← Chapters

လူသတ်သမား သရဲမျက်နှာ။ အနက်ရောင် မြင်းတပ်ဂိုဏ်း၏ စတုတ္ထမြောက် ခေါင်းဆောင်။(၃)

Vol. 5 Ch. 64

လူသတ်သမား သရဲမျက်နှာ။ အနက်ရောင် မြင်းတပ်ဂိုဏ်း၏ စတုတ္ထမြောက် ခေါင်းဆောင်။(၃)

Vol. 5 Ch. 64

"ငါတကယ်ကို တွက်တာ မှားခဲ့တာပဲ။ ​​ပိုက်ဆံယူပြီး ဒိုးတော့မယ်။ ဘာပဲဖြစ်ဖြစ် အရှုံးမရှိပါဘူး!"

"ဒီငတုံးတွေရဲ့ ပိုက်ဆံက ရဖို့ အရမ်းလွယ်တာပဲ" လမိုက်အရှင်သည် ဖုန်းရှီမြို့သို့ ရောက်လာပြီးနောက် ရက်ပိုင်းအတွင်း ငွေကြေးများစွာ ရရှိခဲ့ပြီး မြို့သူမြို့သားများ ကျေးဇူးတင်တာကိုပင် ခံရသောအခါ ပါးစပ်ထောင့်တွင် တွန့်ချိုးသွားလေ၏။

“အမယ်လေး… ဒီလမိုက်အရှင်က လိမ်စားနေတာပဲ… ဘယ်သူက အလိုလို မိုးရွာအောင် လုပ်နိုင်မှာလဲ။ သူ့သာ တကယ်လုပ်နိုင်မယ်ဆိုရင် ဧကရာဇ်က ဟိုးအရင်ကတည်းက သိမ်းယူခဲ့မှာပေါ့။ ဒီလောက်ဆင်းရဲပြီး ဝေးလံခေါင်သီတဲ့ အရပ်ကို ဘာကြောင့် လာနေမှာလဲ။”

မြို့သူမြို့သားအများစုသည် သူ့ကို အရူးအမူး ကိုးကွယ်ကြပြီး ပြင်းပြင်းထန်ထန် ရိုသေကိုင်းရှိုင်းနေကြသော်လည်း ဤလမိုက်အရှင်သည် တတ်ယောင်ကား မှတစ်ပါးမဟုတ်ကြောင်း သိသော စဉ်းစားတွေးခေါ်တတ်သော ပညာတတ် အနည်းငယ် ရှိပါသေးသည်။

သို့သော် သူတို့၏အသံများမှာ အရူးအမူး ကိုးကွယ်နေကြသော အခြားမြို့သူမြို့သားများအား ဆွဲဆောင်ရန် အားနည်းလွန်းလှသည်။ လမိုက်အရှင်၏ လှည့်ကွက်များကို သူတို့ ဖော်ထုတ်လိုက်ပါက သူက လက်တစ်ချောင်းပင် မ ရန်မလိုအပ်ဘဲ သူ့လက်အောက်ငယ်သားများက သူတို့ကို ကိုင်တွယ်လိုက်မှာပင်။ မြို့သူမြို့သားများသည် အမတပညာရှင်များအား ရန်မစရဲပေ။ ရန်စမိပါက သေသည်အထိ ရိုက်နှက်ခံရမည်ဖြစ်သည်။ သူတို့ရှေ့က ဖြစ်ရပ်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းသာချနိုင်ရုံသာ။

ယနေ့ပြီးနောက်တွင် လမိုက်အရှင်သည် ဖုန်းရှီမြို့မှ ငွေကြေးဥစ္စာများကို ထပ်ကာထပ်ကာ ထုတ်ယူရန် အကြောင်းပြချက်တစ်ခု ရှာလိမ့်မည်။ သူထွက်သွားသောအခါတွင် ဖုန်းရှီမြို့သည် ဆုတ်ယုတ်လုနီးပါးဖြစ်ကာ ရုန်းကန်နေရသော မြို့သူမြို့သားများအတွက် အနာပေါ် တုတ်ကျသလို ခံစားရပေမည်။

"ဒီလမိုက်အရှင်က နတ်ဘုရားလို ဟန်ဆောင်ပြီး လှည့်စားနေတာ။ ဒါပေမယ့် ငါ လေ့လာရသလောက်တော့ သူက ကြောက်စရာကောင်းတဲ့သူတော့ မဟုတ်ပါဘူး။ သူ့ကို ကိုင်တွယ်ပြီး ထွက်သွားမှပဲ။" စူးချန်ခုန်းသည် တိတ်တဆိတ် ခေါင်းငုံ့ကာ သူ့ရင်ဘတ်ထဲမှ မျက်နှာဖုံးကို ထုတ်ကာ မျက်နှာပေါ် တင်လိုက်သည်။

"ဟိုဘက်က ဘယ်သူလဲ။"

စင်မြင့်ပေါ်ရှိ လမိုက်အရှင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ကျန်သော တာအိုဘုန်းကြီးများလည်း နိုးကြားစွာ ကြည့်လိုက်လေသည်။ လူအုပ်ကြားထဲမှ ပုံရိပ်တစ်ခု ဖြတ်သန်းလာပြီး ပလ္လင်ပေါ်သို့ တည့်တည့်ခုန်ဆင်းလာသည်ကို သူတို့ မြင်လိုက်ရသည်။

ထိုလူသည် ကြက်သွေးရောင် သရဲမျက်နှာဖုံးကို ၀တ်ထားသည်။ သူ၏အသွင်က မပိန်မပါး။ သို့သော် ထိုနေရာတွင် ရပ်နေရင်းနှင့်ပင် လူသတ်ရောင်ဝါ ဖျော့ဖျော့လေးက ပျံ့နှံ့သွားပြီး မိုးကိုပင် ပို၍ အေးစက်စေသည်။

"မင်းက ဘယ်သူလဲ။ ဆင်းစမ်း အမတသခင်ကို ဝင်တိုက်ဖို့ ကြံနေတာလား။"

မြို့သူမြို့သားအများစုသည် အမည်မသိလူတစ်ယောက်က လမိုက်အရှင်ထံသို့ ဝင်လာပြီး ဖုန်းရှီမြို့ကို ဘေးဥပဒ်ဖြစ်စေမည်ကို စိုးရိမ်သဖြင့် အများစုက ထိတ်လန့် အော်ဟစ်ခဲ့ကြသည်။

“လမိုက်အရှင်ခင်ဗျ၊ ကြာနက်ဂိုဏ်းဝင်တွေက ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းပါပြီး မိုးကြိုးလက်နက်လိုမျိုး ဖျက်ဆီးလို့ မရနိုင်ဘူးလို့ ကောလာဟလတွေ ထွက်ပေါ်နေတာ။ ဘာလို့ ကျွန်တော့်ကို စမ်းခွင့်မပြုတာလဲ။”

စူးချန်ခုန်းသည် သရဲမျက်နှာဖုံးကို ၀တ်ဆင်ထားပြီး လမိုက်အရှင်ကို မကောင်းသော ရည်ရွယ်ချက်ဖြင့် စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း အသံကို အလွန်ဩရှစေရန် တမင် နှိမ့်ချလိုက်သည်။

လနက်အရှင်သည် မလှုပ်မယှက် တင်ပြင်ခွေကာ ထိုင်နေသော်လည်း သူ့မျက်နှာမှာ အေးစက်သွားလေ၏။ သူသည် ကြာနက်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခြားသူများက သူ့ကို ပလိပ်ရောဂါကဲ့သို့ ရှောင်ရှားကြပြီး ပြဿနာတက်မည်ကို ကြောက်ကာ သူ့ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ဝံ့ခြင်း မရှိပေ။ သို့ပေမယ့် သရဲမျက်နှာဖုံး ဝတ်ထားတဲ့ ဒီလူက မကောင်းတဲ့ ရည်ရွယ်ချက်နှင့်လာတာ သိသာပါသည်။

လမိုက်အရှင်ထံမှ အမိန့်ပေးစရာမလိုဘဲ တာအိုဘုန်းကြီးလေးပါးသည် အကြည့်ချင်းဖလှယ်ကာ သူတို့၏ မျက်လုံးများထဲတွင် အေးစက်မှုများက လက်ကနဲ။

“အသက်ရှင်ဖို့အကြောင်း ဘာမှမသိတဲ့ ဒီငတုံးက ဘယ်ကကောင်လဲ။ အမတဆရာသခင်ကိုများ စိန်ခေါ်ရဲတယ်ပေါ့။”

တာအိုဘုန်းကြီးနှစ်ပါးက အော်ပြောလိုက်ပြီး မြန်မြန် အရှိန်မြှင့်ကာ စူးချန်ခုန်းကို ဘယ်ညာနှစ်ဘက်မှ ကပ်ထားလိုက်သည်။ သူတို့သည် လက်ကိုဆန့်ထုတ်ကာ ဖမ်းချုပ်နည်းများကို အသုံးချ၍ စူးချန်ခုန်း၏ လက်များကို ဆုပ်ကိုင်လိုက်ကြသည်။

တာအိုဘုန်းကြီးနှစ်ပါးသည် စူးချန်ခုန်း၏ အရိုးများကို ချိုးရန်ရည်ရွယ်ပြီး စူးချန်ခုန်း၏ လက်များကို အားစိုက်ကာ ဆုပ်ကိုင်လိုက်သည်။

သို့သော်လည်း သူတို့ ခွန်အားထုတ်လိုက်သောအခါ စူးချန်ခုန်း၏ လက်မောင်းကို အနည်းငယ်မျှ မလှုပ်နိုင်ခဲ့ပေ။ သန်မာထွားကျိုင်းသည့် အရွယ်ရောက်ပြီး သူတစ်ယောက်ကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ကလေးနှစ်ယောက်နှင့် တူလေသည်။ လုံးဝအချည်းနှီးသာ။

"ဒီလောက် စွမ်းအားလေးနဲ့များ ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ" စူးချန်ခုန်းသည် တမင်တကာ ကြမ်းတမ်းပြီး ဒေါသတကြီး ပြုမူခဲ့သည်။ သူက အေးစက်စွာ ထေ့ငေါ့လိုက်လေ၏။ သူ၏လက်များသည် နဂါးနှစ်ကောင်ကဲ့သို့ အနည်းငယ်တုန်ခါပြီး စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာရာ အတွင်းအားနယ်ပယ်ထဲသို့ ရောက်တာ မကြာသေးသော ဘုန်းကြီးနှစ်ပါးက နာကျင်စွာ ညည်းတွားလိုက်သည်။ စူးချန်ခုန်း၏ လက်များကို ဆုပ်ကိုင်ထားသော သူတို့၏လက်ချောင်းများသည် တုန်ခါမှုကြောင့် ကွဲကြေသွားလေ၏။

“အာ့”

သူတို့သည် ထိန်းမနိုင်သိမ်းမရ နောက်ပြန်လှဲကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အဆက်မပြတ် ညည်းတွားကာ အချိန်အကြာကြီး မထနိုင်တော့ပေ။

ကျန်ဘုန်းကြီးနှစ်ပါးက ဒါကိုမြင်လိုက်ရတော့ ရင်ထဲ သိမ့်ကနဲ ဖြစ်သွားလေ၏။ သရဲမျက်နှာဖုံးနှင့်လူဟာ သာမန်သိုင်းပညာရှင် မဟုတ်သလို သူ့ရဲ့အစွမ်းအစက နားမလည်နိုင်လောက်အောင် နက်နဲလှသည်။

လမိုက်အရှင်၏ မျက်လုံးများတွင်လည်း လေးနက်မှုတို့ အထင်းသား။ ဒီမြို့ငယ်လေးမှာ အရည်အချင်းရှိတဲ့သူတစ်ယောက် ရှိတာလား။

လမိုက်အရှင်က မတ်တတ်ထရပ်ပြီး အသံနက်ကြီးဖြင့် ဆိုလေ၏။ “ကြာနက်လောကက ဆရာတော်ကို စော်ကားရဲတဲ့ မင်းက ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်ဆယ့်ရှစ်မျိုးနဲ့ အဆုံးမရှိ နှိပ်စက်ညှဉ်းပန်းမှုကို ခံရဖို့ ငရဲကျမှာပဲ။”

"ငါ မင်းကို အရင် ငရဲကို ပို့ပေးမယ်။"

စူးချန်ခုန်းက အေးစက်စွာ ရယ်မောလိုက်သည်။ ခြေတစ်လှမ်းဖြင့် သူသည် လမိုက်အရှင်ထံ ဝင်တိုက်တော့မည် ဖြစ်သည်။

ဝှစ် ဝှစ် ဝှစ်

လမိုက်အရှင်က မြန်ဆန်လှသည်။ သူသည် သူလက်ထဲက တောင်မွေးကို မြှောက်လိုက်ပြီး ငွေရောင်အလင်းတန်းတစ်ခုက လက်ကနဲ။ တောင်မွေး၏ အမွေးဖွာဖွာလေးများထဲတွင် ရုတ်တရက် အံ့အားသင့်စေနိုင်သည့် ငွေသုံးချောင်းပါရှိသည်။

စူးချန်ခုန်း၏ အရှိန်အဟုန်နှင့် လျင်မြန်မှုနှင့်အတူ သူသည် ၎င်းတို့ကို ရှောင်နိုင်သော်လည်း အောက်ဘက်မှ သာမန်အရပ်သားများကို အမှတ်မထင် ထိခိုက်စေနိုင်သည်။ ထို့ကြောင့် သူသည် လိပ်အသက်ရှုနည်းချီစွမ်းအင်ကို အသက်သွင်းကာ သူ့ အင်္ကျီလက်ပေါ်တွင် အာရုံစိုက်လျက် ဘေးသို့ လေပြင်းများနှင့်အတူ တွန်းပို့လိုက်သည်။

"ဖောက် ဖောက် ဖောက်"

ငွေအပ်သုံးချောင်းသည် သစ်သားစင်မြင့်ပေါ် တွင်မြှုပ်ပြီး စိုက်ဝင်သွားလေ၏။

"ကြေမွ ရွှေလက်ဖဝါး"

သို့သော် တစ်ချိန်တည်းမှာပင် လမိုက်အရှင်သည် တိတ်ဆိတ် လျင်မြန်သော ခြေလှမ်းများဖြင့် စူးချန်ခုန်းရှေ့တွင် ပိတ်ရပ်လိုက်ပြီဖြစ်သည်။ သူ၏ဘယ်ဘက် လက်ဖဝါး၌ ရွှေရောင်အလင်းဖျော့ဖျော့ပါသော ပြင်းထန်သည့် စွမ်းအားဖြင့် လေကိုခွင်းကာ စူးချန်ခုန်း၏ ဗိုက်တည့်တည့်သို့ ထိုးချလိုက်သည်။

“ဒုတ်”

သူ့လက်ဖဝါးက စူးချန်ခုန်း၏ဝမ်းဗိုက်ကို ထိမှန်ပြီး အသံ ခပ်အုပ်အုပ်သာ ထွက်လသာည်။ သို့သော် စူးချန်ခုန်းက မလှုပ်မယှက်ရပ်နေရာ လမိုက်အရှင် တုန်လှုပ်သွားလေ၏။ စူးချန်ခုန်း၏ ခန္ဓာကိုယ်သည် သံအုပ်ထားသော ကြေးနီနံရံနှင့်တူသည်ဟု ခံစားရသည်။ သူ့လက်ဖဝါးက ကြီးမားတဲ့ ကျောက်တုံးကြီးကို ခွဲနိုင်ပေမယ့် စူးချန်ခုန်းကိုတော့ တုပ်တုပ်လှုပ်အောင် မလုပ်နိုင်ခဲ့။ ထိုအစား သူ့လက်မောင်းက တုန်ခါမှုကြောင့် ထုံကျင်သွားလေ၏။

“အားနည်းလွန်းတယ်… နတ်ဘုရားစွမ်းအားနယ်ပယ်အဆင့်တောင် မရှိဘူးလား”

စူးချန်ခုန်း မျက်ခုံးပင့်လိုက်သည်။ သူသည် ခန္ဓာကိုယ် သန့်စင်မှု မဟာအောင်မြင်မှုနယ်ပယ်ဖြစ်သည့် နတ်ဘုရား ရဲစွမ်းသတ္တိအဆင့်ကို ရောက်ရှိခဲ့ရာ သူ၏ အရေပြားအောက်ရှိ ကြွက်သားများသည် အသစ်တဖန် ကြီးထွားလာခဲ့သည်။ အပြင်းထန်ဆုံး ထိုးနှက်ချက်ကတောင် သူ့ကို ကလိထိုးနေသလို ခံစားရစေ၏…

All Chapters