာမှုကို ကိုင်တွယ်ရန် အလျင်လိုနေပြီး စူးချန်ခုန်းသည်လည်း ငွေရှာချင်နေသည်။ "ဟင်း..ဆရာဝမ် ကျေးဇူးပြုပြီး ဒါကို ကြည့်ပါဦး။"
ဒီလိုနှင့် ဝမ့်ယွင်သည် စားပွဲအံဆွဲမှ စာလိပ်တစ်လိပ်ကို ထုတ်ကာ စူးချန်ခုန်းကို ကမ်းပေးလိုက်သည်။
လမိုက်အရှင်၊ အမည်ရင်း မသိရ။ ကြာနက်ဂိုဏ်းဝင်တစ်ဦးသည် ဖုန်းရှီမြို့ရှိ လျိုမျိုးနွယ်စုမှ ရောဂါကြောင့် အိပ်ရာထဲလဲနေသော မိသားစုခေါင်းဆောင်အား လွန်ခဲ့သောနှစ်ပတ်က အဆောင်တစ်ခုဖြင့် ကုသပေးခဲ့ပြီး မြို့သူရွာသားများက သူ့ကိုနတ်ဘုရားအဖြစ် ကိုးကွယ်ခဲ့ကြသည်။ သူသည် များစွာသော စည်းစိမ်ဥစ္စာများကို စုဆောင်းပြီး သူ၏ယုံကြည်ခြင်းကို ဖြန့်ကျက်ကာ မသိနားမလည်သော လူထုကို လှည့်စားခဲ့သည်။ သူက တပည့်လေးယောက်နဲ့အတူ တွဲလုပ်နေပြီး သူတို့၏ သိုင်းပညာသည် အသေးအမွှား မဟုတ်ဟု ယူဆရသည်။
ဤစာလိပ်တွင် ကြာနက်ဂိုဏ်းအဖွဲ့ဝင်တစ်ဦး၏ အသေးစိတ်အချက်အလက်များ ပါရှိသည်။ "လမိုက်အရှင်ပေါ့ ဟမ်" စူးချန်ခုန်းသည် စာလိပ်ပေါ်ရှိ အချက်အလက်များကို ဂရုတစိုက်ဖတ်ပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ “ဒါဆို ကျွန်တော် ဖုန်းရှီမြို့ကို ခရီးထွက်လိုက်ဦးမယ်။”
"သာယာတဲ့ခရီးလမ်းဖြစ်ပါစေ ဆရာဝမ်!" ဝမ့်ယွင်က သူ့လက်ကို ယဉ်ကျေးပျူငှာစွာနှင့် ဂါရဝပြုလိုက်သည်။
စူးချန်ခုန်းက အချိန်ဆွဲမနေဘဲ ဖုန်းရှီမြို့သို့ ထွက်လာခဲ့သည်။
ချင်းရွှေမြို့၏မြောက်ဘက် မိုင်တစ်ရာအကွာတွင်ရှိသော ဖုန်းရှီမြို့သည် သာမန်လူတစ်ဦးအတွက် တစ်ရက်မှ နှစ်ရက်ခန့် လမ်းလျှောက်ရမည်ဖြစ်သည်။
စူးချန်ခုန်းအတွက် သူ၏ အမြန်နှုန်းနှင့် ခံနိုင်ရည်ဖြင့် မိုင်တစ်ရာ အကွာအဝေးဆိုတာ အေးအေးဆေးဆေး လမ်းလျှောက်ရုံမျှသာ။ တစ်စက္ကန့်ကို ဆယ်မီတာထက် ပိုတည်ငြိမ်တဲ့ အရှိန်ကိုထိန်းထားရင်း မိုင်တစ်ရာကျော်ပြီး ဖုန်းရှီမြို့ကိုရောက်ဖို့ တစ်နာရီပဲကြာခဲ့သည်။
ဖန်းရှီမြို့သည် ချင်းရွှေမြို့ ပိုင်နက်အတွင်းရှိ မြို့ငယ်လေးတစ်ခု ဖြစ်သည်။ စူးချန်ခုန်းသည် ဂျုံ၊ ဂေါ်ဖီထုပ်နှင့် အခြားသီးနှံများ စိုက်ပျိုးသည့် မြို့အပြင်ဘက် လယ်ကွင်းအများအပြားကို သတိပြုမိခဲ့သည်။ သို့သော် ၎င်းတို့က အနည်းငယ် ခြောက်သွေ့နေပုံရပြီး သီးနှံများက အာဟာရချို့တဲ့ကာ ညှိုးနွမ်းနေလေ၏။
သို့သော် ဖုန်းရှီမြို့သည် ယနေ့တွင် အတော်လေး စည်ကားနေပါသည်။
ယာယီတည်ဆောက်ထားသော စင်မြင့်ပေါ်တွင် ဝတ်ရုံအနက်ရောင်နှင့် တာအိုဘုန်းကြီးတစ်ပါးက တင်ပျဉ်ဖွဲ့ခွေ ထိုင်နေ၏။
အနက်ရောင်ဝတ်ရုံနှင့် ထိုတာအိုဘုန်းကြီးတွင် မုတ်ဆိတ်မွေးရေးရေးလေးရှိပြီး အသက်လေးဆယ်ဝန်းကျင် ရှိသည်။ သူက မျက်လုံးများကို တင်းတင်းမှိတ်ထားလျက် ဂါထာရွတ်နေကာ သူ့ရှေ့တွင် အမွှေးတိုင်နှင့် ဖယောင်းတိုင်များ တောက်လောင်နေသည့် ပလ္လင်တစ်ခု ရှိလေသည်။
"တကယ် အလုပ်ဖြစ်ပါ့မလား။ မိုးမရွာတာ နှစ်လလောက်ရှိပြီ။ ဒီ လမိုက်အရှင်က မိုးရေအတွက် တကယ်ပဲ ဆုတောင်းပြီး မိုးခေါင်တာကို ဖြေရှင်းပေးနိုင်ပါ့မလား။"
"သူက သခင်ကြီးလျိုကို ကုသပေးခဲ့တဲ့ နတ်ဘုရားပဲလေ။ သေချာပေါက် သူက မိုးခေါ်တဲ့ ထုံးတမ်းစဉ်လာကို လုပ်နိုင်တာပေါ့!"
မြို့သူမြို့သားများသည် စင်မြင့်အောက်တွင် ငြိမ်သက်စွာ ရပ်နေကာ ကျယ်ကျယ်လောင်လောင် စကား မပြောဝံ့ကြဘဲ မျက်နှာထက်တွင် စိုးရိမ်စိတ်များ ကိုယ်စီနှင့်။
ဖုန်းရှီမြို့အနီးရှိ ရေအရင်းအမြစ်များ ရှားပါးလာပြီး အချိန်အတော်ကြာ မိုးမရွာခြင်းကြောင့် လယ်ယာလုပ်ငန်းကို အဓိကအားထားနေရသော မြို့သူမြို့သားများမှာ အတော်လေး စိတ်ဆင်းရဲခဲ့ရသည်။ သီးနှံမအောင်မြင်ပါက ရှေ့လျှောက် ခက်ခဲသောကာလများသာ ရှိပေလိမ့်မည်။
"မင်းတို့ရဲ့ ဖုန်းရှီမြို့ဟာ ကုသိုလ်နည်းနည်းပါးပါးပဲ စုဆောင်းထားကြတယ်။ မင်းတို့ စိတ်ရင်းမှန်နေသမျှ ဒုက္ခတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ့် ကြာနက်လောကရဲ့ ဆရာတော်က သူ့ရဲ့ နတ်တန်ခိုးတွေကို ထုတ်ဖော်လိမ့်မယ်။ တိမ်တွေ မြူတွေကို ခွဲထုတ်ပစ်လိမ့်မယ်။"
တာအိုဘုန်းကြီးငယ်လေးတစ်ပါးက ကျိတ်ရယ်လိုက်သည်။ သူ့ဘေးနားက အလှူခံပုံးကို ဝေ့ဝိုက်ကြည့်ရင်း နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု တွန့်ချိုးသွားလေ၏။
လမိုက်အရှင်၏ မိုးခေါ်ခြင်းသည် အလကား မဟုတ်သော်လည်း ဖုန်းရှီမြို့မှ အရပ်သားများသည် သူတို့၏ ရိုးသားမှုကို သက်သေပြရန်အတွက် ငွေကြေးများ လှူဒါန်းခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ နေမင်းကြီးသည် ကောင်းကင်တွင် မြင့်တက်လာကာ မြို့သူမြို့သားတိုင်း စိုးရိမ်စိတ်များ တိုးပွားလာသည်။
သို့သော် လနက်အရှင်သည် ငြိမ်သက်စွာ ဆက်လက်ထိုင်နေခဲ့ပြီး သူ၏ အစောင့်များဖြစ်သော တာအိုဘုန်းကြီးအချို့က တောင်မွေးများနှင့် သူ့ဘေးတွင် မလှုပ်မယှက် ရပ်နေကြသည်။
"ဟမ်?"
"မိုးရွာနေတယ်"
မွန်းတည့်ချိန် နီးလာသည်နှင့်အမျှ ကောင်းကင်သည် မည်းမှောင်လာကာ နေရောင်သည် တိမ်တိုက်များကြား ဖုံးလွှမ်းသွားလေ၏။ ရုတ်တရက် တစ်စုံတစ်ယောက်သည် မိုးရေစက်များမှ စိုစွတ်မှုကို ခံစားလိုက်ရသဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
မိုးစက်တို့ တဖြောက်ဖြောက် ကျလာလေပြီ။
မှောင်မိုက်နေသော ကောင်းကင်ကြီးသည် ပထမဆုံး မိုးဖွဲလေးများ ကျလာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာ၏။
"မိုးရွာနေတယ်။ နောက်ဆုံးတော့ မိုးရွာပြီကွ။"
“အမတ လမိုက်အရှင်ရဲ့ နတ်ဘုရား တန်ခိုးက တော်တော်ကြီးမားတာပဲ!”
မြို့သူမြို့သားများသည် ဝမ်းသာမျက်ရည်ကျကြပြီး အချို့က လမိုက်အရှင်ကို ရိုသေစွာ ဦးညွှတ်ကာ ရှိခိုးကြလေ၏။
“ဆရာတော်ကို ယုံကြည်ပါ။ ငါတို့ကြာနက်လောကရဲ့ အရှင်ကို ယုံကြည်ပါ။ လူတိုင်း မသေနိုင်တဲ့ ဘဝကို ရရှိနိုင်ပြီး သန့်စင်တဲ့ ကောင်းချီးနဲ့ ပြန်လည်မွေးဖွားနိုင်လိမ့်မယ်။”
တာအိုဘုန်းကြီးများသည် ကြာနက်ဂိုဏ်း၏ အယူဝါဒကို မြှင့်တင်ရန် အချိန်ကောင်းကို အသုံးချကာ ပို၍ပင် မာနကြီးလာခဲ့သည်။
"ဒီကောင်တွေ...တကယ်ကို အရှက်မဲ့တာပဲ" လိပ်အသက်ရှူနည်းဖြင့် သူ၏အသွင်အပြင်ကို ခပ်လျှိုလျှို ၀တ်ဆင်ထားသော စူးချန်ခုန်းသည် မြင်ကွင်းတစ်ခုလုံးကို အထင်မြင်သေးစွာ ကြည့်နေ၏။
လမိုက်အရှင်၏ မိုးခေါ်သည့်ထုံးတမ်းစဉ်လာကြောင့်ဟု မြို့သူမြို့သားများက ယုံကြည်နေကြမှန်း သူ ရှင်းရှင်းလင်းလင်း သိပါ၏။ သို့သော် ပညာတတ် စာတတ်သူ စူးချန်ခုန်းက ထိုသို့မဟုတ်ကြောင်း နားလည်သည်။ ကြာရှည်စွာ မိုးခေါင်ရေရှားမှုနောက်တွင် မိုးလိုက်လာတတ်သည်။ နေ၊ လ၊ လေ ဦးတည်ရာ၊ တိရစ္ဆာန်နှင့် အပင်များ၏ အမူအကျင့်များကို လေ့လာခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ခန့်မှန်းနိုင်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် မိုးလေဝသခန့်မှန်းချက်ဖြစ်သည်။
လနက်အရှင်က ဒါကိုသိပြီး နောက်ရက်အနည်းငယ်အတွင်း မိုးရွာမယ်လို့ ခန့်မှန်းခဲ့တာဖြစ်သည်။ ထို့ကြောင့် မိုးရွာတော့မှာမို့ ထုံးတမ်းစဉ်လာကို တိတိကျကျ လုပ်ဆောင်ခဲ့သည်။ ၎င်းက အံ့ဩစရာကောင်းသော မည်သည့် တန်ခိုးကြောင့်မှ မဟုတ်ပါ။
တကယ်လို့ ဒီနေ့ မိုးမရွာခဲ့ရင်ရော? ဒါဆို သူတို့က မနက်ဖြန် သို့မဟုတ် နောက်နေ့တွင် နောက်ထပ် ထုံးတမ်းဓလေ့တစ်ခုကို လုပ်ဆောင်ပြီး စောင့်မျှော်နေမှာပင်..