← Chapters

လုယက်ခြင်းနှင့်တိုက်ခိုက်ခြင်း

Vol. 017 Ch. 1641

လုယက်ခြင်းနှင့်တိုက်ခိုက်ခြင်း

Vol. 017 Ch. 1641

သူက အလွန် စိတ်ကြီးဝင်လှပေသည်။

ထိုနေရာရှိ လူများသည် ရီဖူရှင်းကို ကြည့်ကာ တွေးလိုက်ကြသည်။ သူသည် ရန်ဟောင်တစ်ပါး ဖြစ်လာရန် တံခါးဝသို့ ရောက်နေပြီ ဖြစ်သော်လည်း အဆင့်တက်ရန် မလုပ်ဆောင်သေးပေ။ သူက မည်သည့်အတွက် ထိုမျှ စိတ်ကြီးဝင်နေရသနည်း။

တန်ခိုးရှင်များသည် သူတို့၏ တစ်သက်တာတွင် မည်သည့်အခါမှ ရန်ဟောင်အဆင့်သို့ မရောက်လိုက်သူများ မရေတွက်နိုင်အောင် ရှိပေသည်။

ရန်ဟောင်တစ်ပါး ဖြစ်လာသည့်အခါ သူတို့သည် မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်းတွင် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်ဟု အလိုအလျောက် သတ်မှတ်နိုင်ပေသည်။ ထိုသို့အဆင့်တက်ခြင်းမှာ ယနေ့ ဤနေရာ၌ ရှိနေသူများအတွက် ပြောပလောက်သည် မဟုတ်သော်လည်း သူတို့အားလုံးသည် မဟာလမ်းစဥ်ဘုံသုံးထောင်ရှိ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ကောင်းကင်ပြက္ခဒိန် သက္ကရာဇ်များအတွင်း ဘုံအသီးသီးမှ အရှင်သခင်များသည် သာမန်ဖြစ်သည့် အဆင့်နိမ့်ရန်ဟောင်များသာ ဖြစ်ကြပေသည်။

“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။” လူတိုင်းသည် သူ့ကို ကြည့်ကာ ခန့်မှန်းရန် ကြိုးစားနေကြသည်။ သူက နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မရွေးချယ်ခဲ့သည်ကို ကြည့်လျှင် သူ့၌ ပိုမိုကြီးမားသော ရည်မှန်းချက်ရှိသည်ကို ပြသနေသည်။ သူက ပိုမိုအစွမ်းထက်သည့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းချင်နေပေသည်။ သူ၏ စိတ်ထဲ၌ အလားအလာတချို့ ရှိနေမည် ဖြစ်၏။

လေထဲတွင် မျောလွင့်နေသော ကောင်းကင်နန်းတော်က ပို၍ နီးကပ်လာသည်။ သူက ထိုနေရာ၌ သူ၏ အခွင့်အရေး ရှိနိုင်သည်ဟု တွေးနေသည်လား။

သို့သော် သူသည် နန်းတော်အတွင်း ရောက်သည်ထိ စောင့်ဆိုင်းပါလျှင် အမှန်တကယ်ပင် အစွမ်းထက် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ပါမည်လား။

ထိုသို့ လုပ်လိုသည်ဆိုလျှင်ပင် သူက ယခု ရန်​ဟောင် ဖြစ်မလာဘဲနှင့် အခြားသူများကို မည်သို့ ယှဥ်ပြိုင်နိုင်မည်နည်း။

ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူ၊ ရှန်းကလန်မှ ရှန်းဟောက်အပြင် နန်ထျန်းနတ်ပြည်ထောင်မှ နန်လော့ရှန်းကိုလည်း မေ့ထား၍ မရနိုင်ပေ။

ထို့ပြင် သူတို့အားလုံးသည် ယခုတွင် ရန်ဟောင်အဆင့်များ ဖြစ်ကြပြီး ပြီးပြည့်စုံသည့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်ကြသည်။

သူက ရန်ဟောင်အဆင့်၌ ဖြစ်နေလျှင်ပင် ရီဖူရှင်းသည် သူတို့ကို တိုက်ခိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ကာ ယခုကဲ့သို့ ရှန့်ထိုအဆင့်၌သာ ရှိနေလျှင် ပြောနေရန်ပင် မလိုပေ။

ဘန်း...

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုပ်တု၏ စွမ်းအားများကို ဖြိုခွဲလိုက်နိုင်သည်။ ထိုသူမှာ ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူပင် ဖြစ်၏။ ထိုအဖြစ်က သူတို့ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ရောက်လာစဥ်ကနှင့် တူပေသည်။ ရီဖူရှင်းက ထိုနေရာသို့ အရင်ရောက်လာခဲ့ပြီး ထို့နောက်၌ ကျန်ချင်းကျူ ရောက်ရှိလာခဲ့ပေသည်။

ပိုမိုများပြားသည့် အသံတို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အထက်ကိုးဘုံမှ အခြားသော အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း အမီလိုက်လာနိုင်ကြပုံရသည်။ ရီဖူရှင်းက ၎င်းကို မည်သို့ ချိုးဖျက်ရမည်အား ရှာဖွေတွေ့ရှိပြီးနောက် သူတို့သည်လည်း သူတို့၏ အတားအဆီးကို ချိုးဖျက်သွားနိုင်ခဲ့ပေသည်။

ရှန်းဟောက်၊ နန်လော့ရှန်း၊ ကွေကျန်း....

သို့သော် ထိုအချိန်တွင် ရီဖူရှင်းနှင့် ကျန်ချင်းကျူတို့က အခြားသူများကို တွေးမနေခဲ့ပေ။ သူတို့၏ အကြည့်များက ရှေ့တည့်တည့်တွင် စူးစိုက်နေခဲ့ကြ၏။ သူတို့သည် လှေကားအောက်ခြေမှ ရုပ်တုများအားလုံးက ၎င်းကို စောင့်ကြပ်နေဆဲ ရှိသေးသည်အား မြင်တွေ့ရပေသည်။ သို့သော် တောက်ပသည့် ရွှေရောင်နတ်အလင်းတို့က နန်းတော်မှနေ၍ ရုပ်တုများပေါ်သို့ ကျဆင်းလာပြီး ၎င်းတို့ကို ဝေဝါးလာစေသည်။ ကြည့်ရသည်မှာ အချိန်မရွေး ပျောက်ကွယ်သွားတော့မလိုပင် ဖြစ်၏။

“ဒါက...” ကျန်ချင်းကျူ၏ မျက်လုံးများထဲတွင် တုန်လှုပ်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်မှာ သူက တစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်၏။ မကြာခင်တွင် သူသည် ရုပ်တုများကို ကြည့်နေရင်းနှင့် ပုံရိပ်ယောင်များမှ နှိုင်းယှဥ်မရအောင် အစွမ်းထက်သည့် စွမ်းအားများ စိမ့်ထွက်လာသည်ကို ခံစားမိလိုက်ကြသည်။ ကြည့်ရသည်မှာ နတ်ဘုရား မသေဆုံးခင်က ပိုင်ဆိုင်ခဲ့သည့် စွမ်းအားများက ယခု လွတ်လပ်စွာ ထွက်ပေါ်လာပြီဟု ထင်မှတ်ရသည်။

“အမွေအနှစ်လား...” ကျန်ချင်းကျူ၏ မျက်လုံးများက အလွန် ထက်ရှလာသည်။ ရီဖူရှင်းသည်လည်း ၎င်းကို ခံစားမိပေသည်။ နတ်အလင်း၏ အောက်မှ ရုပ်တုများသည် ဆက်လက်၍ သဏ္ဌာန်ဖြစ်တည်နေခြင်း မရှိတော့ဘဲ ပျက်စီးလာပေသည်။ ၎င်းတို့သည် အပြင်သို့ ပျံ့နှံ့ကာ သန့်စင်သည့် စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။

ရုပ်တုများမှ စွမ်းအားတို့သည် သူ အစောပိုင်းက ခံစားမိသည့် စွမ်းးအားတို့နှင့် အနည်းငယ် ဆင်တူပေသည်။ ယင်းသည် စစ်နတ်ဘုရားတစ်ပါး စစ်မြေပြင်ကို ရောက်လာသကဲ့သို့ သူ့အပေါ်တွင် ဖိအားများစွာ ဖြစ်စေသည်။

သူ ရုပ်တုမှ စွမ်းအားများကို အာရုံခံမိစဥ်တွင် နောက်တစ်ယောက်က ချိုးဖျက်နိုင်သွားပြီ ဖြစ်၏။  သိပ်မကြာခင်မှာပင် အထက်ကိုးဘုံမှ တန်ခိုးရှင်များအားလုံးသည် ရုပ်တုများ၏ စွမ်းအားတို့ကို ဖျက်ဆီးရာ၌ အောင်မြင်သွားကြသည်။ ကျန်ချင်းကျူ တွေးထင်ထားသည့်အတိုင်းပင် အထက်ကိုးဘုံမှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များသည် ရုပ်တုများ၏စွမ်းအားကို ဆက်ခံရန် ရွေးချယ်ခံခဲ့ရသည့်အတွက် သူတို့က ချိုးဖောက် ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။

နန်းတော်မှ ပို၍ အစွမ်းထက်သော နတ်အလင်းတို့ တောက်ပလာသည်။ ရုပ်တုများသည် တဖြည်းဖြည်းနှင့် သန့်စင်သည့် စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး သဏ္ဌာန်မဲ့သည့် ၎င်းတို့သည် ပို၍ ပုံရိပ်ယောင်ဆန်လာသည်။

“ကျုပ်တို့ အားလုံး အတူ ကြိုးစားခဲ့ကြတာဆိုတော့ တစ်ယောက်ကို ရုပ်တုတစ်ခုက စွမ်းအားတွေ ဆက်ခံသင့်တယ်။” ကျန်ချင်းကျူက ပြောလိုက်သည်။ သူက ထိုသို့ ပြောလိုက်ပြီး သူ ချိုးဖျက်ခဲ့သော ရုပ်တုထံသို့ လျှောက်သွားခဲ့ပေသည်။ သူက ပုံရိပ်ယောင်အတွင်းသို့ ဝင်ရောက်သွားကာ သူ့ကို လွှမ်းခြုံထားစေသည်။

ထိုအချိန်တွင် သန့်စင်သည့် နတ်အလင်းတို့က သူ့ကို ဖုံးလွှမ်းထားသည်။

“သူက တကယ့်ကို ဆက်ခံသူ ဖြစ်ထိုက်တယ်။” စောင့်ကြည့်နေကြသည့် လူတိုင်းက ပြောလိုက်သည်။

ထိုအမွေအနှစ်သည် သူ့အပေါ်သို့ဆင်းသက်လာရုံမျှမက နန်းတော်မှ ကျဆင်းလာနေသည့် စွမ်းအားများပင် စတင် ပျောက်ကွယ်လာနေသည်။

ထိုအစွမ်းထက် အရှိန်အဝါတို့သည် လူတိုင်းကို လွှမ်းခြုံလာကာ သူတို့အား စတင် တုန်လှုပ်လာစေသည်။

ဝုရှ်... ရှန်းဟောက်၊ နန်လော့ရှန်း နှင့် အခြားသူများသည်လည်း ​ရှေ့သို့ တစ်လှမ်းချင်းလှမ်းကာ သူတို့၏ ကိုယ်ပိုင်ရုပ်တုများအတွင်းသို့ ဝင်ရောက်သွားကြသည်။

ရီဖူရှင်းက လှုပ်ရှားခြင်း မရှိပေ။ ထို့အစားက သူက ပြောလိုက်သည်။ “ယူချင်း မင်း သွားလိုက်။”

သူက နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီး မကြာခင် ဖြစ်လာမည့်အရာက ဖြစ်ကို ဖြစ်လာမည်ဖြစ်၏။ သို့သော် ယူချင်းက အနည်းငယ် အလှမ်းဝေးနေသေးသည်။ ထို့ပြင် ၎င်းစွမ်းအားများသည် ယူချင်းနှင့် ပို၍ သင့်တော်မည်ကို သူ အစောပိုင်းကပင် ခံစားမိခဲ့သည်။ ထို့ကြောင့် သူက ထိုအမွေအနှစ်အား ယူချင်းအား ဆက်ခံစေရန် ပြောခဲ့ခြင်း ဖြစ်သည်။

သူ၏ စကားကို ကြားသည့်အခါ ယူချင်းက ရုပ်တုဆီ စတင် လှမ်းလာခဲ့သည်။

သို့သော် သူက ထိုသို့ လုပ်လိုက်သည်နှင့် ရန်ဟောင်အဆင့် ဖိအားတစ်ခုက ကျဆင်းလာကာ သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ ကြည့်ရသည်မှာ ထိုစွမ်းအားတွင် ရက်စက်သည့် သတ်ဖြတ်ခြင်း စွမ်းအားတို့ ပါဝင်နေသည်။

ရီဖူရှင်းက လည်ပြန်ကြည့်ရင်း အော်ဟစ်လိုက်သည်။ “သတိထား...”

ယူချင်းသည်လည်း ထိုစွမ်းအားများကို အာရုံခံမိပေသည်။ သူက ရုတ်တရက် လှည့်ကာ သူ၏ တိုက်ပွဲပုဆိန်ကို ကိုင်မြှောက်လိုက်သည်။ သူသည် တွေဝေခြင်း ပုဆိန်နှင့် ခုတ်ပိုင်းလိုက်သည်။ ပုဆိန် ကျဆင်းလာသည်နှင့် ဖျက်ဆီးခြင်း နတ်ဆိုးအလင်းတို့က ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းလိုက်ကာ လေထုကို ဖြတ်၍ အနက်ရောင်အလင်းတန်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

သို့သော် တစ်ခုခုက အနက်ရောင်အလင်းတို့အား ထိန်းချုပ်ကာ နှိုင်းယှဥ်မရအောင် တောက်ပသည့် ရွှေရောင်အလင်းတို့က ကျဆင်းလာ၍ နေရာတစ်ခုလုံးကို လင်းလက်သွားစေသည်။ အစွမ်းထက် စွမ်းအားများ ထုတ်လွှတ်နေသည့် ဖျက်ဆီးခြင်း ရွှေရောင်လှံတစ်စင်းက တိုက်ပွဲပုဆိန်ကို ထိုးဖောက်လာသည်။

ဘန်း...

ယူချင်းက အနောက်သို့ လွင်စင်သွားပေသည်။ သူ မြေပေါ်သို့ ကျဆင်းလာပြီး သူ့ ခြေထောက်နှင့် မြေကြီး ရိုက်ခတ်မိသံက အလွန် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တိုက်ပွဲပုဆိန်ကို ကိုင်ထားသည့် လက်က တုန်ခါသွားခဲ့၏။

တစ်စုံတစ်ယောက်က နတ်စွမ်းအားတို့နှင့် ယူချင်းကို နောက်သို့ ဆုတ်ခွာရစေရန် လုပ်ဆောင်နိုင်ခဲ့သည်။ သိသာစွာပင် ထိုသူက သူနှင့် အဆင့်တူ မဟုတ်ခဲ့ပေ။

သူ့ရှေ့တွင် ရပ်နေသူမှာ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်တစ်ပါး ဖြစ်သည်။

သူ့နောက်ရှိ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များအကြားတွင် ကိုက်ရှီသည် သတ်ဖြတ်ချင်စိတ်အပြည့် မျက်လုံးများနှင့် ​အေးစက်စွာ ကြည့်နေခဲ့သည်။

ယခင်က သူသည် နတ်ဘုရားအမွေအနှစ်အတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်း မရှိပေ။ ထိုသည်မှာ သူက အနိုင်ရနိုင်စွမ်း မရှိသည်ကို သိ၍ ဖြစ်သည်။ နတ်ဘုရားနန်းတော်အပြင်ဘက်ရှိ တိုက်ပွဲတွင် သူက ဆိုးဝါးစွာ အဆုံးသတ်ခဲ့ရသည်။ ရီဖူရှင်း၏ ဂုဏ်သရေ အရှိန်အဝါသည် အကန့်အသတ်မဲ့ကာ သူ၏ အမည်က အထက်ကောင်းကင်ဘုံကို တုန်လှုပ်စေနိုင်သည်။ ယခု သူက နတ်ဘုရားအမွေအနှစ် နယ်မြေတွင်လည်း သူ၏ တောက်ပမှုကို ပြသဆဲ ဖြစ်ကာ အထက်ကိုးဘုံ၏ အစွမ်းထက်ဆုံး လူများအကြား တစ်နေရာ ရရှိခဲ့သည်။

ထို့ပြင် သူက ရုပ်တု၏ စွမ်းအားကိုလည်း အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့သေးသည်။ ထို့ကြောင့် ၎င်းကို ဆက်ခံရန်မှာ သူသာလျှင် ဖြစ်သင့်ပေသည်။

ကံမကောင်းစွာနှင့် မဟာလမ်းစဥ် ကောင်းကင်အာဏာစက်က ပျောက်ကွယ်သွားခဲ့ပြီး ရုပ်တုများမှ စွမ်းအားကလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ရီဖူရှင်းသည် ရန်ဟောင်အဆင့်သို့ မဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။ သူက သေလမ်းကို လျှောက်ရန် ရွေးချယ်ခဲ့သည့်အတွက် ယခု ဆက်ခံမှုအတွက် ယှဥ်ပြိုင်ရန် သူက မည်သည့်အရာကို အသုံးပြုနိုင်ပါမည်နည်း။

ထို့ပြင် ၎င်းကို တွေးသည်မှာ ရွှေရောင်နတ်ပြည်ထောင် တစ်ခုတည်းသာ မဟုတ်ပေ။ အခြားတန်ခိုးရှင်များသည်လည်း လှုပ်ရှားလာကြကာ သူတို့အားလုံးက ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့၏ အဓိကပစ်မှတ်မှာ ရီဖူရှင်းနှင့် သတ်ဖြတ်ခြင်းလောကမှ ချင်းလင်တို့ ဖြစ်ကြသည်။ ထိုသည်မှာ သူတို့နှစ်ယောက်သည် ရန်ဟောင် မဟုတ်ခဲ့သည့်အတွက် အားလုံးထဲတွင် အားအနည်းဆုံး ဖြစ်ကာ အလွယ်တကူ ရှုံးနိမ့်စေနိုင်ခြင်းကြောင့် ဖြစ်ပေသည်။

အခြားသော ရန်ဟောင်ခုနစ်ယောက်သည် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သော ရန်ဟောင်များ ဖြစ်ကြသည်။ အခြားသော ရန်ဟောင်များသည်ပင် သူတို့ကို ရင်ဆိုင်ရန် အခက်အခဲ ရှိနိုင်ရာ ရှန့်ထိုများမှာ စာပင် မဖွဲ့လောက်ချေ။ သူတို့၏ ကြိုးစားမှုမှာ အသက်ရှင်ရန် အခွင့်အလမ်းမရှိနိုင်လျှင် သူတို့က ကြိုးစားကြလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့ ရင်ဆိုင်နိုင်သူမှာ ရီဖူရှင်းနှင့် ချင်းလင် သာ ဖြစ်ပေသည်။

ရီဖူရှင်းက ရန်ဟောင်အဆင့်သို့ တက်ရောက်ရန် ရွေးချယ်ခဲ့လျှင် သူ့ကို တိုက်ခိုက်ရန် တွေဝေနေကြဦးမည် ဖြစ်သော်လည်း ယခု အခွင့်အရေးက သူတို့ဘက်တွင် ရောက်လာသည့်အတွက် သူတို့က လွဲချော်ခံကြလိမ့်မည် မဟုတ်ပေ။

နန်းတော်သို့ လမ်းသည် အတော်လေး ရှည်လျားသော်လည်း ထိုအဆင့်မှ တန်ခိုးရှင်များတွင် အကွာအဝေးက အရေးမကြီးပေ။

တိုက်ပွဲတစ်ခု ဖြစ်ပွားလျှင်ပင် ၎င်းက အလွန် နီးကပ်သည့် အကွာအဝေး ဖြစ်ပေလိမ့်မည်။

ထိုသည်မှာ အထူးသဖြင့် ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များအတွက် မှန်ကန်ပေသည်။ သူတို့သည် အတွေးတစ်ချက်နှင့်ပင် နေရာတစ်ခုလုံးကို ချုပ်ကိုင်နိုင်စွမ်း ရှိကြသည်။

ထိုအခိုက်အတန့်တွင် ရွှေရောင်နတ်ပြည်ထောင်မှ ရန်​ဟောင်သည် သူ၏ ရွှေရောင် ရောင်ဝါတို့ တောက်ပနေသည့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်မှ ကြောက်မက်ဖွယ် ရွှေရောင် ဖိုအိုးကြီးက ဖိနှိပ် ကျဆင်းလာစဥ်တွင် အလွန် ထက်ရှသော ရွှေရောင် ဓားသွားများက ယူချင်းဆီ ပြေးဝင်လာ၍ လွှမ်းခြုံသွားပေသည်။

သူသည် မဟာလမ်းစဥ် နတ်ဝင်ရိုးကို နတ်ဆေးအိုး အဖြစ် ဖွဲ့စည်းခဲ့ပေသည်။

နတ်ဝင်ရိုး၏ စွမ်းအားအောက်တွင် ဖိုအိုးကြီးများ သည် ၎င်းတို့အောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ပြီး ယူချင်း၏ ခန္ဓာကိုယ်ကို တစတစ ချေမွပစ်ရန် ကြိုးစားနေသည်။

နှိုင်းယှဥ်မရအောင် ကြီးမားသည့် ဖိအားက ယူချင်းထံသို့ ဖိနှိပ်လာသော်လည်း အနက်ရောင် နတ်ဆိုးစွမ်းအားလှိုင်းများက သူ့ထံမှ ထွက်ပေါ်လာသည်။ သူ့အနီးတွင် ရှေးဟောင်းနတ်ဆိုး ပုံရိပ်များ ပေါ်ပေါက်လာ၏။ သူ့အနောက်တွင် မိစ္ဆာနတ်ဘုရားတစ်ပါးအသွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

ကြောက်မက်ဖွယ် အော်သံကြီးနှင့်အတူ အသက်စွမ်းအားတို့ဖြင့် ပြည့်ဝနေသော နက်မှောင်သည့် မျက်လုံးတစ်စုံနှင့် အနက်ရောင် နဂါးတစ်ကောင်က သူ့ကို ဝန်းရံကာ ရစ်ခွေလာသည်။ ၎င်းသည် ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်အား အေးစက်စွာ ကြည့်နေခဲ့သည်။

ထိုရန်ဟောင်၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာခဲ့၏။ သူသည် စွမ်းအားနှင့် ဖွဲ့စည်းထားခြင်း မဟုတ်သည့် အစစ်အမှန် နတ်ဆိုးနဂါးတစ်ကောင်က ​ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

“သူ့ကို သတ်” ကိုက်ရှီ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ သူ သတ်ဖြတ်ချင်သူမှာ ယူချင်းတစ်ယောက်သာ မဟုတ်ပေ။ သူတို့က ယူချင်းကို သတ်ပြီးသည့်အခါ ရီဖူရှင်းကိုလည်း သတ်ဖြတ်ချင်ပေသည်။

၎င်းသည် တစ်ဘဝလုံးတွင် တစ်ခါသာ ရနိုင်သည့် အခွင့်အရေး ဖြစ်၏။ ယူချင်းနှင့် ရီဖူရှင်းသည် သူတို့နှင့်သာ မဟုတ်ဘဲ အခြားသော တန်ခိုးရှင်များနှင့်ပါ ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအခိုက်တွင် လူအများသည် ရီဖူရှင်းကို တိုက်ခိုက်ရန် ရည်ရွယ်ကာ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ အထက်ကိုးဘုံမှ အစွမ်းထက်တန်ခိုးရှင်များက ဤနေရာတွင် ရောက်ရှိနေပြီး သူတို့သည် ရှန့်ထိုအဆင့်မှ တန်ခိုးရှင်နှစ်ဦး ဖြစ်သည့် ရီဖူရှင်းနှင့် ချင်းလင်တို့ ရုပ်တုစွမ်းအားများအား ဆက်ခံမည်ကို မည်သို့ ထိုင်ကြည့်၍ ခွင့်ပြုနိုင်ပါမည်နည်း။ ယခုက တိုက်ခိုက်ရန် အချိန်ကောင်းပင် မဟုတ်ပါလား။

ထိုအချိန်တွင် နန်လော့ရှန်း၏ ဖယ်ထုတ်ထားခြင်းကို ခံခဲ့ရသော လျှို့ဝှက်နယ်မြေဘုံ နတ်တစ္ဆေကလန်မှ တန်ခိုးရှင် လျန့်ကျိုယိုးသည်လည်း ရီဖူရှင်းထံ ပြေးဝင်လာသည်။

နန်လော့ရှန်းသည် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်ပြီး သူမက အင်ပါယာနန်၏ သမီးဖြစ်၍ နန်ထျန်းနတ်ပြည်ထောင်မှ မင်းသမီးတစ်ပါး ဖြစ်သည်။ ထို့ကြောင့် လျန့်ကျိုယိုးသည် သူမကို အနိုင်ရရန် မတတ်နိုင်ခဲ့ပေ။ သို့သော် ယခုတွင် နတ်ဘုရားအမွေအနှစ် ကို ဆက်ခံရရန် နေရာက သူ့အတွက်သာ ဖြစ်ရပေမည်။

သူက ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာနေပြီး သူ၏ ခန္ဓာကိုယ်တွင် အနက်ရောင်မီးတောက်များ လောင်ကျွမ်းနေသည်။ သူ့ထံမှ အားကောင်းသည့် သေဆုံးခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။ သူက တစ်ချက်တွေးလိုက်ရုံနှင့် ချက်ချင်းပင် ရီဖူရှင်းသည် နက်မှောင်သည့် အကျဥ်းထောင်တစ်ခုအတွင်း ပိတ်မိသွားသကဲ့သို့ ခံစားလိုက်ရပေသည်။

ဝုရှ်... အေးစက်၍ နတ်မှောင်သည့် တစ္ဆေမီးတောက်က ရီဖူရှင်းထံသို့ တိုးဝင်လာခဲ့သည်။ လျို့ဝှက်နယ်မြေဘုံ နတ်တစ္ဆေကလန်မှ တန်ခိုးရှင်များသည် သူတို့၏ ပညာရပ်များကို မျိုးရိုးစဥ်ဆက် လျှို့ဝှက် လက်ဆင့်ကမ်းကြသည်။ သူတို့က လောကကျင့်ဝတ်များကို မလိုက်နာဘဲ တစ်ခုခုကို လုယူဖို့ရာ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် နောက်ပိုင်း၌ ခြိမ်းခြောက်မှုများ ရှိမလာစေရန် သူတို့ကို ဆန့်ကျင်ရန် ကြိုးစားသူများအား သတ်ဖြတ်ပစ်ရမည် ဖြစ်သည်။

ရီဖူရှင်းသည် ရန်ဟောင်အဆင့်သို့ တက်လှမ်းနိုင်ရန် တံခါးဝသို့ ရောက်နေပြီ မဟုတ်ပါလား။ သူတို့က သူ့အား အချိန်ပေးထားလိုက်လျှင် သူက အနှေးနှင့်အမြန် နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်သွားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် သူ့ကို သတ်ဖြတ်ရန်မှာ ပို၍ ခက်ခဲသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ပြဿနာအား တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းထားရန် လိုပေသည်။

ရီဖူရှင်း၏ အသက်စွမ်းအား အရှိန်အဝါက ထွက်ပေါ်လာပြီး သူ့အနီးတွင် မဟာလမ်းစဥ် အလင်းလွှာတစ်ခု ပေါ်ပေါက်လာသည်။ သို့​​သော် နက်မှောင်သည့် သေဆုံးခြင်းမီးလျှံများ ကျဆင်းလာသည့်အခါ သူ၏ အလင်းလွှာက အစအနပင် မကျန် လောင်ကျွမ်းခံလိုက်ရသည်။ မြေအောက်ကမ္ဘာမှ မီးတောက်များက ရန်ဟောင်အဆင့်တွင် ရှိနေခဲ့သည်။

ရီဖူရှင်း၏ မျက်လုံးများထဲတွင် အေးစက်သည့် အကြည့်တို့ လင်းလက်သွားသော်လည်း ထိုအခိုက်တွင် လျန့်ကျိုယိုး၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

အစွမ်းထက် သတ်ဖြတ်ခြင်းစွမ်းအားများက သူ့ကို လွှမ်းခြုံထားခဲ့၏။ သူက အနက်ရောင်လေစီးကြောင်းကဲ့သို့ ပြောင်းလဲသွားကာ ရပ်နေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ပျောက်ကွယ်သွားသည့် ခဏ၌ သတ်ဖြတ်ခြင်းစွမ်းအားများ ပြည့်နေသည့် သတ်ဖြတ်ခြင်း လှံတစ်ချောင်းက သူ့ထံသို့ ထိုးဖောက်လာခဲ့ကာ ၎င်းဖြတ်သန်းသွားရာ တလျှောက်တွင် အနက်ရောင်အမှတ်အသားကြီးတစ်ခု ချန်ရစ်ခဲ့ပေသည်။

သူသည် ဝရိန်ခုနစ်ပါး ကလန်မှ လာသော သတ္တမဝရိန် ဖြစ်ပေသည်။

လျန့်ကျိုယိုးကဲ့သို့ပင် သူသည် ရှန်းဟောက်၏ ဖယ်ထုတ်ခြင်းကို ခံရကာ အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ သို့သော် ယခုတွင် သူက လျန်ကျို့ယိုးကို ဆန့်ကျင်ပြုမူနေသည်။

လေထဲမှ လျန့်ကျိုယိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “နေရာက နှစ်နေရာကျန်တာပဲ။ ငါတို့ တစ်ယောက်တစ်နေရာ ယူလို့ရတယ်။”

သူသည် သတ္တမဝရိန် က ရီဖူရှင်း၏ နေရာကို လိုချင်၍ လှုပ်ရှားလာသည်ဟု ထင်လိုက်ပေသည်။

သတ္တမဝရိန် က သူ့ကို လျစ်လျူရှုထားသည်။ သူက သတ်ဖြတ်ခြင်း၌ အားကောင်းသည့်အတွက် စကားအများကြီး ပြောနေရန် မလိုပေ။ သူက လျန့်ကျိုယိုးထံ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

***

All Chapters