အသက်အန္တရာယ်
Vol. 017 Ch. 1642
အရင်ဆုံး သတ္တမဝရိန် သည် မြေအောက်နန်းတော်၌ ရီဖူရှင်းကို တိုက်ခိုက်ခဲ့သော်လည်း သူသည် ရှုံးနိမ့်ခဲ့ရသည့်အတွက် သူ့တွင်ထိုနေရာမှ လှံအတွက် ယှဥ်ပြိုင်ရန် အခွင့်အရေး မရရှိခဲ့တော့ပေ။
နောက်ပိုင်းတွင် သူတို့က လေဟာနယ်ခန်းမ၌ အတူတူ လက်တွဲ၍ အလုပ်လုပ်ခဲ့ပြီး သိုင်းနတ်ဘုရားကလန်မှ ရန်ဟောင်အပေါ် အံ့အားသင့်ဖွယ် တိုက်ခိုက်မှု လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက်တွင် သူက ဒဏ်ရာရှိခဲ့သော်လည်း ရွေးချယ်ခဲ့သည့် နတ်လက်နက်က သူ့ကို ရန်ဟောင်အဆင့်သို့ ရောက်စေရန် ကူညီခဲ့သည်။ သူနှင့် ရီဖူရှင်းကြားတွင် မိတ်ဆွေဆက်ဆံရေး အနည်းငယ်မျှပင် မရှိသော်လည်း သူသည် နတ်ဘုရားအမွေအနှစ် နယ်မြေ ဤခရီး၌ အောင်မြင်မှုတချို့ ရရှိခဲ့ပြီး ယခင်က သူ ရီဖူရှင်း၏ လက်နှင့် ရှုံးနိမ့်ခဲ့ရသော်လည်း သူ့အတွက် အများကြီး မခက်ခဲလဲ့သလို သူ ဒဏ်ရာရသည့်အခါ၌ ရီဖူရှင်းက သူ့အပေါ် မရက်စက်ခဲ့ပေ။
သတ္တမဝရိန် ၏ အမြင်အရ သူသည် ရီဖူရှင်း၏ မျက်နှာပေးမှုကို ရရှိခဲ့ပေသည်။ ယခု လျန့်ကျိုယိုးက ရီဖူရှင်းကို တိုက်ခိုက်သည့်အခါ၌ သူက ပြန်ပေးဆပ်ရန် အခွင့်အရေး ရလာပြီ ဖြစ်သည်။
လျန့်ကျိုယိုးသည် နတ်တစ္ဆေကလန်မှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး သတ္တမဝရိန် ကဲ့သို့ ရန်ဟောင်တစ်ပါးပင် ဖြစ်သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားခုနစ်ပါး၏ တိုက်ကွက်များသည် သူ့ ပြိုင်ဘက်ကို နှောင့်နှေးစေနိုင်သော်လည်း ရီဖူရှင်းက အခြားသူများကို ရင်ဆိုင်နိုင်ခြင်း ရှိမရှိမှာ သူ့အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
သတ္တမဝရိန် သည် သူ၏ တိုက်ခိုက်ရေး စွမ်းအားတို့ကို ထုတ်ဖော်လိုက်ပြီး လျန့်ကျိုယိုးကို အောက်ဘက်ရှိ တိုက်ပွဲကို ပါဝင်ခွင့်မပြုဘဲ နောက်သို့ ဆုတ်ခွာရစေရန် ဖိအားပေးနေသည်။ တိုက်ပွဲမြေပြင်အခြားတစ်ဖက်တွင် ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က ယူချင်းအား သူ၏ ဖိုအိုးများ ဖြင့် ဖိနှိပ်တိုက်ခိုက်နေသည်။
ယူချင်းကို ရစ်ပတ်နေသည့် အနက်ရောင်နဂါးသည် အေးစက်သည့် မျက်လုံးများဖြင့် ကြည့်နေခဲ့၏။ ကောင်းကင်တစ်ခုလုံး လှုပ်ခါအော်မြည်လာကာ ထိုနဂါး စွမ်းအားများ ထွက်ပေါ်လာပြီး ဖိုအိုးများ ကို လွှမ်းမိုးသွားသည်။ ကျယ်လောင်သည့် ထိခတ်သံ ဖြစ်ပေါ်လာပြီး ဖိုအိုးများ က နောက်သို့ လွင့်ထွက်သွားခဲ့သည်။
ကြောက်မက်ဖွယ် နဂါးကြီးက လေထဲတွင် ရစ်ပတ်နေပြီး စွမ်းအားများအားလုံးကို ဝါးမျိုနေသည်။ ယူချင်းက နဂါးကြီး၏ ဦးခေါင်းထက်တွင် ပေါ်ပေါက်လာသည်။ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က မျက်မှောင်ကြုတ် လိုက်သည်။ ယခင်က ရရှိခဲ့သည့် ခံစားချက်သည် ယခု ပို၍ ရှင်းလင်းလာသည်။ နဂါးက သူ့ကို စိုက်ကြည့်လိုက်သည့်အခါ အစစ်အမှန် နတ်ဆိုးအင်ပါယာတစ်ပါးက စိုက်ကြည့်နေသကဲ့သို့ ခံစားရပေသည်။
“မင်းက သေချင်နေတာပဲ။” နဂါးက ပြောလိုက်သည်။ အံ့အားသင့်စရာ ကောင်းစွာပင် ရန်ဟောင်တစ်ပါး၏ အငွေ့အသက်တို့ ပါဝင်နေသည်။ မည်သည်တို့ ဖြစ်ကုန်သနည်း။
ယူချင်း၏ ခန္ဓာကိုယ်အတွင်းတွင် အစစ်အမှန် နတ်ဆိုးအင်ပါယာတစ်ပါး ရှိနေသည်လား။ ထိုသို့ဆိုလျှင် လေဟာနယ်နတ်နန်းတော် ၏ စွမ်းအားက သူ့နောက်တွင် ရှိနေသည်ဟု ဆိုလိုသည်လား။ ထိုသည်မှာ လေဟာနယ်နတ်နန်းတော် နတ်စစ်သူကြီး၏ စောင့်ရှောက်မှုအောက်တွင် ဖြစ်နိုင်ဖွယ် မရှိပေ။
“မဟုတ်ဘူး။ သူ့မှာ နတ်ဆိုးအင်ပါယာ အရှိန်အဝါ ရှိပေမယ့် သူက အစစ်အမှန် မဟုတ်ဘူး။” သူမျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့ထံ၌ နဂါးဝိညာဥ် ရှိနေသည်လား။
နတ်ဆိုးအင်ပါယာကြီးတစ်ဦးက ယူချင်းအား နဂါးဝိညာဥ် ပေးအပ်ခဲ့သည်လား။
ဤသည်မှာ ထိုအင်ပါယာက သူ့ကိုယ်သူ ဒုက္ခိတ ဖြစ်သွားစေသည်နှင့် ခြားလိမ့်မည် မဟုတ်ပေ။ သူ့အတွက်နှင့် ထိုသို့ လုပ်ဆောင်ရန် မည်သို့ ထိုက်တန်လိမ့်မည်နည်း။ နတ်ဆိုးအင်ပါယာတစ်ပါး၏ တပည့်များပင်လျှင် ထိုသို့သော အခွင့်အရေးကို ရရှိရန် ကံကောင်းလိမ့်မည် မဟုတ်ပေ။ အများဆုံး သူတို့အားနည်းသွားချိန်၌ ကာကွယ်ရန် သိစိတ်စွမ်းအားအနည်းငယ် ချန်ထားပေးခြင်းသာ ဖြစ်နိုင်ပေသည်။ သို့သော် သူတို့၏ လက်ရှိအဆင့်တွင် ထိုစွမ်းအားအနည်းငယ်က အသုံးဝင်လိမ့်မည် မဟုတ်ပေ။ ထိုသိစိတ်စွမ်းအား အနည်းငယ်က သူတို့ကိုယ်သူတို့ ကာကွယ်ရန် အားနည်းနေသည့်အချိန်၌သာလျှင် အသုံးဝင်ပေလိမ့်မည်။
သို့သော် ယခုတွင် နတ်ဆိုးအင်ပါယာသည် မည်သည့် ပေးဆပ်ရမည့် တန်ဖိုးကိုမှ ဂရုမစိုက်ဘဲ ဤနတ်ဆိုးစွမ်းအား ကျင့်ကြံသူထံ၌ သူ၏ နဂါးဝိညာဥ်ကို ပေါင်းစပ်စေခဲ့သည်။
ထိုအဖြစ်အပျက်က နတ်နဂါး တန်ခိုးရှင်များကိုပင် ထိတ်လန့်တုန်လှုပ်သွားစေသည်။ လုံချန်သည် သူ၏ ရှေ့မှ မြင်ကွင်းကို စူးစိုက်ကြည့်နေခဲ့သည်။ နတ်နဂါးများကို သူ့လောက် မည်သူကမှ ပို၍ နားမလည်နိုင်ပေ။ ချောက်နက်အတွင်း အကျဥ်းကျခံထားရသည့် အကြီးအကဲက ယူချင်းအတွက်နှင့် ထိုအရာကို အမှန်တကယ် လုပ်ဆောင်ခဲ့သည်လား။
ဆိုလိုသည်မှာ သူက ယူချင်းအား သူ၏ ဆက်ခံသူအဖြစ် မှတ်ယူလိုက်ပုံရသည်။ သူကိုယ်တိုင်က အကျဥ်းချခံထားရသည့်အတွက် သူ၏ မျှော်လင့်ချက်အားလုံးကို ယူချင်းအပေါ်၌ ပုံအောပစ်ခဲ့သည်လား။
သူက ယူချင်းအပေါ်၌ မည်မျှ ယုံကြည်ထားခဲ့သနည်း။
ယူချင်းကို လှည့်ပတ်နေသည့် နတ်ဆိုးစွမ်းအားများက အနီးဝန်းကျင်ရှိ စွမ်းအားများ အားလုံးကို စတင် ယူငင်ခဲ့သည်။ သူသည် ရှေ့သို့ တစ်ဟုန်ထိုး သွားခဲ့ပြီး နဂါးက သူနှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်က အစစ်အမှန် နဂါးတစ်ကောင် ဖြစ်သွားသကဲ့သို့ ထင်မှတ်ရပေသည်။
အနက်ရောင် နတ်ဆိုးအလင်းတို့က ကောင်းကင်မှ ကျဆင်းလာသည်။ ယူချင်းက သူ၏ ပုဆိန်ကို ထုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ် နဂါးတစ်ကောင်၏ ပုံရိပ်က ၎င်းနှင့်အတူ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။
ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်၏ နတ်ဝင်ရိုးမှ တောက်ပသည့် ရွှေရောင်အလင်းတို့ ထိုးထွက်လာသည်။ သူက လက်ကို မြှောက်ကာ လာနေသည့် တိုက်ခိုက်မှုဆီသို့ ထိပ်တိုက် တိုက်ခိုက်လိုက်သည်။ ထိုသည်မှာ အမှန်တကယ် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းပင် ဖြစ်သည်။
ဘန်း...
ကျယ်လောင်သည့် အသံနှင့်အတူ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်သည် တန်ချီလေးလံသည့် ဖိအားအောက်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရပေသည်။ သူတို့နှစ်ယောက်လုံး နောက်သို့ လွင့်စင်သွားကြသည်။ ထိတ်လန့်မှုနှင့်အတူ သူက ယူချင်းကို ကြည့်လိုက်လျှင် ယူချင်း၏ မျက်လုံးများက အနက်ရောင်သို့ ပြောင်းလဲနေပြီး နဂါးတစ်ကောင်၏ စွမ်းအားကို ဆက်ခံထားသည့်အတွက်ကြောင့် ရန်ဟောင်တစ်ပါး၏ စွမ်းအားကို ခုခံနိုင်ပေသည်။
ရီဖူရှင်းသည် သူတို့ တိုက်ခိုက်သည်အား စောင့်ကြည့်နေသည်။ သူက ယူချင်း မထိခိုက်သည်ကို မြင်သည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။ ကြည့်ရသည်မှာ နတ်နဂါးများက သူ့ကို ဝှက်ဖဲတို့ ပြင်ဆင်ပေးလိုက်ပုံရသည်။ ထို့ကြောင့်ပင် သူက ယူချင်းကို ထပ်၍ စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။
ကောင်းကင်နတ်ဆိုးနန်းတော်မှ ရန်ဟောင်အဆင့် နတ်ဆိုးအင်ပါယာအပါအဝင် ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များသည်လည်း ပါဝင်လာကာ သူ့ကို တားဆီးထားကြသည်။ ထိုနေရာရှိ တန်ခိုးရှင်အများအပြားသည် လူနှစ်ယောက်ကိုသာ ပစ်မှတ်ထားကြပေသည်။ တစ်ယောက်မှာ ချင်းလင်ဖြစ်ပြီး အခြားတစ်ယောက်မှာ ရီဖူရှင်း ဖြစ်သည်။ ထိုသည်မှာ သူတို့က သူ့ကို မည်မျှ လေးနက်စွာ ရင်ဆိုင်နေသည်ကို ပြသပေသည်။ ရန်ဟောင်သုံးပါးသည်ပင် လုံလောက်လိမ့်မည် မဟုတ်ပေ။
သတ်ဖြတ်ခြင်းလောက မှ ချင်းလင်က သူ့ထက်ပို၍ အခြေအနေဆိုးသည်။ သူက ထွက်ပေါက်မရှိအောင် ဝန်းရံခံထားရသည်။
ရီဖူရှင်းက လေထဲသို့ တဖြည်းဖြည်း တက်လာကာ လက်ထဲတွင် လှံကို ဆုပ်ကိုင်ထားသည်။ သူ့ထံမှ တိုက်ခိုက်ရေးစွမ်းအားတို့ ထွက်ပေါ်လာပြီး ပညာရှိကျမ်း စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူ့အနီးတွင် ရွှေရောင်အလင်းတို့ ရစ်ပတ်နေပြီး သူ၏ ခန္ဓာကိုယ်က ရွှေရောင်ဖြစ်လာသည်ဟု ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် ဆင်အော်သံများက သူ့ခန္ဓာအတွင်းမှ ထွက်ပေါ်လာသည်။
နတ်ဘုရားကဲ့သို့ များပြားလှသည့် ပုံရိပ်များက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။
ကိုက်ရှီက ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ၏ မျက်နှာထက်တွင် မည်းမှောင်သည့် အကြည့်တို့ ဖြစ်ပေါ်လာ၏။ ထိုသည်မှာ နတ်ဘုရားပူဆွေးခြင်း ပညာရပ်ဖြစ်သည်။ ရီဖူရှင်းသည် ကိုက်ရှီထံမှ လုယူခဲ့သော ပညာရပ်ကို ရွှေရောင်နတ်ပြည်ထောင်မှ လူများ၏ အရှေ့၌ အသုံးပြုနေခဲ့သည်။ ထိုသည်မှာ သံသယဖြစ်ဖွယ်မရှိ သူ့ကို စော်ကားရန် ရည်ရွယ်နေခြင်း ဖြစ်သည်။
“တစ်ယောက်ယောက်က ဒီအမွေအနှစ်ကို ယူချင်တယ်ဆိုရင် အသက်နဲ့ လောင်းကြေးထပ်ရလိမ့်မယ်။” ရီဖူရှင်း၏ အေးစက်စွာ ပြောလိုက်သည့်အသံက လေထုကိုပင် တုန်ခါစေသည်။
“တိုက်ကြ...” အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အလွန် များပြားသည့် အင်အားစုများက ဤနေရာ၌ ရှိနေသည်။ လူတစ်ယောက်၏ တိုက်ခိုက်မှုစွမ်းရည်ကို သူတို့က မည်သို့ ကြောက်ရွံ့နိုင်ပါမည်နည်း။ အချို့သော တန်ခိုးရှင်များက သူ့ကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ ရီဖူရှင်း၏ ခေါင်းထက်တွင် အမှောင်နတ်ဘုရားများ ဖွဲ့စည်းလာသကဲ့သို့ ကြောက်မက်ဖွယ် ဝင်္ကပါတစ်ခု ပေါ်ပေါက်လာသည်။ ဖျက်ဆီးခြင်းအနက်ရောင် အလင်းတို့က ၎င်းမှ လင်းလက်လာပြီး ၎င်း၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ရီဖူရှင်းက ကောင်းကင်မှ တန်ခိုးရှင်များကို မော့ကြည့်လိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူက လှံကို ရှေ့သို့ ထိုးလိုက်ကာ သူ၏ တိုက်ခိုက်ရေးစွမ်းအားများက ကောင်းကင်တွင် လွှမ်းခြုံလာကာ နေရာအနှံ့ကို ပျံ့နှံ့သွားသည်။ လှံမှ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။ လူတိုင်းသည် အနက်ရောင်အလင်းတို့က ရွှေရောင်အလင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်ကို မြင်တွေ့လိုက်ရ၏။
အစွမ်းထက်အလင်းက လူတိုင်း၏ မျက်လုံးများကို စူးရှသွားစေပြီး ရွှေရောင်နတ်အလင်းက လေထဲသို့ ထိုးတက်သွားပြီး အနက်ရောင်အလင်းတို့အား ဖျက်ဆီးပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် ဝင်္ကပါကို တိုက်ခိုက်မိကာ အပြီးတိုင် ဖျက်ဆီးပစ်လိုက်ပေသည်။
သို့သော် တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း အဖျက်စွမ်းအားတို့က နေရာအနှံ့မှ ရီဖူရှင်းထံသို့ ရောက်ရှိလာသည်။ ၎င်းသည် ဓားကဲ့သို့ ထက်ရှသည့် တောင်တန်းတစ်ခုက သူ့အပေါ်ကို ကျရောက်လာသကဲ့သို့ ဖြစ်ကာ ဖျက်ဆီးခြင်းလေဟာနယ် ဓားများက သူ့ဆီသို့ တစ်ချိန်တည်းတွင် တိုးဝင်လာ၏။
သူနှင့် သူ့ပြိုင်ဘက်များကြားမှ အကွာအဝေးအရ တိုက်ခိုက်မှုများသည် သူ့ထံသို့ ခဏအတွင်း ရောက်ရှိလာလိမ့်မည် ဖြစ်သည်။
သူက လေထုကို ဖြတ်ကာ လျှောက်သွားသည့် တလျှောက် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ ဆင် အော်သံများက ပျံ့နှံ့လာသည်။ အစွမ်းထက်သည့် ရွှေရောင် နတ်ဆင်ရောင်ဝါက သူ့ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ တိုက်ခိုက်မှုများက သူ့ပေါ် ကျရောက်လာသည်နှင့် ၎င်းတို့က ပျက်စီးသွားခဲ့၏။ သူ့ကို ထိုးစိုက်ရန် ကြိုးစားလာသည် လေဟာနယ်ဓားများသည်ပင် ကျယ်လောင်သည့် အသံမြည်ဟီးသွားခဲ့သော်လည်း သူ၏ အကာအကွယ်ကို ချိုးဖျက်နိုင်ခြင်း မရှိကြပေ။
သူ့ကို ထိခိုက်ဒဏ်ရာ ရစေနိုင်သူမှာ ရှန့်ထိုအဆင့်၌ လူအနည်းငယ်သာ ရှိပေသည်။
ထိုမြင်ကွင်းကို မြင်သည့်အခါ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ့တွင် ထိုမျှထိ အံ့အားသင့်ဖွယ်ကောင်းသော ခုခံကာကွယ်မှု ရှိနေသည်လား။
သူတို့ထဲက မည်သူမှ သူ့ကို ထိခိုက်စေရန် မလုပ်ဆောင်နိုင်ပေ။
ရီဖူရှင်း၏ ခြေလှမ်းတိုင်းက လေထုကို တုန်ခါသွားစေသည်။ သူက မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူ့အနီး လေထဲရှိ နတ်ဘုရားများသည် သတ်ဖြတ်ခြင်းသက်ပြင်းအား ချလိုက်ကြသည်။
သူက လှံနှင့် ရှေ့သို့ တည့်မတ်စွာ ထိုးလိုက်သည်။
၎င်းက လေထုကို ထိုးဖောက်သွားပြီး သူ့ရှေ့ရှိ တန်ခိုးရှင်အားလုံးကို ထိတ်လန့်သွားစေသည်။ မရေတွက်နိုင်သည့် နတ်ဓားများက လေထုကို ဖြတ်ကာ ပျံသန်းလာပြီး ဓားဝင်္ကပါတစ်ခု ဖွဲ့တည်လာသော်လည်း လှံတိုက်ခိုက်မှုအောက််တွင် ဝင်္ကပါက ပြိုကွဲသွားရလေသည်။ လှံက ထိုဝင်္ကပါအား ဓားတစ်လက်နှင့် ဝါးခုတ်လိုက်သကဲ့သို့ ပိုင်းဖြတ်လိုက်ပေသည်။
ခရက်...
၎င်းသည် ကောင်းကင်ဓားခန်းမ တန်ခိုးရှင်များမှ သံသယကင်းစင်ခြင်း အဆင့်ရှိ ရှန့်ထိုတစ်ယောက်ကို ထိုးဖောက်သွားသည်။ သူသည် သူ၏ ခန္ဓာကိုယ် ပျက်စီးမသွားခင် ရီဖူရှင်းအား ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။ သူသာလျှင် မဟုတ်ဘဲ သူ့အနီးရှိ ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်အားလုံးသည်လည်း နောက်သို့ လွင့်စင်သွားခဲ့ပြီး ပါးစပ်မှ သွေးတို့ စီးကျလာကြပေသည်။ လှံစွမ်းအားက သူတို့၏ အသွေးအသားများကို ပိုင်းဖြတ်သွားကာ သူတို့ကို မသန်မစွမ်းပင် ဖြစ်သွားစေသည်။
“မင်းတို့တွေ တူညီတဲ့အမှားကို နောက်တစ်ခါ ထပ်မလုပ်သင့်ဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ သူသည် ဓားမြို့တော်၌ သူတို့ကို မတိုက်ခိုက်ခဲ့ပေ။ လေဟာနယ်ခန်းမ ပဋိပက္ခအတွင်းတွင် သူတို့က သိုင်းနတ်ဘုရားကလန်နှင့် ပူးပေါင်းခဲ့သော်လည်း သူက သူတို့ကို မည်သည့်အရာမှ ဆိုးဆိုးဝါးဝါး မပြုလုပ်ခဲ့ပေ။
ယခု ကောင်းကင်ဓားခန်းမက သူ့ကို နောက်တစ်ခါ ထပ်၍ တိုက်ခိုက်နေပြန်ပြီ ဖြစ်သည်။
သူက မည်သည့်အတွက် သူတို့ကို အသက်ရှင်ခွင့် ပေးသင့်သနည်း။
အခြားသော တန်ခိုးရှင်များအားလုံးက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးက သူ့ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြသော်လည်း သူ၏ လှံကို ယှဥ်နိုင်ခြင်း မရှိခဲ့ကြပေ။
ရန်ဟောင်အဆင့် တိုက်ခိုက်ရေး စွမ်းအားတို့က သူတို့ကို ရိုက်ခတ်မိသွားပြီး တိုက်ရိုက် ထိခိုက်မိခြင်းမရှိသည့် တန်ခိုးရှင်များသည်ပင် ၎င်းကြောင့် ဒဏ်ရာရရှိခဲ့ကြသည်။
ရီဖူရှင်းက ထိုနေရာတွင် ရပ်နေပြီး လှံကို ဆုပ်ကိုင်ထားသည်။ သူက အခြားတန်ခိုးရှင်များကို ဝေ့ကြည့်လိုက်ရင်း ပြောသည်။ “အရင်က ကျုပ် လူတချို့ကို ပြောဖူးခဲ့တယ်။ ဒါက တိုက်ခိုက်ဖို့ တကယ်မထိုက်တန်ဘူးလို့။ နောက်တော့ ကျုပ် နတ်ဘုရားအမွေအနှစ် နယ်မြေတံခါးကို ဖွင့်ပြီး ဒီကို ရောက်လာခဲ့တယ်။ ခင်ဗျားတို့ ကျုပ်နောက်ကနေ ဒီကို လိုက်လာတာ ဂရုမစိုက်ဘူး။ ဒါပေမယ့် ကျုပ်ကို ဆက်ပြီး တိုက်ခိုက်နေကြဦးမယ်ဆိုရင် ဘယ်လိုဖြစ်ဖြစ် ကျုပ် ကတိပြုတယ်။ ခင်ဗျားတို့ ဒီနေရာက ထွက်မသွားနိုင်စေရဘူး။”
သူသည် သိုင်းနတ်ဘုရားကလန်နှင့် အင်ပါယာရှင်းကျောင်းတော်မှ လူများကို ပြောလိုက်ခြင်း ဖြစ်သည်။
သူတို့သည် အစောပိုင်းက ဖြစ်ခဲ့သည့် သူတို့ကြားမှ ပဋိပက္ခများကြောင့် သူ့ကို တိုက်ခိုက်လိုကြခြင်း ဖြစ်သည်။ သူက သူတို့အား တစ်ကြိမ် လွှတ်ပေးခဲ့ပြီး ဖြစ်သည့်အတွက် ဤတစ်ကြိမ်တွင် သူက ထောက်ထားညှာတာလိမ့်တော့မည် မဟုတ်ပေ။
အမှန်ပင် သူ၏ စကားလုံးများက ရှေ့သို့ တိုးဝင်လာနေခြင်းအား ရပ်တန့်လိုက်သည့် တန်ခိုးရှင်များကို အကြီးအကျယ် စိတ်ဓာတ်ကျဆင်းစေရန် ပြုလုပ်နေသည်။ သိုင်းနတ်ဘုရားကလန်မှ ဝူကျန်းသည်ပင် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေခဲ့သည်။
သူတို့၏ တစ်ဦးတည်းသော ရန်ဟောင်က အသတ်ခံလိုက်ရသည်။ သူတို့က ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးအင်အားစုတစ်ခု ဖြစ်သော်လည်း နတ်ဘုရားအမွေအနှစ် နယ်မြေ၌ သူတို့၏ စွမ်းအားက အကန့်အသတ်ရှိသည်။ အရေးကြီးသည့်အရာမှာ ရီဖူရှင်းသည် အခွင့်အရေးများစွာကို သူတို့ထံမှ ယူဆောင်သွားခဲ့ပေသည်။ ထို့ပြင် ယခုတွင် သူက သူတို့အား ခြိမ်းခြောက်နေ၏။
သို့သော် ရီဖူရှင်း၏ အသံအနေအထားက သူ့ကို အမှန်တကယ်ပင် ခြိမ်းခြောက်မှုအား ခံစားမိစေခဲ့သည်။ သူက ထိတ်လန့်သွားမိ၏။
သူသည် သိုင်းနတ်ဘုရားကလန်မှ ဖြစ်ကာ ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များကိုပင် စိန်ခေါ်နိုင်စွမ်း ရှိသည်။ သူသည် ယခင်က ဤသို့သော ခံစားမှုအား မည်သည့်အခါကမှ မခံစားဖူးခဲ့ပေ။
“မင်းက နတ်ဘုရားအမွေအနှစ် နယ်မြေတံခါးကို ဖွင့်ခဲ့တာလား။” အခြားတစ်ယောက်က အံ့အားတသင့်ကြည့်ရင်း ပြောလိုက်သည်။ ရီဖူရှင်းက သူသည် တံခါးကို ဖွင့်ခဲ့သူတစ်ယောက် ဖြစ်သည်ဟု ပြောနေသည်။ ယင်းတံခါးကို ကျန်ချင်းကျူ ဖွင့်ခဲ့ခြင်း မဟုတ်သည်လား။
“ဝူကျန်း၊ မင်းနဲ့ ရီဖူရှင်းရှင်းရဲ့ အရင်တိုက်ပွဲမှာ တစ်ခုခုကို သက်သေပြခဲ့ပြီးပြီ။ ရီဖူရှင်းက တံခါးကို ဖွင့်ပြီး ဒီနေရာကို အရင်ဆုံး ရောက်ရှိလာခဲ့တယ်။ သူနဲ့ ဆက်တိုက်စရာ ဘာအကြောင်းများ ရှိနေသေးလို့လဲ။ သူက မင်းကို ထောက်ထားညှာတာပေးခဲ့ပြီးပြီ။ မင်းသာ သူ့ကို ဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် မင်းအတွက် ကောင်းမှာမဟုတ်ဘူး။” ယွမ်ယန်ကလန်မှ ယွမ်ဟုန်က ပြောလိုက်သည်။ ပြန်ဆုတ်ခွာလိုသည့် ဆန္ဒက ထိုအရပ်မျက်နှာမှ လာခဲ့သူများထံ ကိန်းအောင်းလာသည်။ သူတို့က ဤသို့ မလုပ်သင့်ဘဲ ယွမ်ဟုန်၏ စကားများက အမှန်ဖြစ်သည်ကို နားလည်ပေသည်။
“တံခါးကို အရင်ဆုံး ဖွင့်ခဲ့တာ သူလား။” သူတို့သည် ရီဖူရှင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ တံခါးကို အရင်ဆုံးဖွင့်ခဲ့သူက ကျန်ချင်းကျူ မဟုတ်သည်လား။
ရီဖူရှင်းက သူတို့၏ အာရုံစိုက်မှုကို လျစ်လျူရှုထားသည်။ သူက အခြားသူများကို ထားခဲ့ကာ မည်းမှောင်နေသည့် မျက်နှာနှင့် ရပ်နေသော ကိုက်ရှီထံ သွားရောက်ခဲ့သည်။ သူက ရီဖူရှင်း သူ့ထံ လာနေသည်ကို မြင်သည့်အခါ မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ သူက အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ခံစားမိပေသည်။
***